• About
  • Advertise
  • Privacy & Policy
  • Contact
Kao Wao
  • မူလ
  • သတင်း
    • All
    • စီးပွားရေး
    • နိုင်ငံတကာ
    • နိုင်ငံရေး
    • သတင်းတို
    ရော်ဘာရာသီအစတွင် လုပ်သားရှားပါးမှုနှင့် ကြုံနေရ

    ရော်ဘာရာသီအစတွင် လုပ်သားရှားပါးမှုနှင့် ကြုံနေရ

    ရေးမြို့နယ်အတွင်း အမျိုးသမီးများအား ပစ်မှတ်ထားကာ လုယက်မှုများကျူးလွန်နေ

    ရေးမြို့နယ်အတွင်း အမျိုးသမီးများအား ပစ်မှတ်ထားကာ လုယက်မှုများကျူးလွန်နေ

    စံခလပူရီမြို့ ဝင်းကရွာနေအမျိုးသမီးတစ်ဦးထံသို့ ပေးပို့သောပါဆယ်ထုပ်ပုံးထဲ၌ ခွင့်ပြုချက်မဲ့ခဲယမ်းပစ္စည်းများ ဖမ်းဆီးရမိ

    သထုံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်း‌ကျောင်းဝင်းအတွင်း၌ ရှေးဟောင်းအုတ်ခွက်ဘုရားများ ထပ်မံတွေ့ရှိ

    သထုံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်း‌ကျောင်းဝင်းအတွင်း၌ ရှေးဟောင်းအုတ်ခွက်ဘုရားများ ထပ်မံတွေ့ရှိ

    ပေါင်မြို့တွင် တရားမဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်‌ နေသည်ဆိုသည့် အမျိုးသမီးတစ်ဦး ထပ်မံ ဖမ်းဆီးခံရ

    ပေါင်မြို့တွင် တရားမဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်‌ နေသည်ဆိုသည့် အမျိုးသမီးတစ်ဦး ထပ်မံ ဖမ်းဆီးခံရ

    နယ်ထိန်းရဲအသတ်ခံရမှုနှင့်ပတ်သက်၍ ပေါင်မြို့နယ်ဒေသခံ (၁၅) ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံနေရ

    Trending Tags

    • Trump Inauguration
    • United Stated
    • White House
    • Market Stories
    • Election Results
  • ဆောင်းပါး
    ကျနော်သိခဲ့သော မင်းဆာန်မန်

    ကျနော်သိခဲ့သော မင်းဆာန်မန်

  • Lifestyle
    • All
    • Health
    ကမ္ဘာမှာ ကိုဗစ်ကပ်ရောဂါ ပြီးဆုံးသွားခြင်းမရှိသေးဘဲ ဗိုင်းရပ်စ်မျိုးကွဲတွေကို သတိထားစောင့်ကြည့်နေရဆဲလို့ WHO အသိပေး

    ကမ္ဘာမှာ ကိုဗစ်ကပ်ရောဂါ ပြီးဆုံးသွားခြင်းမရှိသေးဘဲ ဗိုင်းရပ်စ်မျိုးကွဲတွေကို သတိထားစောင့်ကြည့်နေရဆဲလို့ WHO အသိပေး

    Trending Tags

    • Golden Globes
    • Game of Thrones
    • MotoGP 2017
    • eSports
    • Fashion Week
  • အင်တာဗျူး
  • အတွေးအမြင်
  • အယ်ဒီတာ့အာဘော်
    ကျွန်းအာဆီယံ ကုန်းအာဆီယံနှင့် ငါ့စကားနွားရ

    ကျွန်းအာဆီယံ ကုန်းအာဆီယံနှင့် ငါ့စကားနွားရ

    လက်နက်ကိုင်ပဋိပက္ခနယ်မြေများတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှု မြင့်တက်လာခြင်း

    လက်နက်ကိုင်ပဋိပက္ခနယ်မြေများတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှု မြင့်တက်လာခြင်း

    အရပ်သားနေရာပစ်မှတ်များရှောင်ရှား၍ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို လိုက်နာကြစေလို

    အရပ်သားနေရာပစ်မှတ်များရှောင်ရှား၍ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို လိုက်နာကြစေလို

    တော်လှန်ရေးတွင် အားကိုးမရသောမဟာမိတ်

    တော်လှန်ရေးတွင် အားကိုးမရသောမဟာမိတ်

    သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအဟန့်အတားများ

    သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအဟန့်အတားများ

    မီဒီယာ၏ အခန်းကဏ္ဍ

    မီဒီယာ၏ အခန်းကဏ္ဍ

  • မွန်ဘာသာ
No Result
View All Result

Home ဆောင်းပါး

ကျနော်သိခဲ့သော မင်းဆာန်မန်

KaoWao by KaoWao
June 12, 2023
in ဆောင်းပါး, သတင်း
0
ကျနော်သိခဲ့သော မင်းဆာန်မန်
0
SHARES
160
VIEWS
Share on FacebookShare on Twitter

ကောင်းနွန် (ဝတ္ထုတို)

           ကျနော်တို့ငယ်ငယ်တုန်းက ရွာဘုန်းကြီးကျောင်းမှာ နွေရာသီမွန်စာသွားသင်တုန်းကဆို ဆရာတွေ မကြာ မကြာ ပြောလေ့ရှိတဲ့ စကားတခုရှိပါတယ် ။ အဲဒါက “ငါတို့ငယ်ငယ်က မွန်စာကိုခိုးသင်ခဲ့ရတယ်” ဆိုတဲ့စကားပါ။

           ကျနော်တို့လက်ထက်ရောက်တော့ မွန်စာကိုလည်း လွတ်လွတ်လပ်လပ်သင်ခွင့်ရနေပြီဖြစ်သလို မွန်ရေး ရာ အခမ်းအနားပွဲသဘင်ဆွေကလည်း စည်စည်ကားကား ကျင်ပခွင့်ရနေပြီမို့ ကျနော်တို့အတွက်ကတော့ အရင် ကလူတွေထက်ကံကောင်းတဲ့သူ၊ အခွင့်ရေးပိုရှိတဲ့ သူ(မွန်)တွေပဲလို့ပြောရမှာပါ..။

            ကျနော်တို့ရှေ့ကမွန်တွေ မရခဲ့တဲ့ လူမျိုးရေးဆိုင်ရာအခွင့်အရေးတွေ ကျနော်တို့ ရလာတယ်ဆိုတာ ဒီအ တိုင်းကြီး ရလာတာတော့မဟုတ်ပါဘူး ။ ရှေ့က မွန်လူကြီး ၊ လူလတ်၊လူ ငယ်တွေဟာ ပုံစံအမျိုးမျိုး နည်းလမ်း အမျိုးမျိုးနဲ့ ကိုယ်တတ်ကျွမ်းနားလည်တဲ့  ထောင့်ပေါင်းစုံကနေ ကြိုးစားခဲ့ကြလို့သာ ကျနော်တို့လက်ထက်မှာ မွန်ရေးရာတွေကို ခုလိုလွတ်လွတ်လပ်လပ် ဆောင်ရွက်နေနိုင်တာပါ..။

          ကျနော်တို့လက်ထက်ရောက်လာတော့ အရာရာဟာ ကောင်းမွန်လာပြီလားဆိုတော့လည်း မဟုတ်ပါဘူး ။ အရင်ကထက်ကောင်းလာတာပဲ ရှိပါသေးတယ် ။ ကျနော်တို့လိုချင်တဲ့ အနေအထားတခုရောက်ဖို့ဆိုတာ အဝေး ကြီး၊ အဝေးကြီးပဲ လိုနေသေးတာပါ..။

           ကျ​နော်တို့အရွယ်ရောက်လာတော့ လူမျိုးအကြောင်း၊ လူမျိုးရဲ့တန်ဖိုးကို သိပြီးတဲ့နောက်ပိုင်းမှာ ​ရှေ့ကလူ တွေလိုပဲ လူမျိုးအကျိုးကို နိုင်တဲ့ဘက်က  လုပ်ဆောင်ချင်လာတယ် ။  ကျနော်တို့ လုပ်နိုင်တာ၊ ကိုယ်တိုင်လုပ် ချင်တာတွေကို ရှာဖွေကြည့်တဲ့အခါမှာ တသက်သာကိုယ်တိုင်ကြုံခဲ့ရတဲ့ ပြသနာတွေကနေပဲ လုပ်ပေးသင့်တဲ့ကိစ္စ တခုကို သွားတွေ့ပါတယ် ။

            ဘာလဲဆိုတော့ မွန်ရပ်ဝန်း ပြသနာပါ ။ ကျနော်တို့မွန်ရပ်ဝန်းမှာ မွန်ပုံစံနှစ်ခု ရှိပါတယ် ။ မွန်စစ်စစ်တွေနဲ့  မွန်အသိုက်အဝန်းရဲ့ အပြင်ဘက်မှာ ရောက်နေတဲ့ မွန်တွေဆိုပြီး မွန်ရပ်ဝန်းနှစ်ခုရှိပါတယ် ။ မွန်အသိုက်အဝန်းထဲ ကြီးပြင်လာတဲ့မွန်တွေက မွန်စကား မွန်စာမှာ အလိုအလျှောက်အားကောင်းပြီးသားတွေ ဖြစ်သလို မွန်အသိုက်အဝန်းအပြင်ဘက်‌ရောက်နေတဲ့ မွန်တွေကလည်း အလိုအလျောက်အားနည်းပြီးသား ဖြစ်နေပါတယ်။

         အဲဒီအနေအထားမှာ မွန်စကား မွန်စာ အားကောင်းပြီးသားဖြစ်တဲ့ မွန်အသိုက်အဝန်းထဲက မွန်တွေဟာ မွန်စကားမွန်စာသိပ်ပြောဆိုမတတ်တဲ့ မွန်အသိုက်အဝန်းအပြင်ဘက်က မွန်တွေကို အရေးတယူ သိပ်မလုပ်ချင် ကြတာက ပြသနာတခုလို ဖြစ်နေတယ် ။

         မွန်အသိုက်အဝန်းနှစ်ခုလုံးမှာ နေခဲ့ဖူးတဲ့ကျနော်ကိုယ်တိုင်လည်း ကြုံဖူးခဲ့တဲ့ ဝမ်းနည်းနာကျဥ်စရာတွေ ရှိခဲ့ဖူးတော့ ဒီမွန်အသိုက်အဝန်းနှစ်ခုကို တတ်နိုင်ဘက်က ရှိတဲ့အားနဲ့ ပေါင်းကူးပေးနိုင်ရင် ကောင်းမှာပဲလို့ တွေးမိပြီး လူမျိုးအတွက် ဒီလိုပေါင်းကူးတဲ့ လုပ်ရပ်လေး လုပ်ပေးချင်ခဲ့တာပါပဲ ။

          ကိုယ်နဲ့ စိတ်ကူးတူ သဘောထားချင်းတူတဲ့ သူတွေကို လိုက်ရှာဖြစ်ပါတယ် ။ အဲချိန်က ကျနော်မလေးရှာမှာ အလုပ်လုပ်နေတဲ့ အချိန်ပါ။ အလုပ်ထဲမှာ မွန်ဆိုလို့ ကျနော်တစ်ယောက်ပဲရှိပါတယ် ။ ကောင်းတာတခုက အဲအချိန်မှာ facebook Social Media ကလည်းကျနော်တို့ လက်တကမ်းကို ရောက်လာတဲ့ အချိန်မို့ ကျနော် နဲ့ စိတ်ဆန္ဒချင်းတူတဲ့ သူတွေကို fb ပေါ်မှာ လိုက်ရှာဖြစ်ပါတယ် ။ တကယ်ရှာကြည့်တော့လည်း ဆန္ဒချင်းထပ်တူတွေ အများကြီးပဲတွေ့ မိတာပါပဲ ။ မွန်စစ်စစ်တွေထဲကရော မွန်တဝက်တွေထဲကရော မွန်ရပ်ဝန်းရဲ့ အဝေးမှာရောက်နေသူတွေမှာပါ အခုလိုကွဲနေသလိုဖြစ်နေတဲ့ မွန်အသိုက်အဝန်းနှစ်ခုကို ပေါင်းကူးပေးချင်တဲ့ ဆန္ဒပြင်းပျနေသူတွေ တော်တော်များများနဲ့ ကျနော်ဆုံခဲ့ ရပါတယ် ။

          အဲထဲကမှ တကယ်ကိုတက်ကြွပြီး ထူးခြားတဲ့ လူနှစ်ယောက်ကိုကျနော် ပိုပြီးမြင်မြင်သာသာ တွေ့မိခဲ့ပါ တယ် ။ တစ်ယောက်က မွန်သွေး တစ်စိတ်ပါတဲ့ မသီတာလွင် နဲ့ တခြားတစ်ယောက်က မင်းဆာန်မန် ပါပဲ  ( ကျနော်စာလုံးပေါင်း မှားတာမဟုတ်ပါဘူး ၊ အရင်က သူ့နာမည်ရဲ့ ရေးထားပုံကိုက အဲဒီအတိုင်းပါပဲ ) ။ မင်းဆာန်မန်နဲ့ မသီတာလွင်တို့ နှစ် ယောက်လုံးဟာ သိပ်မကြာခင်အချိန်မှာပဲ MEG Online ဆိုတဲ့ မွန်ပညာရေး ထောင့်ပံ့ရေး Online အသင်းကြီး တစ်ခုတည်းမှာ မွန်ပညာရေးအတွက်နဲ့ ကွဲကွာနေတဲ့ မွန်အသိုက်အဝန်းနှစ်ခု အတွက်ကို နီးစပ်လာအောင်ကြိုး နှစ်ရှည်လ များ အတူတူ ကြိုးစားခဲ့ကြတဲ့ သူတွေဖြစ်လာခဲ့ပါတယ် ။ ခုစာထဲမှာ  တော့ မင်းဆာန်မန်ရဲ့ အကြောင်းနဲ့ ကျနော်သူ့အပေါ်အမြင်လေးတွေကိုပဲ ရေးသားသွားပါ့မယ်..။

………………………………

           လွန်ခဲ့တဲ့ နှစ်တွေတုန်းကဆို ပရဟိတပညာမန်အသင်းက မင်းဆာန်မန်လို့ပြောလိုက်ရင် မွန်ပြည်၊မွန်ရပ် ဝန်းက မွန်လူငယ်တွေ တော်တော်များများ သိကြမယ်လို့ ကျနော်ထင်ပါတယ် ။ မင်းဆာန်မန် (ခေါ် ) နာဲဆာန် မန်ဟာ သူဦးဆောင်တဲ့ ပရဟိတပညာမန်အသင်းနဲ့အတူ မွန်အမျိုးသားကျောင်းတွေအတွက် ကူညီထောက်ပံ့ မှုတွေတတ်နိုင်သလောက် ဆောင်ရွက်တဲ့အပြင် မော်လမြိုင်မြို့ပေါ်နဲ့ နွေရာသီ မွန်စာပေ သင်ကြားမှု မရှိတဲ့ မွန်ရွာတွေမှာ နွေရာသီမွန်စာ သင်ကြားဖြစ်အောင် ကြိုးစားဆောင်ရွက်ခဲ့သူပါ ။ ပျော်ပျော်နေတတ်တဲ့ သူဟာ ပုံစံအနေအထားအမျိုးမျိူးရှိနေတဲ့ မွန်လူကြီး မွန်လူငယ်တွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာလည်း ကောင်းမွန်ပြေ ပြစ်တဲ့သူဖြစ်တဲ့အတွက် သူနဲ့ သိဖူး ခင်မင်ရင်းနှီးဖူးသူတိုင်းက ဆွေမျိုးရင်းချာလို ခင်မင်ရင်းနှီးသွားကြတာကို ခံရတဲ့သူတစ်ယောက်ပါ ။

            ကျနော်သူ့ကို သဘောအကျဆုံးအချက်က အရှေ့မှာပြောခဲ့သလို သူ့မှာ ပြင်းပြင်းပျပျတဲ့ရှိနေတဲ့ ဆန္ဒတ ခုက မွန်ရပ်ဝန်းအပြင်ဘက်ရောက်နေတဲ့ မွန်တွေ ၊ မွန်သွေးပါပေမယ့် ကိုယ့်ကိုယ်ကို မွန်မှန်းသတိမထားမိ ဖြစ် နေတဲ့ မွန်တွေ ၊ မွန်ရပ်ဝန်းထဲ ဝင်လာချင်ပေမယ့် မွန်စာ မွန်စကားအားနည်းမှုကြောင့် မွန်ရပ်ဝန်းထဲ ဝင်လာဖို့မဝံ့ မရဲ ဖြစ်နေသူတွေကို မွန်ရပ်ဝန်းထဲ ပြန်ရောက်လာအောင် ကြိုးစားခြင်းပါပဲ ။ အဲဒီလူတွေ မွန်ရပ်ဝန်းနဲ့ချိတ်ဆက် မိအောင်၊ အဲဒီလူတွေ မွန်ရပ်ဝန်းအတွက် ကူညီမှုတွေမှာ ပါဝင်ချင်စိတ်ဖြစ်လာအောင် မင်းဆာန်မန်ဟာ သေချာ အချိန်ပေးပြီး အရေးတယူ အပင်ပန်းခံရင်း သူလုပ်နိုင်တာအားလုံးကို လုပ်ပေးခဲ့တဲ့ သူလို့ ပြောရင်မမှား နိုင်ပါဘူး။

         ( အားလုံးလည်း သိနှင့်နေပြီးဖြစ်မှာပါ..၊ အဲလိုကြိုးပမ်းခဲ့တဲ့ မင်းဆာန်မန်ဟာ ခုချိန်မှာတော့ ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ပါြပီ ၊ ဆုံးပါးသွားခဲ့ပါပြီ ။ သူမဆုံးပါသွားခင် အချိန်အထိ ပရဟိတပညာမန် အသင်းကို ဦး ဆောင်ရင်း မွန်အကျိုးပြုလုပ်ရပ်တွေကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကြိုးပမ်းသွားခဲ့သူတစ်ယောက်ပါပဲ ။)

………………………

မင်းဆာန်မန်…

            သူ့ကိုယ်သူ မင်းဆာန်မန်ပါလို့ နာမည်ပေးထားတဲ့ သူရဲ့ ကျောင်းနာမည်ကတော့ ကျော်မင်းဦးပါ ။ ၁၉၈၄ နိုဝင်ဘာလ ၅ ရက်မှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ၊ကော့ဗိန်းကော့ပေါက်ရွာဘက်မှာ မွေးဖွားခဲ့သူပါ ။ မွေးချင်း ၈ ယောက်ရှိပြီး သူဟာအထွေးဆုံးသားလည်းဖြစ်ပါတယ်။ သူမွေးပြီးလို့ တစ်နှစ်လောက်မှာပဲ ရွာမှာမီး အကြီးအကျယ်လောင်တာကြောင့် မင်းဆာန်မန်ရဲ့မိဘတွေဟာ သားသမီးတွေခေါပြီး မော်လမြိုင်မြို့ပေါ်ကို ပြောင်းရွေ့နေထိုင်ခဲ့ရင်း မော်လမြိုင်မှာပဲအပြီး အခြေချနေထိုင်ဖြစ်ခဲ့ကြတာပါ..။

           သူတို့ပြောင်းရွေ့ခဲ့တဲ့ နေရာက မော်လမြိုင်မြို့ ဒိုင်းဝန်းကွင်း ၊အောက်ကျင်းရပ်ဖြစ်ပြီး အများကတော့ ကျိုက်ဖနဲ ဇက်ဆိပ်လို့ သိကြတဲ့ သံလွင်မြစ်ဆိပ်ကမ်းနား တနေရာပဲဖြစ်ပါတယ် ။ ပြောရရင်တော့ ဗမာတွေ နေထိုင်ကြတဲ့ နေရာကြားကို ပြောင်းရွေ့နေထိုင်လာခဲ့ကြတယ်ပဲ ဆိုရမှာပါ ။ မော်လမြိုင်မြို့မှာ မွန်တွေ အများ ကြီးရှိကြပေမယ့် မွန်တွေဟာ မွန်ဘုန်းကြီးကျောင်းရောက်မှပဲ အချင်းချင်းတွေ့ဖြစ်ကြတာ များပါတယ် ။

           ဗမာတွေကြားထဲမှာ နေထိုင်ကြီးပြင်းလာပေမယ့် မိဘတွေနဲ့ ညီအစ်ကိုမောက်နှမတွေဟာ အိမ်မှာ မွန်လို ပဲ ပြောဆိုနေကြတာကြောင့် မင်းဆာန်မန်ဟာ မွန်ဘာသာစကားနဲ့ အမြဲထိတွေနေသူပါ ။ ဒါပေမယ့်လည်း ပတ် ဝန်းကျင်နဲ့ ကျောင်းမှာက ဗမာစကားနဲ့ပဲ အမြဲထိတွေ့နေရာတာကြောင့် ကိုယ်တိုင်မွန်စကားပြောဆိုနိုင်မှု အပိုင်း မှာတော့ အားနည်းခဲ့ပါတယ် ။

           ကျောင်းသားဘဝမှာ ရွာတွေကနေတက်လာတဲ့ ဘဝတူ မွန်လူငယ်တွေနဲ့ တွေ့တဲ့ အခါ ကိုယ့်ကိုယ်ကို မွန် တစ်ယောက်အဖြစ် မိတ်ဆက်ရင်းပေါင်းဖော်ဖြစ်ခဲ့တာရှိသလို တခါတလေ မွန်စကားမွန်စာကိုကောင်းကောင်းရ တဲ့ မွန်လူငယ်အုပ်စုတွေနဲ့ တိုးတဲ့အခါ မျက်နှာငယ်ရတာလည်းရှိခဲ့တာကြောင့် နောက်ပိုင်းမှာ မွန်တွေကို ‌‌ရှောင်မိ လာတယ်လို့ သူ့ရဲ့ ငယ်ဘဝ အကြောင်းတွေပြောဖြစ်တဲ့အခါတွေမှာ အမြဲလို သူထည့်ပြောလေ့ရှိပါတယ် ။

            မင်းဆာန်မန်ဟာ တက္ကသိုလ်ဝင်းတန်း ( ဆယ်တန်း ) ကို နှစ်ကြိမ် ရှုံးနိမ့်ခဲ့ပြီး သုံးနှစ်မြောက်နှစ်မှာမှ အောင်လို့ ကွန်ပျူတာကောလိပ်ကိုတက်ခွင့်ရခဲ့ပါတယ် ။ ကွန်ပျူတာကောလိပ်မှာ နှစ်နှစ်တက်ခဲ့ပြီး အကြောင်းကြောင်း ကြောင့် ကျောင်းထွက်ကာ ရွေ့ပြောင်းအလုပ်သမားအဖြစ် ထိုင်းနိုင်ငံမှာသွားရောက်လုပ်ကိုင် ခဲ့ပါတယ် ။

          သူပြောပြခဲ့ဖူးတဲ့ သူ့ရဲ့ထိုင်းနိုင်ငံနေ အနေအထားအကြောင်းတွေထဲက ကျနော်နဲ့ အဖြစ်ချင်းတူတာလေး တစ်ခုရှိပါတယ် ။ ဘာလဲဆိုတော့ မွန်စကားမွန်စာကောင်းကောင်းမရပေမယ့် ကိုယ်ကိုယ်ကို မွန်လူမျိုးတစ် ယောက်အဖြစ်တော့ အမြဲဂုဏ်ယူနေထိုင်ပါတယ်တဲ့ ။ မွန်မဟုတ်တဲ့ လူတွေကြားမှာ သူတို့က မွန်မကောင်း ကြောင်းတခုခုပြောလာရင်  ကိုယ့်ကိုယ်ကိုမွန်ပါလို့ ဂုဏ်ယူစွာပြောပြီး ကာကွယ်ပြောဆိုဖြစ်ခဲ့သလို မွန်စကား မွန်စာကောင်းကောင်းရတဲ့ မွန်တွေနဲ့ ဆုံတဲ့ အခါတွေမှာဆိုရင်လည်း အထင်သေးတဲ့အကြည့်တွေ အထင်သေးတဲ့ စကားတွေနဲ့ ခွဲခြားဆက်တာ အမြဲလိုလိုခံခဲ့ရဖူးတဲ့ အကြောင်းတွေကို သူပြောဖူးပါတယ် ။ ဒါပေမယ့် သူဟာ သူ့ ကိုယ်သူ မွန်တစ်ယောက်အဖြစ်ကနေ ဘယ်တုန်းကမှ စွန့်ခွာမသွားတဲ့ သူပါ ။ သူဟာ မွန်မိ မွန်ဖကနေ မွေးဖွား လာသူ ဖြစ်သလို ကိုယ့်လူမျိုးကိုလည်း တန်းဖိုးထားသူတစ်ယောက်ဆိုရင် မမှားပါဘူး..။ ထိုင်းနိင်ငံမှာ အလုပ်လုပ်ကိုင်ရင်း မွန်လူမျိုးတစ်ယောက်အနေတဲ့ ပရဟိတအသင်းတွေမှာ ပါဝင်ခဲ့တာ တွေ၊ ဦးဆောင် လုပ်ခဲ့ တာတွေလည်း ရှိခဲ့ပါတယ် ။

          ကျနော်နဲ့သူ သိကျွမ်းရင်းနှီးခဲ့တာကလည်း  fb ပေါ်မှာ မွန်လူမျိုးတွေကို တိုက်ခိုက်ပုတ်ခတ်ပြောဆိုလာကြ တာတွေကို ကိုယ်သိထားတတ်ထားသလောက်နဲ့ပြန်လည်ချေပကြရင်း အချင်းချင်းရင်းနှီးမိသွားကြတာပဲ..။ သူနဲ့ ချည်းမဟုတ်ပါဘူး ..။ ကျနော်တို့နဲ့ ဘဝတူ ခံစားချက်ချင်းတူတဲ့ မွန်တဝက်တွေ သွားပြီးစုမိကြတယ်လို့ပြောရင် ပိုမှန်ပါမယ် ။ မွန်တဝက်တွေကို ဆွဲခေါ်ချင်တဲ့ မွန်စစ်စစ်တချို့တလေလည်းပါတယ်..။ နိုင်ငံအသီးသီးမှာ ရောက် နေတဲ့ ကျနော်တို့ မွန်တဝက်တွေဟာ အင်တာနက်ပေါ်မှာ ခင်မင်မိကြရင်း ဘာတွေအဓိကပြောဖြစ်ကြလည်း ဆို ရင် ကျနော်တို့ မွန်တဝက်တွေလည်း မွန်လူမျိုးအကျိုးအတွက် ထောင့်တနေရာကနေ ပါဝင်နိုင်ကြဖို့ ပြောဆို ဖြစ်ကြတယ် ။ ပြီးတော့ ကျနော်တို့နဲ့ ဘဝတူ မွန်တဝက်တွေကိုလည်း ကျနော်တို့နဲ့အတူတူ မွန်အသိုက်အဝန်းထဲ ကိုဆွဲခေါ်နိုင်ဖို့ ပြောဆိုဖြစ်ပါတယ်..။

           အဲချိန်မှာ မင်းဆာန်မန်ဆိုတဲ့ နာမည်နဲ့ အကောင့်ပိုင်ရှင်ဒီလူရဲ့ စိတ်အားထက်သန်မှုနဲ့ သူ့ရဲ့လိုက်လျောညီ အောင်ပြောဆိုတတ်မှုတွေကို လေးစာမိရာကနေ မွန်ဘဝတူ ဖြစ်တဲ့ ကျနော်တို့နှစ်ယောက် တစ်ယောက်အ ကြောင်း တစ်ယောက် ပြောပြဖြစ်ကြရင် အတော်လေးရင်းနှီးသွားခဲ့တာပါ ..။

            အဲလိုနဲ့ စုပေါင်းမိကြတဲ့ အွန်လိုင်းပေါ်က မွန်တဝက်တွေဟာ  မွန်လူမျိုးအကျိုးအတွက် တစ်ထောင့်တစ် နေရာကနေ ပါဝင်နိုင်အောင် အချင်းချင်းပြောဆိုတိုင်ပင်ဖြစ်ကြရင်း MEG Online  ဆိုတဲ့ မွန်ပညာရေးထောင့်ပံ့ ရေး အသင်းတခုဖြစ်လာတော့ ကျနော်ရောသူရော အဲဒီအသင်းမှာ ပါဝင်ခဲ့ပါတယ်..။

         မင်းဆာန်မန်ဟာ အသင်းထဲမှာ လူရောစိတ်ပါ အင်တိုက်အားတိုက်လုပ်ဆောင်သူတစ်ယောက်ပါ ။ အပြော အဆိုပြေပြစ်တာကြောင့် လူကြီးလူငယ် တော်တော်များများ အသင်းထဲ ပါဝင်လာအောင် စည်းရုံးနိုင်သူ တစ်ယောက်ဆိုလည်းမမှာပါဘူး..။

           MEG Online အသင်းဆိုတာ မြန်မာပြည်အနှံ့နဲ့ ပြည်ပနိုင်ငံရောက်မွန်တွေထဲက လူမျိုးအတွက် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကူညီချင်တဲ့သူတွေ စုပေါင်းဖွဲ့ စည်းထားတာကြောင့် အသင်းငွေကိုင် ဘဏ္ဍာရေးမှူး မသီတာလွင်က လွဲရင် အားလုံးကအဝေးမှာပဲ ရှိနေကြတာပါ ။

           အသင်းဖွဲ့ပြီးလို့ တစ်နှစ်လောက် ၂၀၁၄ လောက်မှာ မင်းဆာန်မန်ဟာ မြန်မာပြည်ပြန်သွားပြီး အသင်းအ လုပ် တွေကို မသီတာလွင်နဲ့ အတူတူ ဒိုင်ခံလှုပ်ရှားပါတယ် ။

           မြန်မာပြည်ပြန်ရောက်လို့ သိပ်မကြာခင်မှာပဲ ကိုရီးယားချေးငွေလုပ်ငန်းတစ်ခု( HaNa )မှာ  ဝင်ရောက်လုပ် ကိုင်ရင်း တဘက်လည်း အသင်းအလုပ်ဖြစ်တဲ့ မွန်ပညာရေးလုပ်ငန်တွေကို အားစိုက် လုပ်ဆောင်ခဲ့ပါတယ် ။ နီး စပ်ရာ မွန်အမျိုးသားကျောင်းတွေမှာ လိုအပ်တဲ့ကူညီမှုတွေ ပြေးလုပ်လိုက် ၊ နွေရာသီ မွန်စာသင်ချိန် ရောက်လာ တဲ့အခါ မွန်စာမသင်ဖြစ်တာကြာပြီဖြစ်တဲ့ ရွာတွေထိဆင်းပြီး မွန်စာပြန်သင်ဖြစ်အောင် ကြိုးပမ်းလိုက် ၊ အသင်း ရံပုံငွေရအောင် မွန်အခမ်းအနားတွေမှာ ရံပုံငွေရှာလိုက်နဲ့  အသင်းသားတွေရဲ့ အ‌ဝေးကနေ စီမံမှုမှန် သမျှကို မသီတာလွင်နဲ့အတူ အပင်ပန်းခံကြိုးစားခဲ့သူ တစ်ယောက်ပါပဲ ။

           တဘက်ကနေလည်း နယ်ပယ်အသီးသီးမှာ ပုံစံအသီးသီးရှိနေတဲ့ မွန်လူငယ်တွေကို အသင်းထဲပါဝင်ချင် လာအောင်၊ မွန်ပညာရေးအတွက် ပါဝင်ကူညီ စိတ်ရှိလာအောင်စည်းရုံးပါတယ် ။ တကယ်လည်း စည်းရုံးနိုင်စွမ်း ရှိသူပါ ။ အပြောအဆိုပြေပြစ်ပြီး အလွှာစုံကလူကြီးလူငယ်တွေအားလုံးနဲ့ ပေါင်းသင်းဆက်ဆံတတ်သူမို့  ‌ရင်းနှီး ဆက်ဆံဖူးတဲ့ လူတွေသာမက ရဟန်းသံဃာတွေကပါ မင်းဆာန်မန်ကို ချစ်ခင်ရင်းနှီးကြပါတယ် ။ ကျနော်မြန်မာ ပြည်ပြန်ရောက်လို့ အားတဲ့အချိန်တွေမှာ သူတို့နဲ့အတူ အသင်းအလုပ်တွေကို ပါဝင်လုပ်ဆောင်တဲ့ အချိန်မှာ မင်း ဆာန်မန်ရဲ့ မွန်လူမျိုးအတွက် သူနိုင်တဲ့ အတိုင်းအတာ အားစိုက်ကြိုးပမ်းပေးမှုတွေကို ပိုပြီး မြင်ခဲ့ ရတယ် ။ အထူး သဖြင့် ကျနော်တို့နဲ့ ဘဝတူ မွန်ရပ်ဝန်းအပြင်ဘက် ရောက်လုလုဖြစ်နေတဲ့ မွန်တွေ အတူတူပါဝင် လာအောင် သူပိုပြီး ဂရုတစိုက်လုပ်ဆောင်ပါတယ် ။

            ဒါပေမယ့် နောက်ပိုင်းမှာ မင်းဆာန်မန်ရဲ့ အတွေးအမြင်နဲ့ လုပ်ဆောင်ချက်တွေဟာ အသင်းရဲ့အရင်က ရှိခဲ့တဲ့ မူတွေနဲ့ ကွဲလွဲသလိုဖြစ်လာခဲ့တယ် ။ မင်းဆာန်မန်ကလည်း သူကိုယ်တိုင်လုပ်ဆောင်နေရတဲ့ လုပ်ရပ်တွေကနေ ငါ ဒီလိုလုပ်ရင်ပိုကောင်းမယ်ဆိုတဲ့ ..အမြင်တခုရှိလာပုံပါ ။ ဘယ်ကိစ္စကြောင့် အမြင် တွေကွဲလွဲ လာကိုတော့ မဖော်ပြသင့်တာမို့  ကျနော်မ‌ဖော်ပြတော့ပါ ။ ဝန်ခံရရင် မင်းဆာန်မန်နဲ့ အမြင်ကွဲလွဲခဲ့ သူတွေထဲမှာ ကျနော်ကိုယ်တိုင်လည်းပါခဲ့တယ် ။

          နောက်တော့ အသင်းမှာပြောဆိုငြင်းခုံကြရင်း သူ့ကိုအသင်းကနေထုတ်ဖို့ စကားတွေပါလာတော့ သူကိုယ် တိုင်ပဲ အသင်းကနေ နှုတ်ထွက်သွားခဲ့ပါတယ် ။ သူအသင်းကနေနှုတ်ထွက်သွားခဲ့ပေမယ့် သူနဲ့ ကျနော်က မကြာမ ကြာတွေ့ဖြစ် စကားပြောဖြစ်နေပါတယ် ။ အသင်းအကြောင်းတွေ၊ အသင်းနဲ့ပတ်သက်တဲ့ အလုပ်တွေအတွက် အသင်းမှာ နေခဲ့တုန်းကလို အကြံတွေပေးနေတုန်းပါပဲ ။ မျက်ရည် ခပ်ဝဲဝဲလေးနဲ့ပေါ့..။

         တခါတခါ ကျနော်တွေးမိတယ် ၊ ကျနော်သာ သူ့နေရာမှာဆို စိတ်ဓာတ်ကျကောင်းကျသွားမယ် ။ စိတ်နာ ကောင်းနာသွားမယ်..။ ဒါမှမဟုတ် ဒီလိုအလုပ်တွေကို မလုပ်ခဲဖူးသူတစ်ယောက်လို ရှောင်ထွက် နေဖြစ်သွားလိမ့် မလားပဲ..။

          ဒါမယ့် မင်းဆာန်မန်ကတော့ အဲလိုမဟုတ်ခဲ့ဘူး ။ သူနဲ့ အတွေးတူ အမြင်တူတဲ့ လူငယ်တွေကို ပြန်စုပြီး သူတွေ့ရှိခဲ့တဲ့ နည်းပုံစံတွေနဲ့ မွန်ပညာရေးအတွက် အထောက်အကူဖြစ်စေမယ့် နောက်ထပ်အသင်းတစ်သင်းကို ပြန်လည် ဖွဲစည်းခဲ့ပါတယ် ။ အဲဒီအသင်းကတော့ ‘’ ပရဟိတပညာမန် ‘’ အသင်းပါပဲ..။

          ပရဟိတပညာမန် အသင်းကို ဖွဲ့စည်းပြီး သူနဲ့စိတ်တူ သဘောထားချင်တူနဲ့ လူငယ်တွေနဲ့အတူ သူတို့လုပ် သင့်တယ်ထင်တဲ့ နည်းလမ်းနဲ့ မွန်ပညာရေး၊ မွန်အမျိုးသားရေးအတွက်  နိုင်တဲ့အားနဲ့ ကြိုးပမ်းပါတယ် ။

         အရင်ကလုပ်ခဲ့တဲ့ ချေးငွေလုပ်ငန်းကနေလည်း ထွက်လိုက်ပြီး အသက်မွေးဝမ်းကျောင်းအတွက် ‘’ နုင်နိဓိ’’ ဆန်လက်ကားရောင်းဝယ်ရေးကို သူငယ်ချင်းတွေနဲ့ အတူ စတင်လုပ်ကိုင်းရင်း တဘက်ကလည်း မွန်အမျိုးသားကျောင်းတွေမှာ စုပေါင်းလှူဒါန်းတာတွေ ၊ နွေရာသီမွန်သင်ဖို့ခက်နေတဲ့ ရွာတွေအတွက် ကူညီတာတွေ ၊ မော်လမြိုင်မြို့ပေါ်မှာ မွန်စာသင်တန်းဖြစ်မြောက်ရေးတွေကိုလည်း ကြိုးပမ်းခဲ့ပါတယ် ။

           Covit-19   ကပ်ရောကြီးဖြစ်လာတဲ့အချိန်တွေမှာလည်း ပရဟိတပညာမန် အသင်းနဲ့အတူ ပရဟိတအ လုပ်တွေ ကိုလုပ်ဆောင်ခဲ့ပါတယ် ။ ၂၀၂၀ ရွေးကောက်ပွဲကာလမှာလဲ တစ်ပါတီထဲဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီ  MUP အနိုင်ရဖို့အတွက် သူလုပ်နိုင်တဲ့ဘက်က လှုပ်ဆော်ပေးပြီး မွန်‌ဒေသမှာ မွန်အမတ်တွေနဲ့ စီမံခွင့်ရှိ လာအောင် ကြိုးပမ်းခဲ့သူ တစ်ယောက်ပါ ။

             မိုးတွင်းကာလတွေမှာ မော်လမြိုင်မြို့ဟာ မြစ်ရေလျှံတာကြောင့် မြေနိမ့်ပိုင်းတွေမှာ ရေကြီး ရေလျှံတာ အမြဲလိုလိုဖြစ်နေကျပါပဲ ။  ၂၀၂၁ ခုနှစ်မိုးတွင်းချိန်မှာလည်း မိုးများလို့ မြစ်ရေလျှံတာကြောင့် ထုံးစံအတိုင်း မော်လမြိုင်မြေနိမ့်ပိုင်းတွေမှာ ရေကြီးပြန်ပါတယ် ။ ရေကလည်းကြီး Covit ရောဂါတွေကလည်း အရှိန်ကောင်း ကောင်းနဲ့ ပြန့်နှံ့နေချိန်ဖြစ်တာတော့ မော်လမြိုင်မြို့တွင်းက လုပ်ငန်းတော်တော်များများရပ်နားနေရတာ မင်းဆာန်မန်တို့ရဲ့ ‘’ နုင်နိဓိ ‘’ ဆန်ရောင်းဝယ်ရေး လုပ်ငန်းလေး အပါအဝင်ပါပဲ ။ အလုပ်ရပ်နားထားရတဲ့ မင်းဆာန်မန်ဟာ ဒိုင်းဝန်းကွင်း ကျိုက်ဖနဲ ဇက်ဆိပ်နားမှာရှိတဲ့ မိဘအိမ်မှာခဏလာနားနေပါတယ် ။ မိဘအိမ်မှာ နေရင်း အခြေအနေကောင်းလာရင် အလုပ်လေးပြေးလုပ်လိုက်နဲ့ပါ။ ဒီလိုနဲ့ တစ်လလောက်အကြာ တစ်ည၊ ညဆယ်နာရီ အချိန်လောက်မှာ အလုပ်ကနေအိမ်ကိုအပြန် ဆိုင်ကယ်မမော်တဆဖြစ်ရင်း အပြင်းအထန် ဒဏ်ရာရလို့ ဆေးရုံအရေးပေါ်တက်လိုက်ရပါတယ် ။ ဆေးကုသရင်း သုံးရက်လောက် ( 2.9.2021 )မှာ ဘယ်လိုမှ ထင်မှတ်မထားပဲ ဆုံးပါးသွားခဲ့ပါတယ်..။အားလုံးနှမျောတသ ဖြစ်ခဲ့ကြရပါတယ် ။

            အသိမိတ်ဆွေ ၊ ဆွေမျိုးမောင်နှမတစ်ယောက်ဆုံးပါသွားတယ် ၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆုံးပါး သွားတဲ့အခါမှာ လူတိုင်းနှမျောတသ ဖြစ်ရတာချင်းတော့ အတူတူပါပဲ ။ ဒါပေမယ့် မင်းဆာန်မန်ဆုံးပါးသွားတယ် လို့သိလိုက်ရတဲ့ အချိန်မှာ ကျနော်တို့အနေနဲ့ ပုံမှန်နဲ့ မတူတဲ့ နှမျောစိတ်နဲ့ နှမျောမိတာ အမှန်ပါပဲ..။

            မင်းဆာန်မန်ဟာ မွန်လူမျိုးအတွက် အသက်ပေးတိုက်ပွဲဝင်နေတဲ့ ရဲဘော်တစ်ယောက်လား ဆိုတော့ လည်း မဟုတ်ပါဘူး..။ ဘဝပေးပြီး လူမျိုးအတွက် အနင့်နာခံလုပ်ဆောင်ပေးနေတဲ့လူလားဆိုတော့လည်း မဟုတ် ပါဘူး ။ မွန်လူမျိုးရေးရာ ပညာရှင်တစ်ယောက်လား ဆိုပြန်တော့လည်း မဟုတ်ပါဘူး..။

            မင်းဆာန်မန်ဟာ မင်းဆာန်မွန်ပါပဲ..။ သူဟာ ကျနော်တို့လို လူတန်းစား ( မွန်တစ်ဝက်/ မွန်ကပြား ) တွေအတွက် မွန်ရပ်ဝန်းမှာ နေရာတခုရှိလာအောင် ကြိုးစားခဲ့သူပါ ။  မွန်တစ်ဝက်တွေက ကိုယ့်ကိုယ်ကို မွန်လို့ခံယူပြီး မွန်ပညာရေးအတွက် ကူညီ ချင်စိတ်ဖြစ်လာအောင်၊  မွန်ရပ်ဝန်းထဲ ပါဝင်ချင်လာအောင်၊ ပါဝင်ခွင့်ရလာအောင် လမ်းခင်းပေးခဲ့တဲ့သူတွေထဲမှ တစ်ယောက်ပါ ။

            မင်းဆာန်မန်မရှိတော့ခြင်းဟာ မွန်လူမျိုးအတွက် ဆုံးရှုံးမှု တစ်ခုဖြစ်တယ်လို့ပဲ ပြောပါရစေ..။ တကယ် လို့ သူသာ သက်ရှိထင်ရှာရှိနေဦးမယ်ဆိုရင် မွန်ကပြားတွေ ရှိနေတဲ့ နေရာတွေကို ခြေဆန့်နေလောက်မယ် ၊ အစွန် အဖျားက သူလက်လှမ်းမှီတဲ့ မွန်အမျိုးသားကျောင်းတွေအတွက် ကူညီဖို့ ကြိုးစားနေလောက်မယ် ၊ နွေရာသီ မွန်စာသင်ဖို့ အခက်အခဲဖြစ်နေတဲ့ မွန်ရွာတွေနဲ့ မော်လမြိုင်မြို့ပေါ်မှာ  မွန်စာသင်ဖြစ်အောင် ကြိုးစားနေ လောက်မှာပါ..။ ဒါကတော့ မင်းဆာန်မန်ရဲ့ တန်ဖိုးပါပဲ ။  

             မွန်ရပ်ဝန်းမှာ လူမျိုးအတွက် အဘယ်သို့သော သူတွေကို လူမျိုးအတွက် အလုပ်လုပ်သူ ၊ လူမျိုးအကျိုး ဆောင်သူ ၊ အမှတ်ရအောက်မေ့ထိုက်သူရယ်လို့ သတ်မှတ်ကြတယ်တော့ ကျနော်မ‌ပြောတတ်ပါ။ ဒါပေမယ့် ကျနော်တို့ ထိတွေ့ရာဝန်းကျင်ငယ်လေးတွေမှာလည်း လူမျိုးအတွက်အမြဲလိုလိုစဥ်းစားတွေးတောပေးရင်း  ကြိုးစား လုပ်ဆောင်ပေးလေ့ရှိနေတဲ့ မထင်မရှား လေးစားဂုဏ်ပြုထိုက်သူတွေရှိနေကြပါတယ် ။

             ကျနော်အတွက်ကတော့ ကျနော်တို့ မွန်လူမျိုးထဲက လက်လှမ်းမှီလို့ သိခဲ့ရတဲ့ လေးစားစရာ ၊ ချီးကျူး ဦးညွှတ်စရာ လူမျိုးဂုဏ်ဆောင် ပုဂ္ဂိုလ်ကြီးများကဲ့သို့ မဟုတ်တောင်  မင်းဆာန်မန်ဆိုတဲ့ သူ ကတော့ နှလုံးသားမှာ လေးစားထိုက်သူ မွန်တစ်ယောက်အဖြစ် အမြဲအမှတ်ရနေမှာပါ..။

 ကောင်းနွန်         

Previous Post

မီဒီယာ၏ အခန်းကဏ္ဍ

Next Post

သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအဟန့်အတားများ

KaoWao

KaoWao

Next Post
သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအဟန့်အတားများ

သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအဟန့်အတားများ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Stay Connected

  • Trending
  • Comments
  • Latest
ရေးမြို့နယ်၊ ဒူးယားကျေးရွာအုပ်စု မြို့ဟောင်းသုဿာန်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး၊ အမျိုးသမီးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိ

ရေးမြို့နယ်၊ ဒူးယားကျေးရွာအုပ်စု မြို့ဟောင်းသုဿာန်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး၊ အမျိုးသမီးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိ

June 27, 2023
မြန်မာစစ်တပ်အဖွဲ့စုံစစ်ကြောင်းနှင့် KNU/PDF တို့ နှစ်ကရင်ရဲစခန်းတွင် ၄ နာရီကြာခန့်တိုက်ပွဲဖြစ်ပွား၊ စစ်ရဟတ်ယာဥ် လာရောက်ပစ်ကူပေး၊ ထိခိုက်ဒဏ်ရာသေဆုံးမှုများ အတည်မပြုနိုင်သေးဟုဆို

မြန်မာစစ်တပ်အဖွဲ့စုံစစ်ကြောင်းနှင့် KNU/PDF တို့ နှစ်ကရင်ရဲစခန်းတွင် ၄ နာရီကြာခန့်တိုက်ပွဲဖြစ်ပွား၊ စစ်ရဟတ်ယာဥ် လာရောက်ပစ်ကူပေး၊ ထိခိုက်ဒဏ်ရာသေဆုံးမှုများ အတည်မပြုနိုင်သေးဟုဆို

June 25, 2023
ကျနော်သိခဲ့သော မင်းဆာန်မန်

ကျနော်သိခဲ့သော မင်းဆာန်မန်

June 12, 2023
အစင်ကျေးရွာတွင် လက်ဘက်ရည်ဆိုင်ထဲကို ဆိုင်ကယ်စီးသေနတ်သမား ၂ ဦး လာရောက်ပစ်ခတ်၍ ပြည်သူ့စစ်/ရာအိမ်မှူးအပါအဝင် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိ

အစင်ကျေးရွာတွင် လက်ဘက်ရည်ဆိုင်ထဲကို ဆိုင်ကယ်စီးသေနတ်သမား ၂ ဦး လာရောက်ပစ်ခတ်၍ ပြည်သူ့စစ်/ရာအိမ်မှူးအပါအဝင် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိ

August 9, 2023
ထိုင်းနဲ့မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေရဲ့ အဓိကသော့ချက်

ထိုင်းနဲ့မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေရဲ့ အဓိကသော့ချက်

0
မော်လမြိုင်မြို့ပေါ်ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင်လုယက်သွား

မော်လမြိုင်မြို့ပေါ်ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင်လုယက်သွား

0
မိုခါမုန်တိုင်းကယ်ဆယ်ရေး မွန်ပြည်သစ်ပါတီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ ငွေကျပ်သိန်း ၅ ရာလှူဒါန်း

မိုခါမုန်တိုင်းကယ်ဆယ်ရေး မွန်ပြည်သစ်ပါတီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ ငွေကျပ်သိန်း ၅ ရာလှူဒါန်း

0
တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

0
ရော်ဘာရာသီအစတွင် လုပ်သားရှားပါးမှုနှင့် ကြုံနေရ

ရော်ဘာရာသီအစတွင် လုပ်သားရှားပါးမှုနှင့် ကြုံနေရ

September 25, 2023
ရေးမြို့နယ်အတွင်း အမျိုးသမီးများအား ပစ်မှတ်ထားကာ လုယက်မှုများကျူးလွန်နေ

ရေးမြို့နယ်အတွင်း အမျိုးသမီးများအား ပစ်မှတ်ထားကာ လုယက်မှုများကျူးလွန်နေ

September 25, 2023

စံခလပူရီမြို့ ဝင်းကရွာနေအမျိုးသမီးတစ်ဦးထံသို့ ပေးပို့သောပါဆယ်ထုပ်ပုံးထဲ၌ ခွင့်ပြုချက်မဲ့ခဲယမ်းပစ္စည်းများ ဖမ်းဆီးရမိ

September 18, 2023
သထုံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်း‌ကျောင်းဝင်းအတွင်း၌ ရှေးဟောင်းအုတ်ခွက်ဘုရားများ ထပ်မံတွေ့ရှိ

သထုံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်း‌ကျောင်းဝင်းအတွင်း၌ ရှေးဟောင်းအုတ်ခွက်ဘုရားများ ထပ်မံတွေ့ရှိ

September 18, 2023

Recent News

Facebook Twitter Youtube RSS
Kao Wao

We bring you the best Premium WordPress Themes that perfect for news, magazine, personal blog, etc. Check our landing page for details.

Follow Us

Browse by Category

  • Health
  • Uncategorized

© 2023 KaoWao

No Result
View All Result

© 2023 KaoWao