စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC သို့ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၅ ဖွဲ့ရှိခဲ့ပါသည်။ ယင်းသို့လျှောက်ထားသည့် အဖွဲ့များ အနက် နိုင်ငံရေးပါတီ ၁၂ ပါတီကို တည်ထောင်ခွင့်ပြုခဲ့ပြီး ဒီမိုကရေစီပါတီနှင့် ချင်းပြည်သူ့ပါတီ ၂ ပါတီကို တည်ထောင်ခွင့် ငြင်းပယ်ခဲ့ပါသည်။ ပါတီတည်ထောင်ခွင့်ပြု/မပြု နောက်ဆုံး မွန်ညီညွတ်ရေးပါတီတစ်ခုသာ ကျန်ရှိနေတော့သည်။
မွန်အမျိုးသားကိုယ်စားပြုနိုင်ငံရေးပါတီဖြစ်သော မွန်ညီညွတ်ရေးပါတီ MUP တည်ထောင်ခွင့်ပြုရန် UEC အနေဖြင့် မည်သည့်ကိစ္စကိုမှအကြောင်းမပြဘဲ အချိန်ဆွဲခဲ့လာသည်မှာ ယနေ့အထိဖြစ်ပါသည်။
အကယ်၍ MUP ပါတီတည်ထောင်ခွင့်မရခဲ့သော် မွန်အမျိုးသားနိုင်ငံရေးသမားများအဖို့ အနာဂတ်အတွက် မည်သည့်နိုင်ငံရေးလမ်းစဥ် ရွေးချယ်သွားရမည်ကို စဥ်းစားချိန်တန်ပြီဟု ယူဆမိပါကြောင်း…….
Kaowao Newsgroup