သံဖြူဇရပ် - ရေး အမှတ် (၈) ပြည်ထောင်စုလမ်းမ နှစ်ကရင်လမ်းဝတွင် စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ (၃) ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် (၁) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။
Read moreတနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ကျောက်ဆိပ်ကုန်းကျေးရွာအနီးတွင် ဩဂုတ်လ (၂၈) ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပြည်သူ့ကာကွယ်ရးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၆) ဦးထက်မနည်း သေဆုံးပြီး တပ်ကြပ်ကြီးတစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
Read moreစစ်ကောင်စီ အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူလာပေးသော စစ်ကြောင်းတစ်ကြောင်း ယမန်နေ့က ကြားဖြတ်တိုက်ခိုက်ခံရသောကြောင့် အလောင်း ၉ လောင်း ကျန်ရစ်ခဲ့ပြီး တပ်ပျက်လုမတတ် ဆုတ်ခွာထွက်ပြေးသွားရကြောင်း ဒေသခံများနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
Read moreမွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ ထိုင်းနယ်စပ်မြို့ကို ဆက်သွယ်ထားသော မော်တော်ကားလမ်းဖြတ်သန်းသွားရာ အနန်းကွင်းကျေးရွာနှင့်အနီးတဝိုက်ရွာများတွင် တိုက်ပွဲများနေ့စဥ်ဆက်တိုက်ဖြစ်ပေါ်နေပြီး စစ်ကောင်စီ၏ လေယာဥ်ဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် အနန်းကွင်းတစ်ရွာလုံးနီးပါး ပျက်စီးသွားပြီဟု ထွက်ပြေးလာသော ရွာသားအချို့က ပြောသည်။
Read moreရေးမြို့နယ် နှစ်ကရင်ကျေးရွာလမ်းဝတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဒရုန်းအပြင် လက်နက်ကြီးနှင့်ပါ ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိုခိုက်သေဆုံးကာ ဒဏ်ရာရရှိခဲ့ကြောင်း တောင်ညိုစစ်ကြောင်း မှ သတင်းထုတ်ပြန်ခဲ့သည်။
Read moreကျိုက်ထိုမြို့နယ် လက်ပြကျေးရွာ ဘဲလေးစားသောက်ဆိုင်အနီးရှိ နေအိမ်တစ်လုံးအား စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းခဲ့ရာမှ ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အိမ်ရှင်အဖွားအိုတစ်ဦးနှင့် လက်နက်များဖြင့် PDF ၄ ဦးသေဆုံးခဲ့ကြောင်း စစ်ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
Read moreမွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ ထိုင်းနယ်စပ်မြို့သို့ ဆက်သွယ်ထားသော မော်တော်ကားလမ်းဘေးရှိ စစ်ကောင်စီ၏ အနန်းကွင်းစစ်ဗျူဟာစခန်း တိုက်ပွဲများကြောင့် နေအိမ် (၃၀) ခန့်မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံအားလုံး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းတို့ထံမှ သိရသည်။
Read moreမွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP (AD) + ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီစစ်ကြောင်းတို့ ယမန်နေ့က မော့ကနင်ကျေးရွာအနီး မြို့ဟောင်းရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
Read moreရှမ်းပြည်မြောက်ပိုင်းအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA ကိုးကန့်တပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တိုင်းမှူးနှင့် အရာရှိကြီးများကို ဖမ်းဆီးထားကြောင်း အတည်ပြုနိုင်ခဲ့သည်။
Read moreKNU တပ်မဟာ (၄) ထားဝယ်ခရိုင်တွင် KNLA ဗိုလ်မှူးလိုက်ပါလာသည့်ကားကို KTLA ပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင် (၅) ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
Read moreYou can also donate with PayPal, respectfully Kaowao Newsgroup. နှိုးဆော်ခြင်း ကောင်းဝါသတင်းဌာန ရေရှည်ရပ်တည်နိုင်ဖို့ မိတ်ဆွေ စာဖတ်သူ ပရိသတ်များ ဝန်းရံပံ့ပိုးပေးဖို့လိုအပ်နေသလို အလှူငွေထောက်ပံ့ပါရန် မေတ္တာရပ်ခံလိုပါသည်။ အလှူငွေထည့်လိုပါက Messenger မှာဖြစ်ဖြစ် kaowao2023@gmail.com ဖြစ်ဖြစ် +66925121374 သို့ဖြစ်ဖြစ် ဆက်သွယ်အသိပေးစေလိုသည်။
© 2023 KaoWao
© 2023 KaoWao