သီချင်း၏အမည်နှင့် တေးသံရှင်တို့၏ အမည်များကိုသာ သိရပြီး တေးရေးသူအမည်များကို မတွေ့ရပေ။ မွန်တို့ဂုဏ်ရည်သီချင်းကို စာသား နိုင်ပန်းလှ- သံစဥ် ရန်နိုင်ဆွေ ဟုမှတ်တမ်းများတွင် တွေ့ခဲ့ရသည်။ ဒေါ်မာမာအေး၏ အဆိုအရ တေးရေးဆရာ ဘစောကြည်၊ ရန်နိုင်ဆွေ၊ မောင်ဥက္ကာတို့ ပါဝင်ခဲ့ကြောင်း သိရသည်။
ထိုကြောင့် သီချင်းရေးသူ တိတိကျကျ မသိသေးသဖြင့် အမည်မသိစာဆိုဟု ဖော်ပြရခြင်း ဖြစ်ပါသည်။ (အယ်ဒီတာ)
၁၉၇၄ မွန်ပြည်နယ် ဖော်ထုတ်ရေးအစီအစဥ်မှ ထုတ်လုပ်ဖြန့်ချိခဲ့သည်။
၁၉၇၄ ခုနှစ် ဇန်နဝါရီ (၃) ရက်နေ့မှ စတင်၍ အစိုးရက မွန်ပြည်နယ်နေ့ကို သတ်မှတ်ပေးခဲ့သည်။ ထိုနှစ် မွန်ပြည်နယ်နေ့အခမ်းအနားအတွက် ရည်ရွယ်၍ မွန်ယဥ်ကျေးမှုအဖွဲ့က ဦးစီးပြီး အဆိုတော် မာမာအေး၊ တင်တင်မြ၊ မေလှမြိုင်တို့က မွန်တို့ဂုဏ်ရည်အပါအဝင် မွန်နှင့် မွန်ပြည်နယ်အကြောင်း တေးသီချင်းများ သီဆိုထုတ်လုပ်ခဲ့သည်။ ယင်းတိတ်ခွေမှတ်တမ်းအချို့မှ ရွေးချယ်တင်ပြလိုက်ခြင်း ဖြစ်ပါသည်။