ကောင်းဝါ- ဇူလိုင် ၆၊၂၀၂၃။
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော တရားမဝင်အလုပ်သမားများအနေဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အလုပ်ရှင်များနှင့်အတူ အလုပ်လုပ်ကိုင်ရန် နိုင်ငံခြားသားများ ခေါ်ဆောင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း MOU စနစ်နှင့် အခြားဆက်စပ်ဥပဒေများအတိုင်း တရား၀င်မှတ်ပုံတင်ခြင်းနှင့် အလုပ်ပါမစ်လျှောက်ကြရန် စမွတ်စခွန်ပြည်နယ် အလုပ်အကိုင် ရှာဖွေရေးရုံး ညွန့်ကြားရေးမှူး Mr. Wanchai Sakhon Maneerat က တိုက်တွန်းလိုက်သည်။
ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို နှင့် မြန်မာတို့မှ နိုင်ငံခြားသားများအတွက် လုပ်ငန်းစီမံခန့်ခွဲမှု လမ်းညွှန်ချက်များအား မေလ ၃၀ ရက်နေ့က အစိုးရအဖွဲ့ဆုံးဖြတ်အတည်ပြုခဲ့ပြီး လာမည့် ၃၁ ဇူလိုင်လ နောက်ဆုံးထား၍ မှတ်ပုံတင်ခြင်းနှင့် အလုပ်ပါမစ်လျှောက်ထားရန် လုပ်ငန်းရှင်များကို စမွတ်စခွန်ပြည်နယ်အလုပ်အကိုင်ရှာဖွေရေးရုံးက အသိပေးအကြောင်းကြားထားပြီဟု ဆိုသည်။
အလုပ်သမားများသည် စက်မှုကဏ္ဍ၊ ကုန်ထုတ်ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် အခြားစီးပွားရေးကဏ္ဍများကို မောင်းနှင်ရာတွင် အရေးကြီးသော အချက်တစ်ချက်ဖြစ်ပြီး စမွတ်စခွန်ပြည်နယ်ရှိ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာရွှေ့ပြောင်းလုပ်သား တရား၀င် နိုင်ငံခြားသားအလုပ်သမား ၂၆၁,၉၈၈ ဦးတို့သည် စက်ရုံပေါင်း ၁၁,၇၀၇ ကျော်တွင် လည်ပတ်လုပ်ကိုင်နေသည်ဟု သိရသည်။
Source; www.banmuang.co.th