ဘန်ကောက်၊ ဇူလိုင် (၂၅)
၈ ပါတီ ညွန့်ပေါင်းအဖွဲ့ထဲမှာ Move Forward ပါတီ ဆက်ရှိနေမယ်ဆိုရင် ဝန်ကြီးချုပ်ရွေးချယ်ပွဲအတွက် ညွန့်ပေါင်းအဖွဲ့ကို လွှတ်တော်အနေနဲ့ ထောက်ခံမဲပေးမှာမဟုတ်ဘူးလို့ ပြောဆိုသံတွေထွက်ပေါ်နေတဲ့အပေါ် ဒီကနေ့ ဇူလိုင် ၂၅ မှာ Pheu Thai ပါတီ ဘယ်လမ်းရွေးချယ်သွားမလဲဆိုတာ ဆုံးဖြတ်ရပါတော့မယ်။
အစိုးရသစ်ဖွဲ့စည်းရေးမှာ Move Forward ပါတီကို ဆက်လက်ထည့်သွင်းထား မလားဆိုတာနဲ့ပတ်သက်ပြီး ဆုံးဖြတ်ဖို့အတွက် ၈ ပါတီ ညွန့် ပေါင်းအဖွဲ့ တွေ့ဆုံဆွေးနွေးသွားမှာပါ။
Pheu Thai Party ပါတီဟာ သဘက်ခါ ဇူလိုင်လ ၂၇ ရက်နေ့ ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ သူ့ကိုထောက်ခံမဲပေးကြဖို့ တခြားပါတီတွေကို လွန်ခဲ့တဲ့သုံးရက်အတွင်းက မေတ္တာရပ်ခံ တောင်းဆိုခဲ့တာ ရှိပါတယ်။
ညွန့်ပေါင်း ၈ ဖွဲ့ထဲမှာ Move Forward ပါတီ ဆက်လက်ပါဝင်နေပြီး ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးပမ်းနေဦးမယ်ဆိုရင် တခြားပါတီအများစုအနေနဲ့ ထောက်ခံမဲပေးမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
Pheu Thai ပါတီဟာ အစိုးရသစ်ဖွဲ့စည်းဖို့ ကြိုးပမ်းရာမှာ အဲဒီအစိုးရသစ်ထဲမှာ ဘယ်ပါတီတွေကို ထည့်သွင်းမလဲဆိုတာ ပထမဦးဆုံးအနေနဲ့ ရှင်းလင်းပြတ်သားစွာ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ အထက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဆမ်ချိုင်းဆာဝန်ကန်က ပြောဆိုထားပါတယ်။
Source; Bangkok Post
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2023/07/4442691_790.jpg)