မွန်အမျိုးသားတစ်ရပ်လုံး၏ အမြင့်ဆုံးဂုဏ်ထူးဆောင် “ဝီရဟံသာ” ဆုတံဆိပ်တော်ကို မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာအား ယမန်နေ့က ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/02/IMG_1237-747x1024.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/02/IMG_1236-1024x472.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/02/IMG_1235-1024x472.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/02/IMG_1234-1024x578.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/02/IMG_1233-1024x578.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/02/IMG_1232-1024x472.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/02/IMG_1231-1024x578.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/02/IMG_1230-1024x472.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/02/IMG_1229-1024x578.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/02/IMG_1228-1-1024x578.jpeg)
နိုင်ငံတကာဆက်ဆံရေးမွန်အသင်းအဖွဲ့ကြီးမှ ဦးဆောင်ကမကထပြုလုပ်၍ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ် ရေးချောင်းဖျားဒေသ၌ ယမန်နေ့ (ဖေဖော်ဝါရီ ၁၅) က မွန်သံဃာတော်များ၊ မျိုးချစ်ပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် မွန်ပြည်သူများက အခမ်းအနားသို့ တက်ရောက်ကြသည်။
ရဲစွမ်းသတ္တိရှိခြင်း၊ ဇွဲလုံ့လဝီရိယပြည်ဝခြင်းနှင့် အလေးအမြတ်ပြုအပ်သောဟသႅာ အဓိပ္ပါယ်ရှိသည့် “ဝီရဟံသာ” ဆုတံဆိပ်တော်အား ၂၀၂၁ ခုနှစ်က ယခင်မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း နိုင်ထောမွန်ကို ပထမဦးဆုံး ချီးမြှင့်ခဲ့ပြီးနောက် နိုင်ဟံသာ ဒုတိယမြောက် ချီးမြှင့်ဂုဏ်ပြုခံရခြင်းဖြစ်သည်။
နိုင်ဟံသာသည် အသက် ၂၀ နှစ်အရွယ်မှစတင်၍ ၁၉၆၈ ခုနှစ်တွင် မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်လာပြီး ၁၉၇၁ ခုနှစ်တွင် အရန်ဗဟိုကော်မတီဝင်၊ ၁၉၇၂ ခုနှစ်တွင် ဗဟိုကော်မတီဝင်၊ မြို့နယ်ဥက္ကဌ/အတွင်းရေးမှူး။ ၁၉၇၈ ခုနှစ်တွင် ခရိုင်အတွင်းရေးမှူး၊ ၁၉၈၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF အထွေထွေအတွင်းရေးမှူး(၅) နှစ်ခန့်၊ ၁၉၈၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ (နိုင်နွန်လာအဖွဲ့) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ၁၉၈၆ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ (နိုင်နွန်လာအဖွဲ့) တွဲဖက်အတွင်းရေးမှူး၊ ၁၉၈၈ နှစ်ကုန်ခါနီး မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် DAB ဖွဲ့စည်းသောအခါ တွဲဖက်အတွင်းရေးမှူး၊ မွန်ပြည်သစ်ပါတီပြန်လည်ပေါင်းစည်း၍ ၁၉၈၉ နှစ်ကုန်ပိုင်းတွင် ကျင်းပသော မွန်ပြည်သစ်ပါတီ ပထမအကြိမ်ဗဟိုညီလာခံ၌ တွဲဖက်အတွင်းရေးမှူး၊ ၁၉၉၃ ခုနှစ်တွင် DAB အထွေထွေအတွင်းရေးမှူးဖြစ်လာပြီး ၁၉၉၅ ခုနှစ် ဇွန် ၂၉ တွင် နဝတနှင့် မွန်ပြည်သစ်ပါတီအပစ်အခတ်ရပ်စဲမှုသဘောတူညီလိုက်သဖြင့် DAB မှ မွန်ပြည်သစ်ပါတီထွက်ခွာ၊ ၁၉၉၇ ခုနှစ် မယ်သရောထာစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့်အတွက် မွန်ပြည်သစ်ပါတီတွဲဖက်အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်အဖြစ်မှ ဗဟိုကော်မတီဝင်အဖြစ်သို့ တစ်နှစ်တိတိ တာဝန်ထဆင့်လျှော့ချဆိုင်းငံ့ခံရ၊ ၂၀၀၀ ခုနှစ် စတုတ္ထအကြိမ် မွန်ပြည်သစ်ပါတီဗဟိုညီလာခံမှ ပါတီတွဲဖက်အတွင်းရေးမှူးပြန်လည်ရွေးချယ်၊ ၂၀၀၃ ခုနှစ်တွင် ဥက္ကဌ နိုင်ရွှေကျင်ကွယ်လွန်ပြီး မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး၊ ၂၀၁၁ ခုနှစ်တွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အထွေထွေအတွင်းရေးမှူး၊ နောက်ပိုင်းတွင် ဒုဥက္ကဌဖြစ်လာပြီး ၂၀၁၇ ခုနှစ်တွင် ဥက္ကဌဖြစ်လာ၊ ၂၀၁၉ ခုနှစ်တွင်ကျင်းပသည့် မွန်ပြည်သစ်ပါတီ ၁၀ ကြိမ်မြောက်ညီလာခံ၌ မွန်ပြည်သစ်ပါတီဥက္ကဌဖြစ်လာကာ အသက် ၇၆ နှစ်ကျော်အရွယ်တွင် ကျန်းမာစွာဖြင့် ယနေ့တိုင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
Kaowao interviewed Nai Hong Sar about the forthcoming ethnic conference to be held the second week of September. 2013.