သတင်း

A wonderful serenity has taken possession of my entire soul, like these sweet mornings of spring which I enjoy with my whole heart.

ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

၁၉၄၈ ခုနှစ်လွတ်လပ်ရေးရချိန်မှာ ယနေ့တိုင် ကျွနိုပ်တို့နိုင်ငံကို ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ် ခေါ်ဆိုမှတ်ယူလက် ခံထားခဲ့ကြပါသည်။ ဤ ပြည်ထောင်စု၏ ပြည်နယ်များကို ပထဝီအခြေခံဖြင့်ဖွဲ့စည်းထားခြင်းမဟုတ်၊ လူမျိုးတို့၏ စုစည်းနေထိုင်မှုကို အခြေပြုပြီး ဖွဲ့စည်းထားခြင်းဖြစ်သည်။ပြည်နယ်နာမည််များကိုလည်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည်ဖြင့် ဆိုင်ရာလူမျိုးတို့၏ နာမည်များကို အတိအလင်းဖော်ပြထားသည်။ ဤသည်မှာ လူမျိုးစုပါဝင်သည့်ပြည်ထောင်စုတစ်ခု ဖြစ််ကြောင်း သဏ္ဍန်အားဖြင့် ပေါ်လွင်ထင်ရှားစေသည်။ သို့သော် ၎င်းကိုမှတ်ကျောက်တင်စစ်ဆေးကြည့်ပါက အရေခြုံ၊ ရွှေမှုံကြဲ၊ “နာမည်ခံပြည်ထောင်စု” ဖြစ်နေကြောင်းကို နိုင်ငံရေးသမားများနှင့် တိုင်းရင်းသားခေါင်းဆောင်တို့က ကောင်းစွာနားလည်ထားကြသည်။ ဤပြည်ထောင်စု၏ ၁၉၄ရ ခုဖွဲ့စည်းပုံသည် ပြည်နယ်ပြည်မပုံစံဖြင့် ဖွဲ့စည်းထားပြီး ပြည်မကပြည်နယ်များအပေါ် လွှမ်းမိုးချုပ်ကိုင်ထားသည်။ ၁၉၄ရ ခု ဖွဲ့စည်းပုံသည် ပြည်နယ်များ၊ တိုင်းများဖြင့် ဖွဲ့စည်းထားသော်လည်း တခုတည်းသော  ဗဟိုအစိုးရက အာဏာကို ချုပ်ကိုင်ထားသည်။ထို့ကြောင့်ပြည်နယ်ဟူသည်မှာ နာမည်ခံဟန်ပြမျှသာ

Read more

တော်လှန်ရေးတပ်ဖွဲ့များလှုပ်ရှားရာ သံဖြူဇရပ်-ရေးကားလမ်းဘက်သို့ စစ်ကောင်စီတပ်ဖွဲ့မသွားမလာရဲဖြစ်နေပြီး ထင်းရှူးနှင့် အနင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများထပ်မံဖြစ်ပွား၍ ရွာပျက်မည်ကို မွန်ဒေသခံများစိုးရိမ်နေရ

တော်လှန်ရေးတပ်ဖွဲ့များလှုပ်ရှားရာ သံဖြူဇရပ်-ရေးကားလမ်းဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ မသွားမလာရဲဖြစ်နေပြီး လူနေအိမ်ခြေထောင်ချီရှိ၍ လူဦးရေသိပ်သည်းလျက်ရှိသော ထင်းရှူးနှင့် အနင်းကျေးရွာထဲသို့ ယမန်နေ့က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများထပ်မံဖြစ်ပွား၍ လက်နက်ကြီးကျကာ ရွာပျက်မည်ကို မွန်ဒေသခံများစိုးရိမ်နေရကြောင်း သတင်းရရှိသည်။ “ကျနော်တို့ဟာ မွန်ရွာတွေဖြစ်တယ် ဘယ်အဖွဲ့နဲ့မှ ပြဿနာတွေမရှိဘူး၊ ဘယ်လက်နက်ကိုင်အဖွဲ့ကိုမှ...

Read more

အနင်းနှင့် ထင်းရှူးကျေးရွာရှိ ရဲစခန်းများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်တည်းတိုက်ခိုက်၊ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများအပြင် စစ်ရဟတ်ယာဉ်နှင့်ပါပစ်ခတ်

သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာနှင့် ထင်းရှူးကျေးရွာရှိ ရဲစခန်းများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများပြင် ရဟတ်ယာဉ်နှင့်ပါ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့မနက် (၆) နာရီအချိန်ခန့်မှ စတင်ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အနင်းကျေးရွာရှိ...

Read more

သံဖြူဇရပ်မြို့နယ်တွင် ထောင်လာဂျီယာဉ်တစ်စီးပေါ်မှ ဘိန်းစာရွက် (၁၂၀) ပိဿာ ဖမ်းဆီးရမိခဲ့

သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာ၊ ဝဲကလိတံတားညီနောင်ထိပ်တွင် ဇန်နဝါရီလ (၂၈) ရက် ညနေပိုင်းက ထော်လာဂျီယာဉ်တစ်စီးပေါ်မှ ဘိန်းစာရွက်အစို (၁၂၀) ပိဿာ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဝဲကလိတံတားညီနောင် စခန်းကြီးကျေးရွာဘက်တွင် လုံခြုံရေးရဲတပ်ဖွဲ့မှ စောင့်ဆိုင်းနေစဉ် သံဖြူဇရပ်မြို့ဘက်သို့ အသက်...

Read more

PNLO နှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးကော်မတီသဘောထားထုတ်ပြန်

PNLO အဖွဲ့နှင့်ပတ်သက်ပြီးအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ထားသည်။ ယင်း သဘောထားထုတ်ပြန်ချက် အပြည့်အစုံမှာ ၁။ ၂၁-၁-၂၀၂၄ ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာ၌ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ယူနီဖောင်းဝတ်ဆင်သူများ...

Read more

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် စစ်ကောင်စီအား ပြန်လည်တိုက်ခိုက်သွားမည်ဟု NCA စာချုပ်ရေးမှတ်ရေးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ကြေညာ

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် စစ်ကောင်စီအား ပြန်လည်တိုက်ခိုက်သွားမည်ဟု NCA စာချုပ်ရေးမှတ်ရေးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ပြီးခဲ့သည့် ဇန်နဝါရီလ (၂၆) ရက်က ကြေညာချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။ (၂၀၂၄) ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း...

Read more

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကော့ကရိတ်မြို့ပေါ် နေရာအနှံ့အပြားမီးလောင်

ယမန်နေ့ညပိုင်းက လက်နက်ကြီးကျရောက်မှုကြောင့် ကော့ကရိတ်မြို့ပေါ် နေရာအနှံ့အပြား၌ မီးလောင်မှုများဖြစ်ပွားနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ ကော့ကရိတ်မြို့အတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် တံတားဦး၊ ချောင်းတောင် အစရှိသည့် ရပ်ကွက်များအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ယင်းရပ်ကွက်များအတွင်းရှိ စာသင်ကျောင်းအပါအဝင်...

Read more

UEC အနေဖြင့် စစ်ကောင်စီထောက်ခံသောပါတီကိုသာ အဓိကဦးစားပေးနေပြီး အင်အားကြီးတိုင်းရင်းသားပါတီများအား ပါတီမှတ်ပုံတင်ခွင့်ကိုတင်းကြပ်ထား

မော်လမြိုင်၊ ဇန်နဝါရီ (၂၅) လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အနေဖြင့် စစ်ကောင်စီထောက်ခံသောပါတီကိုသာ အဓိကဦးစားပေးနေပြီး ပြည်နယ်အခြေစိုက် အင်အားကြီးတိုင်းရင်းသားပါတီများအား ပါတီမှတ်ပုံတင်ခွင့်ကိုချမပေးသေးဘဲ ပိုမိုတင်းကြပ်ထားသည်ကို တွေ့မြင်ရကြောင်း ဝါရင့်မွန်နိုင်ငံရေးသမားတစ်ဦးက ပြောဆိုလိုက်သည်။ “ရွေးကောက်ပွဲကျင်းပဖြစ်လာရင် ပြည်ခိုင်ဖြိုးလိုပါတီတွေ ပြည်နယ်တွေမှာ အနိုင်မရမှာစိုးလို့ အင်အားကြီးမားတဲ့...

Read more

ကျုံဒိုးမြို့အနီး အမျိုးသမီးကြီးတစ်ဦး မြေမြှုပ်နင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိ

ကော့ကရိတ်၊ ဇန်နဝါရီ (၂၅) ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကော့ဝါလဲကျေးရွာနေ အသက် (၆၀) နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးမှာ ယမန်နေ့ မနက် (၇) နာရီအချိန်ခန့်က မြေမြှုပ်နင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အသက် (၆၀)...

Read more

စစ်တပ်ခိုင်းတာလုပ်မည်မဟုတ်တော့ကြောင်း BGF ဥက္ကဌပြောကြား၊ တပ်ဖွဲ့ဝင်များ၏ တောင်းဆိုမှုကြောင့် စစ်ကောင်စီတပ်နှင့် လမ်းခွဲရခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးစောချစ်သူ ဆို၊

မြဝတီ ဇန်နဝါရီ (၂၅) စစ်ကောင်စီမှ ပေးအပ်သည့် ရာထူးအား က ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ကငြင်းဆိုထားပြီး၊ စစ်တပ်ခိုင်းတာလုပ်မည်မဟုတ်တော့ကြောင်း BGF ဥက္ကဌ ဗိုလ်ချုပ်စောထွန်းလှိုင် က ဒေသတွင်း Karen Information Center...

Read more
Page 3 of 26 1 2 3 4 26

Stay Connected

  • Trending
  • Comments
  • Latest

Recent News