၂၀၂၃ ခုနှစ် ဇူလိုင် (၇)
မိမိတို့ထုတ်လုပ်ထားသော ကုန်ပစ္စည်းအပြင် ဥာဏဖြင့်တီတွင်ဖန်တီးမှုတို့အတွက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်များကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ပြည်တွင်း/ပြည်ပရှိ ရင်းနှီးမြှုပ်နှံသူများအတွက် ကုန်အမှတ်တံဆိပ်များ၊ ထုတ်ကုန်အမှတ်တံဆိပ်များ၊ နည်းပညာနှင့် ဒီဇိုင်းဆိုင်ရာ အမှတ်တံဆိပ်များ၊ စာပေအနုပညာဆိုင်ရာ အမှတ်တံဆိပ်များကို အကာအကွယ်ပေးနိုင်ရန်အတွက် မူပိုင်ခွင့်ဥပဒေများကို ပြဋ္ဌာန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
အထက်ပါ မူပိုင်ခွင့်ဥပဒေ (၄)ခုအနက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ပြီးနောက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် တရားဝင်စတင်လိုက်သည့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှ စတင်ကာ အမှတ်တံဆိပ် မူပိုင်ခွင့် လာရောက်လျှောက်ထားသူ (၅၀,၀၀၀)ကျော်ရှိကြောင်း မူပိုင်ခွင့်ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကုန်ပစ္စည်းအမှတ်တံဆိပ် မူပိုမူပိုင်ခွင့်ရရှိနိုင်ရန် မူပိုင်ခွင့်ဦးစီးဌာန Department of Intellectual Property Link; https://www.ipd.gov.mm/ သို့ Online မှလည်း လျှောက်ထားနိုင်သလို မူပိုင်ခွင့်ကိုယ်စားလှယ်များဖြစ်သည့် အေးဂျင့်များမှတဆင့် လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2023/07/t4.jpg)