ကန်ချနပူရီခရိုင် စံခလပူရီနှင့် ထောင်ဖာဖွန်အကြား မော်တော်ကားလမ်းမကြီးဘေးရှိ Kering Krawea ရေတံခွန်အနီး၌ ထိုင်းနိုင်ငံသို့ ခိုးဝင်သူများကို တင်ဆောင်လာသော ၆ ဘီးကုန်တင်ယာဥ်တစ်စီး ယနေ့ (ဧပြီ ၁ ရက်) နံနက်စောစောတွင် တိမ်းမှောက်သဖြင့် ယာဥ်ပေါ်ပါ မြန်မာနိုင်ငံသား အလုပ်သမား ၂၉ ဦးတို့အား ထိုင်းရဲက ဖမ်းဆီးရမိပြီး စံခလပူရီရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။
၄င်းမြန်မာနိုင်ငံသား အလုပ်သမားတို့သည် ဘုရားသုံးဆူမြို့ ပွဲစားမှတဆင့် သဘာဝတောလမ်းအတိုင်း လမ်းလျှောက်ဝင်ရောက်လာပြီး ၆ ဘီးကားဖြင့် ဆက်လက်ထွက်ခွာလာရာမှ ကားတိမ်းမှောက်သဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
Photo- ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3650.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3651.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3652.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3656.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/04/IMG_3655.jpeg)