စစ်အာဏာသိမ်းမှုကို တွန်းလှန်ဆန့်ကျင်ရာတွင် အရေးပါသည့် အခန်းကဏ္ဍကနေ ပါဝင်နေကြသော မြန်မာအမျိုးသမီးများ၏ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံး (၇) ရုံးမှ ယမန်နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်မြို့ရှိ ဩစတြေးလျ၊ ကနေဒါ၊ အစ္စရေး၊ နယ်သာလန်၊ နယူးဇီလန် နှင့် အမေရိကန်ပြည်ထောင်စု သံရုံးအကြီးအကဲ၊ ဗြိတသျှနိုင်ငံလက်ထောက် သံရုံးအကြီးအကဲ တို့က ယမန်နေ့ မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ မိသားစုများကို ထောက်ပံ့စောင့်ရှောက်ပေးနေခြင်းသည် မြန်မာနိုင်ငံတွင် အားလုံးပါဝင်သည့် ဒီမိုကရေစီတစ်ရပ်ထူထောင်နိုင်ရေး ကြိုးပမ်းမှုကို ဆက်လက်ဦးဆောင်နေခြင်းဖြစ်ပြီး၊ အမျိုးသမီးများအနေဖြင့် ငြိမ်းချမ်းပြီး၊ ဒီမိုကရေစီအနာဂတ် ရရှိစေရန် ကြိုးပမ်းခြင်း၏ အရေးပါမှုကို ပြသနေခြင်းဖြစ်ကြောင်း ပူးတွဲကြေညာချက်တွင် ဖေါ်ပြထားသည်။
အမျိုးသမီးများ၊ မိန်းကလေးငယ်များသည် အကြမ်းဖက်မှုဒဏ်ကြောင့် ပို၍ ထိခိုက်လွယ်ကြကြောင်း၊ ပဋိပက္ခများနှင့် ဆက်နွယ်သည့် လိင်အခြေပြု အကြမ်းဖက်မှုပုံစံ အားလုံးကို နေရာတိုင်း တားဆီးရန်မှာ လူတိုင်း၏ တာဝန်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံး (၇) ရုံးမှ ပူးတွဲကြေညာချက်ထုတ်ပြန်တွင် ဖေါ်ပြထားသည်။
အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရန် ချမှတ်ထားသည့် သန္နိဌာန်ကို ထပ်လောင်းအတည်ပြုကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးအကြီးအကဲများက ကတိပေးထားကြသည်။
တချိန်တည်းမှာပင် အကြမ်းဖက်မှုများမှ ရှင်သန်ကျန်ရစ်သူများကို အကူအညီထောက်အပံ့ရရှိနေရန် လုပ်ဆောင်ကြရမှာဖြစ်ကြောင်း နှင့် နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင်လည်း အမျိုးသမီးများ ပါဝင်မှုကသာ ရေရှည်တည်တံ့ခိုင်မြဲနိုင်သည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို တည်ဆောက်နိုင်မှာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
စစ်အာဏာသိမ်းပြီး သုံးနှစ်အတွင်း မြန်မာအမျိုးသမီး (၈၀၆) ဦးသေဆုံးခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၃၃၃၂) ဦးအထိရှိခဲ့ကြောင်း နှင့် လက်ရှိ အမျိုးသမီး (၇၈၁) ဦးမှာလည်း အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ချမှတ်ခံနေရဆဲ အခြေအနေမျိုးရှိသည်။
မြန်မာနိုင်ငံရှိ အမျိုးသမီး (၁၀) သန်းဝန်ကျင်သည် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ထုတ်ပြန်ထားကြောင်း သိရသည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ၏ ဆောင်ပုဒ်မှာ “လူမှုဘဝမြှင့်တင်ဖို့ ကဏ္ဍစုံမှာ တို့အမျိုးသမီးတွေ ပါဝင်စို့” ဖြစ်ကြောင်း သိရသည်။
![ရန်ကုန်မြို့ရှိ ဩစတြေးလျ၊ ကနေဒါ၊ အစ္စရေး၊ နယ်သာလန်၊ နယူးဇီလန် နှင့် အမေရိကန်ပြည်ထောင်စု သံရုံးအကြီးအကဲ၊ ဗြိတသျှနိုင်ငံလက်ထောက် သံရုံးအကြီးအကဲ တို့က ယမန်နေ့ မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2028-1-576x1024.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2036.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2035.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2034.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2038-1024x576.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2044-1024x768.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2043-1024x768.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2042-1024x768.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2037-1024x683.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2039-1024x769.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2040-1024x768.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2041-1024x768.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2046-1024x768.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2027-1024x604.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2025-1024x768.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2026-1024x768.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2022-1024x768.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2018.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2017.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2023-1024x768.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2029-1024x768.jpeg)
![ရန်ကုန်မြို့ရှိ ဩစတြေးလျ၊ ကနေဒါ၊ အစ္စရေး၊ နယ်သာလန်၊ နယူးဇီလန် နှင့် အမေရိကန်ပြည်ထောင်စု သံရုံးအကြီးအကဲ၊ ဗြိတသျှနိုင်ငံလက်ထောက် သံရုံးအကြီးအကဲ တို့က ယမန်နေ့ မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2021-1024x768.jpeg)
![ရန်ကုန်မြို့ရှိ ဩစတြေးလျ၊ ကနေဒါ၊ အစ္စရေး၊ နယ်သာလန်၊ နယူးဇီလန် နှင့် အမေရိကန်ပြည်ထောင်စု သံရုံးအကြီးအကဲ၊ ဗြိတသျှနိုင်ငံလက်ထောက် သံရုံးအကြီးအကဲ တို့က ယမန်နေ့ မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/03/IMG_2028-576x1024.jpeg)