ကောင်းဝါ- ဇွန်၃၀၊ ၂၀၂၃။
တောင်ကိုရီးယားနိုင်ငံသို့ ယခုဇွန်လအတွင်း မြန်မာလုပ်သား (၉၀၀) ကျော် ပို့ဆောင်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။
မြန်မာလုပ်သားများအနေဖြင့် တောင်ကိုးရီးသို့ ယခုလအတွင်း ပထမအကြိမ် (၁၅၀) ဦး ၊ ဒုတိယအကြိမ် (၁၄၆) ဦး၊ တတိယအကြိမ် (၁၄၅) ဦးကိုလည်းကောင်း၊ စတုတ္ထအကြိမ် (၁၄၇) ဦးနှင့် နောက်ဆုံးပဥ္စမအကြိမ် (၃၁၃) ဦး စုစုပေါင်း (၉၁၉) ဦး ပို့ဆောင်ရောက်ရှိသွားပြီ ဖြစ်သည်။
ယမန်နေ့ ဇွန်လ ၂၉ ရက်တွင် ပြည်ပအလုပ်အကိုင်အေဂျင်စီမှတဆင့် EPS စနစ်ဖြင့် Regular ကုန်ထုတ်လုပ်သား (၂၄၉) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၈၀) ဦး၊ Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား (၂)ဦး စုစုပေါင်း (၃၃၁) ဦး ယခုတစ်လအတွင်း ပဥ္စမအသုတ်အနေဖြင့် ပို့ဆောင် ခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ၌ လုပ်သားလိုအပ်ချက်များနေခြင်းကြောင့် ကိုဗစ်ကာလအလွန် ယမန်နှစ် ၂၀၂၂ ခု သြဂုတ်လမှစ၍ မြန်မာလုပ်သားများကို မြန်မာနိုင်ငံမှ ပြန်လည်ပို့ဆောင်ခဲ့သည်။
၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်မှ ၂ဝ၂၃ ခုနှစ် ဧပြီလ (၂၈)ရက်အထိ (၆)လတာကာလအတွင်း ကိုရီးယားရောက် မြန်မာနိုင်ငံသားများအနေဖြင့် အမေရိကန်ဒေါ်လာ (၂ဝ၂ ဒသမ ၂၉) သန်းခန့် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးပို့နိုင်ခဲ့ကြောင်း သိရသည်။