လူ့အခွင့်အရေး

ပေါင်မြို့နယ်မှ ဖမ်းဆီးခံခဲ့ရသည့် မီးသတ်ဦးစီးမှူးနှင့် ဒုထွေအုပ်မှူးတို့ လွတ်မြောက်

ပေါင်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကို နှင့် ထွေထွေအုပ်ချုပ်ရေးဌာန ဒုဦးစီးမှူး ဦးကျော်မျိုး တို့အပါအဝင် လုပ်ငန်းရှင်များအား PDF နှင့်ဆက်စက်မှုစွပ်စွဲကာ စစ်ကောင်စီက ဖ ဖေဖော်ဝါရီ ၂၄ ရက်တွင် ဖမ်းဆီးခဲ့ပြီးနောက် ဦးကျော်မျိုးကို မတ် ၁ ရက်တွင်...

Read more

ထောင်ဖာပွန်တွင် တရားမဝင် မြန်မာလူငယ် ၁၄ ယောက်ကို ဖမ်းဆီးမိ

ထိုင်းနိုင်ငံ၊ ကန်ချနပူရီပြည်နယ်၊ ထောင်ဖာပွန်ခရိုင်တွင် ယနေ့ နံနက် ၃ နာရီအချိန်က တရားမဝင် မြန်မာနိုင်ငံသား လူငယ် ၁၄ ဦးကို ထိုင်းလုံခြုံရေးအဖွဲ့က ဖမ်းဆီးမိခဲ့သည်။ ၄င်းတို့ထွက်ဆိုချက်အရ မြန်မာနိုင်ငံတွင် စစ်မှုထမ်းခြင်းမှ ရှောင်ပြေးလာသူ အမျိုးသား ၁၂...

Read more

စစ်မှုထမ်းဥပဒေစာရင်းကောက်ယူစဉ် ဓာတ်ဆီလောင်းမီးရှို့ခံရသည့် ရန်ကုန်မှ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦး သေဆုံး

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်တွင် စစ်မှုထမ်း စာရင်းကောက်ယူနေစဉ် ဓာတ်ဆီလောင်းမီးရှို့ခံခဲ့ရသည့် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးအပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူရင်း သေဆုံးသွားကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ သေဆုံးသူများမှာ ကြည်စုရပ်ကွက်မှ ရာအိမ်မှူးအမျိုးသား ကိုနှုတ်ခမ်းမွေး...

Read more

မြန်မာနိုင်ငံသားများ ဈေးသည်အဖြစ် ထိုင်းတွင် ဥပဒေမဲ့လုပ်ကိုင်နေမှုအား ဖမ်းဆီးအရေးယူ

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ပြည်နယ် ကရာထွန်ဘောင်မြို့နယ်ရှိ ဈေးတစ်ခု၌ မြန်မာနိုင်ငံသားများ ဈေးသည်အဖြစ် ဥပဒေမဲ့လုပ်ကိုင်နေမှုအား အာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့သည်။ ယမန်နေ့ (မတ်လ ၂ ရက်) ညနေပိုင်းက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ဖာဆိုင်းဈေးနီးတွင် နိုင်ငံခြားသားများ ဈေးသည်အဖြစ် ဥပဒေမဲ့လုပ်ကိုင်နေမှုအား...

Read more

စစ်မှုထမ်းရန် ရှောင်ပြေး၍ မလေးရှားသွားမည့် လူငယ် ၃၀ နီးပါးခန့် ကန်ချနပူရီတွင် ဖမ်းဆီးခံရ

စစ်မှုထမ်းရန် ရှောင်ပြေး၍ မလေးရှားသွားမည့် တနင်္သာရီတိုင်းမှ လူငယ် ၃၀ နီးပါးခန့် ထိုင်းနိုင်ငံ၊ ကန်ချနပူရီသို့ တရားမဝင် ဝင်ရောက်လာစဉ် ယမန်နေ့က ဖမ်းဆီးခံရသည်။ ဖမ်းဆီးခံရသူများက မြန်မာနိုင်ငံတွင် စစ်မှုထမ်းခြင်းမှ ရှောင်ပြေးခဲ့ကြပြီး သဘာဝဖြတ်သန်းလမ်းကြောင်းများမှ တစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့...

Read more

စစ်မှုထမ်းရမည်ကိုရှောင်ပြေးပြီး ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် လူငယ် ၅၀ နီးပါး ဖမ်းဆီးခံရ

စစ်ကောင်စီလက်အောက်မှ စစ်မှုထမ်းရမည်ကို ရှောင်ပြေးလာသော လူငယ် ၄၉ ဦးအား ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ်၊ စံခလပူရီမြို့အနီး၌ ထိုင်းစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များက ယမန်နေ့တွင် ဖမ်းဆီးရမိသည်။ ဖမ်းဆီးခံရသူများသည် ထိုင်းနိုင်ငံအတွင်းပိုင်း မဟာချိုင်ဘက်တွင် အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ခဲ့ကြပြီး၊ ထိုသို့အလုပ်လုပ်ကိုင်ပါက တရားဝင်အလုပ်သမားများအဖြစ်...

Read more

အကျင့်ပျက်ခြစားမှု၊ စစ်မှုထမ်းဥပဒေနှင့် မြန်မာလူငယ်များ၏ ပျောက်ဆုံးလုနီးအနာဂတ်

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်အစောပိုင်းက စတင်အာဏာသိမ်းခဲ့သော စစ်ကောင်စီသည် "စစ်မှုထမ်းဥပဒေ"ကို ပြန်လည်အသက်သွင်းကာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အောက် လူငယ်များအား စစ်မှုထမ်းခိုင်းရန် အတင်းအကျပ် လုပ်ဆောင်လျက်ရှိသည်။ ဤဥပဒေသည် လူငယ်များ၏ လွတ်လပ်သော ဘဝ၊...

Read more

ထိုင်းနိုင်ငံရောက် ဝိဂါဒုက္ခသည်များအား တရုတ်သို့ ပြန်လည်ပေးပို့သည့်အတွက် သံရုံးအချို့ လုံခြုံရေးသတိပေးထား

ထိုင်းနိုင်ငံရောက် ဝိဂါဒုက္ခသည်များအား တရုတ်သို့ ပြန်လည်ပေးပို့သည့်အတွက် ဘန်ကောက်မြို့ရှိ သံရုံးအချို့က လုံခြုံရေးအထူးသတိပေးထားကြောင်း တွေ့ရသည်။ ထိုင်းနိုင်ငံရှိ အမေရိကန်နိုင်ငံသားများအနေဖြင့် အထူးသဖြင့် လူစည်ကားသော ခရီးသွားနေရာများတွင် အထူးသတိထားရန်၊ ကိုယ်ရေးကိုယ်တာ လုံခြုံရေးအစီအမံများကို ပြန်လည်သုံးသပ်ရန်နှင့် ဒေသခံအစိုးရအရာရှိများ၏ ညွှန်ကြားချက်များကို လိုက်နာရန်...

Read more

မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် လူသစ်စုဆောင်းနေ

မွန်ပြည်နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၁ အတွက် စစ်ကောင်စီ၏ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက လူသစ်စုဆောင်းမှုများ စတင်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။ ရပ်ကွက်အလိုက် အစည်းအဝေးများ ခေါ်ယူခြင်း၊ လူအစားထိုးရန် ငွေကြေးတောင်းခံခြင်းများ ပြုလုပ်လျက်ရှိရာ ငွေကြေးမပေးဆောင်လိုသူများအနေဖြင့် အသက်အရွယ်အတွင်း...

Read more

ခေါဇာမြို့အနီး ပုဂ္ဂလိကမီးပေးစနစ် အများပြည်သူထိခိုက်နစ်နာ

ရေးမြို့နယ် ခေါဇာမြို့နှင့် အနီးဝန်းကျင်ကျေးရွာများတွင် ပုဂ္ဂလိကမှ ဖြန့်ဝေနေသည့် လျှပ်စစ်မီးပေးစနစ်ကြောင့် ဒေသခံများ နစ်နာမှုများရှိနေကြောင်း သိရသည်။ ငွေစမ်းလာကုမ္ပဏီမှ ဒီဇယ်မီးစက်များဖြင့် လျှပ်စစ်မီးပေးနေသော်လည်း စာချုပ်ပါ သတ်မှတ်ချက်များအတိုင်း မီးပေးခြင်းမရှိဘဲ မီတာခဈေးနှုန်းများလည်း မြင့်မားနေသည့်အတွက် ဒေသခံများ မကျေနပ်မှုများ ဖြစ်ပေါ်နေသည်။...

Read more
Page 6 of 34 1 5 6 7 34

Donate

You can also donate with PayPal, respectfully Kaowao Newsgroup. နှိုးဆော်ခြင်း ကောင်းဝါသတင်းဌာန ရေရှည်ရပ်တည်နိုင်ဖို့ မိတ်ဆွေ စာဖတ်သူ ပရိသတ်များ ဝန်းရံပံ့ပိုးပေးဖို့လိုအပ်နေသလို အလှူငွေထောက်ပံ့ပါရန် မေတ္တာရပ်ခံလိုပါသည်။ အလှူငွေထည့်လိုပါက Messenger မှာဖြစ်ဖြစ် kaowao2023@gmail.com ဖြစ်ဖြစ် +66925121374 သို့ဖြစ်ဖြစ် ဆက်သွယ်အသိပေးစေလိုသည်။

Recent News

  • Trending
  • Comments
  • Latest