သတင်းစဥ်-ဇန်(၁၂)
လက်ရှိကျင်းပလျက်ရှိသော (၁၁) ကြိမ်မြောက် မွန်ပြည်သစ်ပါတီဗဟိုညီလာခံမှ ယမန်နေ့က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၁၁) ဦး ရွေးချယ်ခဲ့ရာတွင် စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ဗညားချမ်းနွန်(ဘခိုင်)နှင့် မိစားတား CEC အဖွဲ့ဝင်သစ်နှစ်ဦး ထပ်မံပါဝင်လာပြီး ခေါင်းဆောင်ပိုင်းများအနေဖြင့် ထူးခြားသည့် အပြောင်းအလဲမရှိကြောင်း သိရသည်။
ဥက္ကဌ နိုင်ဟံသာ၊ ဒုဥက္ကဌ နိုင်အောင်မင်း၊ အထွေထွေအတွင်းရေးမှူး နိုင်ကျော်ယဲ့(ဗိုလ်ချုပ်ဇေယျ)နှင့် တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှအပါအဝင် ယခင်ဗဟိုအလုပ်အမှုဆောင်ဝင် (၉) ဦးတို့သည်လည်း အပြောင်းအလဲမရှိသလို CEC အဖွဲ့ဝင်သစ်(၂) ဦးပါ ထပ်မံရွေးချယ်ခံရခြင်းဖြစ်ကြောင်း မွန်ပြည်သစ်သတင်းစဥ်က ရေးသားသည်။
လက်ရှိတွင် ဗဟိုကော်မတီဝင် (၃၅) ဦး၊ အရန်ဗဟိုကော်မတီ (၆) ဦး စုစုပေါင်း (၄၁) ဦးအထိရှိလာပြီး အရန်/ဗဟိုကော်မတီသစ် (၁၁) ဦး ပါဝင်လာကြောင်း၊ ဗဟိုစစ်ကော်မတီအဖွဲ့ (၇) ဦးတွင် အတွင်းရေးမှူး ဗိုလ်ချုပ်ဗညားချမ်းနွန်နှင့် တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဟံသာ(ဟဍအ်) ရွေးချယ်ခံရကြောင်း သတင်းရရှိသည်။
ဗိုလ်ချုပ်ဗညားချမ်းနွန်(ဘခိုင်) သည် ပျဥ်းမနားရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသားဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ၁၉၈၈ အရေးတော်ပုံကြီးတွင် မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်လာကြောင်း နီးစပ်သူများထံမှ သိရသည်။
![မွန်ပြည်သစ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဗညားချမ်းနွန်နှင့် အမျိုးသမီး CEC တစ်ဦးထပ်မံရွေးချယ်ခံရပြီး ခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိ](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/01/IMG_0507-1-1024x683.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/01/IMG_0506-1-1024x683.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/01/IMG_0505-1-1024x683.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/01/IMG_0504-1-1024x683.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/01/IMG_0503-1-1024x769.jpeg)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2024/01/IMG_0508-1-1024x683.jpeg)