ကျိုက်မရောမြို့နယ် ဓမ္မသတ်စစ်ဘေးရှောင်၊ မီးဘေးရှောင်များထောက်ပံ့ရေးအတွက် မွန်လူငယ် ထိုင်းလက်ရွေးစင်ဘောလုံးကစားသမား Pongsakorn Sangkasopha (ခေါ်) မင်းအဲရစ်က သူဝတ်ဆင်ခဲ့ဘူးသည့် ထိုင်းအသင်းအင်္ကျီ ကျောနံပါတ် ၁၅ ကို Online မှ လေလံတင်ခဲ့ရာ အောင်မြင်သွားကြောင်း သတင်းရရှိသည်။
Pongsakorn (ခေါ်) မင်းအဲရစ်က “ပြည်တွင်းမှာ ဒုက္ခဖြစ်နေတဲ့ မွန်လူမျိုးတို့ကို အကူအညီပေးကြပါ ဒုက္ခသည်တွေကို ကူညီတဲ့လေလံပွဲမှာ ပါဝင်ဆောင်ရွက်ပေးသူအားလုံးနဲ့အတူ မမျှော်လင့်ဘဲ ဈေးအများကြီးပေးပြီး လေလံဆွဲသွားသူကိုလည်း ကျေးဇူးတင်တယ်” ဟု Facebook မှတဆင့် မွန်နှင့် ထိုင်းဘာသာဖြင့် ပြောကြားခဲ့သည်။
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3740-834x1024.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3739-1024x638.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3738.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3737-655x1024.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3736-1024x756.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3684.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_3351-1024x556.png)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_3354-1024x536.png)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3200.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3201-1024x771.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3202-1024x502.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3203.jpeg)
Pongsakorn ယမန်နှစ်က အသက် ၂၃ နှစ်အောက် AFC U17 Asia Cup Thailand ပွဲစဉ်တွင် သူဝတ်ဆင်ခဲ့သော ထိုင်းအသင်းအင်္ကျီ ကျောနံပါတ် ၁၅ ကို လေလံတင်ခဲ့ရာ မွန်အမျိုးသမီးတစ်ဦးက ထိုင်းဘတ်ငွေ ၃၆,၅၀၀ ဖြင့် ဝယ်ယူလိုက်ကြောင်း ဘန်ကောက်ပို့သတင်းစာက ရေးသားခဲ့သည်။
ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့ ဝင်းကရွာမှ မွန်မိဘနှစ်ဦးစလုံးမှမွေးဖွားလာသူ အသက် ၁၇ နှစ်ရှိသော မင်းအိုင်းရစ်နှင့် အစ်ကိုယ်ဖြစ်သူ မင်းဂေါင်တိုး နှစ်ဦးစလုံးမှာ လက်ရှိတွင် ထိုင်းနိုင်ငံ၏ လက်ရွေးစင်ဘောလုံးသမားများ ဖြစ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့တွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသတ်ကျေးရွာ၌ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိခဲ့သော်လည်း စစ်ကောင်စီရေတပ်မှ ပစ်ခတ်လိုက်သော အမြှောက်ဆံများ ရွာထဲသို့ကျရောက်ပေါက်ကွဲသဖြင့် နေအိမ် ၃၀၀ ကျော်မီးလောင်၍ လူပေါင်း ၈၀၀၀ ကျော်မီးဘေးဒဏ်ခံရသည့်အပြင် အမြှောက်၊ လက်နက်ကြီးပစ်ခတ်နေမှုကြောင့် စစ်ဘေးရှောင်အဖြစ် လူအားလုံးဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်။
Photo-สมเดช สังขโสภา