တိုက်ပွဲများ

ဘုရားသုံးဆူမြို့ပေါ်၌ မေလ ၁၀ ရက်နေ့ ပစ်ခတ်မှုအတွင်း BGF မှ အရေးပါသူ (၅) ဦးသေဆုံးခဲ့ဟု သတင်းထွက်ပေါ်

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသ၌ BGF တပ်ရင်းအသစ်တစ်ခု ထပ်မံဖွင့်လှစ်မည့်အစီအစဥ်ကို KNU က တားမြစ်ခဲ့ရာမှ ပြီးခဲ့သည့် မေလ (၁၀) ရက်နေ့ ပစ်ခတ်မှုအတွင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF မှ အရေးပါသူ ၅ ဦးသေဆုံးခဲ့ပြီး...

Read more

ကုလားဂုတ်ကျွန်း၌ လှေများညမထွက်ရဟု စစ်ကောင်စီရေတပ်မှ ကန့်သတ်ထား

ရေးမြောက်ပိုင်း ကုလားဂုတ်ကျွန်းပေါ်ရှိ စက်လှေများအားလုံး ပင်လယ်ထဲညမထွက်ရဟု စစ်ကောင်စီရေတပ်မှ မေလ (၅) ရက်နေ့က အမိန့်ထုတ်ပြန်၍ သွားလာမှုများကန့်သတ်ထားကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

Read more

ရေးမြို့နယ် ကုလားကုတ်ကျွန်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် (၉) ဦးထက်မနည်းသေဆုံးခဲ့ပြီး အရာဗိုလ် (၁) ဦးအပါအဝင် (၂) ဦးအား အရှင်ဖမ်းဆီးရမိခဲ့

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်းရှိ ကုလားကုတ်ကျွန်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် ၉ ဦးထက်မနည်းသေဆုံးခဲ့ပြီး အရာဗိုလ် (၁) ဦးအပါအဝင် (၂) ဦးတို့အား အရှင်ဖမ်းဆီးရမိခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

Read more

ရေးမြို့နယ် ကုလားကုတ်ကျွန်းရှိ စစ်ကောင်စီအမြှောက်တပ်စခန်း တိုက်ခိုက်ခံရ

ယမန်နေ့ မေလ (၂) ရက် ည (၉) နာရီအချိန်ခန့်က စတင်ဖြစ်ပွားခဲ့ပြီး ယနေ့နံနက်အစောပိုင်းအချိန်အထိ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ စစ်ကောင်စီတပ်မှ ရေတပ်နှင့် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

Read more

တိုက်ပွဲများဖြစ်ပေါ်ခြင်းမရှိသေးသည့် ဓမ္မသတ်ရွာတွင် မြန်မာစစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်ခြေရာနှင့်ချီ မီးလောင်ဆုံးရှုံး

လတ်တလောတွင် တိုက်ပွဲများဖြစ်ပေါ်ခြင်းမရှိသေးသည့် ကျိုက်မရောမြို့နယ် ဓမ္မသတ်ကျေးရွာအတွင်းသို့ ယမန်နေ့ (မတ်လ ၂၇) ညနေပိုင်းက မြန်မာစစ်တပ်၏လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် လူနေအိမ်ခြေရာနှင့်ချီပြီး မီးလောင်ကျွမ်း၍ဆုံးရှုံးနစ်နာခဲ့ရကြောင်း ရွာသားများက ပြောသည်။

Read more

ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြန်မာတပ်ဖွဲ့ဝင် ၄၀ နီးပါးလက်နက်ချခဲ့

ကော့ကရိတ်မြို့နယ် ကော့ဘိန်းရဲစခန်းကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ ဦးဆောင်သော မွန်ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်ခန့်တွင် စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြန်မာတပ်ဖွဲ့ဝင် ၄၀ ဦးနီးပါး လက်နက်ချခဲ့ကြောင်း သိရသည်။

Read more

ကော့ဘိန်းတိုက်ပွဲအတွင်း မြန်မာတပ်ဖွဲ့ဝင်အချို့ လက်နက်ချခဲ့ဟု ဆို

ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာရှိ ရဲစခန်းအား ယမန်နေ့က မွန်၊ ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခဲ့ရာတွင် ယနေ့နေ့လယ်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဥ်အတွင်း မြန်မာစစ်တပ်ဖွဲ့ဝင်အချို့ လက်နက်ချခဲ့ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ ပြောခွင့်ရ နိုင်ဗညားမွန်က ပြောသည်။

Read more

ကော့ဘိန်ကျေးရွာတွင် တိုက်ပွဲများ ပြင်းထန်စွာဆက်လက်ဖြစ်ပွားနေပြီး ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေ

ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာရှိ နယ်မြေရဲစခန်းအား ယမန်နေ့ မတ်လ (၂၄) ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ရာ၊ ယနေ့ မတ်လ (၂၅) ရက်တွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

Read more

ကော့ဘိန်းရဲစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲများဖြစ်ပွား၍ ဒေသခံများပိတ်မိနေ

ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာရှိ နယ်မြေရဲစခန်းမှာ ယနေ့ မနက် (၈) နာရီဝန်းကျင်အချိန်ခန့်က တိုက်ခိုက်ခံခဲ့ရပြီးနောက် တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံများ ပိတ်မိနေကြောင်း သိရသည်။

Read more

စစ်တပ်မှ လေယာဉ်ဗုံးကြဲသည့်အပြင် လက်နက်ကြီးများကြောင့် သင်္ကန်းညီနောင်နှင့် ရွာသစ်ကျေးရွာ မီးလောင်ပျက်စီး

ယမန့်နေ့ မတ်လ (၈) ရက် ညပိုင်းက စစ်ကောင်စီတပ်ဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲခြင်းနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများကြောင့် သင်္ကန်းညီနောင်နှင့် ရွာသစ်ကျေးရွာအတွင်း နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ အဆိုပါ သင်္ကန်းညီနောင်ကျေးရွာ နှင့် ရွာသစ်ကျေးရွာအတွင်းသို့...

Read more
Page 1 of 2 1 2

Stay Connected

  • Trending
  • Comments
  • Latest

Recent News