ရေးမြို့ပေါ်တွင် ယနေ့ မွန်းလွဲပိုင်းအချိန်ကနယ်ထိန်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသူမှ နယ်ထိန်း အောင်သူ ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ ယနေ့ မေလ (၅) ရက်နေ့ မွန်းလွဲ (၃) နာရီအချိန်ခန့်က ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်ရှိ စားသောက်ဆိုင်တွင် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ရေးမြို့ခံတစ်ဦးက ပြောကြားသည်။
“နယ်ထိန်းအောင်သူက ရန်မျိုးအောင်ရပ်ကွက်က စားသောက်ဆိုင်မှ ဘီယာသောက်နေတဲ့ အချိန်မှာ ရေးဘီးလူးအဖွဲ့က လာရောက်ပစ်ခတ်သွားတာလို့ သိရတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
သေနတ်ဖြင့် ပစ်ခတ်ခဲ့သော နယ်ထိန်းဖြစ်သူမှာ အခင်ဖြစ်သညိ့ နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။