• About
  • Advertise
  • Privacy & Policy
  • Contact
Kaowao Newsgroup, ကေါင်းဝါ
  • မူလ
  • သတင်း
    • All
    • ကျားဖြန့်
    • စစ်ဘေးရှောင်
    • စစ်မှုထမ်း
    • စီးပွားရေး
    • တရားမဝင်ကုန်သွယ်မှု
    • နိုင်ငံတကာ
    • နိုင်ငံရေး
    • ယဥ်ကျေးမှု
    • လူ့အခွင့်အရေး
    • သတင်းတို
    • အကျင့်ပျက်ဝန်ထမ်း
    • အမုန်းစကား
    • အွန်လိုင်းလိမ်လည်မှု
    • အုပ်ချုပ်ရေး

    ထရမ့် အာဏာရယူပြီး ၁၀၀ ရက်အတွင်း ဖမ်းဆီးခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်မှုကျူးလွန်သူ ၁၀၀ ၏ ဓာတ်ပုံများကို အိမ်ဖြူတော်တွင် ပြသထား — မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

    ဆားဈေးနှုန်း စံချိန်တင် မြင့်တက်နေသော်လည်း ထုတ်လုပ်သူများလက်တွင် ဆားမရှိ

    ကော့ကရိတ်မြို့မှ စစ်ရှောင်တစ်ဦး ၅ သောင်းကျပ် စစ်တပ်က ဒဏ်ကြေးတောင်းခံနေဟုဆို

    ဘီးလင်းမြို့နယ် အလူးလေးကျေးရွာအနီး တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက်ထိခိုက်မှုရှိ

    ကော့ကရိတ်မြို့တွင် ပြည်သူများပိတ်မိနေပြီး အစားအသောက်ရှားပါးလာ

    ကရင်တပ်ဖွဲ့ မြဝတီနယ်မြေရှိ မော်ဖားသူး စစ်ကောင်စီဗျူဟာကုန်း သိမ်းပိုက်

    Trending Tags

    • Trump Inauguration
    • United Stated
    • White House
    • Market Stories
    • Election Results
  • ဆောင်းပါး

    “တရုတ်၏ မြန်မာ့အရေးကြားဝင်မှုနှင့် လားရှိုးအုပ်ချုပ်ရေး မြန်မာစစ်ကောင်စီ ပြန်လည်အသက်ဝင်လာ”

    အပစ်ရပ်မဟုတ်တဲ့ အပစ်ရပ်ကြေညာချက်များ

    အပစ်ရပ်မဟုတ်တဲ့ အပစ်ရပ်ကြေညာချက်များ

    မလေးရှားဝန်ကြီးချုပ် အန်ဝါနဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ဘန်ကောက်တွေ့ဆုံမှု ရလဒ်အလွန်နည်းပါး

    မလေးရှားဝန်ကြီးချုပ် အန်ဝါနဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ဘန်ကောက်တွေ့ဆုံမှု ရလဒ်အလွန်နည်းပါး

    ငလျင်ဒဏ်ကြားက မြန်မာ့ငြိမ်းချမ်းရေး မျှော်လင့်ချက်များ

    ငလျင်ဒဏ်ကြားက မြန်မာ့ငြိမ်းချမ်းရေး မျှော်လင့်ချက်များ

    ငလျင်က ဖော်ပြနေတဲ့ စစ်အုပ်စုရဲ့ အကျင့်ပျက်ခြစားမှုများ

    ငလျင်က ဖော်ပြနေတဲ့ စစ်အုပ်စုရဲ့ အကျင့်ပျက်ခြစားမှုများ

    “နှစ် ၈၀ ပြည့်တပ်မတော်နေ့မှာ စစ်ခေါင်းဆောင် ဘာပြောသွားသလဲ”

    “နှစ် ၈၀ ပြည့်တပ်မတော်နေ့မှာ စစ်ခေါင်းဆောင် ဘာပြောသွားသလဲ”

  • Lifestyle
    • All
    • Food
    • Health
    • Travel
    • စကားပုံ
    “တရွာသားကို ရည်းစားထားရင်… ဘာဖြစ်တတ်လဲ”

    “တရွာသားကို ရည်းစားထားရင်… ဘာဖြစ်တတ်လဲ”

    ဗြိတိသျှနိုင်ငံသား ၄ ဦးအား ဆေးခြောက်တရားမဝင်သယ်ဆောင်မှုဖြင့် ကော့စမွီးလေဆိပ်တွင် ဖမ်းဆီးခံရ

    ဗြိတိသျှနိုင်ငံသား ၄ ဦးအား ဆေးခြောက်တရားမဝင်သယ်ဆောင်မှုဖြင့် ကော့စမွီးလေဆိပ်တွင် ဖမ်းဆီးခံရ

    “Chemsex တွေ ခေတ်စားလာပြီ”

    “Chemsex တွေ ခေတ်စားလာပြီ”

    ဒေါက်တာနော်စင်သီယာမောင် အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်

    ဒေါက်တာနော်စင်သီယာမောင် အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်

    ရေးခရိုင်ဆေးရုံကြီးတွင် အထူးကုဆရာဝန်များ ခွင့်ယူထားသဖြင့် အရေးပေါ်ခွဲစိတ်ကုသမှုများ အခက်တွေ့နေ

    ရေးခရိုင်ဆေးရုံကြီးတွင် အထူးကုဆရာဝန်များ ခွင့်ယူထားသဖြင့် အရေးပေါ်ခွဲစိတ်ကုသမှုများ အခက်တွေ့နေ

    တရားမဝင် မြန်မာစားသောက်ကုန်ပစ္စည်း ဂိုထောင်တစ်ခုကို ဆူရတ်ဌာနီ၌ ဖမ်းဆီးသိမ်းဆည်း

    တရားမဝင် မြန်မာစားသောက်ကုန်ပစ္စည်း ဂိုထောင်တစ်ခုကို ဆူရတ်ဌာနီ၌ ဖမ်းဆီးသိမ်းဆည်း

    Trending Tags

    • Golden Globes
    • Game of Thrones
    • MotoGP 2017
    • eSports
    • Fashion Week
  • အင်တာဗျူး
  • အတွေးအမြင်
  • အယ်ဒီတာ့အာဘော်
    လွတ်လပ်သောမီဒီယာက အမျိုးသားလုံခြုံရေးခြိမ်းခြောက်တာလား?

    လွတ်လပ်သောမီဒီယာက အမျိုးသားလုံခြုံရေးခြိမ်းခြောက်တာလား?

    စစ်တပ်နိုင်ငံရေးမှ ထွက်ရန် စိန်ခေါ်မှုများ

    စစ်တပ်နိုင်ငံရေးမှ ထွက်ရန် စိန်ခေါ်မှုများ

    Peace Talk 2025 ဟာ လက်တွေ့အကျိုးသက်ရောက်မှုမရှိဘဲ ကြေညာစာတမ်းသက်သက်သာ ဖြစ်လိမ့်မယ်

    Peace Talk 2025 ဟာ လက်တွေ့အကျိုးသက်ရောက်မှုမရှိဘဲ ကြေညာစာတမ်းသက်သက်သာ ဖြစ်လိမ့်မယ်

    ကဲ… ပြောကြည့်ရအောင် ဗျာ။

    ကဲ… ပြောကြည့်ရအောင် ဗျာ။

    စစ်ခေါင်းဆောင် စိတ်ကူးယဥ်တဲ့ ရာဘာအခြေပြု ဖိနပ်လုပ်ငန်း

    စစ်ခေါင်းဆောင် စိတ်ကူးယဥ်တဲ့ ရာဘာအခြေပြု ဖိနပ်လုပ်ငန်း

    မိသားစုအတွင်း ပဋိပက္ခနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုး

    မိသားစုအတွင်း ပဋိပက္ခနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုး

  • လူ့အခွင့်အရေး
  • နိုင်ငံရေး
  • စီးပွားရေး
  • သတင်းတို
  • အွန်လိုင်းလိမ်လည်မှု
  • နိုင်ငံတကာ
  • နောက်ခံသမိုင်း
  • တိုက်ပွဲများ
  • မြေမြှုပ်မိုင်း
  • English
  • မွန်ဘာသာ
No Result
View All Result

Home ဆောင်းပါး

မွန်ပြည်သစ်ပါတီ၏ အပစ်ရပ်စဲရေး အနှစ် ၃၀ ခရီးကို ပြန်လည်မျှော်ကြည့်လိုက်သော် (၆) 

ဗညားအောင် (ဆောင်းပါး) 

ကောင်းဝါ KAOWAO by ကောင်းဝါ KAOWAO
June 30, 2024
in ဆောင်းပါး, နိုင်ငံရေး, နောက်ခံသမိုင်း
0
0
SHARES
70
VIEWS
Share on FacebookShare on Twitter

ယနေ့ဇွန်လ ၂၉ ရက်ဆိုလျင် ယခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်က မွန်ပြည်သစ်ပါတီ NMSP အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်မှာ ၂၉ နှစ်တင်းတင်း ပြည့်သွားခဲ့ပါပြီ။ 

ယင်းသို့ အပစ်အခတ်ရပ်စဲနိုင်ရန် တစ်နှစ်ခွဲကာလခန့် ဆွေးနွေးပွဲများ ကျင်းပခဲ့ရသဖြင့် ထိုအချိန်မှ စတင်ရေတွက်ပါက မွန်ပြည်သစ်ပါတီအပစ်ရပ်စဲရေး အနှစ် ၃၀ ကျော်လွန်ခဲ့ပြီး ဖြစ်ပါသည်။ 

အဆိုပါ အပစ်ရပ်ဆွေးနွေးပွဲများမှ လေ့လာစရာ၊ သင်ခန်းစာယူစရာ အကြောင်းအရာများစွာ ကျန်ရှိနေခဲ့သည်။ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးတို့၏ အနာဂတ်ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အထောက်အကူဖြစ်စေမည်ဟု ယူဆသဖြင့် ဆောင်းပါးရေးသား၍ ကောက်နုတ်တင်ပြခြင်း ဖြစ်ပါသည်။ အပစ်ရပ်ဆွေးနွေးမှုများ အစအဆုံး အသေးစိတ်အချက်အလက်များကို စာအုပ်အဖြစ်ပြုစုထားပြီးဖြစ်ရာ နိုင်ငံရေးမိုးလေဝသ သာယာသောအချိန်အခါတွင် ပုံနှိပ်ဖြန့်ဝေသွားရန် ရည်ရွယ်ထားပါသည်။    

နဝတနှင့် အပစ်အခတ်ရပ်စဲပြီး မွန်ပြည်သစ်ပါတီ ဥပဒေဘောင်ဝင်ရောက်လာခြင်း 

နဝတနှင့် မွန်ပြည်သစ်ပါတီသည် အချက် ၁၅ ချက်ပါ သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုး ခဲ့ကြပြီးနောက် ၁၉၉၅ ခုနှစ် ဇွန်လ ၂၉ ရက်တွင် “မွန်ပြည်သစ်ပါတီ လက်နက်ကိုင်လမ်းစဥ်စွန့်လွှတ်၍ ဥပဒေဘောင်ဝင်ရောက်လာခြင်း” အခမ်းအနားကို ကျင်းပခဲ့သည်။

မော်လမြိုင်မြို့ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ နံနက် ၈ နာရီခွဲ အချိန်တွင် စတင် ကျင်းပရာ ဒေသခံပြည်သူ ၁၀၀၀ ဝန်ကျင့်ခန့် အခမ်းအနားကို တက်ရောက်ခဲ့သည်။

IMG_6086
IMG_6082
IMG_6083
IMG_6084
IMG_6085
IMG_6087
IMG_6088
IMG_6089
IMG_6081
IMG_6079
IMG_6080
IMG_6078
IMG_6077
PlayPause
previous arrow
next arrow

နဝတအတွင်းရေးမှူး(၁) ဗိုလ်ချုပ်ခင်ညွန့်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီး ဌာနမှ အရာရှိများ၊ တိုင်းမှူး ဗိုလ်ချုပ်ကက်စိန်နှင့် အစိုးရဌာနအကြီးအကဲများ တက်ရောက် သည်။

မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ထင် ခေါင်းဆောင်၍ အထွေထွေအတွင်းရေးမှူး နိုင်ရော့စ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်နိုင်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်တင်အောင်နှင့် ဗဟို ကော်မတီဝင်များ၊ ဗဟို၊ ခရိုင်ဌာနများမှ အရာရှိများ ၃၀ ဦးတိတိ တက်ရောက်ပါသည်။ 

အခမ်းအနားတွင် သဘာပတိတိုင်းမှူး ဗိုလ်ချုပ်ကက်စိန် အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ မွန်ပြည် သစ်ပါတီ ဒုဥက္ကဌနိုင်ထင် မိန့်ခွန်းပြောကြားခြင်းနှင့် မွန်အမျိုးသားတပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်နိုင်မှ တိုင်းမှူးထံသို့ တပ်ဖွဲ့ဝင်အင်အား ၇၈၆၀ ဦးနှင့် လက်နက်ကြီး/ငယ် ၈၃၄၆ လက်တို့ကို စာရင်းအဖြစ် အပ်နှံပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။  

တိုင်းမှူး ဗိုလ်ချုပ်ကက်စိန်၏ မိန့်ခွန်း

“ကြွရောက်လာကြတဲ့ နိုင်ငံတောိငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အတွင်းရေးမှူး (၁) နှင့် ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီးများ၊ ဒုတိယဥက္ကဌ နိုင်ထင် ဦးဆောင်တဲ့ မွန်ပြည်သစ်ပါတီမှ ဗဟိုကော်မတီဝင်များ ငြိမ်းချမ်းရေး အကျိုးဆောင်များ၊ ပြည်နယ်၊ ခရိုင် နှင့် မြိုနယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မွန်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံဖြိုးရေး အသင်းဝင်များ၊ ပြည်နယ်မှ မိဘပြည်သူများ ခင်ဗျာ။ 

ဒီနေ့ဟာ မွန်ပြည်သစ်ပါတီ အနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး တရားဥပဒေဘောင် အတွင်း ဝင်ရောက်ကာ နိုင်ငံတော်အစိုးရနဲ့ လက်တွဲပြီးတော့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ကိုယ်တိုင်ကိုယ်ကျ စတင်အကောင်ထည်ဖော်တဲ့ နေ့ဖြစ်တဲ့ အားလျော်စွာ မွန်ပြည်နယ်တစ်ခု လုံးအတွက် မင်္ဂလာရှိသော နေ့တစ်နေ့ ဖြစ်သလို ပြည်ထောင်စု မြန်မာနိုင်ငံအတွက်လည်း မင်္ဂလာရှိသော နေ့တစ်နေ့ ဖြစ်ကြောင်း ပထမဦးစွာ ပြောကြားလိုပါတယ်။

အခုလို မွန်ပြည်သစ်ပါတီ အနေနဲ့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး တရားဥပဒေဘောင် အတွင်း ဝင်ရောက်လာတဲ့အကြောင်းအရင်းကို အနည်းငယ် ရှင်းလင်း တင်ပြလိုပါတယ်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၁) ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန် နှင့် ဝန်ကြီးများဟာ ၁၉၉၄ ခုနှစ် မတ်လ ၉ ရက်နေ့မှာ မွန်ပြည်နယ် ရေးမြို့ကို ရောက်ရှိ လာပြီးတော့ ဌာနဆိုင်ရာဝန်ကြီးများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ မြို့မိမြိုဖများနှင့် တွေ့ ဆုံပြီး ဒီနေ့ မိမိတို့ မွန်ပြည်နယ်ကို လာရောက်ခြင်းက မင်္ဂလာရှိသော လာခြင်းဖြစ်ကြောင်း တောတွင်းရောက် လက်နက်ကိုင် အဖွဲ့အစည်းများ အနေနဲ့ နိုင်ငံတော်အစိုးရရဲ့ စေတနာကို အလေးအနက်ထားပြီး တရားဥပဒေဘောင်အတွင်း ဝင်ရောက်ရန် ဖိတ်ခေါ်ပါ ကြောင်း ရိုးရိုး သားသား စေတနာအမှန်ဖြင့် တိုင်းရင်းသား ညီအကိုများ ပြန်လည်ဆုံစည်းပြီး ကိုယ့်ပြည်နယ် ကိုယ့်ဒေသ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် လက်တွဲ ဆောင်ရွက်ကြ ပါက ၃-၄ နှစ်အတွင်းမှာ ပြည်နယ်ကြီး အရှိန်အဟုန်နဲ့ တိုးတက်ဖွံ့ဖြိုးလာမှာ ဖြစ်ကြောင်း၊ အခု ဖိတ်ခေါ်ခြင်းမှာ သဘာပတိ၏ တရားဝင် ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စုကြီး ဖွံ့ဖြိုး ရေး၊ တိုင်းရင်းသားပြည်သူများ လူနေမှုဘဝ တိုးတက်မြင့်မားလာရေး အတွက် တောတွင်းလက် နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မျိုးချစ်စိတ်ဓာတ်အခြေခံပြီး ပူးပေါင်းဆောင်ရွက်ကြရန် နှင့် တပ်မတော်၏ ဖြောင့်မှန်သော စေတနာကို အလေးနက်ထား တုန့်ပြန်ကြပါဆိုပြီးတော့ နိုင်ငံ တော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရဲ့ ကိုယ်စား ဖိတ်ခေါ်ခဲ့ပါတယ်။

ထို့အတူပဲ အတွင်းရေးမှူး (၁) ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ဟာ ၎င်းနေ့မှာပဲ ရေးမြို့ကနေ တဆင့် သံဖြူဇရပ်မြို့ကို ဆက်လက်ထွက်ခွာပြီးတော့လည်း တောတွင်းလက်နက်ကိုင် အဖွဲ့ အစည်းများ အနေနဲ့ လမ်းမှန်ကို လျှောက်ကြပါ။ နိုင်ငံတော်အစိုးရနဲ့ လက်တွဲပြီး နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် မှန်မှန်ကန်ကန် ရိုးရိုးသားသားနှင့် အမြန်ဆုံး လာရောက်ပြီးတော့ ယုံယုံကြည်ကြည် ညှိနှိုင်းကြပါလို့ ဖိတ်ခေါ်ပြောကြားခဲ့ပါတယ်။

ဒီလို နိုင်ငံတော်ငြိမ်ဝပ်မှုပိပြားမှု တည်ဆောက်ရေးအဖွဲ့ရဲ့ မွန်မြတ်သော ဆန္ဒနဲ့ ဖြူစင်တဲ့ သဘောထားအမှန်ကို အကြောင်းပြုပြီး မွန်ပြည်သစ်ပါတီဟာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး တရားဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့အတွက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်အဖွဲ့ နှင့် ကျွန်တော်တို့ မော်လမြိုင်မြို့မှာ ၂၈ ရက် ၁၂ လ ၉၃ ရက်နေ့ကနေပြီးတော့ ၃ ရက် ၁ လ ၉၄ ရက်နေ့ထိ ပထမအကြိမ်ဖြင့် လည်းကောင်း ဆွေးနွေးပွဲကို စတင်ခဲ့ပါတယ်။ ၂၀ ရက် ၃လ ၉၄ ကနေ ၂၈ရက် ၃လ ၉၄ ရက်နေ့အထိ ဒုတိယအကြိမ် ဆွေးနွေးပွဲကို စတင် ပြီးတော့ ၂၀ ရက် ၆ လ ၉၄ ကနေမှ  ၁ ရက် ၇ လ ၉၄ ရက်အထိ တတိယအကြိမ် ဆွေးနွေးပွဲကို ဆက်လက်စတင်ခဲ့ပါတယ်။ ၁ ရက် ၆ လ ၉၅ ရက်နေ့မှ ၆ ရက် ၆ လ ၉၅ ရက်နေ့အထိ နောက်ဆုံး စတုတ္ထအကြိမ် ဆွေးနွေးပွဲကိုလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။ 

အဲလိုဆွေးနွေးပွဲ အကြိမ်အကြိမ် ပြုလုပ်ပြီးတဲ့နောက် မွန်ပြည်သစ်ပါတီဟာ နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု အဖွဲ့ရဲ့ စေတနာအမှန်ကို နားလည်သဘောပေါက်ပြီး ယုံကြည်စွာ ပူးပေါင်းဆောင်ရွက် မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်ကြောင့် ယခုလို မွန်ပြည်နယ်တစ်ခုလုံး ငြိမ်းချမ်းရေး ရောင်ခြည်များ ရင့်သန်လာခြင်းဖြစ်တယ်ဆိုတာ လေးလေးနက်နက်ပြောကြားလိုပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်ကျော်ကာလက လွတ်လပ်ရေးရပြီးတဲ့အချိန်က စပြီးတော့ အယူ အဆရေးကြောင့် လည်းကောင်း၊ အချင်းချင်း သံသယစိတ်ကြောင့် လည်းကောင်း၊ ပြည်ပ သွေးထိုးလှုံဆော်မှုများကြောင့်လည်းကောင်း တိုင်းရင်းသား ညီအစ်ကို အချင်းချင်း သဘောထား ကွဲလွဲပြီး လက်နက်ကိုင် ဆန့်ကျင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလို ညီအစ်ကို အချင်းချင်း စိတ် သဘောထား မတိုက်ဆိုင်တဲ့ အကြောင်းချက်တွေကို လက်နက်ကိုင်ပြီး ဖြေရှင်း ကြတဲ့အတွက် ပေးဆပ်ခဲ့ရတဲ့ အသက် သွေးချွေးတွေ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေပါ မရေ မတွက်နိုင်ဘဲ ဆုံးရှုံးမှု ရလဒ်တွေသာ ရရှိခဲ့ကြပါတယ်။

တပ်မတော်သားတွေလည်း သေကြေဒဏ်ရာရရှိခဲ့ကြသလို တောတွင်းလက်နက်ကိုင် အဖွဲ့ အ စည်းတွေ အနေနဲ့လည်း သေကြေဒဏ်ရာ ရရှိခဲ့ကြပါတယ်။ ဒေသခံတိုင်းရင်းသား ပြည်သူများ အနေနဲ့ကတော့ အထွေအထူး ပြောစရာမလိုဘဲ တိုက်ပွဲတွေကြားမှာ ပြေးရင်းလွှားရင်း စားကောင်းခြင်းမစားရ အိပ်ကောင်းခြင်း မအိပ်ရ မိမိတို့ စားဝတ်နေရေးအတွက် စိတ်အေးချမ်း စွာ လုပ်ကိုင်ခွင့်မရကြဘဲ လုပ်ငန်းတွေကိုစွန့်ပြီးတော့ ဆင်းရဲဒုက္ခမျိုးစုံရောက်ခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ်။

ဒီလို ကြေကွဲဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးတွေ အနိဌာရုံ မြင်ကွင်းတွေ အစားထိုးပစ်လို့မရတဲ့ ဆုံးရှုံးမှုတွေ နောက်ထပ်တစ်ခါ မဖြစ်ပွား၊ မမြင်တွေ့၊ မကြုံဆုံရလေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံတော်အစိုးရက အခုလိုအမျိုးသားစည်းလုံး ညီညွတ်ရေးကို ဖော်ဆောင်နေခြင်း ဖြစ်ပါတယ်။
ခေတ်မီတိုးတက်တဲ့ နိုင်ငံတော်ကြီး ဖြစ်ပေါ်ရေးအတွက်ဆိုရင် တိုင်းရင်းသား အချင်းချင်း ပြန် လည်စည်းလုံးညီညွတ်ရေးက မရှိမဖြစ်တဲ့ တစ်မျိုးသားလုံးရဲ့ အဓိကတာဝန် ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဟာ တိုင်းရင်းသားစည်းလုံးညီညွတ် ရေး၊ တိုင်းရင်းသားပြည်သူများရဲ့ လူနေမှုဘဝ မြင့်ရေးအတွက် ဦးတည်ချက်ထားပြီးတော့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေကို စီမံချက်ထားပြီး ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်။

တနည်းအားဖြင့် ပြောရမယ်ဆိုရင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တာဝန် ယူနေစဉ်ကာလအတွင်းမှာ ဒို့တာဝန်‌အရေး သုံးပါးကို အလေးထားပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာပြီး တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားတိုင်းရဲ့ အသက်ပမာအရေးကြီးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်ပေါ်ထွန်းလာအောင် ကြိုးပမ်းရေး၊ တိုင်းရင်းသား အချင်းချင်း အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာပြီး ခေတ်မီနိုင်ငံ တော် ပေါ်ထွန်းရေးဆိုတဲ့ အမျိုးသားရည်မှန်းချက် ၄ ရပ်ကို ဘယ်လိုအခက်အခဲ၊ အကျပ်အ တည်းတွေ့ပါစေ ဦးလည်မသွေ အကောင်‌ထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီလို ဘက်စုံဖွံ့ဖြိုးတဲ့ နိုင်ငံတော် တည်ဆောက်တဲ့နေရာမှာ တိုင်းရင်းသားညီအကို မောင်နှမတွေ အားလုံးဟာ တစ်တပ်တစ်အား ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အခုလို တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ စိတ်ရှည်လက်ရှည်နဲ့ ဖိတ်ခေါ်နေတာပဲ ဖြစ်ပါတယ်။

နိုင်ငံတော် အစိုးရအနေနဲ့လည်း အနာဂတ် မြန်မာနိုင်ငံတော် သမိုင်းကြောင်းတွေ ကောင်းအောင် ဖော်ဆောင်ပေးမယ်ဆိုတဲ့ သဘောထားနဲ့ခံယူချက်များ ချမှတ်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် သမိုင်းမှာ ဖြစ်ပေါ်နေတဲ့ အနိဌာန်ရုံ၊ အမည်းစက်တွေ ပျောက်ကွယ်သွားဖို့အတွက် မျိုးဆက်သစ် နောင်လာနောင်သားတွေနဲ့ တည်ငြိမ်အေးချမ်းမှု အမွေခံကောင်းတွေ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းတွေ ရှိအောင် အခုလို ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်။

အဲဒီလို ရည်ရွယ်ချက် သဘောထားတွေကို သဘောပေါက်တဲ့အတွက် အခုလို မွန်ပြည်သစ်ပါတီ အပါအဝင် ဥပဒေဘောင်အတွင်း ဝင်ရောက်လာတဲ့ တောတွင်းလက်နက်အဖွဲ့အစည်းဟာ ၁၅ ဖွဲ့ ရှိသွားပြီ ဖြစ်ပါတယ်။ အခုလို မွန်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရောင်ခြည်တွေ ဖြာဝေလာရတာ ဟာ မွန်ပြည်နယ်အတွင်းမှာ ရှိတဲ့ တိုင်းရင်းသားတွေ၊ တပ်မတော်သားတွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေး ရလဒ်ပဲ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ဆိုရရင် ပြည်သူတွေ နှစ်ပေါင်းများစွာကတည်းက မျှော်လင့်တောင့်တခဲ့တဲ့ ပြည်သူများရဲ့  ငြိမ်းချမ်းရေးအောင်ပွဲပဲ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ကတော့ တစ်နိုင်ငံလုံး တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန်အရေး သုံးပါးကို အချိန် ကာလမရွေး၊ နေရာ‌ဒေသမရွေး ထာဝရဦးထိပ်ပန်ဆင်ပြီး ဆက်လက်ဆောင်ရွက် လုပ်ကိုင် သွားမှာပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းလုံးမှာ ငြိမ်းချမ်းရေး ရောင်ခြည်တွေဟာ ဝေဖြာလာမည် ဖြစ်တဲ့အတွက် မဝေးတော့တဲ့ကာလမှာ နိုင်ငံတော်ကြီးဟာ မလွဲမသွေ တည်ငြိမ်အေးချမ်း သာယာတဲ့ ခေတ်မီနိုင်ငံတော်ကြီး အဖြစ်ကို ဦးတည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ မွန်ပြည်သစ်ပါတီအနေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တွေကို နိုင်ငံတော်အစိုးရရဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးမှု တိုးတက်ရေးမူဝါဒ နဲ့ အညီ တပ်မတော်နဲ့ အတူ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်ကြရမှာ ဖြစ်တဲ့အတွက် တိုင်းရင်း သား ပြည်သူလူထုတရပ်လုံးအနေနဲ့ ဝမ်းမြောက်ဝမ်းသာ  ဂုဏ်ယူနေကြပြီ ဖြစ်ပါတယ်။

ရှေ့ဆက်ပြီးတော့ မွန်ပြည်နယ်တစ်ခုလုံး တစ်ရှိန်ထိုး ဖွံဖြိုးတိုးတက်ပြီးတော့ ငြိမ်းချမ်းသာယာ ပြီးတော့ ကိုယ်စိတ်နှစ်ပါး သာယာချမ်းမြေ့ခြင်း ရလဒ်ကောင်းတွေကို ဒေသခံပြည်သူများ အမြန် ဆုံး ရရှိ ခံစားနိုင်ရေးအတွက်ကို မွန်ပြည်သစ်ပါတီနဲ့ နိုင်ငံတော်အစိုးရ လက်တွဲပြီးတော့ ကြိုးပမ်း ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။”

မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ထင်၏ မိန့်ခွန်း 

“လေးစားအပ်ပါသော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး(၁) နှင့် တကွ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်း တိုင်းမှူးနှင့် ကြွရောက်လာကြတဲ့ ဧည့်သည်တော်များခင်ဗျာ၊ ကျက်သရေ မဂႅလာအပေါင်းနဲ့ ပြည့်စုံသော နေ့ထူးနေ့မြတ်အခမ်းအနားကြီးမှာ ယခုလိုရောက်ရှိလာသော အချိန်ကာလကြာမြင့်စွာ ကွဲကွာနေကြတဲ့ ညီရင်းအစ်ကိုယ်များ ပြန်လည်တွေ့ဆုံရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရကြောင်း ပဏာမပြောကြားလိုပါတယ်၊    

ကျနော်တို့ မွန်ပြည်နယ် မွန်ဒေသနှင့်တကွ နိုင်ငံတော်တဝန်းလုံး ငြိမ်းချမ်းရေးရောင်ခြည်များ ဝေဖြာလာဖို့အတွက် ကျနော်တို့မွန်ပြည်သစ်ပါတီနဲ့အတူ မွန်မြတ်သောစေတနာဖြင့် ကြိုးပမ်း အားထုတ်လာခဲ့ကြတဲ့ နိုင်ငံတော်ငြိမ်ဝပ်ပြားမှုတည်ဆောက်ရေးအဖွဲ့ကိုယ်စား၊  အတွင်း ရေးမှူး(၁) နှင့်အဖွဲ့ကိုယ်စား ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးအား အထူးကျေးဇူးတင်ရှိပါကြောင်းလည်း ပြောကြားလိုပါတယ်။ 

ကျနော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်လည်ကြည့်မယ်ဆိုရင် မွန်မြန်မာညီအစ်ကိုယ်များဟာ ဗုဒ္ဓဘာသာရဲ့ အေးမြတဲ့အဆုံးအမအောက်မှာ နှစ်ပရိစ္ဆေတ ရာပေါင်းများစွာ အေးအတူပူအမျှ အတူတကွ နေထိုင်ခဲ့ကြပါတယ်၊ နိုင်ငံနဲ့မြို့ပြများ တည်ဆောက်ခဲ့ကြပါတယ်၊ ထီးပြိုင်နန်းပြိုင် မွန်မြန်မာပဒေသရာဇ်တို့ရဲ့ စည်းလုံးညီညွတ်မှု အားနည်းမှုကြောင့် နယ်ချဲ့တွေရဲ့ ကိုလိုနီဘဝ ကျရောက်ခဲ့ပါတယ်။

နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတလျှောက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု အောက်မှာ မွန်အမျိုးသားများအနေနဲ့ အင်အား ၃၀၀၀ ကျော် ပါဝင်ခဲ့ကြပါတယ်၊ လွတ်လပ်ရေးအောင်ပွဲကို အတူတကွ ကြိုးပမ်းရရှိခဲ့ကြပါတယ်။ 

၁၉၄၈ ခုနှစ် ကျနော်တို့နိုင်ငံ လွတ်လပ်ရေး ရပြီးချိန်ကစပြီး အတွေးအခေါ်အယူအဆ ဝါဒအမျိုးမျိုး ပယောဂ အသွယ်သွယ်ဝင်လာတာကြောင့်  တိုင်းရင်းသားညီအစ်ကိုယ်ဖြစ်ကြတဲ့ ကျနော်တို့တတွေဟာ စိတ်ဝမ်း ကွဲပြားလာကြတဲ့အတွက် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့တာ နှစ်ပေါင်း ၄၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ စစ်ရဲ့အနိဌာရုံ ဆိုးကျိုးများကိုလည်း ပြည်သူလူထုတရပ်လုံး ခါးသီးစွာ ခံစားခဲ့ရပါတယ် ဒုက္ခပင်လယ်ဝေခဲ့ကြရပါတယ် ဒါကြောင့်မို့ ကျနော်တို့ပြည်သူတရပ်လုံးဟာ ငြိမ်းချမ်းရေးကို လိုလားတောင့်တနေကြပါတယ်။

ညီရင်းအစ်ကိုယ်ဖြစ်တဲ့ ကျနော်တို့မှာလည်း အချင်းချင်းပြန်လည်ရင်ကြားစေ့ပြီး အမျိုးသား ပြန်လည်သွေးစည်းညီညွတ်ရေး တည်ဆောက်ကြရမယ့် အချိန်ကျလောက်ပြီ ဖြစ်ပါ တယ် လက်နက်ကိုင်ပဋိပက္ခ နိဂုံးချုပ်ဖို့ကိုလည်း သမိုင်းကတောင်းဆိုနေတာ ဖြစ်ပါတယ် နိုင်ငံအကျိုး တိုင်းရင်းသားများရဲ့အကျိုး မိမိပြည်နယ်ရဲ့အကျိုး တိုင်းပြည်အကျိုးကို အကောင်အထည်ဖော်သွားရ မယ့် အချိန်လည်းဖြစ်ပါတယ်။      

ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးရေးတွေကို ခေတ်အ ဆက်ဆက် အစိုးရအသီးသီးက သူ့နည်းသူ့ဟန့်နဲ့ ကြိုးပမ်းခဲ့ကြပါတယ် ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် အောင်မြင်မှုနဲ့ လွဲချော်ခဲ့ရပါတယ်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ နိုင်ငရဲ့တာဝန်ယူနေချိန်မှာ ပြည်တွင်းငြိမ်းချမ်း ရေးကို ကြိုးပမ်းလာခဲ့တာ တွေ့ရပါတယ် ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၄ ဖွဲ့ဟာ တရားဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပြီး သက်ဆိုင်ရာဒေသတွေမှာ သူတို့ရဲ့ ဖွဲ့ဖြိုးရေးလုပ်ငန်းတွေ ကြိုးပမ်းအကောင်အထည်ဖော်နေကြတာကို ကျနော်တို့ သိရှိရပါတယ်။ 

၁၉၉၃ ခုနှစ် နိုဝင်ဘာလမှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး(၁) ရေးမြို့ကိုလာရောက်ပြီးတော့ မွန်ပြည်နယ် မွန်ဒေသတိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းအကောင် အထည်ဖော်ဖို့ စေတနာအရင်းခံဖြင့် ဖိတ်ခေါ်ခဲ့ပါတယ်၊ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ စေတနာကို ကျနော်တို့ မွန်ပြည်သစ်ပါတီလှိုက်လှဲစွာနဲ့ ကြိုဆိုခဲ့ပါတယ် အဲဒီအချိန်က စပြီး မွန်ပြည်သစ်ပါတီအတွင်း ငြိမ်းချမ်းရေးအတွက် အရေးပေါ် ဆွေးနွေးခဲ့ကြပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့တို့ဟာ အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်ခဲ့ပြီးနောက် ဒီနေ့အချိန်မှာ ငြိမ်းချမ်းရေး မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပါတယ်။

ဒီနေ့ဟာ မွန်ပြည်သစ်ပါတီနဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရရှိလို့ လက်နက်ကိုင်လမ်းစဥ်ကို စွန့်လွှတ်ပြီး တရားဥပဒေဘောင် အတွင်း ဝင်ရောက်တဲ့နေ့ဖြစ်တဲ့အတွက် ပြည်သူတရပ်လုံး ဝမ်းသာပီတိဖြစ်နေမယ်လို့ ယုံကြည် မိပါတယ် တိုင်းရင်းသားများ ပြန်လည်စည်းလုံးညီညွတ်ရေးကို ကျနော်တို့အကောင်အထည် ဖော်နိုင်ပြီ ဖြစ်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခ မရှိတော့တဲ့ ကျနော်တို့မွန်ပြည်နယ်ဟာ မကြာခင်ကာလအတွင်း များစွာ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်၊ အကြောင်းအမျိုးမျိုး အခြေအနေအရပ်ရပ်ကြောင့် နယ်မြေ စွန့်ခွာနရသူများ ဌာနေပြန်လာရေး၊ လမ်းပန်းဆက်သွယ်ရေး ကျန်းမာရေး ပညာရေး စသည့် ကဏ္ဍများ ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ဒီလိုဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နဲ့အတူ ကျနော်တို့ပူးပေါင်းလက်တွဲဆောင်ရွက်မှသာလျင် အောင်မြင်မှုရရှိမယ်လို့ မြင်ပါတယ်။

ကျနော့အနေနဲ့ နောက်ဆုံးပြောကြားလိုတာကတော့ ကျနော်တို့ မွန်ပြည်သစ်ပါတီဟာ နိုင်ငံ တော်အစိုးရရဲ့ စေတနာအမှန်ကို အကြွင်းမဲ့ယုံကြည်စွာနဲ့ အတူလက်တွဲဆောင်ရွက်သွားဖို့ သံဓိဌာန်ခိုင်ခိုင်မာမာ ချမှတ်ထားပြီးဖြစ်ပါတယ်၊ ဒါကြောင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့ရဲ့ ဦးတည်ချက် ဒို့တာဝန်အရေးသုံးပါးဖြစ်တဲ့ နိုင်ငံတော်အချုပ်အချာ တည်တံ့ ခိုင်မြဲရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးထိပ်ထားပြီး နိုင်ငံ တော်ကြီး ဖွံ့ဖြိုးသာယာရေးအတွက် ကျနော်တို့အနေနဲ့ အစွမ်းကုန် ကြိုးပမ်းလက်တွဲ အကောင်  အထည်ဖော်ကြိုးပမ်းသွားမယ်လို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။  

*ဖတ်ရှုပေးသည့်အတွက် အထူးကျေးဇူးတင်ပါသည်၊ ဆက်လက်ဖော်ပြသွားပါမည်။ 

Tags: မွန်ပြည်သစ်ပါတီ NMSP အပစ်အခတ်ရပ်စဲရေး
Previous Post

မွန်ပြည်သစ်ပါတီ၏ အပစ်ရပ်စဲရေး အနှစ် ၃၀ ခရီးကို ပြန်လည်မျှော်ကြည့်လိုက်သော် (၅) 

Next Post

ဘားအံမြို့နယ် လှာကာကျေးရွာအတွင်း စိတ်ကြွဆေးပြားအလုံးရေ ၇ သိန်းနီးပါးခန့် ဖမ်းဆီးရမိ

ကောင်းဝါ KAOWAO

ကောင်းဝါ KAOWAO

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။

Next Post
ဘားအံမြို့နယ် လှာကာကျေးရွာအတွင်း စိတ်ကြွဆေးပြားအလုံးရေ ၇ သိန်းနီးပါးခန့် ဖမ်းဆီးရမိ

ဘားအံမြို့နယ် လှာကာကျေးရွာအတွင်း စိတ်ကြွဆေးပြားအလုံးရေ ၇ သိန်းနီးပါးခန့် ဖမ်းဆီးရမိ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Donate

You can also donate with PayPal, respectfully Kaowao Newsgroup. နှိုးဆော်ခြင်း ကောင်းဝါသတင်းဌာန ရေရှည်ရပ်တည်နိုင်ဖို့ မိတ်ဆွေ စာဖတ်သူ ပရိသတ်များ ဝန်းရံပံ့ပိုးပေးဖို့လိုအပ်နေသလို အလှူငွေထောက်ပံ့ပါရန် မေတ္တာရပ်ခံလိုပါသည်။ အလှူငွေထည့်လိုပါက Messenger မှာဖြစ်ဖြစ် kaowao2023@gmail.com ဖြစ်ဖြစ် +66925121374 သို့ဖြစ်ဖြစ် ဆက်သွယ်အသိပေးစေလိုသည်။

Recent News

ထရမ့် အာဏာရယူပြီး ၁၀၀ ရက်အတွင်း ဖမ်းဆီးခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်မှုကျူးလွန်သူ ၁၀၀ ၏ ဓာတ်ပုံများကို အိမ်ဖြူတော်တွင် ပြသထား — မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

April 30, 2025

အစိုးရအဆောက်အဦများ ငလျင်ဒဏ်ပြိုကျမှုအတွက် မူလတည်ဆောက်သူများအား တာဝန်ယူခိုင်းမည်ဟု စစ်ကောင်စီက ကြေညာ

April 30, 2025

ဆားဈေးနှုန်း စံချိန်တင် မြင့်တက်နေသော်လည်း ထုတ်လုပ်သူများလက်တွင် ဆားမရှိ

April 30, 2025

သောင်ရင်းမြစ်တွင် မြင်းဆေး ၅ သန်း KNU ဖမ်းဆီးသိမ်းဆည်း

April 30, 2025
  • Trending
  • Comments
  • Latest
ကော့ဘိန်းတိုက်ပွဲအတွင်း မြန်မာတပ်ဖွဲ့ဝင်အချို့ လက်နက်ချခဲ့ဟု ဆို

ကော့ဘိန်းတိုက်ပွဲအတွင်း မြန်မာတပ်ဖွဲ့ဝင်အချို့ လက်နက်ချခဲ့ဟု ဆို

March 25, 2024
ကော့ဘိန်းရဲစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲများဖြစ်ပွား၍ ဒေသခံများပိတ်မိနေ

ကော့ဘိန်းရဲစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲများဖြစ်ပွား၍ ဒေသခံများပိတ်မိနေ

March 24, 2024
သံဖြူဇရပ်မြို့နယ်မှ ပျောက်ဆုံးနေသည့် မွန်အမျိုးသား (၄) ဦးတို့အား တောင်ညိုစစ်ကြောင်း တပ်ခွဲ – ၂ မှ ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

သံဖြူဇရပ်မြို့နယ်မှ ပျောက်ဆုံးနေသည့် မွန်အမျိုးသား (၄) ဦးတို့အား တောင်ညိုစစ်ကြောင်း တပ်ခွဲ – ၂ မှ ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

July 21, 2024
မြန်မာစစ်တပ်အဖွဲ့စုံစစ်ကြောင်းနှင့် KNU/PDF တို့ နှစ်ကရင်ရဲစခန်းတွင် ၄ နာရီကြာခန့်တိုက်ပွဲဖြစ်ပွား၊ စစ်ရဟတ်ယာဥ် လာရောက်ပစ်ကူပေး၊ ထိခိုက်ဒဏ်ရာသေဆုံးမှုများ အတည်မပြုနိုင်သေးဟုဆို

မြန်မာစစ်တပ်အဖွဲ့စုံစစ်ကြောင်းနှင့် KNU/PDF တို့ နှစ်ကရင်ရဲစခန်းတွင် ၄ နာရီကြာခန့်တိုက်ပွဲဖြစ်ပွား၊ စစ်ရဟတ်ယာဥ် လာရောက်ပစ်ကူပေး၊ ထိခိုက်ဒဏ်ရာသေဆုံးမှုများ အတည်မပြုနိုင်သေးဟုဆို

June 25, 2023
ထိုင်းနဲ့မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေရဲ့ အဓိကသော့ချက်

ထိုင်းနဲ့မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေရဲ့ အဓိကသော့ချက်

0
မော်လမြိုင်မြို့ပေါ်ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင်လုယက်သွား

မော်လမြိုင်မြို့ပေါ်ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင်လုယက်သွား

0
မိုခါမုန်တိုင်းကယ်ဆယ်ရေး မွန်ပြည်သစ်ပါတီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ ငွေကျပ်သိန်း ၅ ရာလှူဒါန်း

မိုခါမုန်တိုင်းကယ်ဆယ်ရေး မွန်ပြည်သစ်ပါတီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ ငွေကျပ်သိန်း ၅ ရာလှူဒါန်း

0
တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

0

ထရမ့် အာဏာရယူပြီး ၁၀၀ ရက်အတွင်း ဖမ်းဆီးခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်မှုကျူးလွန်သူ ၁၀၀ ၏ ဓာတ်ပုံများကို အိမ်ဖြူတော်တွင် ပြသထား — မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

April 30, 2025

အစိုးရအဆောက်အဦများ ငလျင်ဒဏ်ပြိုကျမှုအတွက် မူလတည်ဆောက်သူများအား တာဝန်ယူခိုင်းမည်ဟု စစ်ကောင်စီက ကြေညာ

April 30, 2025

ဆားဈေးနှုန်း စံချိန်တင် မြင့်တက်နေသော်လည်း ထုတ်လုပ်သူများလက်တွင် ဆားမရှိ

April 30, 2025

သောင်ရင်းမြစ်တွင် မြင်းဆေး ၅ သန်း KNU ဖမ်းဆီးသိမ်းဆည်း

April 30, 2025
Facebook Twitter Youtube RSS
Kaowao Newsgroup, ကေါင်းဝါ

We bring you the best Premium WordPress Themes that perfect for news, magazine, personal blog, etc. Check our landing page for details.

Follow Us

Browse by Category

  • Food
  • Health
  • Travel
  • Uncategorized
  • ကျန်းမာရေး
  • ကျားဖြန့်
  • ကျားဖြန့်
  • ငြိမ်းချမ်းရေး
  • စကားပုံ
  • စစ်ဘေးရှောင်
  • စစ်မှုထမ်း
  • စီးပွားရေး
  • ဆောင်းပါး
  • တရားမဝင်ကုန်သွယ်မှု
  • တိုက်ပွဲများ
  • ထုတ်ပြန်ကြေငြာချက်
  • ဓါတ်ပုံ-သတင်း
  • နယ်မြေအငြင်းပွား
  • နိုင်ငံတကာ
  • နိုင်ငံရေး
  • နောက်ခံသမိုင်း
  • ပညာရေး
  • ဖွဲ့စည်းပုံအခြေခံဥပဒေ
  • မြေမြှုပ်မိုင်း
  • မူးယစ်ဆေးဝါး
  • ယဥ်ကျေးမှု
  • ရွှေ့ပြောင်းလုပ်သား
  • ရှေ့ဟောင်းသမိုင်း
  • လက်နက်ကြီးပစ်ခတ်မှူ
  • လုပ်ကြံသတ်ဖြတ်မှူ
  • လူ့အခွင့်အရေး
  • ဝေဖန်ရေး
  • သတင်း
  • သတင်းတို
  • သဘာဝဘေးအန္တရယ်
  • သရော်စာ
  • အကျင့်ပျက်ဝန်ထမ်း
  • အင်တာဗျူး
  • အတွေးအမြင်
  • အမုန်းစကား
  • အယ်ဒီတာ့အာဘော်
  • အွန်လိုင်းလိမ်လည်မှု
  • အားကစား

© 2023 KaoWao

No Result
View All Result

© 2023 KaoWao