• About
  • Advertise
  • Privacy & Policy
  • Contact
Kaowao Newsgroup, ကေါင်းဝါ
  • မူလ
  • သတင်း
    • All
    • ကျားဖြန့်
    • စစ်ဘေးရှောင်
    • စစ်မှုထမ်း
    • စီးပွားရေး
    • တရားမဝင်ကုန်သွယ်မှု
    • နိုင်ငံတကာ
    • နိုင်ငံရေး
    • ယဥ်ကျေးမှု
    • လူ့အခွင့်အရေး
    • သတင်းတို
    • အကျင့်ပျက်ဝန်ထမ်း
    • အမုန်းစကား
    • အွန်လိုင်းလိမ်လည်မှု
    • အုပ်ချုပ်ရေး
    ရာဇာဓိရာဇ်၏ ရန်ကုန်မြို့မှ ဓာတ်တော်ကြုတ်များနှင့် မွန်ဈာပနဆိုင်ရာ စေတီတစ်ဆူ (အပိုင်း ၂)

    ရာဇာဓိရာဇ်၏ ရန်ကုန်မြို့မှ ဓာတ်တော်ကြုတ်များနှင့် မွန်ဈာပနဆိုင်ရာ စေတီတစ်ဆူ (အပိုင်း ၁)

    ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

    ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

    ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

    မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

    Trending Tags

    • Trump Inauguration
    • United Stated
    • White House
    • Market Stories
    • Election Results
  • ဆောင်းပါး

    ကလစ်တစ်ချက်ကနေ ငရဲဘုံဆီသို့ – ကြောက်မက်ဖွယ် အွန်လိုင်း “ကျားဖြန့်” လုပ်ငန်းတွေရဲ့ နောက်ကွယ်

    ထိုင်းနိုင်ငံမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဆာမ်ခုတ်က မွန်ဘိုးဘွားနတ်တွေအကြောင်း

    ‘ဝ’ ပြည်နယ် လိုချင်ရင် လွှတ်တော်ထဲဝင် တောင်းဆိုပါတဲ့… သမိုင်းက ဘာသင်ခန်းစာ ပေးခဲ့သလဲ

    Starlink ကိုသုံးပြီး မြန်မာနိုင်ငံကနေ အွန်လိုင်းလိမ်လည်မှုတွေ ပိုတိုးလာ

  • Lifestyle
    • All
    • Food
    • Health
    • Travel
    • စကားပုံ
    ကီလို ၂၀၀ ကျော်ကိုယ်အလေးချိန်ရှိ လူနာကို ၅ လွှာမှ ကြိုးဖြင့်သွယ်ချပြီးကယ်တင်

    ဇဵုတပ် (Jay Top) – ကမ္ဘာ့လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှုထဲက မွန်တို့ရဲ့အသံ

    လယ်သမားဆိုတာ ကျောမွဲလူတန်းစားပါ

    လယ်သမားဆိုတာ ကျောမွဲလူတန်းစားပါ

    ဂုဏ်သိက္ခာအတွက် ရုန်းကန်ခြင်း၊ မြို့ပြဆင်းရဲသားတို့ရဲ့ တန်းတူညီမျှမှုဆီက ခရီးရှည်ပိုမိုကောင်းမွန်သော နောက်ဘဝတစ်ခုသို့…

    ပိတ်ရက်ရှည်မှာ ထိုင်းလူမျိုးတွေ ပြည်တွင်းခရီးသွားဖို့ အလားအလာများ

    ကမ္ဘာကျော် Tomorrowland ဂီတပွဲတော် (၂၀၂၆) ထိုင်းနိုင်ငံ ကျင်းပမည်

    • Golden Globes
    • Game of Thrones
    • MotoGP 2017
    • eSports
    • Fashion Week
  • အင်တာဗျူး
  • အတွေးအမြင်
  • အယ်ဒီတာ့အာဘော်

    NCA စာချုပ် စက္ကူစုတ်ဖြစ်သွားပြီလား

    NCA စာချုပ် စက္ကူစုတ်ဖြစ်သွားပြီလား

    ရွေးကောက်ပွဲဟာ လက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေနဲ့ သက်ဆိုင်သလား

    စစ်ရဲ့မျက်နှာပြင်နှစ်ခု- ဝါဒဖြန့်ချိရေးရဲ့နောက်ကွယ်က လူထုရဲ့ဒုက္ခ

    ၂၀၂၅ အလွန် တရုတ်စီးပွားရေးအင်ဂျင်နှင့် မြန်မာ့နိုင်ငံရေးလမ်းကြောင်း

    ပုလင်းဟောင်းကအရက်ကို ပုလင်းသစ်ထဲ ပြောင်းထည့်ခြင်း

  • နောက်ခံသမိုင်း
  • တိုက်ပွဲများ
  • မြေမြှုပ်မိုင်း
  • English
  • မွန်ဘာသာ
No Result
View All Result

Home ဆောင်းပါး

ဇြပ်ဗု

(ဆောင်းပါးရှင် အမည်ရေးသားထားခြင်းမရှိပါ) ၁၉၈ဝပြည့်နှစ်၊ မွန်ပြည်နယ်နေ့မဂ္ဂဇင်းဆောင်းပါးကို ပြန်လည်ဖော်ပြသည်။

ကောင်းဝါ KAOWAO by ကောင်းဝါ KAOWAO
April 3, 2024
in ဆောင်းပါး
0
ဇြပ်ဗု
0
SHARES
58
VIEWS
Share on FacebookShare on Twitter

မော်လမြိုင်မှထွက်လာကတည်းက ကားကလေး အရှိန်မကျသေး၊ လေကိုတိုး၍ ပြေးလွှားလျှက်နေ၏၊ လမ်းဘေးဝဲယာတွင် ရာဘာတောများ စိုက်ပျိုးခင်းများနှင့် တောင်ညိုတောင်ခြေထိ ကျယ်ပြန့်သော မြေကွက်လပ်ကြီးများကို လည်းတွေ့ရ၏၊ ရိုးမတောင်ပေါ်မှ ထုံးဖြူဖြူ စေတီငယ်ကလေးများကိုလည်း မကြာမကြာတွေ့ရ၏၊ မော်လမြိုင်နှင့်မုဒုံသည် (၁၈)မိုင်ကွာဝေး၏၊ မုဒုံတွင် ကျွန်တော်တို့ ကြာကြာနားချိန် မရ၊ ဇြပ်ဗု သို့ခရီးဆက်ရဦးမည်၊ မုဒုံသည်စည်ကား၏၊ ကန်တော်ကြီးကြောင့် မုဒုံသည်လူသိများ၏။ စိုက်ပျိုးရေး ဥယျာဉ်၊ ယက္ကန်းလုပ်ငန်းတို့ကြောင့်လည်း မုဒုံမြို့သည် မွန်ပြည်နယ်အတွင်း ထင်ရှားပါသည်။

မုဒုံလွန်သော် ကားလမ်းသည် ရိုးမတောင်ခြေနှင့်ပို၍ နီးကပ်လာ၏၊ မုဒုံမှ (၉)မိုင်အရောက်တွင် ကမာဝက်ရွာကြီး ကို တွေ့ရ၏၊ မွန်ရွာကြီးဖြစ်ပါသည်၊ ကမာဝက် ကျိက္ကမော့ ဘုရားပွဲမှာ ကြိတ်ကြိတ်တိုးစည်ကားသည်၊ တောင်ပေါ်တွင် တည်ထားသော ဘုရားကို ညဘက်လရောင်နှင့် တက်ကြရ၏၊ အလွန်ပျော်စရာကောင်း၏၊ မွန်လူမျိုးတို့၏ စေတနာကို ကျိုက္ကမော့ဘုရားပွဲ စတုဒီသာမဏ္ဍပ်တွင် တွေ့ရမည်၊ ထမင်း ရေချောင်းစီးသော စတုဒီသာဘုရားပွဲကို ကျိုက္ခမီဘုရားပွဲအပြီး သီတင်းကျွတ်လပြည့်ကျော်တွင် ကျင်းပလေ့ရှိသည်။

ဇြပ်ဗုသို့ရောက်ခါနီး ရာဘာတောများ ပို၍ထူထပ်လာသည်၊ ကားလမ်းသည် ရာဘာတောကြီးများကို ဖြတ်သန်း ဖေါက်လုပ်ထားသည်၊ တခါတခါကားသည် တောင်စွယ်များ ထိပ်မှ ကွေ့ပတ်သွားရသည်၊ နွေဦးရာသီမို့ ရာဘာပင်များ ရွက်နုလဲကြသည်၊ ကိုကိုးရောင်ရာဘာရွက်နုများကား ဝေဝေဆာဆာ၊ ရော်ရွက်အိုများ မြေကြီးသို့ တိုးဝှေ့ သက်ဆင်း နေကြသည်၊ ရာဘာစိုက်ခင်းများကား အရွယ်စုံလှသည်၊ ပင်ပေါက်ကလေးများ၊ ပင်ပျိုများ၊ ပင်လတ်များနှင့်ပင်အိုကြီးများ။

ကမ္ဘာ့ရာဘာသမိုင်းသည်(၁၉)ရာစု နှောင်းပိုင်းမှစခဲ့သည်၊ ရာဘာပင်ရိုင်းများကို တောင်အမေရိကတိုက် အမေဇုန် (AMAZON) မြစ်ဝှမ်းတွင် စတင်တွေ့ရှိကြသည်၊ လူတို့သည် ရာဘာပင်ရိုင်းများကို မျိုးစပ်၍ တဖြေးဖြေး ပို၍ပို၍ကောင်းမွန်သော ရာဘာပင်များအဖြစ် ဖန်တီးလာခဲ့ကြသည်။

ဥတုကို တနှစ်ပတ်လုံးအပူချိန်မြင့်၍ မိုးကောင်းသောရာသီဥတုကို ရာဘာပင်များက နှစ်သက်၏၊ အပူချိန်(၇ဝံ) နှင့် (၈ဝံ)ဖါရင်ဟိုက်ထိရှိရန် လိုအပ်၏၊ မိုးရေချိန်လက်မ(၆ဝ) မှ(၂ဝဝ)အတွင်း ရာဘာပင်များဖြစ်ထွန်း၏၊ ရေဆင်းကောင်း ရန်လည်းလိုအပ်၏၊ ဇြပ်ဗုကဲ့သို့သော ဂဝံကျောက်မြေများတွင် ရာဘာပင်များ အထူးဖြစ်ထွန်း၏၊ မော်လမြိုင်-ဇြပ်ဗု ကားလမ်းတလျှောက်တွေ့ခဲ့ရသော မြေကွက်လပ်ကြီးများသည် ရာဘာပင်များ စိုက်ပျိုးရန်အတွက် သင့်တော်ပေလိမ့်မည်၊ ထိုနေရာများတွင် ရာဘာပင်များကို တိုးချဲ့စိုက်ပျိုးနိုင်လျင် ကောင်းလေစွ၊ ဤကားကျွန်တော်တို့ စိတ်ကူး၊ ရာဘာတော ကြီးများကို ဖြတ်သန်းရင်း ကျွန်တော်တို့ ကားလေးသည် ဇြပ်ဗုသို့ ဝင်ရောက်လာသည်၊ ဇြပ်ဗုသည် မွန်အခေါ်ဖြစ်၏၊ မွန်အသံထွက်မှာ ဇော့ဗုဖြစ်ပါသည်၊ ဇြပ်မှာဇရပ်ဟုအဓိပ္ပါယ်ရ၍ ဗုမှာအဖြူရောင်ဟု အဓိပ္ပါယ်ရသည်၊ ဇရပ်ဖြူ (သို့မဟုတ်) သံဖြူဇရပ်ကို ခေါ်ဆိုခြင်း ဖြစ်သည်။

ဒိုင်းနက်ရာဘာစက်ရုံကလေးကို မြိုအဝင်ဝတွင် တွေ့ရသည်၊ ဇြပ်ဗုမြို့ကို ရာဘာတောများက ဝန်းရံထားကြသည်၊ အချို့ကဇြပ်ဗုကို ရာဘာမြို့တော်ဟု တင်စားခေါ်ဝေါ်ကြသည်၊ ဇြပ်ဗုတွင် (၁၉၁၈)ခုနှစ်မှစ၍ ရာဘာပင်များကို စိုက်ပျိုးခဲ့ကြပါသည်၊ ကိုလိုနီခေတ်က နိုင်ငံခြားကုမ္မဏီများ၏ သွေးစုတ်မှုကိုလည်း ခံခဲ့ရသည်၊ လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းမှ မြန်မာတိုင်းရင်းသားများ လုပ်ကိုင်ခွင့်ရကြသည်၊ ဇြပ်ဗု(၁၉၇၈/၇၉) တွင် နိုင်ငံပိုင်စိုက်ဧက (၂၆၅၉)ဧကနှင့် ပုဂ္ဂလိကပိုင်(၂၈၄ဝ၇)ဧကရှိခဲ့ပြီး နိုင်ငံတော်မှ ရာဘာပေါင်ပေါင်း (၅,ဝ၈၉,၆၁၁)ဝယ်ယူနိုင်ခဲ့ပါသည်၊ (၁၉၇၉/၈ဝ) ခုနှစ်အတွင်း ရာဘာပေါင်ပေါင်း(၆,၁၉၁,၃၇၅) ဝယ်ယူရန် ခန့်မှန်းထားပါသည်။

ကားလေးသည်မြိုလယ်တွင်ရပ်လိုက်သည်၊ ကားဆိပ်နှင့် ဈေးသည်ကပ်လျက်နေသည်၊ ကားဆိပ်နှင့်ဈေးအကြား တွင် ဇရပ်ဖြူလေးရှိသည်၊ ဤဇရပ်ဖြူကလေးကား နှစ်တရာပြည့်ခဲ့လေပြီ၊ (၁၈၇၄ မှ ၁၉၇၄)ဟု ရေးထိုးထားသည်၊ ဇရပ်၏ နဖူးဆီအနီရောင်အောက်ခံပေါ်တွင် ရာမညတိုင်းသားတို့၏ အထိမ်းအမှတ် ရွှေဟင်္သာရုပ်နှင့် ဇြပ်ဗု ဟူသော စာတမ်းကို ဆေးဖြူနှင့်ရေးထိုးထားသည်၊ ရာပြည့်ပွဲတော် ကိုလည်း စည်စည်ကားကား ကျင်းပနိုင်ခဲ့ကြသည်။
ဇြပ်ဗုကား မြန်မာနိုင်ငံ၏ရာဘာအထွက်ဆုံး မြို့ကလေးဖြစ်ပါသည်၊ ဓါတုဗေဒရာဘာ(ရာဘာတု)ဖြင့် ပြုလုပ် သောအိမ်သုံး၊ လူသုံးကုန်ပစ္စည်းများ ထွန်းကားတွင်ကျယ်နေသော်လည်း သဘာဝရာဘာကား ထုတ်လုပ်မှုမကျ၊ နောင်နှစ်ပေါင်းများစွာ သုံးစွဲနေကြရဦးမည်သာ။

ဇြပ်ဗုဈေးသည်လည်း စည်စည်ကားကား၊ ဤကားဆိပ်မှပင် ဆားလုပ်ငန်းသို့ ၄င်း၊ စက်စဲသောင်ကမ်းခြေသို့ ၄င်း၊ ကျိုက္ခမီမြို့သို့ ၄င်း လမ်းခွဲဖြစ်၏၊ ဇြပ်ဗုမှ ကျိုက္ခမီ ရေလယ်ဘုရားသို့ (၁၅)မိုင် ကွာဝေးပါသည်၊ သီတင်းကျွတ် လပြည့်ကား ကျိုက္ခမီရေလယ်ဘုရားပွဲတော်တည်း။

ဒြပ်ဗုသည်အေးချမ်းပါ၏၊ လမ်းပန်းဆက်သွယ်ရေး လည်း ဆိုဘွယ်ရာမရှိ၊ သေမင်းတမန် ရထားလမ်း (THE RAILWAY OF DEATH) မဟာမိတ်စစ်သင်္ချိုင်း၊ စက်စဲသောင်ကမ်းခြေနှင့် ဆားလုပ်ငန်းကြောင့် မြို့ကလေးကို လူသိများလှပေသည်၊ ၁၉၇၆ ခုနှစ်မှစ၍ စက်စဲသောင်ကမ်းခြေကို စံပြလုပ်သားများ၏ အနားယူစခန်းအဖြစ် ဖွင့်လှစ်ခဲ့သောကြောင့် မြို၏ဂုဏ်ကျက်သရေသည် ပို၍တိုးလာပေသည်၊ ဇြပ်ဗုတွင်နားယင်း ရာဘာ တောများကို ဝင်ကြည့်ကြသည်၊ မိတ်ဆွေရာဘာလုပ်သားများက ရာဘာခြစ်ယင်း ရာဘာလုပ်ငန်းအကြောင်း ပြောပြ၏၊ စိတ်ဝင်စားစရာပင်။

ရှင်းလင်းခုတ်ထွင်ထားသော မြေကွက်လပ်ကြီးများတွင် ရာဘာပင်ငယ်များကို တပင်နှင့်တပင် (၁၂)ပေမှ(၁၅) ပေခန့်အကွာ တူညီစွာစိုက်ကြရသည်၊ အပင်ငယ်များအကြား မြက်များကို နှစ်စဉ်ခုတ်ပေးရသည်၊ အပင်များ(၆)နှစ်သားခန့်အရွယ်တွင် အစေးများစတင်ခံယူရရှိသည်၊ အခေါက်များကို ဓါးဖြင့်ရစ်ပတ်၍ စဉ့်ရည်သုတ်ထားသော ခွက်များဖြင့် အစေးများကို ခံယူရသည်၊ ရစ်ထားသောမြောင်းကလေးမှ အစေးများသည် (၃)နာရီခန့်ကြာအောင် ခွက်ထဲသိုစီးကျလာပြီး ရပ်သွားသည်၊ အစေးများကိုပုံးကြီးများဖြင့် စုပေါင်းပြီး ကန်ကြီးများတွင်ထည့်၍ မွှေလိုက်သည်၊ ထိုနောက် ရာဘာချပ်ကြီးများ ပြုလုပ်ကြသည် ၄င်းရာဘာချပ်ကို အခြောက်ခံနေလှမ်းရသည်။ ထိုရာဘာချပ်ကြီးများကို အထုပ်ကြီးများပြုလုပ်၍ နိုင်ငံခြားသို့ တင်ပို့ ရောင်းချကြသည်၊ ဇြပ်ဗုတွင် နိုင်ငံတော်မှ ရာဘာအဝယ်ဒိုင်များ ဖွင့်လှစ်ဝယ်ယူလျက်ရှိသည်၊ ထို့ပြင် တနှစ်ထက် တနှစ် ရာဘာများတိုးချဲ့စိုက်ပျိုးနိုင်ရန်လည်း နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသည်။

ကျွန်တော်တို့ ရာဘာလုပ်သားကြီးများကို နှုတ်ဆက်ပြီးထွက်ခွါလာခဲ့ကြသည်၊ ဇြပ်ဗုဈေးသည် စည်ကားမြဲ စည် ကားလျက်၊ ပြာလဲ့သောကောင်းကင်ပြင်တွင် နေမင်းသည် တဦးတည်းမင်းမူနေ၏၊ မိုးသားတိမ်ရိပ်တို့ စိုးစဉ်းမျှမရှိ၊ ဇြပ်ဗုဈေးမှ ကျိုက္ခမီကားလမ်းအတိုင်း ထွက်ခွါလာသော် မိုင်ဝက်ခန့်အကွာတွင် မဟာမိတ်တို့၏ စစ်သင်္ချိုင်း ရှိ၏၊

၁၉၃၉-၁၉၄၅
ဤနေရာ၌ဂုဏ်ပြုအပ်သည့်ရေတပ်၊ ကုန်းတပ်နှင့် လေတပ်သားများ နိယာမခေါင်းချဘို့ရန် ဤသုဿန်တည် ရှိသော မြေနေရာသည်ကား မြန်မာလူမျိုးတို့၏ကောင်းမှုတည်း။
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့၏ ယိုးဒယား-မြန်မာသေမင်းတမန်လမ်းဖေါက်လုပ်သည်၊ ယင်းကျဆုံးခဲ့ ကြသော မဟာမိတ်စစ်အကျဉ်းသားများ၏ ဂူသင်္ချိုင်းဖြစ်ပါသည်၊ အဝင်ဝတွင်ရေးသားသော စာတမ်းကလေးက မြန်မာ လူမျိုးတို့၏ စေတနာကိုဖေါ်ပြနေသည်၊ စစ်သင်္ချိုင်းအဝင် မျက်နှာစာတွင် အရိပ်ကောင်းသော ကန့်ကော်ပင်တန်းများ ရှိသည်၊ ရဲရဲနီနေသော စိန်ပန်းခိုင်များကား မြက်ခင်းစိမ်းများသို့ ကိုင်းညွတ်အိကျဆင်းနေ၏၊ ပိတောက်နံ့ကလည်း တသင်းသင်း။

မရမ်းစေ့ရောင် ပျဉ်းမပွင့်များ၏ အောက်တွင် အရိပ်ကောင်းလှသည်၊ ခြစ်ခြစ်တောက်ပူလောင်နေသော နေ၏ အပူရှိန်အောက်တွင် ပင်လယ်ကဗွီးပင်များ ကြံ့ကြံ့ခံနေကြသည်၊ ပုဏ္ဏရိပ်နှင့် ခေါင်ရမ်းပန်းပင်ပုကလေးများက အုတ်ဂူငယ် ကလေးများကို ဝန်းရံထားကြသည်၊ ဂူငယ်ကလေးများ တခုနှင့်တခုကြားတွင် ကညို့ပန်းနှင့် အာဖရိကဒေစီပန်း ရောင်စုံများဖူးပွင့်နေကြ၏။

ကြက်သွန်ပန်း၊ ရွက်လှစုံ၊ ပွင့်တူရွက်တူ၊ နှင်းဆီ ရောင်စုံ၊ ဒေါင်းဖန်ဝါ၊ မျက်ပန်းစုံ၊ ဆင်နားရွက်ပန်း၊ ခေါင်း လောင်းပန်း၊ ကြောင်မီးပန်း၊ ဘုံဘိုင်ပန်းရောင်စုံနှင့်စကားပန်းအဖြူ၊ အဝါပန်းမျိုးကား စုံလှ၏၊ အချို့ပန်းများကို နိုင်ငံခြားမှပင် ပို့ပေးထားသည်၊ သင်္ချိုင်းနှင့်မတူတော့၊ ပန်းဥယျာဉ် အတွင်းသို့ရောက်နေသကဲ့သို့ ပင်ထင်သည်၊ ပန်းတိုကားအလှချင်းပြိုင် နေကြတော့၏။

ဇြပ်ဗုစစ်သင်္ချိုင်းသည်(၈)ဧကခန့် ကျယ်ဝန်းပါသည်၊ ၁၉၄၆ ခု ဒီဇင်ဘာလ(၁၈)ရက်နေတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဆာဟူးဘရန်တို့က ဖွင့်လှစ်ပေးခဲ့သည်၊ ၁၉၆၁ ခု၊ နိူဝင်ဘာလ (၂၇)ရက်နေ့တွင် ဗြိတိသျှနိူင်ငံမှ အယ်လက်ဇန္နားမင်းသမီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်းတို့ အလယ်ရောက်ခဲ့ကြပြီး လွမ်းသူ့ပန်းခွေချခဲ့ကြသည်၊ ယခုအခါ အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အလှည့်ကျ ဥယျာဉ်မှူး(၁၂)ဦး ထားရှိသည်၊ သင်္ချိုင်း၏အလှကို အဖက်ဖက်မှ မွမ်းမံချယ်သနေသောကြောင့် လိုလေသေးမရှိပေ။

နေ့ခင်းနေပူရှိန်ကြောင့် တည်းခိုရာအိမ်သို့ ခေတ္တပြန်နားကြသည်၊ ညနေစောင်းတွင် သင်္ချိုင်းသို့ ရောက်ခဲ့ကြပြန်သည်၊ သင်္ချိုင်း၏အလှသည် ညနေဆည်းဆာတွင် ပို၍လှနေ၏၊ ရောင်စုံပန်းတို့သည် လေပြေတွင် မြူးဆော့နေကြသည် သုန့်ပမ်းဘဝဖြင့် ကျဆုံးခဲ့ကြသောမဟာမိတ် စစ်အကျဉ်းသားများ၏ အုတ်ဂူတို့ကို ကြည်း၊ ရေ၊ လေခွဲခြားထားသည်၊ အုတ်ဂူငယ်ကလေးများပေါ်တွင် ကိုယ်ပိုင်အမှတ်၊ အမည်၊ တာ ဝန်ထမ်းသည့် တပ်ရင်း။ အသက်နှင့်လွမ်းဆွတ်ဘွယ်စာသားများကို အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထားသည်၊ အလှည့်ကျ ဥယျာဉ်မှူး ကိုဝင်းနိုင်သည်ဖေါ်ရွေလှပါ၏၊ ကျွန်တော်တို အားလုံးက သူ့ကိုမြင်မြင်ချင်း ခင်မင်သွားကြသည်၊ သူယူခဲ့သော ဇြပ်ဗုစစ်သင်္ချိုင်းဧည့်မှတ်တမ်းတွင် ကျွန်တော်တို့ အမှတ်တရ လက်မှတ်ရေးထိုး လိုက်ကြသည်။ အနယ်နယ်အရပ် ရပ်မှ အမှတ်တရလက်မှတ်ရေးထိုးထားသူတို့ကလည်း မှတ်တမ်းတွင်အပြည့်၊ ကိုဝင်းနိုင်က အုတ်ဂူငယ်လေးကို လိုက်ပြရင်း စိတ်လက်ရှည်စွာရှင်းပြပါသည်၊ (၃၇၆၁)လုံးရှိ၏၊ ထိုအုတ်ဂူငယ်များထဲတွင် ဗြိတိသျှလူမျိုး (၁၆၄၉)ဦး၊ ဩစတြီးလျလူမျိုး(၁၃၃၈)ဦး၊ ဒတ်ချ်လူမျိုး (၆၂၁)ဦး၊ ဂေါ်ရခါး(၇)ဦး၊ အစ်စလာမ်ဘာသာဝင်(၆)ဦး နှင့် အမျိုးအမည်မခွဲခြားနိုင်သူ(၁၄ဝ) ပါဝင်ကြပါသည်၊ စစ်သင်္ချိုင်းကော်မရှင်က တောကြီးမျက်မည်းထဲမှ အရိုးများကို ရှာဖွေ၍ ဤစစ်သင်္ချိုင်းတွင်မြှုပ်နှံခဲ့သည်။

မြန်မာစစ်သားလေး၏ အုတ်ဂူရောက်တော့ ကျွန်တော်အံ့သြသွား၏၊ ရင်ထဲတွင်လည်း အမည်မသိသောဝေ ဒနာတမျိုး ခံစားမိသည်၊ မြန်မာစစ်သားလေးသည် ၁၉၄၃ ခု ဇူလိုင်လ ၁၉ ရက်နေတွင် ကျဆုံးပါသည်၊ အသက်ကား (၂၂)ပင် ရှိသေးသည်၊ ဖက်ဆစ်စနစ်ဆိုးကြောင့်ဘဝတစ်ပါးသို့ ပြောင်းသွားလေသည်၊ မြန်မာလူမျိုးပင်ဖြစ်သော်လည်း ဗြိတိသျှစစ်တပ်တွင် အမှုထမ်းခဲ့သောကြောင့် ဗြိတိသျှလူမျိုး စာရင်းဝင် ဖြစ်လေသည်၊ နာမည်ကလည်း အင်္ဂလိပ်လို အာအဒမ်စ်( R. ADAMS) ကျွန်တော်တို့သူ၏ ဂူငယ်ကလေး ပေါ်မှ အမှတ်တရစာလုံးကလေးများကို ဖတ်ရင်းဝမ်းနည်း ကျေကွဲမိကြသည်၊ အိပ်ပါလော့၊ အိပ်ပါလော့၊ သူမသေပါ အိပ် စက်နေခြင်းသာ၊ ဖေဖေ၊မေမေနှင့်ညီအစ်ကို မောင်နှစ်မများက ထာဝစဉ်သတိရလျက်ပါ၊ အနိဌာရုံ သေမင်းတမန် လမ်းမကြီးကိုဖေါက်လုပ်ရာတွင် ချွေးတပ်သားပေါင်း (၉၃,၅ဝဝ) ဦးသေဆုံးခဲ့ကြသည်၊ ငှက်ဖျားရောဂါ၊ ဝမ်းရောဂါ၊ အဟာရချိုတဲ့ခြင်းနှင့် ညှင်းပမ်းနှိပ်စက်ခြင်းကြောင့် သေဆုံးမှုနှုန်း များပြားလှပါသည်။

နေလုံးသည်လည်း ပျောက်ကွယ်လုနီးပြီး၊ အမှောင်သည်မသိမသာ တိုး၍တိုး၍လာ၏၊ ကျွန်တော်တို့လည်း ကိုဝင်းခိုင်ကို နှုတ်ဆက်ရင်း ဇြပ်ဗုသင်္ချိုင်းမှ ထွက်လာခဲ့ကြသည်၊ အရင်းရှင်စနစ်၏အမြင့်ဆုံးသော နယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်ကား ဤသို့တည်းဟု အုတ်ဂူငယ်ကလေးများက ကျွန်တော်တို့ကို ပြောနေကြသည်၊ အရင်းရှင်စနစ်နှင့်နယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်ကို ကမ္ဘာပေါ်မှ တိုက်ထုတ်ကြ၊ ငြိမ်းချမ်းရေးကို တည်ဆောက်ကြဟုလည်း သတိပေးနေသလို ၁၉၄၆ ခု ဇြပ်ဗု စစ်သင်္ချိုင်းဖွင့်ပွဲနေ့က ပြောကြားခဲ့သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏မိန်ခွန်းထဲမှ နိဂုံးချုပ်အပိုဒ်ကလေးကို ဝိုးတဝါးဝါး ပြန်လည်သတိရ နေမိတော့သည်။

ကျွန်တော်တို့က ကွယ်လွန်သူများရဲ့ မြင့်မြတ်သော ဝိညာဉ်များနဲ တွေ့ဆုံခိုက် သူတို့အတွက်ဆုမွန်ကောင်းများ တောင်းရုံမဟုတ်ပဲ ကမ္ဘာသူ ကမ္ဘာသား အားလုံးအနှောင်အဖွဲ့ အချုပ်အချယ်ဘဝမှ အမြန်ဆုံး လွတ်မြောက်ကြပါစေလို့ ဆုတောင်းသင့်ကြပါတယ်၊ ဒီလိုဆုတောင်းရင်းနဲ့ တချိန်ထဲမှာပဲ လူလူချင်း ဖိနှိပ်မှု သွေးစုပ်ချယ်လှယ်မှု လူမဆန်တဲ့ စတဲ့ အဖြစ်မျိုးကို တည်မြဲစေမဲ့ ဖက်ဆစ်စနစ်ဆိုးဟာ မည်သို့သောအသွင်မျိုးနှင့်ပဲ ရှိသည်ဖြစ်စေ၊ ကမ္ဘာမြေပြင်ပေါ်က အမြစ်ပါမကျန် ပျောက်ပျက်သွားအောင် တော်လှန်တိုက်ခိုက်ကြဘို့ အလေးအနက်အဓိဌာန်ပြုကြပါစေ။

၁၉၈ဝ ပြည့်နှစ်၊ မွန်ပြည်နယ်နေမဂ္ဂဇင်း

Tags: (ဆောင်းပါးရှင် အမည်ရေးသားထားခြင်းမရှိပါ) ၁၉၈ဝပြည့်နှစ်၊ မွန်ပြည်နယ်နေ့မဂ္ဂဇင်းဆောင်းပါးကို ပြန်လည်ဖော်ပြသည်။၁၉၈ဝ ပြည့်နှစ်၊ မွန်ပြည်နယ်နေမဂ္ဂဇင်းဇြပ်ဗုသံဖြူဇရပ်
Previous Post

ကျိုက်မရောမြို့နယ်အတွင်း နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်နေအိမ်များမှ အဖိုးတန်ပစ္စည်းများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖောက်ထွင်းခိုးယူနေ

Next Post

ဓမ္မသတ်စစ်ဘေးရှောင်၊ မီးဘေးရှောင်များထောက်ပံ့ရေး ထိုင်းလက်ရွေးစင်ဘောလုံးကစားသမား မင်းအဲရစ်၏ အသင်းအင်္ကျီလေလံတင်အောင်မြင်

ကောင်းဝါ KAOWAO

ကောင်းဝါ KAOWAO

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။

Next Post
ဓမ္မသတ်စစ်ဘေးရှောင်၊ မီးဘေးရှောင်များထောက်ပံ့ရေး ထိုင်းလက်ရွေးစင်ဘောလုံးကစားသမား မင်းအဲရစ်၏ အသင်းအင်္ကျီလေလံတင်အောင်မြင်

ဓမ္မသတ်စစ်ဘေးရှောင်၊ မီးဘေးရှောင်များထောက်ပံ့ရေး ထိုင်းလက်ရွေးစင်ဘောလုံးကစားသမား မင်းအဲရစ်၏ အသင်းအင်္ကျီလေလံတင်အောင်မြင်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Donate

You can also donate with PayPal, respectfully Kaowao Newsgroup. နှိုးဆော်ခြင်း ကောင်းဝါသတင်းဌာန ရေရှည်ရပ်တည်နိုင်ဖို့ မိတ်ဆွေ စာဖတ်သူ ပရိသတ်များ ဝန်းရံပံ့ပိုးပေးဖို့လိုအပ်နေသလို အလှူငွေထောက်ပံ့ပါရန် မေတ္တာရပ်ခံလိုပါသည်။ အလှူငွေထည့်လိုပါက Messenger မှာဖြစ်ဖြစ် kaowao2023@gmail.com ဖြစ်ဖြစ် +66925121374 သို့ဖြစ်ဖြစ် ဆက်သွယ်အသိပေးစေလိုသည်။

Recent News

ရာဇာဓိရာဇ်၏ ရန်ကုန်မြို့မှ ဓာတ်တော်ကြုတ်များနှင့် မွန်ဈာပနဆိုင်ရာ စေတီတစ်ဆူ (အပိုင်း ၂)

ရာဇာဓိရာဇ်၏ ရန်ကုန်မြို့မှ ဓာတ်တော်ကြုတ်များနှင့် မွန်ဈာပနဆိုင်ရာ စေတီတစ်ဆူ (အပိုင်း ၂)

March 9, 2026
ရာဇာဓိရာဇ်၏ ရန်ကုန်မြို့မှ ဓာတ်တော်ကြုတ်များနှင့် မွန်ဈာပနဆိုင်ရာ စေတီတစ်ဆူ (အပိုင်း ၁)

ရာဇာဓိရာဇ်၏ ရန်ကုန်မြို့မှ ဓာတ်တော်ကြုတ်များနှင့် မွန်ဈာပနဆိုင်ရာ စေတီတစ်ဆူ (အပိုင်း ၁)

March 9, 2026
ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

November 1, 2025
ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

November 1, 2025
  • Trending
  • Comments
  • Latest
ကော့ဘိန်းတိုက်ပွဲအတွင်း မြန်မာတပ်ဖွဲ့ဝင်အချို့ လက်နက်ချခဲ့ဟု ဆို

March 25, 2024
ကော့ဘိန်းရဲစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲများဖြစ်ပွား၍ ဒေသခံများပိတ်မိနေ

March 24, 2024
သံဖြူဇရပ်မြို့နယ်မှ ပျောက်ဆုံးနေသည့် မွန်အမျိုးသား (၄) ဦးတို့အား တောင်ညိုစစ်ကြောင်း တပ်ခွဲ – ၂ မှ ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

July 21, 2024
မုဒုံမြို့ ရွှေဟင်္သာဈေးမျက်နှာစာတန်းရှိ ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်ပြ၍ ရွေထည်ပစ္စည်းများ လုယက်ရန်ကြိုးစားမှုဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင်အမျိုးသားကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့

July 11, 2025
ထိုင်းနဲ့မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေရဲ့ အဓိကသော့ချက်

မော်လမြိုင်မြို့ပေါ်ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင်လုယက်သွား

မိုခါမုန်တိုင်းကယ်ဆယ်ရေး မွန်ပြည်သစ်ပါတီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ ငွေကျပ်သိန်း ၅ ရာလှူဒါန်း

တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

0
ရာဇာဓိရာဇ်၏ ရန်ကုန်မြို့မှ ဓာတ်တော်ကြုတ်များနှင့် မွန်ဈာပနဆိုင်ရာ စေတီတစ်ဆူ (အပိုင်း ၂)

ရာဇာဓိရာဇ်၏ ရန်ကုန်မြို့မှ ဓာတ်တော်ကြုတ်များနှင့် မွန်ဈာပနဆိုင်ရာ စေတီတစ်ဆူ (အပိုင်း ၂)

March 9, 2026
ရာဇာဓိရာဇ်၏ ရန်ကုန်မြို့မှ ဓာတ်တော်ကြုတ်များနှင့် မွန်ဈာပနဆိုင်ရာ စေတီတစ်ဆူ (အပိုင်း ၁)

ရာဇာဓိရာဇ်၏ ရန်ကုန်မြို့မှ ဓာတ်တော်ကြုတ်များနှင့် မွန်ဈာပနဆိုင်ရာ စေတီတစ်ဆူ (အပိုင်း ၁)

March 9, 2026
ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

November 1, 2025
ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

November 1, 2025
Facebook Twitter Youtube RSS
Kaowao Newsgroup, ကေါင်းဝါ

We bring you the best Premium WordPress Themes that perfect for news, magazine, personal blog, etc. Check our landing page for details.

Follow Us

Browse by Category

  • Food
  • Health
  • Travel
  • Uncategorized
  • ကျန်းမာရေး
  • ကျားဖြန့်
  • ကျားဖြန့်
  • ငြိမ်းချမ်းရေး
  • စကားပုံ
  • စစ်ဘေးရှောင်
  • စစ်မှုထမ်း
  • စီးပွားရေး
  • ဆောင်းပါး
  • တရားမဝင်ကုန်သွယ်မှု
  • တရားမဝင်အလုပ်သမား
  • တိုက်ပွဲများ
  • ထုတ်ပြန်ကြေငြာချက်
  • ဓါတ်ပုံ-သတင်း
  • နယ်မြေအငြင်းပွား
  • နိုင်ငံတကာ
  • နိုင်ငံရေး
  • နောက်ခံသမိုင်း
  • ပညာရေး
  • ဖွဲ့စည်းပုံအခြေခံဥပဒေ
  • မြေမြှုပ်မိုင်း
  • မူးယစ်ဆေးဝါး
  • ယဥ်ကျေးမှု
  • ရွှေ့ပြောင်းလုပ်သား
  • ရှေ့ဟောင်းသမိုင်း
  • လက်နက်ကြီးပစ်ခတ်မှူ
  • လုပ်ကြံသတ်ဖြတ်မှူ
  • လူ့အခွင့်အရေး
  • ဝေဖန်ရေး
  • သတင်း
  • သတင်းတို
  • သဘာဝပတ်ဝန်းကျင်
  • သဘာဝဘေးအန္တရယ်
  • သရော်စာ
  • သာသနာ
  • အကျင့်ပျက်ဝန်ထမ်း
  • အင်တာဗျူး
  • အတွေးအမြင်
  • အမုန်းစကား
  • အယ်ဒီတာ့အာဘော်
  • အွန်လိုင်းလိမ်လည်မှု
  • အားကစား

© 2023 KaoWao

No Result
View All Result

© 2023 KaoWao