ကရင်ပြည်နယ် မြဝတီမြို့ရှိ မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁) မှ ထိုင်းနိုင်ငံဘက်သို့ဝင်ရောက်နိုင်ရန် ထုတ်ပေးခဲ့သော (၇) ရက်ယာယီလက်မှတ်ဖြင့် ဖြတ်သန်းခွင့်အား ယနေ့ ဧပြီလ (၂၁) ရက် နံနက်ပိုင်းမှ စတင်ရပ်ဆိုင်းလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
အမှတ် (၁) မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား မှ ယာယီ ဖြတ်သန်းခွင့် (Temporary Boder Pass) လက်မှတ်ဖြင့်ဖြတ်သန်းခွင့်အား ယနေ့ နံနက်ပိုင်းမှစတင်ပြီး ရပ်ဆိုင်းထားကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။
“တံတားကဖွင့်ထားတယ်။ ယာယီ ဖြတ်သန်းခွင့် ထုတ်မပေးတော့ဘူး။ ဒါပေမယ့် Passport နဲ့ ဖြတ်လို့ရပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ယနေ့ ဧပြီလ (၂၁) နံနက်အစောပိုင်းအချိန်ကလည်း မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) တံတား အနီးဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ထို မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) တံတား အနီးဝန်းကျင်တွင် တိုက်ပွဲများကြောင့် ယင်းတံတားအား ဖြတ်သန်းခွင့်ပိတ်ထားကြောင်း သိရသည်။
လက်ရှိတွင်မြဝတီအနီးတဝိုက်တွင် တိုက်ပွဲများပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူ (၆၀၀၀) ကျော် မှာ ထိုင်းနိုင်ငံဘက်ထွက်ပြေးတိမ်းရှောင်နေကြရသည်။
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_4558-1024x756.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_4557.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_4556.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_4554.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_4551-1024x683.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_4550-1024x683.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_4549-1024x683.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_4548-1024x683.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_4547-1024x461.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_4544-1-1024x768.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_4546-1024x768.jpeg)