Tag: မွန်ပြည်နယ်

စစ်မှုထမ်းမည့်သည်သူမရှိသဖြင့် ဒေသန္တရအမိန့်ဖောက်ဖျက်ကျူးလွန်သူများအား စိစစ်ကာ စစ်သားစုဆောင်းရေးသို့ ပို့ဆောင်နေ

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းမည့်သည်သူမရှိသဖြင့် ဒေသန္တရအမိန့်ဖောက်ဖျက်ကျူးလွန်သူများအား စိစစ်ကာ စစ်သားစုဆောင်းရေးသို့ ပို့ဆောင်နေကြောင်း စစ်ကောင်စီ နှင့် နီးစပ်သူများ၏ ပြေကြားချက်များအရ သိရသည်။ ယခင်က စစ်မှုထမ်းအပတ်စဉ်များအတွက် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အမှုပွဲစားများ၊ လူပွဲစားများမှတဆင့် စစ်မှုထမ်းမည့်သူများအား ငွေကြေးပေးကာ ...

Read more

စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူ၏ နေအိမ်အား ချိပ်ပိတ်သိမ်းဆည်း

စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူ၏ ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာအုပ်စု၊ လက်ပြကျေးရွာ၊ ကျောင်းကြီးပိုင်းရှိ နေအိမ်အား စစ်ကောင်စီမှ ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ နိုဝင်ဘာလ (၂၂) ရက်နေ့၊ နေ့လည် (၁) နာရီခွဲအချိန်ခန့်က ...

Read more

ဗိုလ်ကြီးဟောင်း လင်းဦး သေနတ် ၄ ချက်ထိမှန်၍ ဒဏ်ရာစိုးရိမ်ရ

ရေးမြို့နယ် အာယုတောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား ယနေ့နံနက်ပိုင်းတွင် ရေးဘီးလူးအဖွဲ့ ဝင်ရောက်ပစ်ခတ်ရာ ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ် ကျေးရွာဥက္ကဌလည်းဖြစ်သည့် ပျူစောထီးခေါင်းဆောင် ဗိုလ်ကြီးဟောင်း လင်းဦးမှာ သေနတ် ၄ ချက်ထိမှန်ခဲ့ပြီး ဒဏ်ရာစိုးရိမ်ရကြောင်း နီးစပ်သူများထံမှ သိရသည်။ ယနေ့နံနက် ၉ နာရီကျော်အချိန်တွင် အာယုတောင်ကျေးရွာ ...

Read more

ရေး-မလွှဲတောင်အကြား ကိုးမိုင်တံတားမိုင်းခွဲခံရ၍ ကားများ ပိတ်မိ

ရေးမြို့နယ်၊ ရေး - ထားဝယ်လမ်းပိုင်းပေါ်ရှိ ရေးမြို့နှင့် မလွှဲတောင်အကြား ကိုးမိုင်တံတားတွင် ယနေ့နံနက် ၁ နာရီကျော်ခန့်က မိုင်းပေါက်ပွဲမှုဖြစ်ပွားခဲ့သဖြင့် ကားများပိတ်မိနေကြောင်း သိရသည်။ အဆိုပါ ကိုးမိုင်တံတားချဉ်းကပ်လမ်းအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်ကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။ ...

Read more

သိမ်ဇရပ်မြို့ ဝါးဒက်ကွင်းကျေးရွာနေ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ဝါးဒက်ကွင်းနေကျေးရွာနေ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ (၁၉) ရက် ည (၁၀) နာရီအချိန်ခန့်က ဝါးဒက်ကွင်းကျေးရွာနေ အသက် (၄၀) နှစ်အရွယ်ခန့်ရှိ ဦးချစ်ကို ...

Read more

မွန်တွင် နေကြာမစိုက်သည့် မြို့နယ်ဦးစီးမှူးများကို နိုင်ငံတော်ပုန်ကန်မှုဖြင့် အရေးယူသွားမည်ဟု ဆို

မွန်ပြည်နယ်တွင် နေကြာမစိုက်သည့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများကို နိုင်ငံတော်ပုန်ကန်မှုဖြင့် အရေးယူသွားမည်ဟု ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးက အစည်းအဝေးတွင် ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယအပတ်အတွင်းက မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သော စီမံကိန်းသီးနှံစိုက်ပျိုးရေးအတွက် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေးဌာနနှင့် နီးစပ်သူများထံမှသိရှိရသည်။ ...

Read more

ပေါင်မြို့နယ် ဥတ္တံတား (အတွင်း) ကျေးရွာရှိ နေအိမ် (၆) လုံးအား စစ်ကောင်စီမှ ချိပ်ပိတ်သိမ်းဆည်း

ပေါင်မြို့နယ် ဥတ္တံတား (အတွင်း) ကျေးရွာရှိ နေအိမ် (၆) လုံးအား စစ်ကောင်စီမှ ချိပ်ပိတ်သိမ်းဆည်းလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ဥတ္တံတား (အတွင်း) ကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား (၂၀) ကျော်အပြင် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများမှ ...

Read more

မော်လမြိုင်-ရေး ကားလမ်းပိုင်းတွင် ခရီးသွားများထံက ငွေကြေးကောက်ခံမှု အဆိုးရွားဆုံးဖြစ်နေ

မော်လမြိုင် - ရေး ကားလမ်းပိုင်းတွင် စစ်ကောင်စီဂိတ်ပေါင်း ၁၀ ဂိတ်ကျော်ရှိနေပြီး ခရီးသည်များထံ‌မှာ ငွေကြေးများကောက်ခံလျက်ရှိရာ တစ်နိုင်ငံလုံးတွင် အဆိုးရွားဆုံးဖြစ်နေကြောင်း သိရသည်။ အရှည် ၉၈ မိုင်ခန့်ရှိသော မော်လမြိုင်-ရေးကားလမ်းတွင် မွန်ပြည်နယ်မှတ်ပုံတင် ၁၀/ ကိုင်ဆောင်သူမဟုတ်သည့် ခရီးသွားများအနေဖြင့် ...

Read more

မွန်မှာ သန်းခေါင်စာရင်းကောက်ရန် ဆရာ/ဆရာမတွေကို ဖိအားပေးစေခိုင်းခဲ့သည်ဟု NRFF ဆို

မွန်ပြည်နယ်မှာ လူဦးရေးနှင့် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်း ဆရာ/ဆရာမများကို ဖိအားပေး တက်ရောက်ခိုင်းခဲ့ပြီး မပူးပေါင်းသူများကို အရေးယူမည်ဟုဆိုကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က ဖော်ပြခဲ့သည်။ "ကျည်ဆံများကြားက ၂၀၂၄ သန်းခေါင်စာရင်း - ...

Read more

ဘုရားဖူးမျက်နှာစိမ်းလူငယ်များကို PDF စွပ်စွဲပြီး စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ ဖမ်းဆီးငွေညှစ်

ကျိုက်ထိုမြို့နယ်တွင် ဒေသခံမဟုတ်သော ဘုရားဖူးမျက်နှာစိမ်း လူငယ်များကို PDF စွပ်စွဲပြီး စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးငွေညှစ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပဲခူးတိုင်း ရွှေကျင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာသား မောင်ကောင်းထက်ကျော်၊ မောင်ခန့်ကိုဇင်နှင့် မောင်ထက်အာကာဖြိုး လူငယ် ၃ ဦးတို့ နိုဝင်ဘာ (၁၁) ...

Read more
Page 4 of 6 1 3 4 5 6

Donate

You can also donate with PayPal, respectfully Kaowao Newsgroup. နှိုးဆော်ခြင်း ကောင်းဝါသတင်းဌာန ရေရှည်ရပ်တည်နိုင်ဖို့ မိတ်ဆွေ စာဖတ်သူ ပရိသတ်များ ဝန်းရံပံ့ပိုးပေးဖို့လိုအပ်နေသလို အလှူငွေထောက်ပံ့ပါရန် မေတ္တာရပ်ခံလိုပါသည်။ အလှူငွေထည့်လိုပါက Messenger မှာဖြစ်ဖြစ် kaowao2023@gmail.com ဖြစ်ဖြစ် +66925121374 သို့ဖြစ်ဖြစ် ဆက်သွယ်အသိပေးစေလိုသည်။

Recent News

  • Trending
  • Comments
  • Latest