ယမန်နေ့ည (၉) နာရီ (၄၅) မိနစ်အချိန်မှ ယနေ့မနက် (၁) နာရီအချိန်ခန့်အထိ ရေးမြို့နယ် မြောက်ပိုင်း မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ – ၁၀၆ မှ ကျေးရွာပတ်ဝန်းကျင်အား လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကားဆိပ်ရပ်ကွက် နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲကာ မိသားစုဝင် (၅) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“လက်နက်ကြီးကျတဲ့အိမ်က မော့ကနင်ရွာအစွန်မှာရှိတဲ့ ကားဆိပ်ရပ်ထဲမှာ ရှိတဲ့အိမ်ပါ။ မိသားစုဝင် (၅) ဦးလုံးထိခိုက်ဒဏ်ရာတွေရသွားလို၊ နေအိမ်လည်း ပျက်စီးသွားတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
အဆိုပါ မော့ကနင်ကျေးရွာအခြေစိုက် ခလရ – ၁၀၆ တပ်ရင်းမှ ယခုကဲ့သို့ လက်နက်ကြီးဖြင့် ရမ်းသစ်ပစ်ခတ်မှုမှာ ယင်းတပ်ရင်းမှ ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး ဖြစ်သူအား PDF အဖွဲ့မှ ဖမ်းဆီးသွားသည့် ဖြစ်စဉ်နှင့် ပတ်သက်နိုင်ကြောင်းလည်း ၎င်းဒေသခံက သုံးသပ်ပြောကြားသည်။
(၂၀၂၄) ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ ယနေ့ ဇွန်လ (၆) ရက်နေ့အထိ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့၊ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ကလေးငယ်တစ်ဦး သေဆုံးကာ ဒေသခံအရပ်သားပြည်သူ (၁၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/06/IMG_5527-1024x940.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/06/IMG_5528-1024x640.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/06/IMG_5529-1024x645.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/06/IMG_5530-1024x707.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/06/IMG_5532-1024x750.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/06/IMG_5533-1024x758.jpeg)