ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၌ အခုလပိုင်းအတွင်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တရုပ်နိုင်ငံသား အများအပြား မြဝတီဘက်မှ ရွှေ့ပြောင်းဝင်ရောက်လာပြီး ကာစီနိုရုံများကလည်း စည်းကားလာကြောင်း ဒေသခံများက ပြောသည်။
ငါးပစ်ဂိမ်းဆိုင်များကိုလည်း မြို့အနှံ့ နေရာတော်တော်များတွင် ဖွင့်လှစ်ထားသည်ကို တွေ့ရကြောင်း မော်တော်ဆိုင်ကယ် တက္ကစီသမားတစ်ဦးက ပြောသည်။
“တစ်မြို့လုံး စည်ကားနေပြီ ငါးဂိမ်းတွေကလည်း အပြည့်ပဲ၊ ကာစီနိုရုံတွေမှာ ထိုင်းတွေပဲ လာရောက်ကစားကြတာ ရှိတယ်၊ ဆံရှည် 88 ကာစီနိုရုံက အပြင်လူပေးမဝင်ဘဲ သူ့ဧည့်သည်နဲ့ သူ သီးသန့်ကစားကြတယ်” ဟု ၄င်းကဆိုသည်။
ဘုရားသုံးဆူမြို့ ရပ်ကွက် ၂ ဥဒေါင်းကန်လမ်းတွင် 777 ကာစီရုံ၊ ရပ်ကွက် ၁ ချက်ပွိုင့်အဆင်း၌ ဆံရှည်အဖွဲ့၏ 88 ကာစီနိုရုံ၊ ရပ်ကွက် ၁မြန်မာ-ထိုင်း နယ်စပ်မျဥ်းတစ်လျှောက် ဓမ္မဂိရိတောင်ခြေအနီးတွင် ဗိုလ်လေးဝင်း၏ ကိုးရိုးယား ကာစီနိုရုံ၊ “မျိုးချစ်” ဝင်းအတွင်းမှာ တစ်ရုံ၊ အပြင်မှာတစ်ရုံ စုစုပေါင်းကာစီနို ၅ ရုံ ရှိသည်ဟု နယ်စပ်အရေး စောင့်ကြည့်နေသူများက ဆိုသည်။
ဘုရားသုံးဆူမြို့ရှိ လောင်းကစားလုပ်ငန်းများကို ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ထိန်းချုပ်ထားပြီး အခွန်ကောက်ခံနေသည်ဟု သိရသည်။
အဆိုပါ ကာစီနိုရုံများအတွင်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရန် ယူဆရသည့် လက်ကိုင်ဖုန်းများနှင့် ကွန်ပြူတာ ဆက်စပ်ပစ္စည်းများကို ပြီးခဲ့သည့် မေလ (၂၇) ရက်နေ့တွင် စံခလပူရီရဲတပ်ဖွဲ့က ဘုရားသုံးဆူနယ်စပ် ဖြတ်ကျော်ဂိတ်အနီး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများက ဖော်ပြသည်။
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/05/IMG_5343.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/05/IMG_5344.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/05/IMG_5345-1024x716.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/05/IMG_5348.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/05/IMG_5265-1.jpeg)