မွန်ပြည်နယ်အတွင်း လုံခြုံရေးစိတ်မချရသည့်ဒေသများတွင် စစ်တပ်အင်အားများစွာ အသုံးပြုလာကာ သန်းခေါင်စာရင်း ထပ်မံကောက်ယူနေပြီး လမ်းသွားလမ်းလာလူငယ်များ ဖမ်းဆီးစစ်ဆေးခံရမှု ပိုမိုများပြားလာနေကြောင်း သိရသည်။ '
Read moreရေးမြို့နယ် နှစ်ကရင်ကျေးရွာအတွင်း ယမန်နေ့ ညပိုင်းက စစ်ကောင်စီအမြှောက်တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ည ၉ နာရီ ၄၀ မိနစ်တွင်တစ်ကြိမ် နောက်နှစ်မိနစ်အကြာ၌ ဒုတိယအကြိမ် နှစ်ကရင်ကျေးရွာ ရပ်ကွက် (၅)...
Read moreကျိုက်ထိုမြို့နယ် ၊ သိမ်ဇရပ်မြို့ အမှတ် (၅) ရက်ကွက်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အဖိုးအဘွားနှစ်ဦးနှင့် မြေးဖြစ်သူတစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
Read moreရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးအား ရေးဘီလူးအဖွဲ့မှ ဖမ်းဆီးထားကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်မှ ၎င်းအသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာပေါ် ဖေါ်ပြထားချက်အရ သိရသည်။
Read moreစစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းမှ အသင်း ဥက္ကဌအပါအဝင် (၃) ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံရကြောင်း ၎င်းတို့၏ မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
Read moreရေးမြို့နယ်၌ ယခု၂ လအတွင်း တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့သည့်စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရမှု မြင့်တက်လာကြောင်း သိရသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ထောက်ပံ့ခြင်း၊ ဆက်သွယ်ခြင်း၊ သတင်းပေးခြင်းများဆောင်ရွက်သည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးမှုပိုမိုများပြားလာပြီး စစ်ကောင်စီဘက်က အလျင်အမြန် တရားစွဲဆိုထောင်ချမှုများ ပြုလုပ်လာနေကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။...
Read moreပျောက်ဆုံးနေသည်ဆိုသော မိန်းကလေးငယ်အား အောက်တိုဘာလ (၁၀) ရက်နေ့က ထိုးသွင်းဒဏ်ရာဖြင့် အသက်သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ပေါင်မြို့နယ် ဇင်းကျိုက်မြို့ခံများထံမှ သိရသည်။
Read moreမော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ထံ အဖွဲ့အစည်းနာမည်တပ်မထားသော ကျည်တစ်တောင့်နှင့် ပစ်စာခြိမ်းခြောက် ပေးပို့ခဲ့ကြောင်း ၎င်း၏မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း ကျည်ဆံတစ်တောင့်နှင့် ဦးသန်းထိုက် ထံလိပ်မူထားသည့် သူငယ်တန်းကျောင်းသားလက်ရေးဖြင့် စာတစ်စောင်တွေ့ရှိခဲ့ကြောင်း ၎င်း၏မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။...
Read moreသံဖြူဇရပ်မြို့နယ် အေးကမ္ဘာကျေးရွာအနီး ရေး - သံဖြူဇရပ် အမှတ် (၈) ပြည်ထောင်စုကားလမ်းမတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
Read moreမူးယစ်ဆေးဝါးကိစ္စတွင် အဝေအစားမတည့်သဖြင့် လာရောက်စောင့်ဆိုင်းနေသည့် မော်လမြိုင်ခရိုင် ဒုစရိုက်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်တစ်ဦးအား မွန်ငြိမ်းချမ်းကာကွယ်ရေး(အိုက်ချယ်)အဖွဲ့ဝင် တစ်ဦးက သေနတ်နှင့်ပစ်ခတ်မှု အောက်တိုဘာလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။
Read moreYou can also donate with PayPal, respectfully Kaowao Newsgroup. နှိုးဆော်ခြင်း ကောင်းဝါသတင်းဌာန ရေရှည်ရပ်တည်နိုင်ဖို့ မိတ်ဆွေ စာဖတ်သူ ပရိသတ်များ ဝန်းရံပံ့ပိုးပေးဖို့လိုအပ်နေသလို အလှူငွေထောက်ပံ့ပါရန် မေတ္တာရပ်ခံလိုပါသည်။ အလှူငွေထည့်လိုပါက Messenger မှာဖြစ်ဖြစ် kaowao2023@gmail.com ဖြစ်ဖြစ် +66925121374 သို့ဖြစ်ဖြစ် ဆက်သွယ်အသိပေးစေလိုသည်။
© 2023 KaoWao
© 2023 KaoWao