ကောင်းဝါ (ဇွန် ၉-၂၀၂၃)
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2023/06/352766896_6180457565406423_470808874333232104_n.jpg)
၂၀၂၃ ခုနှစ် အစိုးရတက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မွန်အမျိုးသားပညာရေးဌာနမှ ကျောင်းသား ၉၄ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ၄၂ ဦးအောင်မြင်၍ ၄၅% အောင်ချက်ရှိကြောင်း သတင်းရရှိသည်။
မွန်အမျိုးသားကျောင်းများဖြစ်သော အံဒင်အထကမှ ၂၅ ဦးဖြေဆိုရာတွင် ၁၃ ဦး၊ ညီစားအထကမှ ၄၂ ဦးဖြေဆိုရာတွင် ၁၇ ဦးနှင့် ဝဂႅဘာအထကမှ ၂၇ ဦးဖြေဆိုရာတွင် ၁၂ ဦးတို့ အသီးသီး အောင်မြင်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ၁၀ မြို့နယ်တွင် အစိုးရတက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား ၅၇၆၈ ဦးဖြေဆိုသည့်အနက် ၄၁၇၂ ဦးအောင်မြင်၍ ၇၂.၃၃% အောင်ချက်ရှိသည်။
မကွေးတိုင်းဒေသကြီး ၇၅.၀၄% ဖြင့် အောက်ချက်အများဆုံးတွေ့ရှိရပြီး တနိုင်ငံလုံးတွင် ကျောင်းသား ၁၆၁,၈၀၅ ဦးဝင်ရောက်ဖြေဆိုရာ ၁၀၉,၈၅၁ ဦး ၆၇.၈၇% အောင်မြင်ခဲ့သည်။
ယခင်က တက္ကသိုလ်ဝင် စာမေးပွဲကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက် ဖြေဆိုခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စနစ်ဟောင်း ၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင် စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ် မတ်လတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2023/06/352810023_681617457324309_1710821088387925728_n-1024x732.jpg)