စံခလပူရီ-ဘုရားသုံးဆူ အမှတ် 323 အဝေးပြေးကားလမ်းမကြီးဘေးရှိ စံခလယ်ရွာအနီး တောင်ကုန်းဂမူလေးတစ်ခုမှာ အရှည် ၃၅ မီတာ၊ အကျယ် ၁ မီတာနှင့် အမြင့် ၂ မီတာခွဲလောက်ရှိတဲ့ ဂျပန်ခေတ်က ဥမင်လိုဏ်ခေါင်းဟာ ဒေသန္တရခရီးသွားတွေကို စတင်စွဲဆောင်နေပါပြီ။
ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့တဲ့ သမိုင်းဝင် ယိုးဒယား-မြန်မာ သေမင်းတမန်မီးရထားလမ်းဟောင်းနဲ့အတူ ဥမင်လိုဏ်ခေါင်းတွေကို သုတေသနပြုနေတဲ့ Marnchai Wattanakaran နဲ့ Srawut Saisungsiripong တို့က ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အခုရက်ပိုင်းမှာ စံခလပူရီအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိများက သွားရောက်စစ်ဆေးခဲ့တာပါ။
ဥမင်လိုဏ်ခေါင်းရဲ့အလယ် ၁၀ မီတာလောက်မှာ လမ်းခွဲတစ်ခုရှိပြီး အခန်းတစ်ခန်းနဲ့ ထွက်ပေါက်တစ်ခုရှိပါတယ်၊ စံခလယ်မြစ်ကိုဖြတ်သန်းသွားတဲ့ တံတားရဲ့ ဘိလပ်မြေဘောင်နဲ့ ရေနွေးငွေ့စက်ခေါင်းတွေကို ရေဖြည့်ပေးတဲ့ ဘိလပ်မြေကန်တွေကို တွေ့ရှိခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်သားများဟာ မြန်မာနိုင်ငံဘက်ခြမ်းရှိ ဗြိတိသျှလေကြောင်းရန်မှ ပုန်းအောင်းရာနေရာအဖြစ် အသုံးပြုခဲ့ဟန်တူပြီး ကန်ချနပူရီမှ မြန်မာပြည်ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ သေမင်းတမန်မီးရထားလမ်း ဖြစ်ပါတယ်။
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3891.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3890.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3889.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3886.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3885.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3884.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3888.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3883.jpeg)