Tag: KNU

မြန်မာစစ်တပ်က ထီးခီးကို ဂျက်လေယာဉ်နဲ့ ထပ်မံတိုက်ခိုက်၊ ဒုက္ခသည် ၄၀၀ ခန့် ထိုင်းနယ်စပ်မှာ ခိုလှုံနေရဆဲ

ထိုင်း-မြန်မာနယ်စပ် တနသႅာရီတိုင်း ထားဝယ်ခရိုင် ထီးခီးမှာ မြန်မာစစ်တပ်က K-8 ဂျက်လေယာဉ်နဲ့ ဒီမနက်မှာ ဗုံး ၉ လုံး ထပ်ကြဲခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ ဒီကိစ္စကြောင့် မြန်မာဒုက္ခသည် ၄၀၀ လောက်ကတော့ ထိုင်းနယ်စပ်တစ်လျှောက်မှာပဲ ဆက်ပြီး ...

Read more

ကရင်လက်နက်ကိုင် ၃ ဖွဲ့မှ စစ်ကောင်စီရွေးကောက်ပွဲအား ပူးပေါင်းကာကွယ်မည်ဟု ကြေညာ

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသော BGF၊ DKBA နှင့် KNU/KNLA-PC သုံးဖွဲ့တို့က စစ်ကောင်စီက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် အပြည့်အဝ ပူးပေါင်းကာကွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်နေ့တွင် ပူးတွဲသဘောထားထုတ်ပြန်လိုက်သည်။ စက်တင်ဘာ ၂၈ ရက်နေ့က BGF အမှတ် ...

Read more

ကရင့်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲ

ကရင့်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ နယ်ခြားစောင့်တပ် (BGF/KNA)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA/KNA) နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (PC) တို့ဟာ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို စက်တင်ဘာ ၂၈ ရက်နေ့က BGF အမှတ် (၂) ...

Read more

KNU နှင့် Chinland ခေါင်းဆောင်များအပေါ် ရွေးကောက်ပွဲ နှောင့်ယှက်မှုဖြင့် တရားစွဲဆိုထားဟုဆို

စစ်ကော်မရှင်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက ရွေးကောက်ပွဲပျက်ပြားစေရန် ဟောပြောခြင်း၊ လှုံ့ဆော်ခြင်းတို့ဖြင့် KNU အဖွဲ့နှင့် Chinland အဖွဲ့တို့မှ တာဝန်ရှိသူများနှင့် လူပုဂ္ဂိုလ်အချို့ကို "ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ" ဖြင့် အမှုဖွင့်လှစ်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ဤလုပ်ရပ်သည် မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် မေးခွန်းများစွာကို ...

Read more

ရွေးကောက်ပွဲကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်သွားဖို့ KNU ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် တရားမဝင်သည့်အပြင် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရန်သာဖြစ်၍ လုံးဝလက်မခံကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သဘောထားထုတ်ပြန်ကြေညာလိုက်သည်။ ထို့အပြင် အဆိုပါ ရွေးကောက်ပွဲကို ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ပါဝင်ခြင်းမပြုဘဲ အကြမ်းမဖက်သော နည်းလမ်းများဖြင့် ဆန့်ကျင်ကန့်ကွက်သွားရန်လည်း ...

Read more

ရေးချောင်းဖျားရှိ KNU စခန်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသ၊ နယ်ပြားရွာအနီးရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ရင်း (၂၇) စခန်းကို မြန်မာစစ်တပ်က ယမန်နေ့ ညနေပိုင်းတွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ သြဂုတ်လ ၂ ရက်နေ့၊ ညနေ ...

Read more

ကရင်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ မြိုင်ကြီးငူတွင် ငြိမ်းချမ်းရေးဆုတောင်းပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၌ ယမန်နေ့ (ဇူလိုင် ၂၇ ရက်) မနက်ပိုင်းက ငြိမ်းချမ်းရေးဆုတောင်းပွဲတစ်ရပ် ကျင်းပခဲ့ပြီး ကရင်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့သည်။ အဆိုပါ ဆုတောင်းပွဲကို ကရင်လက်နက်ကိုင်အဖွဲ့လေးဖွဲ့၏ နာယကဖြစ်သူ မဲဆမိတ်ဆရာတော်က ...

Read more

ကျုံဒိုး-ကော့ကရိတ်လမ်းကို စစ်တပ်က အင်အားဖြည့်ပြီး ပြန်ထိန်းချုပ်

ကရင်ပြည်နယ်က ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို စစ်တပ်က အင်အားထပ်ဖြည့်ပြီး မနေ့က ဇူလိုင် ၂၄ ရက်နေ့မှာ ပြန်ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။ KNU-PDF ပူးပေါင်းတပ်တွေဟာ ဘားအံ-ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအပါအဝင် ကျုံဒိုးနဲ့ ကော့ကရိတ်မြို့တွေကို သိမ်းဖို့အတွက် ဧပြီလ ...

Read more

ဘီးလင်းကားလမ်းမဘေးတွင် လက်လုပ်မိုင်းများထပ်မံတွေ့ရှိ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ အဓိကကုန်သွယ်ရေးလမ်းမကြီးဖြစ်သော ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးတွင် လက်လုပ်မိုင်းများ ထပ်မံတွေ့ရှိခဲ့ကြောင်း စစ်ကောင်စီနှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ ဇူလိုင်လ ၁၉ ရက်၊ နံနက်ပိုင်းတွင် ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအနီး မိုင်တိုင်အမှတ် (၁၂၀/၆) နှင့် ...

Read more

ကရင်နီ၊ ကရင်နှင့် မွန် လက်နက်ကိုင်အဖွဲ့များ တောင်ပိုင်းစစ်ရေးမဟာမိတ်ဖွဲ့ရန် သဘောတူ

ကရင်နီ၊ ကရင် နှင့် မွန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်း၍ တောင်ပိုင်းဒေသ စစ်ရေးမဟာမိတ်အဖြစ် တိုက်ပွဲဝင်ရန် သဘောတူညီမှု ရရှိထားကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD) ၏ နိုင်ငံရေး-စစ်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ဇေယျက ပြောကြားသည်။ နိုင်ဇေယျက ...

Read more
Page 1 of 4 1 2 4

Donate

You can also donate with PayPal, respectfully Kaowao Newsgroup. နှိုးဆော်ခြင်း ကောင်းဝါသတင်းဌာန ရေရှည်ရပ်တည်နိုင်ဖို့ မိတ်ဆွေ စာဖတ်သူ ပရိသတ်များ ဝန်းရံပံ့ပိုးပေးဖို့လိုအပ်နေသလို အလှူငွေထောက်ပံ့ပါရန် မေတ္တာရပ်ခံလိုပါသည်။ အလှူငွေထည့်လိုပါက Messenger မှာဖြစ်ဖြစ် kaowao2023@gmail.com ဖြစ်ဖြစ် +66925121374 သို့ဖြစ်ဖြစ် ဆက်သွယ်အသိပေးစေလိုသည်။

Recent News

  • Trending
  • Comments
  • Latest