လူ့အခွင့်အရေး

ဓမ္မသစစ်ဘေးဒဏ်မှ မီးလောင်ဖျက်ဆီးခံထားရသည့်နေအိမ်တချို့ အကူအညီ တစ်စုံတစ်ရာမရသေးဟုဆို

ဂျိုင်းမြစ်ဝှမ်းဒေသနှင့် ဆက်စပ်ဒေသများမှ စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာစစ်ဘေးရှောင်ဒေသခံပြည်သူများအား လတ်တလော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ ထောက်ပံ့ကူညီမှုများလုပ်ဆောင်ပေးလျှက်ရှိသော်လည်း ဓမ္မသကျေးရွာမှ နေအိမ်များ မီးလောင်ဖျက်ဆီးခံခဲ့ရသည့် ဒေသခံတချို့မှာမူ အထောက်အပံ့များ မရရှိကြသေးကြောင်း ဓမ္မသကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

Read more

စစ်ကောင်စီနှင့်အပေါင်းအပါများ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဇွန်လအတွင်း တစ်နိုင်ငံလုံး၌ အမျိုးသမီး (၇၀) ဦးနီးပါးသေဆုံးခဲ့

စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံအပေါင်းအပါအုပ်စုများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဇွန်လအတွင်း တစ်နိုင်ငံလုံး၌ အမျိုးသမီး (၇၀) ဦးနီးပါး သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီး သမဂ္ဂ မှ ဇူလိုင်လ (၁၀) ရက်နေ့က ထုတ်ပြန်လိုက်သည်။

Read more

မော်လမြိုင်မြို့၌ Kpay, Wave Money ငွေသားထုတ်ရာတွင် ရာခိုင်နှုန်းပိုပေးနေရ

မော်လမြိုင်မြို့၌ ဘဏ်များမှ ငွေကြေးထုတ်ယူရ အခက်အခဲဖြစ်နေသည့်အပြင် Kpay, Wave Money ငွေသားထုတ်ယူရာတွင် အခက်အခဲဖြစ်နေပြီး ရာခိုင်နှုန်းပိုပေး၍ ထုတ်ယူနေကြရကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။ မော်လမြိုင်မြို့ခံတစ်ဦးက “Kpay ကနေ ငွေထုတ်ချင်ရင် အရင်လို တစ်သိန်းကို...

Read more

မော်လမြိုင်မြို့ပေါ်တွင် ပြည်သူ့စစ်အဖွဲ့မှ ခရီးသည်တစ်ဦးအား စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ပြီးနောက် ရွှေ၊ ငွေ နှင့် လက်ကိုင်ဖုန်းအား လုယက်ယူဆောင်သွား

မော်လမြိုင်မြို့၊ မြေနီကုန်းကားဝင်းတွင် ပြည်သူ့စစ်အဖွဲ့မှ ခရီးသည်တစ်ဦးအား စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ပြီးနောက် ရွှေ၊ ငွေ နှင့် လက်ကိုင်ဖုန်းအား လုယက်ယူဆောင်သွားကြောင်း ကိုယ်တိုင်တွေ့ကြုံခဲ့ရသူ ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

Read more

တူးမြောင်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦး စစ်တပ်ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိခဲ့ပြီး ခြေထောက်ဖြတ်တောက်ခံရ

ရေးမြို့နယ် တူးမြောင်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးသည် စစ်တပ်ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိခဲ့ရာမှ ခြေထောက်ဖြတ်တောက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ တူးမြောင်းကျေးရွာ အခြေစိုက် ခမရ - ၅၈၆ တပ်ရင်းအနီး မျှစ်သွားချိုးစဉ် ပြီးခဲ့သည့် ဇူလိုင်လ (၇) ရက်နေ့က အသက်...

Read more

အာယုတောင်ရွာမှ ကွမ်းသီးခြံပိုင်ရှင်တစ်ဦး သေနတ်ပစ်ခတ်ခံရပြီးသေဆုံး

ရေးမြို့နယ် အာယုတောင်ကျေးရွာမှ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဆွေမျိုးတော်စပ်သူများက ပြောသည်။

Read more

စစ်ကောင်စီတပ်ဖွဲ့ပြန်လည်စိုးမိုးထားသည့် ကော့ဘိန်းကျေးရွာတွင် Drone Drop Bomb ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးသေဆုံး

စစ်ကောင်စီတပ်ဖွဲ့ပြန်လည်စိုးမိုးထားသည့် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာတွင် Drone Drop Bomb ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Read more

အမည်မသိသေနတ်သမားက မော့ကနင်ရွာသူအမျိုးသမီးတစ်ဦးကို လာရောက်ပစ်သတ်ပြီး မူးယစ်ဆေးဝါးရောင်းသူ စစ်တပ်သတင်းပေးဟု သတင်းလွှင့်

ရေးမြို့နယ် မော့ကနင်ကျေးရွာမှ အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်စီး အမည်မသိသေနတ်သမား ၂ ယောက်က လာရောက် ပစ်သတ်သွားပြီးနောက် အသတ်ခံရသူအား မူးယစ်ဆေးရောင်းချသူ စစ်တပ်သတင်းပေးဟု သတင်းလွှင့်ထားကြောင်း Online သတင်းများတွင် တွေ့ရသည်။

Read more

ရခိုင်၊ ကချင် နှင့် ရှမ်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခများပြင်းထန်နေပြီး နေရပ်စွန့်ခွာသူများ ဆက်လက်မြင့်တက်နေကြောင်း UNOCHA Myanmar ထုတ်ပြန်

ရခိုင်၊ ကချင် နှင့် ရှမ်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်နေပြီး နေရပ်စွန့်ခွာသူများ ဆက်လက်မြင့်တက်နေသဖြင့် လူသားချင်းစာနမှုဆိုင်ရာ လိုအပ်ချက် ပိုမိုကြီးမားလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) ထုတ်ပြန်ထားသည်။

Read more

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သထုံမြို့နယ်အတွင်းရှိ သာသနိကအဆောက်အဦးများနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သထုံမြို့နယ်အတွင်းရှိ သာသနိကအဆောက်အဦးများနှင့် လူနေအိမ်များ ထိခိုက်ပျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ - ဗဟို မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Read more
Page 25 of 34 1 24 25 26 34

Donate

You can also donate with PayPal, respectfully Kaowao Newsgroup. နှိုးဆော်ခြင်း ကောင်းဝါသတင်းဌာန ရေရှည်ရပ်တည်နိုင်ဖို့ မိတ်ဆွေ စာဖတ်သူ ပရိသတ်များ ဝန်းရံပံ့ပိုးပေးဖို့လိုအပ်နေသလို အလှူငွေထောက်ပံ့ပါရန် မေတ္တာရပ်ခံလိုပါသည်။ အလှူငွေထည့်လိုပါက Messenger မှာဖြစ်ဖြစ် kaowao2023@gmail.com ဖြစ်ဖြစ် +66925121374 သို့ဖြစ်ဖြစ် ဆက်သွယ်အသိပေးစေလိုသည်။

Recent News

  • Trending
  • Comments
  • Latest