မုဒုံမြို့နယ်၊ ကမာဝက်မြို့ဓါတ်တော်ကျောင်းတိုက်အတွင်းရှိ ဘုရားအမှူးရှိသော ရဟန္တာအပေါင်း၏ ဓါတ်တော်မွေတော်များအား (၃၇) ကြိမ်မြောက် ဓါတ်တော်ပေါင်းစုံပူဇော်ပွဲကို တပို့တွဲလဆုတ် (၁၃) ရက်နေ့ (မတ်လ (၈) ရက်နေ့) မှ တပေါင်းလဆန်း (၅) ရက်နေ့ (မတ်လ (၁၄) ရက်နေ့) အထိ (၇) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ (၈) ရက်နေ့ မှ စတင်ကာ အဆိုပါ ကမာဝက်မြို့ရှိ ဓါတ်တော်ကျောင်းတိုက်တွင် ဓါတ်တော်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်း မြို့ခံပြည်သူတစ်ဦးက ပြောကြားသည်။
“ညပိုင်းမှာ ဓါတ်တော်ကျောင်းတိုက်ဝင်းတစ်ခုလုံးကို ရောင်စုံမီးတွေ အလှဆင်ထွန်းညှိထားပါတယ်။ ကျောင်းဝင်းထဲမှာဆိုရင်လည်း ကမာဝက်မြို့အနီးဝန်းကျင်က ဘုရားဖူးတွေနဲ့ စည်ကားပါတယ်” ဟု ၎င်းကဆိုသည်။
ကမာဝက်မြို့ရှိ ဓါတ်တော်တိုက်ကျောင်းတွင် ဘုရားအမှူးရှိသော ရဟန္တာ၊ သူတော်မြတ်များ၏ အရိုးတော်၊ အသွေးတော်၊ အသားတော်များဖြင့် စီရင်ထားသည့် ဓါတ်တော်အများအပြားရှိကြောင်း သိရသည်။
ကမာဝက်မြို့တွင် ဓါတ်တော်ပေါင်းစုံပူဇော်ပွဲအပြင်၊ ကျိုက်တမော့စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် နှင့် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည် အပူဇော်ခံပွဲများမှာ ထင်ရှားသည့် ပွဲတော်များဖြစ်ကြောင်း သိရသည်။
Photo Credit – CJ
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2266.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2264.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2262-1024x768.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2261-1024x768.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2258-1024x768.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2257-576x1024.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2256.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2255.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2253.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2252.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2251.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2250.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2249.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2248-1.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2247.jpeg)