ရေးမြို့နယ် ကုလားဂုတ်ကျွန်းအနီး၌ စက်လှေတစ်စီးဖြင့် ဝင်ရောက်လာသည့် ဘဂႅါလီရိုဟင်ဂျာ ၈၀ နီးပါးကို စစ်ကောင်စီ၏ ရေကြောင်းလုံခြုံရေးတပ်ဖွဲ့က မတ်လ ၁၉ ရက် နံနက် ၁၀ နာရီကျော်အချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။
ကုလားကုတ်ကျွန်း၏ အနောက်တောင်ဘက် ပြင်လယ်ပြင်၌ ဇွဲခေတ်ဆန်း အမည်ရှိ စက်လှေတစ်စီးကို ရေကြောင်းထိန်းသိမ်းရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ စက်လှေပေါ်တွင် တရားမဝင် ဝင်ရောက်လာသည့် ဘဂႅါလီရိုဟင်ဂျာလူမျိုး အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၃၄ ဦး၊ စုစုပေါင်း ၇၈ ဦး လိုက်ပါလာကြောင်း ရေးမြို့နယ် လဝကအရာရှိတစ်ဦးထံမှ စုံစမ်းသိရှိရသည်။
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2898-1.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2897.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2896.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2895.jpeg)