• About
  • Advertise
  • Privacy & Policy
  • Contact
Kaowao Newsgroup, ကေါင်းဝါ
  • မူလ
  • သတင်း
    • All
    • ကျားဖြန့်
    • စစ်ဘေးရှောင်
    • စစ်မှုထမ်း
    • စီးပွားရေး
    • တရားမဝင်ကုန်သွယ်မှု
    • နိုင်ငံတကာ
    • နိုင်ငံရေး
    • ယဥ်ကျေးမှု
    • လူ့အခွင့်အရေး
    • သတင်းတို
    • အကျင့်ပျက်ဝန်ထမ်း
    • အမုန်းစကား
    • အွန်လိုင်းလိမ်လည်မှု
    • အုပ်ချုပ်ရေး
    ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

    ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

    ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

    ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

    ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

    ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

    မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

    မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

    ဘန်ကောက် Blackpink ဖျော်ဖြေပွဲ မြန်မာပြည်က သိန်း ၁၅၀ လောက်အကုန်အကျခံပြီးလာရောက်ကြည့်ရှု

    ဘန်ကောက် Blackpink ဖျော်ဖြေပွဲ မြန်မာပြည်က သိန်း ၁၅၀ လောက်အကုန်အကျခံပြီးလာရောက်ကြည့်ရှု

    ဆိုင်းယွတ်မြို့နယ်မှာ တရားမဝင်အလုပ်သမားတင် ပစ်ကပ်ကား အကွေ့မှာ မှောက်မှု – ၃ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ

    ဆိုင်းယွတ်မြို့နယ်မှာ တရားမဝင်အလုပ်သမားတင် ပစ်ကပ်ကား အကွေ့မှာ မှောက်မှု – ၃ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ

    Trending Tags

    • Trump Inauguration
    • United Stated
    • White House
    • Market Stories
    • Election Results
  • ဆောင်းပါး
    ကလစ်တစ်ချက်ကနေ ငရဲဘုံဆီသို့ – ကြောက်မက်ဖွယ် အွန်လိုင်း “ကျားဖြန့်” လုပ်ငန်းတွေရဲ့ နောက်ကွယ်

    ကလစ်တစ်ချက်ကနေ ငရဲဘုံဆီသို့ – ကြောက်မက်ဖွယ် အွန်လိုင်း “ကျားဖြန့်” လုပ်ငန်းတွေရဲ့ နောက်ကွယ်

    ထိုင်းနိုင်ငံမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဆာမ်ခုတ်က မွန်ဘိုးဘွားနတ်တွေအကြောင်း

    ထိုင်းနိုင်ငံမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဆာမ်ခုတ်က မွန်ဘိုးဘွားနတ်တွေအကြောင်း

    ‘ဝ’ ပြည်နယ် လိုချင်ရင် လွှတ်တော်ထဲဝင် တောင်းဆိုပါတဲ့… သမိုင်းက ဘာသင်ခန်းစာ ပေးခဲ့သလဲ

    ‘ဝ’ ပြည်နယ် လိုချင်ရင် လွှတ်တော်ထဲဝင် တောင်းဆိုပါတဲ့… သမိုင်းက ဘာသင်ခန်းစာ ပေးခဲ့သလဲ

    Starlink ကိုသုံးပြီး မြန်မာနိုင်ငံကနေ အွန်လိုင်းလိမ်လည်မှုတွေ ပိုတိုးလာ

    Starlink ကိုသုံးပြီး မြန်မာနိုင်ငံကနေ အွန်လိုင်းလိမ်လည်မှုတွေ ပိုတိုးလာ

    NCA စာချုပ် စက္ကူစုတ်ဖြစ်သွားပြီလား

    NCA စာချုပ် စက္ကူစုတ်ဖြစ်သွားပြီလား

    ထိုင်း-မြန်မာနယ်စပ် ဘန့်ဖူနမ်ရွန်းနယ်စပ်ဂိတ်ဖွင့်လှစ်ရေးနှင့် မြန်မာ့လေကြောင်းတိုက်ခိုက်မှု ဆက်စပ်နေသလား

    ထိုင်း-မြန်မာနယ်စပ် ဘန့်ဖူနမ်ရွန်းနယ်စပ်ဂိတ်ဖွင့်လှစ်ရေးနှင့် မြန်မာ့လေကြောင်းတိုက်ခိုက်မှု ဆက်စပ်နေသလား

  • Lifestyle
    • All
    • Food
    • Health
    • Travel
    • စကားပုံ
    ကီလို ၂၀၀ ကျော်ကိုယ်အလေးချိန်ရှိ လူနာကို ၅ လွှာမှ ကြိုးဖြင့်သွယ်ချပြီးကယ်တင်

    ကီလို ၂၀၀ ကျော်ကိုယ်အလေးချိန်ရှိ လူနာကို ၅ လွှာမှ ကြိုးဖြင့်သွယ်ချပြီးကယ်တင်

    ဇဵုတပ် (Jay Top) – ကမ္ဘာ့လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှုထဲက မွန်တို့ရဲ့အသံ

    ဇဵုတပ် (Jay Top) – ကမ္ဘာ့လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှုထဲက မွန်တို့ရဲ့အသံ

    လယ်သမားဆိုတာ ကျောမွဲလူတန်းစားပါ

    လယ်သမားဆိုတာ ကျောမွဲလူတန်းစားပါ

    ဂုဏ်သိက္ခာအတွက် ရုန်းကန်ခြင်း၊ မြို့ပြဆင်းရဲသားတို့ရဲ့ တန်းတူညီမျှမှုဆီက ခရီးရှည်ပိုမိုကောင်းမွန်သော နောက်ဘဝတစ်ခုသို့…

    ဂုဏ်သိက္ခာအတွက် ရုန်းကန်ခြင်း၊ မြို့ပြဆင်းရဲသားတို့ရဲ့ တန်းတူညီမျှမှုဆီက ခရီးရှည်ပိုမိုကောင်းမွန်သော နောက်ဘဝတစ်ခုသို့…

    ပိတ်ရက်ရှည်မှာ ထိုင်းလူမျိုးတွေ ပြည်တွင်းခရီးသွားဖို့ အလားအလာများ

    ပိတ်ရက်ရှည်မှာ ထိုင်းလူမျိုးတွေ ပြည်တွင်းခရီးသွားဖို့ အလားအလာများ

    ကမ္ဘာကျော် Tomorrowland ဂီတပွဲတော် (၂၀၂၆) ထိုင်းနိုင်ငံ ကျင်းပမည်

    ကမ္ဘာကျော် Tomorrowland ဂီတပွဲတော် (၂၀၂၆) ထိုင်းနိုင်ငံ ကျင်းပမည်

    Trending Tags

    • Golden Globes
    • Game of Thrones
    • MotoGP 2017
    • eSports
    • Fashion Week
  • အင်တာဗျူး
  • အတွေးအမြင်
  • အယ်ဒီတာ့အာဘော်

    ရွေးကောက်ပွဲဟာ လက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေနဲ့ သက်ဆိုင်သလား

    ရွေးကောက်ပွဲဟာ လက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေနဲ့ သက်ဆိုင်သလား

    စစ်ရဲ့မျက်နှာပြင်နှစ်ခု- ဝါဒဖြန့်ချိရေးရဲ့နောက်ကွယ်က လူထုရဲ့ဒုက္ခ

    စစ်ရဲ့မျက်နှာပြင်နှစ်ခု- ဝါဒဖြန့်ချိရေးရဲ့နောက်ကွယ်က လူထုရဲ့ဒုက္ခ

    ၂၀၂၅ အလွန် တရုတ်စီးပွားရေးအင်ဂျင်နှင့် မြန်မာ့နိုင်ငံရေးလမ်းကြောင်း

    ၂၀၂၅ အလွန် တရုတ်စီးပွားရေးအင်ဂျင်နှင့် မြန်မာ့နိုင်ငံရေးလမ်းကြောင်း

    ပုလင်းဟောင်းကအရက်ကို ပုလင်းသစ်ထဲ ပြောင်းထည့်ခြင်း

    ပုလင်းဟောင်းကအရက်ကို ပုလင်းသစ်ထဲ ပြောင်းထည့်ခြင်း

  • လူ့အခွင့်အရေး
  • နိုင်ငံရေး
  • စီးပွားရေး
  • သတင်းတို
  • အွန်လိုင်းလိမ်လည်မှု
  • နိုင်ငံတကာ
  • နောက်ခံသမိုင်း
  • တိုက်ပွဲများ
  • မြေမြှုပ်မိုင်း
  • English
  • မွန်ဘာသာ
No Result
View All Result

Home ဆောင်းပါး

မွန်ပြည်သစ်ပါတီ၏ အပစ်ရပ်စဲရေး အနှစ် ၃၀ ခရီးကို ပြန်လည်မျှော်ကြည့်လိုက်သော် (၇)

ဗညားအောင် (ဆောင်းပါး)

ကောင်းဝါ KAOWAO by ကောင်းဝါ KAOWAO
June 30, 2024
in ဆောင်းပါး, နိုင်ငံရေး, နောက်ခံသမိုင်း
0
မွန်ပြည်သစ်ပါတီ၏ အပစ်ရပ်စဲရေး အနှစ် ၃၀ ခရီးကို ပြန်လည်မျှော်ကြည့်လိုက်သော် (၇)
0
SHARES
37
VIEWS
Share on FacebookShare on Twitter

၁၉၉၅ ခုနှစ် ဇွန်လ (၂၉) ရက်နေ့တွင် မွန်ပြည်သစ်ပါတီ၏ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခြင်း အခမ်းအနားကို ကျင်းပခဲ့အပြီး နယ်မြေဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အစိုးရဝန်ကြီးများနှင့် အောက်ပါအတိုင်း ဆက်လက်ဆွေးနွေး ကြပါသည်။

နယ်မြေဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနိုင်းအစည်းအဝေး

နေရာ။    ။ ရတခ ဌာနချုပ်ရုံး                                        
ရက်စွဲ။     ။ ၂၉-၆-၁၉၉၅
အချိန်။      ။ နံနက် ၁၀ နာရီ

နဝတအဖွဲ့
၁။ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်
၂။ ဗိုလ်ချုပ်ကက်စိန်
    ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ

မွန်ပြည်သစ်ပါတီ
၁။ နိုင်ထင်
၂။ နိုင်ရော့စ
၃။ ဗိုလ်မှူးချုပ်အောင်နိုင်
၄။ နိုင်တင်အောင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
    ဗဟိုကော်မတီဝင်များနှင့် ဌာနတာဝန်ခံများ

အခမ်းအနားမှူး ဒုတိယဗိုလ်မှူးကြီးကျော်သိန်း
– နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့၏ နယ်မြေဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနိုင်းအစည်းအဝေး အစီအစဥ်ဖြစ်ပါတယ်။ အစီအစဥ်များကို ကြိုတင် ဝေငှထားပြီးဖြစ်ပါတယ်။ အခမ်းအနားအစီအစဥ် (၁) အရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့အတွင်းရေးမှူး(၁) မှ အမှာစကားပြောကြားပေးပါရန် တင်ပြအပ်ပါတယ်။ 

ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်
-ဒီကနေ့ ကြွရောက်လာကြတဲ့ အစည်းအဝေးတက်ရောက်တဲ့ပုဂ္ဂိုလ်တွေအားလုံး မဂႅလာ အပေါင်းနဲ့ပြည့်ဝကြပါစေ တိုင်းကျိုးပြည်ကျိုး အမျိုးဘာသာ သာသနာအတွက် ဆထက်ထမ်းပိုး တိုးပြီးတော့ ထမ်းရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ 

ဒီကနေ့ဟာဆိုရင် မွန်ပြည်နယ်အတွက်ရော ပြည်ထောင်စုမြန်မာနိုင်ငံကြီးတစ်ခုလုံးအတွက်ရော ကျက်သရောမဂႅလာအပေါင်းနဲ့ ပြည့်စုံတဲ့နေ့ ဖြစ်ပါတယ်၊ မွန်ပြည်နယ်အတွက် ငြိမ်းချမ်းရေး အလင်းရောင် စတင်ပြီး ထွန်းလင်းလာတဲ့နေ့ ဆိုရင်လည်း မမှားပါဘူး၊ အဲဒီတော့ ဒီလိုငြိမ်းချမ်း ရေးရအောင် ကြိုးပမ်းခဲ့ရတဲ့ ဆောင်ရွက်ချက်တွေဟာ ကျနော်တို့နိုင်ငံတော်အစိုးရ အနေနဲ့ရော တရားဥပဒေဘောင်ထဲ ဝင်ရောက်လာတဲ့ မွန်ပြည်သစ်ပါတီအတွက်ရော နှစ်ဦးနှစ်ဖက်ရဲ့ အပြန် အလှန်နားလည်မှုရှိရှိနဲ့ တဖက်နဲ့တဖက် ရိုးသားဖြောင့်မတ်မှု နိုင်ငံတော်ရဲ့အကျိုး တိုင်းရင်း သားပြည်သူလူထုရဲ့အကျိုး လုပ်ကြတော့မယ်ဆိုတဲ့ ခံယူချက် စိတ်သဘောထားမှန်ကန်စွာနဲ့ ဆောင်ရွက်ကြတဲ့အတွက် အခုလိုဒီကနေ့လို ဥပဒေဘောင်ထဲဝင်ရောက်လာခြင်း အခမ်းအနား ကို ကျင်းပနိုင်ခြင်းဖြစ်ပါတယ်။ 

ဒီကနေ့အခမ်းအနားကို ကြည့်မယ်ဆိုရင်လည်း ငြိမ်းချမ်းရေးရလို့ ပြည်သူတရပ်လုံး ဝမ်းသာနေ ကြတာ တွေ့ရပါတယ်၊ မြန်မာနိုင်ငံကြီးဟာ လွတ်လပ်ရေးရတာ နှစ်ပေါင်း ၄၀ ကျော်ပြီ ဖြစ်ပါ တယ်၊ နှစ်ပေါင်း ၄၀ ကျော်ပင်ကျော်ခဲ့ငြားသော်လည်းပဲ ကျနော်တို့တိုင်းပြည်ကြီးဟာ တကယ့် တကယ်ကြည့်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုမှာ အင်မတန် နောက်ကျပြီးကျန်ခဲ့ပါတယ် အိမ်နီးနား ချင်းနိုင်ငံတွေနဲ့ယှဥ်ကြည့်မယ်ဆိုရင် ဒါဟာ သိသာထင်ရှားပါတယ်၊ ဘာကြောင့် ကျနော်တို့ တိုင်းပြည်ကြီးဟာ ဖွံ့ဖြိုတိုးတက်မှု နောက်ကျ ကျန်ခဲ့သလဲ။

ကျနော်တို့ တိုင်းပြည်လွတ်လပ်ရေးရကတည်းက အချင်းချင်း သံသယစိတ်ကြောင့် သော်လည်း ကောင်း ဘေးကမဆိုင်တဲ့သူရဲ့ ပယောကကြောင့် သော်လည်းကောင်း  အဲဒီအကြောင်းကြောင်း တွေကြောင့်ပေါ့ တိုင်းရင်းသားတွေ ညီအစ်ကိုယ်တွေအတွင်းမှာ အချင်းချင်း ပဋိပက္ခဆောင်ပြီး တော့မှ လက်နက်ကိုင်ဆန့်ကျင်မှုတွေ လွတ်လပ်ရေး ရတဲ့အချိန်ကစပြီး ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီတော့ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပြီ တိုင်းရင်းသားညီအစ် ကိုယ်တွေအချင်းချင်း လက်နက်ကိုင် ဆန့်ကျင်ပြီးတော့ ပဋိပက္ခတွေသယ်ဆောင်ပြီးတော့မှ တိုက်ကြခိုက်ကြနဲ့ ဖြစ်နေတဲ့ တိုင်းပြည် ကြီးဟာ ဘယ်လိုလုပ်တိုးတက်မှာလဲ၊ တိုးတက်မှုဆိုတာ ဘယ်လိုနည်းနဲ့ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် ကျနော်တို့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ တပ်မတော်ဟာ တိုင်း ပြည်တာဝန် ယူတဲ့အချိန်ကစပြီး ကျနော်တို့ပထမဦးဆုံး စဥ်းစားတာက ၁၉၈၈ မှာ တိုင်းပြည် မတည်မငြိမ်ဖြစ်နေတယ် အုပ်ချုပ်ရေးယန္တရားကြီးက ပျက်ပြားနေတယ် မင်းမဲ့စရိုက်တွေ ဖြစ် ထွန်းနေတယ် လူအချင်းချင်း ခေါင်းဖြတ်သတ်တဲ့အဆင့်ထိ ရောက်နေတယ် တိုင်းပြည် ချောက် ကမ်းပါးထဲ ကျတော့မယ့်အချိန်မှာ ကျနော်တို့တပ်မတော်ကလည်း ဝင်ပြီး တိုင်းပြည်ကို ထိန်း သိမ်းလိုက်တာပါ၊ ထိန်းသိမ်းလိုက်တယ်ဆိုတဲ့နေရာမှာ တိုင်းပြည်ဟာ တရားဥပဒေစိုးမိုးမှု မရှိ တော့ဘူး အေးချမ်းသာယာမှုမရှိတော့ဘူး မရှိတော့တဲ့အတွက် တိုင်းပြည်ပျက်တော့မယ့် အခြေ အနေမျိုးမှာ တပ်မတော်က ဝင်ပြီးထိမ်းလိုက်တာဖြစ်ပါတယ်။

အဲဒီတော့ တပ်မတော်အနေနဲ့ ဒီတစ်ချိန်တွင် ကျနော်တို့ တိုင်းပြည်ရဲ့အခြေအနေ ထိန်းသိမ်းတာ မဟုတ်ပါဘူး လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ ၁၉၄၈-၄၉ ကာလမှာလည်း တပ်မတော်အနေ နဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် အဓိကအခန်းကဏ္ဍက ပါဝင်ပြီးလှုပ်ရှားခဲ့တာ၊ တခါ ၁၉၅၈ ခုနှစ်မှာ အဲဒီတုန်းက အာဏာရတဲ့အစိုးရ အဖွဲ့အစည်းထဲမှာ အချင်းချင်း နေရာလုကြ ကုလားထိုင်လုကြ ဖြစ်တော့မယ့်အခြေအနေ တိုင်းပြည်ကွဲတော့မယ့်အခြအနေမှာ အဲဒီတုန်းက တပ်မတော်ကပဲ ဝင်ပြီး တိုင်းပြည်အခြေအနေ ထိန်းသိမ်းခဲ့ရတယ်၊ ၁၉၆၂ အဲဒီအချိန် ကျတော့ လည်း ပိုပြီးဆိုးဝါးမယ့်အခြေအနေရောက်ရှိခဲ့တယ် ပြည်နယ်တွေခွဲထွက်မယ့်အခြေအနေမျိုးတွေ အင်မတန်မှ ကြောက်စရာကောင်းတဲ့အခြေအနေမျိုးဖြစ်တယ်၊ ဒါကြောင့် ၁၉၆၂ မှာ တပ်မတော် ကပဲ တိုင်းပြည်ကို ဝင်ရောက်ထိန်းသိမ်းပြီးတော့မှ တိုင်းပြည်ရဲ့ ဘက်စုံဖွံ့ဖြိုးရေးကို ဆောင်ရွက် ခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။

တခါ ၁၉၈၈ ကျတော့ ပိုဆိုးလာတယ် ကျနော်စောစောက ရှင်းပြသလို အချင်းချင်း ခေါင်းဖြတ် သတ်တယ်ဆိုတာ ကျနော်တို့မြန်မာနိုင်ငံမှာ ကျနော်တို့မြန်မာလူမျိုးတွေထဲမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး ဒါပေမယ့် တစ်ခုတော့ရှိတယ် ဗမာပြည်ကွန်မျူနစ်ပါတီ သူတို့အချင်းချင်းပေါ့လေ “ဖြုတ်ထုတ်သတ်” လမ်းစဥ် ကျင်းသုံးတဲ့အခါတုန်းက ပဲခူးရိုးမမှာ မြရာပင်တောကျော အဲဒီမှာ ပကပတွေအချင်းချင်း သတ်ကြတာရှိတယ် အဲဒီတုန်းကတော့ ခေါင်းဖြတ်သတ်ကြတာတော့ မဟုတ်ဘူး လည်ပင်းကိုတုတ်နဲ့ရိုက်ပြီး သတ်ကြတဲ့ဖြစ်ရပ်မျိုး ဗကပထဲမှာ။

အဲဒီတော့ ၁၉၈၈ ခုနှစ်အတွင်းမှာ အပြစ်မဲ့ပြည်သူကို ဆန္ဒပြတဲ့သူတွေထဲက အဖျက်သမားတွေ ဒီအထဲမှာ ဘယ်သူတွေ ပါလာကြသလဲဆိုတော့ နောက်ပိုင်းကျတဲ့အခါကျတော့ ကျနော်တို့က ဒါအကုန်လုံး ဖော်ထုတ်လိုက်တဲ့အခါကျတော့ ကွန်မျူနစ်ပါတီကနေပြီးတော့ ပယောဂတွေ ဒီအထဲကို ပါဝင်ပြီးတော့မှ လှုပ်ရှားဆောင်ရွက်ခဲ့တဲ့အတွက် မင်းမဲ့စရိုက်တွေ ဖြစ်ထွန်းခဲ့တာ ဖော်ထုတ်လို့ရခဲ့တာပါ။ ဒါလည်း ကျနော်တို့က နောက်ပိုင်းကျတော့မှ ဒါတွေတဖြည်းဖြည်းနဲ့ ဖော်ထုတ်လို့ရတာ၊ ဗကပရဲ့ပေါလစ်ဗျူရိုအစည်းဝေး မုံးကိုးမှာလုပ်ပြီးတော့မှ ဖြတ်လမ်းကနေ အာဏာရရှိရေးအတွက်ကို ၈၈ က အခွင့်အလမ်းကောင်းပဲ ဒီအချိန်မှာ ဒို့အာဏာရရှိရေးဟာ ဖြတ်လမ်းက အကောင်းအဆုံးအခွင့်ရေးပဲ ဆိုပြီးတော့မှာ မုံးကိုးမှာ ဗကပ ပေါလစ်ဗျူရို အစည်း ဝေးထိုင်ပြီး စစ်ရေးနဲ့ နိုင်ငံရေးညှပ်ပြီး ယူမယ်ဆိုပြီးတော့မှ ဒီလိုလှုပ်ရှားဆောင်ရွက်ခဲ့တာကို နောက်ပိုင်း ကျနော်တို့ဖော်ထုတ်လို့ သိခဲ့ရတာ။ 

ဗကပ ပယောဂကြောင့် ၁၉၈၈ ခုနှစ်မှာ ပိုပြီးဆိုးသထက် ဆိုးတဲ့အခြေအနေမျိုး ရောက်ခဲ့တယ်၊ လူအချင်းချင် ခေါင်းဖြတ်သတ်တဲ့အခြေအနေမျိုး ရောက်ခဲ့ရတယ် အဲဒီအချိန်မှာ ကျနော်တို့တိုင်း ပြည်ကို ထိန်းတဲ့အဖွဲ့အစည်းဆို ဘယ်သူမှမရှိခဲ့ဘူး အဲဒီတုန်းက လှုပ်ရှားတဲ့နိုင်ငံရေးသမားဆိုရင် လည်း အဲဒီအချိန်မှာ အကုန်လုံး အိမ်ထဲမှာ ပုန်းအောင်းနေရတဲ့အခြေအနေမျိုး၊ အဲဒီအခြေအနေ မျိုးမှာ ကျနော်တို့ တပ်မတော်ကပဲ နောက်ဆုံး တိုင်းပြည်အခြေအနေ ကတိမ်းကပါးမဖြစ်အောင် ချောင်းကမ်းပါးထဲမကျအောင်ဆိုပြီးတော့ ထိန်းပေးတာ။

အဲဒီလို ထိန်းပေးတဲ့နောက်မှာ ကျနော်တို့တပ်မတော်အနေနဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့ဆိုပြီးတော့ ဖွဲ့စည်းပြီးတော့မှ ကျနော်စောစောကပြောသလို ပထမဦးဆုံး ကျနော်တို့ဘာစဥ်းစားသလဲဆိုရင် တိုင်းပြည်တည်ငြိမ်အေးချမ်းအောင်အရင်လုပ်မယ် တရားဥပဒေစိုးမိုးမှုရှိအောင် လုပ်မယ် တိုင်းပြည်တည်ငြိမ်ပြီးတော့ တရားဥပဒေစိုးမိုးလာတဲ့အခါ စည်းလုံးညီညွတ်မှုကို ရအောင် လုပ်ကြရမယ်၊ အဲဒီလိုလုပ်တဲ့အခါမှာ တောထဲရောက်နေတဲ့အဖွဲ့ အစည်းတွေနဲ့ ပြည်လည်စည်းလုံးညီညွတ်ဖို့လိုမယ် အဲဒါကိုလည်း တဖက်တလမ်းက ကြိုးစား မယ် ကျနော်တို့စစခြင်းမှာ ဒီရည်မှန်းချက် ဦးတည်ချက်ကိုချတယ်၊ ဒီရည်မှန်းချက် ဦးတည်ချက် ကိုချပြီးတဲ့နောက်မှာ ကျနော်တို့ပထမဦးဆုံးလုပ်တာက ရှမ်းပြည်နယ်အတွင်းမှာ ရှိတဲ့ လက်နက် ကိုင်အဖွဲ့အစည်း၊ အဲဒါကတော့ ဘာကြောင့် သူ့ကိုစပြီးလုပ်ခဲ့သလဲဆိုတော့ တစ်ချိန်တုန်းက ဗကပရဲ့ကွပ်ကဲမှုအောက်မှာ ရှိတဲ့အဖွဲ့အစည်း၊ အဲဒီအဖွဲ့အစည်းတွေက သူတို့ကိုယ်တိုင်ကိုက ဗကပအဖွဲ့အစည်းလက်အောက်မှာ ဆက်ပြီးတော့ နေလို့မရဘူး၊ ဗကပအောက်မှာရှိတဲ့ အဲဒီဒေသက လူတွေဟာ တိုင်းရင်းသား။ အထစ်အငေါ့ အခက်အခဲတွေ ရှိနိုင်ဖွယ်မရှိဘူးလို့ ဒီလိုပဲ ကျနော်တို့ စကတည်းက ကျနော်တို့တွက်မိတာ ခန့်မှန်းမိတာ၊ ပထမဦးဆုံး အရင်စပြီး ဆွေးပြီး နောက်မှကျနော်သိရတာ သိပ်ပြီးခဲရာခဲဆစ်ဖြစ်ဖို့ အကြောင်းတရားတွေ မရှိနိုင်ပါဘူး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ဟာ အပြန်အလှန်နားလည်မှုရှိရှိနဲ့ ဆက်ပြီးတော့မှ ရိုးရိုးသားသားနဲ့ လုပ်သွားကြ ရင်တော့ မလွဲမသွေအောင်မြင်ဖြစ်ထွန်းမှာပဲလို့ ဒီအတိုင်း ကျနော်တို့ခံယူထားတယ်။

ဒီအတိုင်းခံယူထားတဲ့အတိုင်းပဲ ဖြစ်အောင်လုပ်ကြမယ်ဆိုပြီးတော့ ကျနော်တို့ဘက်က စိတ်ဒုံးဒုံး ချထားပြီးသား။ ဒီအဖွဲ့ကိုတော့ ဥပဒေဘောင်အတွင်း ဝင်အောင်လုပ်မယ် မဝင် ဝင်အောင်ဆိုပြီး တော့ စိတ်ထဲမှာ ကျနော်လုံးလုံးချပြီးသား၊ ဒါကြောင့် ကျနော်တို့က တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ် လေးကြိမ်တိတိ ကျနော်တို့က စိတ်ရှည်လက်ရှည် စောင့်မျှော်ပြီးတော့ ကြိုးပမ်းဆောင်ရွက်ခဲ့ တာပါ။  

အဲဒီတော့ ဒီကနေ့မှာတော့ အဲဒီကြိုးပမ်းဆောင်ရွက်မှုတွေဟာ တဖက်နဲ့တဖက် အပြန်အလှန် နားလည်မှုရှိရှိနဲ့ ရိုးရိုးသားသားရှိမှုနဲ့ ဆောင်ရွက်ခဲ့ကြတဲ့အတွက်ကြောင့်မို့ ဒီကနေ့ဟာ အောင်မြင်မှုပန်းတိုင် ရောက်လာခဲ့ရပါတယ်၊ ဒီလိုအောင်မြင်မှုပန်းတိုင်ရောက်လာခဲ့တဲ့အတွက် ပြည်ထောင်ကြီးတစ်ခုလုံးအတွက်ရော မွန်ပြည်နယ်တစ်ခုလုံးအတွက်ပါ အတိုင်းမသိပေါ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရလာဘ်ကောင်းဖြစ်ပါတယ်။

ကျနော်တို့မြန်မာနိုင်ငံအနေနဲ့ စောစောက ကျနော်ပြောပြသလို အင်မတန်မှ ခေတ်နောက်ကျ နေပြီ အိမ်နီးချင်းနိုင်ငံကိုကြည့်ပါ ကျနော်တို့အနီးဆုံးနိုင်ငံတွေ တိုးတက်နေတာ++++++++
အခု မွန်ပြည်နယ်မှာဆိုရင် စိုက်ပျိုးတဲ့မြေတွေအများကြီး၊ ရေးဘက်ကဆိုရင် ဥယာဥ်ခြံတွေနဲ့ စီးပွားဖြစ်ပါတယ် နောက်အုန်းခြံတွေ ဒီဥယာဥ်ခြံမြေနဲ့ လယ်ယာတွေပေါ့လေ ဒါတွေကို အေးအေးချမ်းချမ်းနဲ့ ခွန်အားစိုက်ထုတ်ပြီးတော့မှ လုပ်ကြမယ်ဆိုရင် ကျနော်ထင်ပါတယ် မွန်ပြည်နယ်ကြီးဟာ တရှိန်ထိုး တက်လာမယ် လမ်းပန်းဆက်သွယ်ရေးအားဖြင့်လည်း မွန်ပြည်နယ်ဟာ သိပ်မဆိုးဘူး တခြားပြည်နယ်နဲ့ ယှဥ်ကြည့်ရင် အင်မတန်ကောင်းတယ် ရေလမ်းကြောင်းရှိတယ် ကုန်းလမ်းကြောင်းမှာ မရှိသေးတဲ့လမ်းကြောင်းတွေ ထပ်ဖော်၊ မီးရထားလမ်းဆိုရင် လမ်းပန်းဆက်သွယ်ရေး အင်မတန်ကောင်းတယ် အဲဒီတော့ ဒီထက် လမ်းပန်းဆက်သွယ်ရေးကောင်းအောင် ကျနော်တို့က အခုငြိမ်းချမ်းရေးရပြီဆိုရင် လုပ်နိုင်ပြီပေါ့ လေ၊ တိုးမြှင့်ပြီးဆောင်ရွက်လိုက်ရင် မွန်ပြည်နယ်ကြီးဟာ တခြားသောပြည်နယ်တွေနဲ့ ယှဥ်ကြည့်ရင် တရှိန်ထိုးတက်လာမယ် ကချင်ပြည်နယ်နဲ့မတူဘူး ဟိုမှာအကျိုးဆောင်လူကြီး ဦးခွန်မြတ်သိပါတယ် ကချင်ပြည်နယ်တိုးတက်ဖို့ဆိုရင် ကျနော်တို့က အများကြီးလုပ်ပေးရဦးမှာ လမ်းပန်းဆက်သွယ်ရေး အင်မတန်ခက်တယ်၊ ရွာတစ်ရွာနဲ့တစ်ရွာ သွားရေးလာရေး အင်မတန်ခက်တယ် နောက် ကုန်သွယ်မှုလမ်းကြောင်းဟာ တရုတ်ပြည်နဲ့ ဆက်စပ်နေတဲ့ သဘောရှိတယ် နယ်စပ်ကုန်သွယ်မှုနေရာမှာ ဖွံ့ဖြိုးတိုးတက်တဲ့ ခေတ်မီနိုင်ငံတော်ကြီး ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ ဒီနိုင်ငံရေး ရည်မှန်းချက်တွေ ချပြီးဆောင်ရွက်မယ်။

IMG_6127
IMG_6126
IMG_6124
IMG_6125
IMG_6080
IMG_6079
IMG_6081
IMG_6089
IMG_6088
IMG_6078
IMG_6077
IMG_6087
IMG_6085
IMG_6084
IMG_6083
IMG_6082
IMG_6086
IMG_6077
IMG_6078
IMG_6081
IMG_6045
IMG_6044
IMG_6034
IMG_6035
PlayPause
previous arrow
next arrow

အဲဒီတော့ ကျနော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ အတိုင်းအတာတစ်ခုအထိ အောင် မြင်မှုတွေ ရနေပြီ၊ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းက ၁၆ ဖွဲ့၊ ကျနော်တို့သတ်မှတ် ထား တာ ၁၆ ဖွဲ့။ ၁၅ ဖွဲ့ ဥပဒေဘောင်အတွင်း ဝင်လာခဲ့ပြီ ၁ ဖွဲ့ပဲ ကျန်တော့တယ် အဲဒီတစ်ဖွဲ့က လည်း အပြန်အလှန်နားလည်မှုရှိရမယ် ရိုးသားမှုရှိရမယ် တကယ်ပဲဥပဒေဘောင်အတွင်းကို ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ်နဲ့ ဝင်လာချင်စိတ်ပါဖို့၊ ဘေးပယောဂတွေ မပါနဲ့၊ ပတ်ဝန်း ကျင်ရဲ့ ပယောဂတွေမပါဝင်နဲ့ တကယ့်ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ကိုယ်ဖာသာဖြေရှင်းမယ် ဒို့ညီအစ်ကိုယ်အချင်းချင်း ကိုယ့်ဟာကို ဖြေရှင်းမယ် ဘေးပယောဂကို နားမထောင်ဘူး ဘေး ပယောဂတွေ လာပြီးမရှုပ်နဲ့ ဆိုတဲ့ ခံယူချက်သဘောထားနဲ့ ကျနော်တို့နဲ့ တွေ့ဆုံကြမယ် ဆွေး နွေးကြမယ် အောင်မြင်မှာပါ။ 

အာ ကျနော်တို့က ငြိမ်းချမ်းရေးရချင်တာကိုး၊ ငြိမ်းချမ်းရေးရအောင် အရင်ကြိုးစားနေတာ ကျနော်စောစောကပြောတဲ့ သဘောထားခံယူချက်တွေနဲ့ ဆွေးနွေးကြမယ် ကြိုးစားကြမယ် ဆိုရင် အောင်မြင်မှာပဲ၊ အဲဒီတစ်ဖွဲ့ဝင်လာရင်တော့ ကျနော်တို့အားလုံး ပြီးပါပြီ။ ဒါပေမယ့် တစ်ဖွဲ့ပဲကျန်တယ် အဲဒီအဖွဲ့ကတော့ တိုင်းရင်းသားလက်နက်ကိုင်မဟုတ်ဘူး မူးယစ်ဆေးဝါး မှောင်ခိုလုပ်တဲ့ ဂိုဏ်းမျိုး ခွန်ဆာအဖွဲ့ ဒါကိုတော့ ကျနော်တို့အသိအမှတ်မပြုဘူး မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်း သူကတော့ တိုင်းရင်းသားမဟုတ်ဘူး တိုင်းရင်းသားအဖွဲ့အစည်းနာမည်ခံပြီး တော့မှ မူးယစ်ဆေးဝါးတွေကိုမှောင်ခို လက်နက်ကိုင်အဖွဲ့အစည်းနဲ့ မှောင်ခိုလုပ်ငန်းအကြီးစား ဒါကတော့ ကျနော်တို့အပြတ်တိုက်မယ် သူနဲ့ကျတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကျနော်တို့မှာ ရည်မှန်းချက်မရှိပါဘူး ကမ္ဘာ့လူသားအားလုံးကို အန္တရာယ်ပြုနေတဲ့ ဒီမူးယစ်ဆေးဝါး ဂိုဏ်းခေါင်း ဆောင် ခွန်ဆာရဲ့ လက်နက်ကိုင်အဖွဲ့အစည်းကိုတော့ ကျနော်တို့အပြတ်တိုက်ရမှာပဲ။
ဒါကြောင့် ကျနော်တို့နှစ်စဥ်နှစ်တိုင်း ဒီခွန်ဆာရဲ့ အဖွဲ့အစည်းကို  တပ်မတော်က တပ်မတော် သားတွေ မြောက်များစွာ အသက်တွေပေးပြီး တိုက်ခိုက်ချေမှုန်းခဲ့တာ အားလုံးအသိပါပဲ သတင်းတွေလည်း ထုတ်ပြန်ပေးခဲ့ပါတယ်။

++++++++++ အခုကျနော်တို့အစည်းအဝေးမှာ ဝန်ကြီးတွေ ဌာနဆိုင်ရာက ပုဂ္ဂိုလ်တွေ အစုံအညီ ပါလာတယ် ပညာရေး ကျန်းမာရေးနဲ့ ဆိုင်တဲ့ပုဂ္ဂိုလ်၊ ပို့ဆောင်ရေး၊ လူမှုရေး၊ ပြန်ကြားရေးနဲ့ဆိုင် တဲ့ပုဂ္ဂိုလ်တွေ နယ်စပ်ဒေသဖွံ့ဖြိုးရေးတစ်ခုလုံးကို ခြုံပြီးတော့မှ တာဝန်ယူနေတဲ့ ပုဂ္ဂိုလ်တွေ နောက်ဒေသမှာ တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းသာယာရေးကို ဆက်ပြီးတော့အကောင် အထည်ဖော်သွားမယ့် ပုဂ္ဂိုလ်တွေ စိုက်ပျိုးရေး၊ သစ်တော၊ လျှပ်စစ်ဓါတ်အား တယ်လီဖုန်းလိုင်း Telecommunication နဲ့ ဆိုင်တဲ့ပုဂ္ဂိုလ်တွေ အစုံအညီပဲ ပါလာတယ်။ မွန်ပြည်နယ်ကြီး ရှေ့ ဖွံ့ဖြိုးတိုးတက်စေဖို့ ပါလာတယ် အဲဒီပုဂ္ဂိုလ်တွေနဲ့အတူ ကျနော်တို့ ဒီနေ့ မွန်ပြည်သစ်ပါတီက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ စဥ်းစားထားတာလည်း ရှိချင်ရှိမှာပေါ့လေ စဥ်းစားထားတာတွေ အခု မရှိဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး နောက်ကျနော်တို့က ဒီဒေသဖွံ့ဖြိုးရေးအတွက် ပြည်နယ်ဖွံ့ဖြိုး ရေးအတွက် ဆောင်ရွက်ဖို့အတွက် ကို ဒီမှာ ကျနော်တို့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းနဲ့ ဆွေးနွေးညှိ နှိုင်းပြီးတော့ ဆက်ပြီးအကောင်အထည်ဖော်သွားကြရမှာ ဖြစ်ပါတယ်။

အဲဒီတော့ ကျနော်တို့ရောက်တုန်းမှာ အဓိကလုပ်ငန်းကြီးတွေပေါ့လေ လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့ လူမှုရေးကဏ္ဍနဲ့ပတ်သက်ပြီး ဒီမှာရှိတဲ့ မွန်ပြည်နယ်အတွင်းမှာရှိကြတဲ့ အထူးသဖြင့် အစွန်အဖျားဒေသက ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဟို Grass root level ပေါ့ အောက်အခြေအဆင့်ကနေပြီးတော့ သွားရေးလာရေးခက်တဲ့နေရာတွေ ဆေးရုံ ဆေးခန်းမရှိတဲ့ နေရာတွေ အဲဒီနေရာကို ပိုမိုအလေးထားပြီးတော့ ကျန်းမားရေးစောင့်ရှောက်မှုလုပ်ပေးဖို့ ပြည် နယ်မှာပညာတတ်တွေဖြစ်လာဖို့ မျိုးဆက်သစ်တွေပေါ့+++++++++++ သူတို့ဒေသ သူတို့ တိုင်း ပြည်မှာလည်း လုပ်တာမဟုတ်ဘူး ဒီတိုင်းပြည်အတွင်းမှာဖွံ့ဖြိုးအောင် ဒီတိုင်းပြည်တိုးတက် အောင် လုပ်တဲ့နေရာမှာ ဘာမဆိုင်ညာမဆိုင်နဲ့ လူမှုအခွင့်အရေး အကြောင်းပြပြီးတော့ နိုင်ငံရဲ့ တည်ငြိမ်ရေးကို ဝင်ရောက်စွပ်ဖက်တဲ့သဘော ဆောင်တယ် ဒါတွေကတော့ ထားလိုက်ပါတော့ ဂရုစိုက်စရာမလိုပါဘူး ကိုယ်ပြည်နယ်တိုးတက်ဖို့ ကိုယ့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့က ကိုယ့် နိုင်ငံသားတွေအပေါ်မှာပဲ မူတည်ပါတယ် အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တကယ့်စိတ်ဓါတ်အပြည့်နဲ့ ငါ့ပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ် ဘယ်သူဘာပြောပြော ဘယ်လိုစွက်ဖက်စွက်ဖက် သူတို့နဲ့မဆိုင်ဘူး ဒို့နိုင်ငံအရေးဟာ ဒို့လုပ်မှဖြစ်မယ်ဆိုတဲ့ ဒီခံယူချက် သဘောထားနဲ့ အားလုံးက ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားကြမယ်ဆိုရင် မွန်ပြည်နယ်ကြီး မြန်မြန်ဆန်ဆန် ကျနော်ပြောရဲတယ် ၃ နှစ်အတွင်းမှာ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် နိဂုံးချုပ်အနေနဲ့ပြောလိုတာကတော့ ကိုယ့်ပြည်နယ်ကြီး အေးချမ်းသာယာလာပြီ ဖြစ်တယ် ငြိမ်းချမ်းရေးရလာတဲ့အတွက် ပြည်နယ်ကြီးနောက်တဆင့် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်သူတွေရဲ့လူမှုဘဝ တိုးတက်မြင့်မားဖို့အတွက်ကို ကျနော်တို့အားလုံးက စည်းစည်းလုံးလုံးနဲ့ တက်ညီလက်ညီနဲ့ ခွန်နဲ့အားနဲ့ ဆက်ပြီးလုပ်ကြရမယ် ပြည်သူတရပ်လုံးကလည်း ပူးပေါင်း ပါဝင် ပြီးတော့ ဆောင်ရွက်ဖို့ လိုပါတယ်လို့ပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်။                  

နိုင်တင်အောင် (မွန်ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ MNRC ) 
လေးစားအပ်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး(၁) နဲ့တကွ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းမှူးကြီးနှင့် တပ်မတော်အရာရှိများခင်ဗျာ။

မွန်ပြည်သစ်ပါတီ ဗဟိုကိုယ်စား ဒေသဖွံ့ဖြိုးရေးအစီအစဥ်နှင့် စပ်လျဥ်းပြီး ကျနော်ပါဝင်ဆွေးနွေး ခွင့်ရတဲ့အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း ပဏာမပြောကြားလိုပါတယ်၊ ဒေသ ဖွံ့ဖြိုးရေးအစီအစဥ်ဆိုသည်မှာ အထူးပင်ကျယ်ပြန့်လှပါတယ် ကျန်းမာရေး ပညာရေး ဒုက္ခသည် ပြန်လည်နေရာချထားရေး စီးပွားရေးဖွံ့ဖြို့ရေးနဲ့ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ချောမွေ့ရေး စသည့်အချက်များ အကျုံးဝင်ကြောင်း တွေ့ရှိရပါတယ်၊ 

ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတို့မှာ မွန်ပြည်သစ်ပါတီမှ တာဝန် ယူလုပ်ကိုင်ဆောင်ရွက်လျက်ရှိနေတဲ့ အခြေအနေအရပ်ရပ်တို့ကို သက်ဆိုင်ရာဌာန၏ တာဝန်ရှိ သူများက သူ့ကဏ္ဍနဲ့သူ အသီးသီးရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်၊ ကျနော့အနေနဲ့ကတော့ ဒုက္ခသည်ပြန်လည်နေရာချထားရေးနဲ့ စီးပွားရေးကဏ္ဍတို့ကို အဓိကထားပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်+++++++++။

+++++ များစွာသောပြည်သူတို့မှာ အိုးပစ်အိမ်ပစ်နဲ့ တဖက်နိုင်ငံကိုရောက်ရှိသွားကြတယ်၊  အဲဒီ ဒုက္ခသည်တွေကို ခွဲခြားလိုက်ရင် ၂ မျိုး ၂ စားတွေ့ရပါမယ် ပထမတစ်မျိုးကတော့ ကျနော်တို့ မွန်အဖွဲ့အစည်းက ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်း ၄ ခုမှာ နေထိုင်နေကြတဲ့ ပထမအမျိုးအစား ဒုက္ခသည်တွေ ဖြစ်ပါတယ်၊ နောက်အမျိုးအစားကတော့ စခန်းထဲမှာမနေဘဲနဲ့ တစ်ဖက်နိုင်ငံကို ရောက်သွားကြတဲ့ ဒုက္ခသည်အမျိုးအစားဖြစ်ပါတယ်။ အဲဒီ ပထမအမျိုးအစားမှာပါဝင်တဲ့ ကျနော်တို့ရဲ့ စခန်းထဲမှာရှိနေတဲ့ ဒုက္ခသည်အရေအတွက်ဟာ လက်ရှိမှာ ၁၂,၄၄၉ ရှိပါတယ်။

အဲဒီဒုက္ခသည် တစ်သောင်းကျော်ဟာ ကျနော်တို့စခန်း ၄ ခုမှာ နေထိုင်ကြပါတယ် နံပါတ်(၁) စခန်း ဟလော့ဟနီမှာ လူဦးရေ ၅၂၀၉ ဦး ရှိပါတယ်၊ နံပါတ် (၂) ပယောစခန်း လူဦးရေ ၃၉၀၀ ရှိပါတယ် နံပါတ်(၃) ဘီးရီး(ရေးချောင်း) လူဦးရေ ၁၅၉၇ ဦးရှိပါတယ် နံပါတ် (၄) ပကျွတ်စခန်း မြိတ်ခရိုင်မှာရှိတယ် လူဦးရေ ၁၇၂၅ ရှိပါတယ် ဟလော့ဟနီးစခန်းကတော့ ထိုင်းမြန်မာနယ်ခြား မျဥ်းပေါ်မှာ ခွပြီးတည်ဆောက်ထားတဲ့သဘောရှိပါတယ် အဲဒီစခန်းအနီးမှာ ထိုင်းနယ်ခြားစောင့် တပ် ရှိပါတယ် နောက်ပယောစခန်းကျတော့ ထိုင်းနိုင်အတွင်းဘက်မှာရှိပါတယ် ကျန်တဲ့ဘီးရီးနဲ့ ပကျွတ်စခန်းကတော့ ကျနော်တို့နိုင်ငံဘက်ခြမ်း နယ်ခြားမျဥ်းအနီးမှာ ရှိပါတယ် ဒီစခန်း ၄ ခုထဲမှာရှိတဲ့ လူဦးရေ ၁၂၀၀၀ ကျော်ရဲ့ စားဝတ်နေရေးအတွက် နိုင်ငံတကာကူညီထောက်ပံ့ရေး BBC Burma Border Consortium ကနေ ကျနော်တို့ တောင်းခံမှုနဲ့ ဆန်၊ ဆား၊ ငပိ၊ ပဲနဲ့ ဆေးဝါး ထောက်ပံ့ပေးပါတယ် ကျန်တဲ့စောင် ခြင်ထောင် ဖျာတို့ကို တစ်နှစ်တစ်ကြိမ် ရာသီအလိုက် ပံ့ပိုးပေးတာရှိပါတယ် ဒီစခန်းတွေမှာ လူမျိုးပေါင်းစုံနေထိုင်ကြပါတယ် အထက်ဘက်က ရှမ်းတွေလည်းရှိတယ် NGO ရဲ့အကူအညီကို ကျနော်တို့တောင်းခံတဲ့နေရာမှာ အကန့်အသတ် ရှိပါတယ် ဒုက္ခသည်တွေရဲ့လိုအပ်ချက်တွေကို အပြည့်အဝထောက်ပံ့ပေးနိုင်တာ မဟုတ်ပါဘူး ကျန်တဲ့လိုအပ်ကျက်တွေကို ကျနော်တို့အဖွဲ့အစည်းက ပံ့ပိုးပေးပါတယ်။

နောက် ဒုတိယအမျိုးအစားဒုက္ခသည်တွေ စခန်းပြင်ပမှာ ရှိနေတာအများကြီး၊ ကိန်းဂဏန်းအရ ကျနော်တိတိကျကျမပြောနိုင်ပါဘူး သိန်းဂဏန်းလောက်တော့ရှိပါတယ် ထိုင်းမှာအချုပ်အနှောင် ခံထားရသူတွေလည်း ရှိပါတယ်၊ ထိုင်းမှာဖမ်းထားတဲ့ဒုက္ခသည်တွေကို အချုပ်ကနေ ပြန်လွှတ်တဲ့ အခါ ကျနော်တို့ ဟလော့ဟနီစခန်းကို တစ်လတစ်လဆိုလို့ရှိရင် တစ်ထောင်ကျော်ရှိပါတယ်၊       ဗုဒ္ဓဟူးနေ့တိုင်း ဆယ်ဘီးကားကြီး သုံးလေးငါးစီးနဲ့ နယ်စပ်ကို တစ်လ ၄ ကြိမ် ပုံမှန်ပို့ပါတယ် အခုလည်းဒီအတိုင်းပဲ လူတစ်ထောင်ကျော်လောက်ပါတယ် အဲဒီလာပို့တဲ့လူတွေအထဲမှာ ရောဂါ ဝေဒနာအမျိုးမျိုး ခံစားနေရတဲ့လူတွေပါတယ်၊ AIDS ရောဂါပိုးရှိတဲ့လူတွေလည်းပါတယ်၊ ကျနော် တို့ ကျန်းမာရေးဌာန စစ်ဆေးတွေ့ရှိချက်အရ အများကြီးရှိပါတယ် အခုလိုလာပို့ထားတဲ့ လူတွေ ကို ကျနော်တို့အဖွဲ့အစည်းကပဲ တာဝန်ယူထားရပါတယ် အခုထက်ထိပါပဲ ဒါက တကယ်ဖြစ် ပျက်နေတဲ့အခြေအနေကို နိုင်ငံတော်အကြီးအကဲတွေ တာဝန်ရှိသူတွေ သဘောပေါက်နားလည် အောင် ဆိုပြီးတော့ တင်ပြရခြင်းဖြစ်ပါတယ်၊ အဲလိုတစ်ဖက်နိုင်ငံမှာ နည်းအမျိုးမျိုးခိုးဝင်ပြီးတော့ အလုပ်သွားလုပ်နေကြတဲ့သူတွေတွေဟာ များသောအားဖြင့် အလုပ်အကိုင်မယ်မယ်ရရ မရှိကြ ပါဘူး အဖမ်းခံရတာလည်းအများကြီးပဲ သေသွားကြတာလည်းရှိတယ်။

နောက်တစ်ခု ကျနော်တို့ မွန်ဒေသ ငြိမ်းချမ်းရေးအောင်မြင်သွားပြီ ကျနော်တို့နဲ့ နိုင်ငံတော်ငြိမ် ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့တို့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ပြီလို့ အခြေအနေကို ရောက်လာတဲ့အခါမှာ ပြည်သူတွေကလည်း ပြန်လာမှာသေချာပါတယ် ဟိုမှာနေချင်လို့ နေ ကြတာမဟုတ်ပါဘူး အကြောင်းကြောင်းကြောင့် ဖြစ်လာတယ် ငြိမ်းချမ်းရေးမရှိလို့ လက်နက် ကိုင်ပဋိပက္ခဖြစ်နေလို့ နေလို့မရတဲ့အခြေအနေဖြစ်ပါတယ် မငြိမ်းချမ်းတဲ့အခြေအနေအောက်မှာ ကျနော်တို့ဒုက္ခသည်စခန်း ၄ ခုမှာရှိတဲ့ လူ ၁၂,၀၀၀ ကျော်လည်း ဒီဘက်အခြမ်းကို လာကြမှာ ဖြစ်တယ်၊ ကျနော်တို့နေရာချပေးရမှာဖြစ်ပါတယ်။

ခုနကျနော်ပြောတဲ့ စခန်းအပြင်ဘက်မှာရှိတဲ့ များစွားသောလူတွေကိုလည်း ပြန်လာကြမှာ ဖြစ်တယ်၊ ဒါကြောင့် အဲဒီလူတွေကို နေရာချထားပေးဖို့အတွက် ကျနော်တို့မှာ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်၊ ကျနော်တို့အဖွဲ့အစည်းအနေနဲ့ ဘယ်လိုမြင်ထားသလဲဆိုတော့ ဒီဒုက္ခသည်တွေ ကို ပြန်လည်နေရာချထားပေးဖို့အတွက် ကျနော်တို့ဘက်အခြမ်းမှာ အောက်ဖော်ပြပါ နေရာများ မှာ နေရာချပေးသင့်ကြောင်း ကျနော်တင်ပြလိုပါတယ်။ 
၁။ ဂျပန်ရေတွင်း
၂။ ပုံကတာချောင်း
၃။ ဗလဲ့ဒွန်းဖိုက်
၄။ ကင်းချောင်း
၅။ လှည်းဆိပ်
၆။ ပိုင်ကမာ 
၇။ ရေးချောင်းဖျား

အထက်ပါ (၇) နေရာကို နေရာချထားပေးမယ်ဆိုရင် မိုးကုန်တာနဲ့ ကျနော်တို့ ငြိမ်းချမ်းရေး လက်တွေ့ အကောင်အထည်ဖော်ပြီဆိုတာနဲ့ စုပြုံပြီးထွက်လာကြတော့မှာဖြစ်တယ်။ အဲဒီလို ထွက်လာဖို့ကိုလည်း ကျနော်တို့ကြိုးစားမှာဖြစ်တယ်။ သူတို့ထွက်လာလို့ရှိရင် နေရာချထားပေးဖို့ နောက်တစ်ပိုင်းက လုပ်ငန်းကိုင်ငန်းတွေ၊ နောက် မိမိကျေးရွာနေရပ်ရင်းဇာတိ ပြန်လိုကြတဲ့လူ တွေကိုလည်း (တချို့ကလည်း ရွာပစ်၊ အိုးပစ်အိမ်ပစ်ခဲ့တာရှိ) ဇာတိရပ်မြေပြန်ချင်ကြတဲ့ လူတွေ ရှိတယ်၊ အဲဒီလူတွေပြန်နိုင်ဖို့ ကျနော်တို့ကူညီဆောင်ရွက်ပေးဖို့ လိုပါလိမ့်မယ်။

နောက်တစ်ခု ကျနော်သိချင်တာက လောလောဆယ်စပ်ကူးမတ်ကူးကာလမှာ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့လည်း အင်မတန်များတဲ့လူတွေရဲ့ စားဝတ်နေရေး ကျန်းမာရေး ပညာရေး စသည်တို့ကို ကျနော်တို့အဖွဲ့အစည်း အကူအညီပေးနိုင်တဲ့ အခြေအနေမရှိသေးတဲ့ကာလမှာ ကျနော်တို့လက်ရှိရနေတဲ့ NGO တွေရဲ့ထောက်ပံ့ကူညီမှုကို ပုံစံတမျိုးမျိုးနဲ့ ပုံမှန်ကျနော်တို့ ဆက်ပြီး ရရှိသွားနိုင်မယ်ဆိုလို့ရှိရင် ဒီဒုက္ခသည်တွေရဲ့အကျပ်အတည်း အတိုင်းအတာ တစ်ခု အထိ သက်သာသွားနိုင်တဲ့အကြောင်းရှိတယ်။ 

ဒီနေရာမှာ နိုင်ငံတော်အစိုးရရဲ့ ပံ့ပိုးကူညီမှုတွေ အများကြီးလိုအပ်တယ်လို့ ကျနော်မြင်တယ်၊ ဒါကြောင့် ဒီဟာနဲ့ပတ်သက်ပြီးတော့ ဒုက္ခသည်ပြဿနာကို ကျနော်တို့ငြိမ်းချမ်းရေး အောင်မြင် ပြီးတဲ့နောက်ပိုင်းမှာ ပြန်လည်နေရာချထားပေးဖို့အတွက် လိုအပ်တဲ့ပံ့ပိုးကူညီမှုကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အလေးအနက်စဥ်းစားပြီးတော့ ကူညီဆောင်ရွက်ပေးပါ။ ဒီနေရာမှာ ကျနော်တို့အဖွဲ့အစည်းကလည်း နိုင်တဲ့ဘက်ကလက်တွဲပြီးတော့ ပူးပေါင်းဆောင်ရွက် ပါ့မယ်ဆိုပြီးတော့ ဆွေးနွေတင်ပြလိုပါတယ်။

ဒါကဒုက္ခသည်နဲ့ပတ်သက်ပြီးတော့ ပြန်လည်နေရာချထားပေးဖို့အတွက် ကျနော်တင်ပြခြင်း ဖြစ်ပါတယ်။ တဆက်တည်းမှာ ကျနော်ဆက်ပြီးတင်ပြချင်တာက ဒီကနေ့ ကျနော်တို့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲအောင်မြင်သွားပြီး ဖြစ်ပါတယ်၊ အဲဒီသဘောတူညီချက်အရ ကျနော်တို့အဖွဲ့ အစည်းအနေနဲ့ အခွန်ကောက်ခံခွင့် မရှိတော့ပါဘူး၊ တချိန်က ကျနော်တို့အခွန်ကောက်တယ် အဲဒီအခွန်ပေါ်မှာအခြေခံပြီးတော့ ကျနော်တို့အဖွဲ့အစည်းရဲ့လိုအပ်ချက်တွေမှာ အသုံးပြုတယ် ခုနဒုက္ခသည်စခန်းတွေမှာ လိုအပ်တဲ့ဟာတွေကို ကျနော်တို့အသုံးပြုတယ် ဒီကနေ့ အခြေအနေ ဆိုရင် အဲဒါတွေကို ကျနော်တို့ဆက်လက်လုပ်ပိုင်ခွင့်မရှိတော့ပါဘူး၊ ဒါကြောင့်မို့လို့ တခြားသော တရားဝင်လုပ်များကို ကျနော်တို့လုပ်ကိုင်ဖို့ လိုအပ်ပါတယ်။ 

အဲဒီတော့ ကျနော်တို့အဖွဲ့အစည်းရပ်တည်ရေးအတွက် သင့်လျှော်လျှောက်ပတ်တဲ့ ကူညီမှုမျိုးကို နိုင်ငံတော်အစိုးရအနေနဲ့ မိမိအဖွဲ့နည်းတူ အခြားသောလက်နက်ကိုင်အဖွဲ့အစည်းတွေလို လုပ်ကိုင်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ ကူညီပေးပါရန် တင်ပြ တောင်းခံအပ်ပါသည်။  

အဖွဲ့အစည်းအနေဖြင့်လုပ်ကိုင်လိုသောလုပ်ငန်းများမှာ-ကျနော်တို့လုပ်ကိုင်လိုသော လုပ်များကို စဥ်းစားထားပါတယ် ဒါပေမယ့် ကျနော်တို့ စဥ်းစားချက်က လက်တွေ့ကျတယ် လက်တွေ့မကျ ဘူး အကောင်အထည်ဖော်လို့ရတယ် မရဘူးဆိုတာ ညှိနှိုင်းတဲ့အခါကျရင် ပေါ်လာလိမ့်မယ်၊ အဲဒါ ကလည်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရဲ့ အကူအညီအများကြီး လိုအပ် ပါတယ်။

၁။ ခုတ်လှဲထားပြီး သစ်ဟောင်းများထုတ်လုပ်ရေးလုပ်ငန်း။ အဲဒီခုတ်လှဲထားပြီး သစ်ဟောင်းများ ထုတ်လုပ်ရေးလုပ်ငန်းဆိုတာ ကျနော်တို့ လွန်ခဲ့တဲ့လေးငါးနှစ်လောက်တုန်းက ခုတ်လှဲပြီးသား သစ်လုံးတွေရှိပါတယ်++++++++++++++++++++

ဗိုလ်ချုပ်ကြီးခင်ညွန့်
+++++ စီးပွားရေးလုပ်ငန်းတွေလည်း စနစ်တကျနဲ့ လုပ်ကိုင်နိုင်အောင် ဒါလေးတွေက ရှေ့ဆက် ပြီးဆွေးနွေးပြီးတော့မှ လုပ်သင့်လုပ်ထိုက်တာတွေပေါ့ လုပ်ခွင့်ရှိတာတွေ လုပ်သင့်လုပ်ထိုက်တာ တွေ ဒါတွေကို ကျနော်တို့ဆွေးနွေးပြီးတော့ လုပ်ကိုင်ပေးသွားမှာဖြစ်ပါတယ်၊ 

အဲဒီတော့ သစ်လုံးကိစ္စ အဲဒီတစ်ခုကတော့ ဒီမှာလည်းသစ်တောနဲ့ပတ်သက်လို့ ဒုတိယဝန်ကြီးပါ ပါတယ်၊ ဒုတိယဝန်ကြီးပါတော့ ဒီသစ်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ပေါ်လစီပေါ့လေ လုပ်နေ ကိုင်နေတာ နည်းနည်းရှင်းပြပေးပါ။ အခုရှင်းပြမယ့်ဟာ အားလုံး ၄ နေရာပေါ့လေ ဒါနဲ့ပတ်သက် ပြီး ကျနော်တို့ဆက်ပြီး ဘယ်လိုလုပ်သင့်သလဲ ဆွေးနွေးရမှာပေါ့ ဟုတ်လား၊ တာဝန်ရှိတဲ့ပုဂ္ဂိုလ် တွေပါလာတယ်။

ဒါကတော့ ထိုင်းကခုတ်ထားတာပေါ့လေ ရှင်းရှင်းပြောရရင် ခိုးခုတ်ထားတာ တွေ ဘာတွေ သူတို့တနည်းနည်းနဲ့ထုတ်နေတာပါပဲ အဲဒီလိုထုတ်ထားပြီးတော့မှ ကျန်နေတဲ့ဟာ မထုတ်နိုင် လို့ကျန်နေတဲ့ဟာပေါ့လေ တကယ့်အလေအလွင့်တွေဖြစ်မယ့်ဟာမျိုးဆိုရင်လည်း ကျနော်တို့က စနစ်တကျထုတ်ယူရေးကို လုပ်ရမှာပေါ့လေ သို့သော်ငြားလည်း ကျနော်တို့က များသောအားဖြင့် ယိုးဒယားက နည်းနည်းလေး ဟို ယိုးဒယားကုမ္ပဏီကို ကျနော်တို့က ဒီဟာတွေကို ဝယ်ထုတ်ပါ ဆိုပြီးတော့ လက်တွဲခေါ်ပြီး ကျနော်တို့မထည့်ရဲဘူး၊ ယိုးဒယားက မလွယ်ဘူး ခုတ်ပြီးသားက နည်းနည်း ထပ်ပြီးခုတ်မှာက များသွားမယ် ဒီလိုလည်း ကျနော်တို့က လက်လွယ်စပယ်ပေါ့လေ စည်းမဲ့ကမ်းမဲ့ပေးလို့မဖြစ်ဘူး ဒါပေမယ့် စနစ်တကျဖြစ်အောင်တော့ ကျနော်တို့ဖန်တီးပေးမယ် ဟုတ်လား၊ အဲဒီတော့ မွန်ပြည်သစ်ပါတီအတွက်လည်း ထိုက်သင့်တဲ့ငွေကြေးရအောင် ကျနော်တို့ လုပ်ပေးမယ် စနစ်တကျလည်းဖြစ်ရမယ် အဲဒီတော့ ဘယ်နေရာကိုဆွဲထုတ်မလဲ ဘယ်လိုလုပ်မ လဲဆိုတာကတော့ ကိုအောင်ဖုန်း(ဒုဝန်ကြီး) တို့ ရှင်းပြပါ၊ တကယ်ကော အခုပြောတဲ့ နေရာတွေ မှာရှိလား။  

နိုင်တင်အောင်     
    
-တကယ်ရှိပါတယ်။

ဗိုလ်ချုပ်ကြီးခင်ညွန့် 

တကယ်ရှိတယ်နော်၊ ဆိုတော့ အဲဒီနားမှာရော တပ်ဖွဲ့တွေရှိလား မွန်ပြည်သစ်ပါတီက တပ်ဖွဲ့ တွေရှိလား။ 

နိုင်တင်အောင်         
-ရှိပါတယ်။

ဗိုလ်ချုပ်ကြီးခင်ညွန့်
-ဒါ တကယ်ရှိတယ်နော်၊ ရှိတယ်ဆိုရင်တော့ ကျနော်တို့နည်းလမ်းရှာမယ် ဒုဝန်ကြီး ရှင်းပြပေးပါ။

ဒုဝန်ကြီး သစ်တောရေးရာဝန်ကြီးဌာန 

-အခုတင်ပြတဲ့ သစ်ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်နည်းနည်းလေး ရှင်းပြပါမယ်၊ ကျနော်တို့ သစ်ထုတ်တဲ့မူဟာ နောက်ဆုံးမြန်မာ့သစ်လုပ်ငန်းကပဲ ထုတ်ပါတယ် အခြားအဖွဲ့အစည်းအနေနဲ့ ကျနော်တို မထုတ်ပါဘူး ဒါပေမယ့် မြန်မာ့သစ်လုပ်ငန်းမနိုင်ရင်တော့ သီးခြားအစီအစဥ်နဲ့ ထုတ်လို့ရပါတယ်။

အခု မွန်ပြည်သစ်ပါတီ တင်ပြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဘယ်လိုလုပ်မလဲဆိုတာကို ကျနော် ရှင်းပြပါမယ်၊ ပထမဆုံး ဒီသစ်ဟာ ကျနော်တို့ထုတ်လို့ရမရ နည်းနည်းပါးပါး ကြည့်ဖို့လိုပါမယ်၊ ကြည့်ပြီးအခါကျရင် ဘယ်လိုလုပ်မလဲဆိုတော့ ဒီသစ်နဲ့ပတ်သက်ပြီးတော့ အခု DKBA လုပ်တဲ့ ပုံစံအတိုင်း ကျနော်တို့ဘယ်အနားထိ ထုတ်ပေးမလဲဆိုတာ မွန်ပြည်သစ်ပါတီက လုပ်ပေးပါ၊ ကျသင့်တဲ့ကျပ်ငွေကို ကျနော်တို့ပေးပါမယ်၊ 

အဲဒီလိုဝင်ကြည့်တဲ့အခါမှာ ရောင်းတန်းဝင်တဲ့သစ်တွေကိုပဲ လမ်းပေါ်ရောက်အောင် ထုတ်ပေးပါ၊ ဒီသစ်တွေကို လမ်းပေါ်ရောက်တဲ့အထိ ကုန်ကျစရိတ်အနေနဲ့ ကျပ်ပဲပေးပါမယ်။ အဲဒီလို ပေးတဲ့ အခါမှာ ဘယ်လိုနှုန်းထားရှိလည်းဆိုတာ (မွန်ပြည်သစ်)ပါတီနဲ့ ဒီကရှိတဲ့ ပဝတ တိုင်းမှူးနဲ့ညှိနှိုင်း ဖို့ လိုပါမယ်၊ တိုင်းမှူးက ညှိပြီးသွားရင် ကျနော်တို့က ညှိပေးတဲ့အတိုင်း ငွေချေပါမယ်။

နောက်တစ်ပိုင်း အဲဒီကထုတ်တဲ့သစ်ကိုပဲ ခုနကပြောတဲ့ နေရာချထားရေးမှာ လိုအပ်တာရှိရင် ကျနော်တို့ကူညီမယ်၊ ကျန်တဲ့ဟာကို ထုတ်ပြီးတော့ ကျနော်တို့နယ်စပ်ကိုတော့ ဖြတ်ကျော်လို့ မရပါဘူး။ ++++++++ ခုနပြောတဲ့ဟာ ပြန်ချုပ်လိုက်ရင် လမ်းပေါ်ကိုရောက်အောင် ထုတ်ပေးပါ သယ်ခလိုချင်တယ် တတ်နိုင်ရင် မော်လမြိုင်ရောက်တဲ့ အထိ တိုင်းမှူးနဲ့ညှိနိုင်းလိုက်ရင် အဆင် ပြေပါတယ်၊ နောက် တည်ဆောက်ရေး လုပ်ငန်းတွေမှာလည်း အဲဒီသစ်နဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်လို့ရပါတယ်။

ဗိုလ်ချုပ်ကက်စိန်
-ဒီသစ်တောကုန်ကြမ်းကို ရေးချောင်းဖျားကနေ ဆွဲထုတ်ပြီးလို့ရှိရင် ရေးကနေ ရထားနဲ့တင်လို့ရှိ ရင် မော်လမြိုင်မှာ မုပွန်သစ်စက်ရှိပါတယ်၊ မုပွန်သစ်စက်အခုရပ်ထားပါတယ် ဒါကို သစ်တော ဝန်ကြီးဌာနက Join (ဖက်စပ်) ပဲဖြစ်ဖြစ် လုပ်ဖို့ ကျနော့ဆီကို တင်ပြထားတာရှိတယ်၊ ဘာလဲဆို တော့ ဒီသစ်တွေက စနစ်တကျထုတ်သွားမယ်ဆိုရင် ဒီလုပ်ငန်းနဲ့ဆက်စပ်ပြီး လုပ်သွားနိုင်တယ် လို့ ကျနော့အနေနဲ့တင်ပြခြင်း ဖြစ်ပါတယ်။ 

ဗိုလ်ချုပ်ကြီးခင်ညွန့်
-အဲဒါဆိုရင် Join ဘယ်သူနဲ့လုပ်မလဲ 

ဗိုလ်ချုပ်ကက်စိန်
-အဲဒါ ဘယ်သူနဲ့လုပ်မလဲ မသိသေးဘူး သစ်တောနဲ့ပတ်သက်ပြီး စဥ်းစားတဲ့အပိုင်းပါ။ 

ဒုဝန်ကြီး (သစ်တောရေးရာဝန်ကြီးဌာန)
++++++ လတ်တလော ရာဘာစျေးက တော်တော်ကောင်းပါတယ်၊ တစ်တန်ကို 1600-1800 USD အထိရပါတယ်၊ ဒါကြောင့် ရာဘာကုန်ကြမ်းတွေနဲ့ပတ်သက်ပြီး ကျနော်တို့တော်တော်လေး ပြန်စီစစ်တဲ့အပိုင်းလေးတွေရှိပါတယ်၊ ဘာလို့လဲဆိုရင် တစ်နှစ်ကို တန်ချိန်တစ်သောင်းခန့် ကျနော်တို့ကိုယ်တိုင်ထုတ်ပါတယ်၊ ခုတ်လှဲခွင့်ပြုလိုက်မယ်ဆိုရင် နောင်တစ်ချိန်ပြန်စိုက်တာနဲ့ နှစ် ၃၀ လောက်ကြာမှာဖြစ်ပါတယ်၊ ရာဘာထွက်ဖို့ ၇ နှစ် ၈ နှစ်လောက်ကြာပြီးမှ ထွက်လာမှာ ဖြစ်ပါတယ် တဖက်က ရာဘာထုတ်လုပ်မှုမကျအောင် တဖက်က ရာဘာပင်အသစ်တွေလည်း စိုက်ပျိုးလို့ဖြစ်အောင် အဲဒါကို တိုင်းမှူးနဲ့ညှိပြီးတော့ ဆောင်ရွက်ပါ၊ နံပါတ်တစ် ခုတ်လှဲပြီးတော့ ပြန်စိုက်လို့ရနိုင်မလား ပဏာမကျနော်တို့ ပြန်ညှိဖို့လိုပါမယ်၊ လိုအပ်တဲ့ပျိုးပင်နဲ့ နည်းပညာ ကျနော်တို့ပံ့ပိုးပေးမယ်၊ ခုတ်လှဲသင့် မခုတ်လှဲမသင့်ကတော့ တိုင်းမှူးကြီးနဲ့ ကြိုညှိပြီးတော့ အားလုံး ကျနော်တို့သစ်တောဌာနရယ် တိုင်းမှူးရယ် မွန်ပြည်သစ်ပါတီရယ် အားလုံးညှိပြီးတော့ ခုတ်လှဲသင့်ပြီဆိုတာနဲ့ ကျနော်တို့ခုတ်လှဲခွင့်ပြုပါမယ်၊ ခုတ်လှဲပြီးတဲ့နောက် စက်ပစ္စည်းအဆင် သင့်ရှိဖို့လိုပါတယ် ဘာကြောင့်လဲဆိုတော့ (ရာဘာသား) Dry Care လုပ်တော့ ၂၄ နာရီအတွင်း ပြန်ပြီးပေါင်းတင်ဖို့လိုအပ်ပါတယ်၊ ပေါင်းတင်နိုင်ဖို့အဆင်ဆင့်လိုအပ်ပါတယ်၊ လိုအပ်တဲ့ စက်မှု လုပ်ငန်း ဒါကို တိုင်းမှူးကြီးတို့ အတွင်းရေးမှူး(၁) တို့ ပြန်ပြီးတော့ ကြိုစီစဥ်ဖို့လိုပါတယ်၊ အဲဒီ တော့ ခုတ်လှဲခွင့် စက်ပစ္စည်းတည်ဆောက်ခွင့် အဲဒီစက်ပစ္စည်းတည်ဆောက်ဖို့ လိုအပ်တဲ့ စက် ပစ္စည်းကရိယာ ပြည့်စုံမယ်ဆိုရင် ဆက်လုပ်လို့ရပါတယ်။  

ဗိုလ်ချုပ်ကြီးခင်ညွန့်
-အဲဒါတွေပဲ ဒီ (ရာဘာသားထုတ်လုပ်မှု) Process အတွက် စက်ပစ္စည်းအဆင်သင့်ရှိဖို့လိုတယ်၊ တကယ်လို့ မွန်ပြည်သစ်ပါတီအနေနဲ့ ဒီလုပ်ငန်းလုပ်ချင်တယ်ဆိုရင် စောစောက အတိုင်းအတာ နဲ့ ဒီဟာကိုခုတ်လှဲသင့်တယ်ဆိုရင် ခုတ်လှဲခွင့်နဲ့ သူ့ Process ပေါ့ +++++

နိုင်ရွှေသိန်း (ဗဟိုကျန်းမာရေးဌာနတာဝန်ခံ NMSP)

-နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး(၁) ၏ ခွင့်ပြုချက်အရ ခုလို ကျနော်တို့ မွန်ပြည်သစ်ပါတီ ဗဟိုကျန်းမာရေးဌာနကိုယ်စား အထူးပဲကျေးဇူးတင်ရှိ ပါတယ်၊ မွန်ပြည်သစ်ပါတီရဲ့ လက်ရှိလုပ်ဆောင်နေသော ကျန်းမာရေးကိစ္စများနဲ့ ပတ်သက်ပြီး အနာဂတ် တွင်လုပ်ဆောင်နိုင်ရန် စီမံချက်များကို တင်ပြခွင့်ရတဲ့အတွက် များစွာဂုဏ်ယူမိပါတယ်။

လေးစားအပ်သော ခေါင်းဆောင်ကြီးများခင်ဗျာ၊ မွန်ပြည်သစ်ပါတီ ကျန်းမာရေးဌာန လက်ရှိ ဆေးရုံမှာဆိုလို့ရှိရင် ၉ ခု၊ ဆေးခန်း ၂၅ ခု၊ နယ်လှည့်ဆေးအဖွဲ့ ၃ ခု စုစုပေါင်း ဝန်ထမ်းအင်အား ၂၂၅ ဦး တာဝန်ယူလျက်ရှိပါတယ်၊ ဆေးရုံလို့ခေါ်တဲ့နေရာမှာ ကုတင် ၂၀-၃၀ ကြားကို ဆိုလို ပါတယ်၊ ကုတင် ၂၀-၃၀ ကြားဆိုပေမယ့် လူနာက ရာကျော်ရှိပါ တယ်၊ ဆေးသင်တန်းအနေနဲ့ အခြေခံဆေးသင်တန်းအဆင့်(၁) နောက်တစ်ခါ အခြေခံ ဆေးသင်တန်းအဆင့်(၂) ဓါတ်ခွဲခန်း သင်တန်း စတာတွေကို အနည်းဆုံး တစ်နှစ်တစ်ကြိမ် ဖွင့်လှစ်လျက်ရှိပါတယ်၊ ယခုလည်း ဆေးမွမ်းမံသင်တန်း ဖွင့်လှစ်လျက်ရှိပါတယ်၊ ကျန်းမာရေးကိစ္စကို ကျနော်တို့ကျန်းမာရေးဌာန တစ်ခုကနေပြီးတော့ တာဝန်ယူဆောင် ရွက်နေတာ မဟုတ်ပါဘူး၊ တဖက်မှာလည်း ဆေးတပ် ဖွဲ့က ဆေးရုံတစ်ခု တိုင်းရင်းဆေးရုံ ၆ ခု ဆေးတပ်သားအင်အား ၁၈၅ ယောက်နဲ့ တာဝန်ယူပြီး ဝိုင်းဝန်းပံ့ပိုးလျက် ရှိပါတယ်။

နောက်တစ်ခါ ဒီအပေါ်မှာ နိုင်ငံတော်အစိုးရကို ကျနော်တို့ တင်ပြတောင်းဆိုချင်တာ ကတော့ (၁) အထက်ပါ ဆေးရုံ ဆေးခန်း ကျန်းမာရေးဌာနတွေမှာ လုပ်ငန်းလည်ပတ် နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးပါရန်။ (၂) နိုင်ငံတော်အစိုးရက ပေးအပ်လုပ် ဆောင်လျက်ရှိတဲ့ ဆေး သင်တန်းများ ဥပမာဆိုလို့ရှိရင် ဝမ်းဆွဲ၊ သူနာပြု ကျန်းမာရေးမှူး စတဲ့ တပ်ပိုင်းဆိုင်ရာ သင်တန်း အပါအဝင်ပေါ့ အဲဒီသင်တန်းတွေဆိုလို့ရှိရင်လည်း ကျနော်တို့ ဆီက သင့်တော်တဲ့ သင်တန်းသူ/ သားများ တက်ရောက်ခွင့်ပြုပါရန်။ 

နံပါတ်(၃) ကျနော်တို့ လက်ခံမကုသနိုင်သော လူနာများကို သင့်တော်တဲ့ဆေးရုံ တစ်ခုကို တော့ လိုချင်ပါတယ်၊ ခေတ်မီဆေးရုံတစ်ခုတည်ဆောက်နိုင်ဖို့အတွက်နဲ့ ကျနော်တို့ ခုဆိုလို့ရှိရင် AIDS, HIV ပိုးတွေတချို့တွေ့ထားပါတယ်၊ အဲဒါတွေကို တားဆီးရှာဖွေနိုင်တဲ့ အဖွဲ့အစည်း၊ နောက် တစ်ခါ ငှက်ဖျားနဲ့ဆိုင်တဲ့အဖွဲ့အစည်းစတဲ့ ရောဂါရှာဖွေရေးတို့မှာ ကူညီပံ့ပိုးပေးပါရန်။

နောက်နံပါတ် (၅) အနေနဲ့ ဆေးခန်းမဖွင့်နိုင်သေးတဲ့ ကျေးရွာဒေသများ ဆေးခန်းတိုးချဲ့ ဖွင့်လှစ် နိုင်ရေး၊ တခြားလိုအပ်တဲ့ကျန်းမာရေးဆိုင်ရာလုပ်ငန်းကို ကူညီပံ့ပိုးပေးပါရန်။ ဒီလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မွန်ဒေသ အပစ်အခတ်ရပ်စဲရေးရရှိပြီးတဲ့အချိန်မှာ ပြည်သူလူထုရဲ့ ကျန်းမာ ရေးကိစ္စတွေကို ကျနော်တို့နဲ့အတူ ဆောင်ရွက်ပေးဖို့အတွက် အနူးအညွတ် တိုက်တွန်းပြောဆို ရင်း နိဂုံးချုပ်အပ်ပါတယ်။

*ဖတ်ရှုပေးသည့်အတွက် အထူးကျေးဇူးတင်ပါသည်။

ပြီးပါပြီ

*စာမျက်နှာအခက်အခဲကြောင့် အသေးစိတ်ဆွေးနွေးချက်များကို မဖော်ပြလိုတော့ပါ။

Tags: မွန်ပြည်သစ်ပါတီဥပဒေဘောင်အတွင်း ဝင်ရောက်လာခြင်း အခမ်းအနား
Previous Post

ကျိုက်ထိုမြို့ ကော့စနိုင်လူမှုကူညီရေးအဖွဲ့ဝင် (၄) ဦး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရ

Next Post

သတ်မှတ်ရက်ထက်ကျော်လွန်ပြီး ယနေ့ ဇွန်လ (၃၀) ရက်နေ့အထိ ဘုရားသုံးဆူနယ်စပ်ဂိတ်အား ပိတ်ထားဆဲ

ကောင်းဝါ KAOWAO

ကောင်းဝါ KAOWAO

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။

Next Post
သတ်မှတ်ရက်ထက်ကျော်လွန်ပြီး ယနေ့ ဇွန်လ (၃၀) ရက်နေ့အထိ ဘုရားသုံးဆူနယ်စပ်ဂိတ်အား ပိတ်ထားဆဲ

သတ်မှတ်ရက်ထက်ကျော်လွန်ပြီး ယနေ့ ဇွန်လ (၃၀) ရက်နေ့အထိ ဘုရားသုံးဆူနယ်စပ်ဂိတ်အား ပိတ်ထားဆဲ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Donate

You can also donate with PayPal, respectfully Kaowao Newsgroup. နှိုးဆော်ခြင်း ကောင်းဝါသတင်းဌာန ရေရှည်ရပ်တည်နိုင်ဖို့ မိတ်ဆွေ စာဖတ်သူ ပရိသတ်များ ဝန်းရံပံ့ပိုးပေးဖို့လိုအပ်နေသလို အလှူငွေထောက်ပံ့ပါရန် မေတ္တာရပ်ခံလိုပါသည်။ အလှူငွေထည့်လိုပါက Messenger မှာဖြစ်ဖြစ် kaowao2023@gmail.com ဖြစ်ဖြစ် +66925121374 သို့ဖြစ်ဖြစ် ဆက်သွယ်အသိပေးစေလိုသည်။

Recent News

ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

November 1, 2025
ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

November 1, 2025
ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

November 1, 2025
မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

November 1, 2025
  • Trending
  • Comments
  • Latest
ကော့ဘိန်းတိုက်ပွဲအတွင်း မြန်မာတပ်ဖွဲ့ဝင်အချို့ လက်နက်ချခဲ့ဟု ဆို

ကော့ဘိန်းတိုက်ပွဲအတွင်း မြန်မာတပ်ဖွဲ့ဝင်အချို့ လက်နက်ချခဲ့ဟု ဆို

March 25, 2024
ကော့ဘိန်းရဲစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲများဖြစ်ပွား၍ ဒေသခံများပိတ်မိနေ

ကော့ဘိန်းရဲစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲများဖြစ်ပွား၍ ဒေသခံများပိတ်မိနေ

March 24, 2024
သံဖြူဇရပ်မြို့နယ်မှ ပျောက်ဆုံးနေသည့် မွန်အမျိုးသား (၄) ဦးတို့အား တောင်ညိုစစ်ကြောင်း တပ်ခွဲ – ၂ မှ ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

သံဖြူဇရပ်မြို့နယ်မှ ပျောက်ဆုံးနေသည့် မွန်အမျိုးသား (၄) ဦးတို့အား တောင်ညိုစစ်ကြောင်း တပ်ခွဲ – ၂ မှ ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

July 21, 2024
မုဒုံမြို့ ရွှေဟင်္သာဈေးမျက်နှာစာတန်းရှိ ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်ပြ၍ ရွေထည်ပစ္စည်းများ လုယက်ရန်ကြိုးစားမှုဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင်အမျိုးသားကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့

မုဒုံမြို့ ရွှေဟင်္သာဈေးမျက်နှာစာတန်းရှိ ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်ပြ၍ ရွေထည်ပစ္စည်းများ လုယက်ရန်ကြိုးစားမှုဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင်အမျိုးသားကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့

July 11, 2025
ထိုင်းနဲ့မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေရဲ့ အဓိကသော့ချက်

ထိုင်းနဲ့မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေရဲ့ အဓိကသော့ချက်

0
မော်လမြိုင်မြို့ပေါ်ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင်လုယက်သွား

မော်လမြိုင်မြို့ပေါ်ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင်လုယက်သွား

0
မိုခါမုန်တိုင်းကယ်ဆယ်ရေး မွန်ပြည်သစ်ပါတီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ ငွေကျပ်သိန်း ၅ ရာလှူဒါန်း

မိုခါမုန်တိုင်းကယ်ဆယ်ရေး မွန်ပြည်သစ်ပါတီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ ငွေကျပ်သိန်း ၅ ရာလှူဒါန်း

0
တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

0
ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

November 1, 2025
ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

November 1, 2025
ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

November 1, 2025
မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

November 1, 2025
Facebook Twitter Youtube RSS
Kaowao Newsgroup, ကေါင်းဝါ

We bring you the best Premium WordPress Themes that perfect for news, magazine, personal blog, etc. Check our landing page for details.

Follow Us

Browse by Category

  • Food
  • Health
  • Travel
  • Uncategorized
  • ကျန်းမာရေး
  • ကျားဖြန့်
  • ကျားဖြန့်
  • ငြိမ်းချမ်းရေး
  • စကားပုံ
  • စစ်ဘေးရှောင်
  • စစ်မှုထမ်း
  • စီးပွားရေး
  • ဆောင်းပါး
  • တရားမဝင်ကုန်သွယ်မှု
  • တရားမဝင်အလုပ်သမား
  • တိုက်ပွဲများ
  • ထုတ်ပြန်ကြေငြာချက်
  • ဓါတ်ပုံ-သတင်း
  • နယ်မြေအငြင်းပွား
  • နိုင်ငံတကာ
  • နိုင်ငံရေး
  • နောက်ခံသမိုင်း
  • ပညာရေး
  • ဖွဲ့စည်းပုံအခြေခံဥပဒေ
  • မြေမြှုပ်မိုင်း
  • မူးယစ်ဆေးဝါး
  • ယဥ်ကျေးမှု
  • ရွှေ့ပြောင်းလုပ်သား
  • ရှေ့ဟောင်းသမိုင်း
  • လက်နက်ကြီးပစ်ခတ်မှူ
  • လုပ်ကြံသတ်ဖြတ်မှူ
  • လူ့အခွင့်အရေး
  • ဝေဖန်ရေး
  • သတင်း
  • သတင်းတို
  • သဘာဝပတ်ဝန်းကျင်
  • သဘာဝဘေးအန္တရယ်
  • သရော်စာ
  • သာသနာ
  • အကျင့်ပျက်ဝန်ထမ်း
  • အင်တာဗျူး
  • အတွေးအမြင်
  • အမုန်းစကား
  • အယ်ဒီတာ့အာဘော်
  • အွန်လိုင်းလိမ်လည်မှု
  • အားကစား

© 2023 KaoWao

No Result
View All Result

© 2023 KaoWao