Lifestyle

A wonderful serenity has taken possession of my entire soul, like these sweet mornings of spring which I enjoy with my whole heart.

ရေးခရိုင်ဆေးရုံကြီးတွင် အထူးကုဆရာဝန်များ ခွင့်ယူထားသဖြင့် အရေးပေါ်ခွဲစိတ်ကုသမှုများ အခက်တွေ့နေ

မွန်ပြည်နယ်၊ ရေးခရိုင်ပြည်သူဆေးရုံကြီး၌ တာဝန်ထမ်းဆောင်နေကြသည့် အထူးကုဆရာဝန်ကြီးများ ယခုလမှစတင်၍ ခွင့်ယူနေကြသဖြင့် ဒေသခံပြည်သူများ အရေးပေါ်ခွဲစိတ်ကုသမှုများ ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဆေးရုံကြီး၌ တာဝန်ကျနေသည့် မေ့ဆေးအထူးကုဆရာဝန်၊ ခွဲစိတ်အထူးကုဆရာဝန်နှင့် အရိုးအကြောအထူးကုဆရာဝန်တို့ အသီးသီး ခွင့်ယူထားကြပြီး...

Read more

တရားမဝင် မြန်မာစားသောက်ကုန်ပစ္စည်း ဂိုထောင်တစ်ခုကို ဆူရတ်ဌာနီ၌ ဖမ်းဆီးသိမ်းဆည်း

မြန်မာနိုင်ငံမှ တရားမဝင်တင်သွင်းထားသည့် အစားအသောက်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့် ဆေးဝါးများထားရှိသော ဂိုထောင်တစ်ခုကို ဆူရတ်ဌာနီပြည်နယ်၌ ထိုင်းအာဏာပိုင်တို့ ယမန်နေ့က ရှာဖွေတွေ့ရှိ ဖမ်းဆီးသိမ်းဆည်းခဲ့သည်။ ထို့အတူ ဂိုထောင်ပိုင်ရှင် မစ္စတာချုပ်ချိုင်းကို ဖမ်းဆီးခဲ့ပြီး တရားမဝင်ကုန်ပစ္စည်းများကို သက်သေအထောက်အထားအဖြစ် သိမ်းဆည်းခဲ့သလို ခွန်တလေရဲစခန်းတွင် အမှုဖွင့်...

Read more

တာချီလိတ်မြို့မှ ထိုင်းနိုင်ငံသို့ Passport ဖြင့် ဝင်ရောက်ခွင့် ရပ်ဆိုင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့သို့ နိုင်ငံကူးလက်မှတ် (Passport) ဖြင့် ဝင်ရောက်ခွင့်ကို ယနေ့ (ဖေဖော်ဝါရီ ၂၀) နံနက်မှစတင်၍ ရပ်ဆိုင်းလိုက်ကြောင်း ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများထံမှ သိရသည်။ သို့ရာတွင် ထိုတံတားမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ရက်ရှည် ဆေးကုသမှုခံယူသူများ၊...

Read more

ဆန်ကို ရည်ညွှန်း‌ဈေးဖြင့် ရောင်းချခြင်းမရှိပါက အရေးယူမည်ဆိုပြီးနောက် ဆန်ဈေးပိုတက်လာ

စာသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်သည့် သင့်တင့်မျှတသောဆန်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်မည်ဟုဆိုပြီးနောက် ယခုအခါ ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။ ဆန်များကိုပြည်ပတင်ပို့နေသည့်အပြင် ရေကြီးသဖြင့် စပါးခင်းများပျက်စီးခြင်းတို့ကြောင့် ဆန်ဈေးများတက်လာကြောင်း၊ အောက်ခြေရောင်းဝယ်နေသူများအရေးယူခြင်းထက် အထက်ကုန်သည်ကြီးများကို အဆင့်ဆင့်စိစစ်ကာ ဖော်ထုတ်အရေးယူစေလိုကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူများက ပြောကြားသည်။...

Read more

မွန်ပြည်နယ်အတွင်း မိုးစပါးအထွက်နှုန်းကျဆင်းပြီး တောင်သူများ ချေးငွေမဆပ်နိုင်ဖြစ်နေ

ပြီးခဲ့သည့် မိုးရာသီကာလအတွင်း မိုးစပါးစိုက်ပျိုးထားသည့် လယ်ကွင်းများ ရေကြီးနစ်မြှုပ်ခြင်း နှင့် စပါးပင်များ ရင့်မှဲ့ချိန်တွင် အဖျက်ပိုးကျခြင်းများကြောင့် မွန်ပြည်နယ်အတွင်း မိုးစပါးအထွက်နှုန်းကျဆင်းပြီး၊ တောင်သူများအနေဖြင့် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ မိုးစပါးချေးငွေ မဆပ်နိုင်ဖြစ်နေကြောင်း ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။ ယခုနှစ်မိုးရာသီကာလအတွင်း မိုးစပါးများစိုက်ပျိုးထားသည့်...

Read more

မွန်ပြည်နယ်သို့ ပြည်ပခရီးသွားပိုမိုလည်ပတ်ရန် စစ်ကောင်စီဝန်ကြီးချုပ် စိတ်ကူးယဥ်နေသော်လည်း ယခုနှစ်တွင် ခရီးသွား ၁၀ ဆခန့်လျှော့နည်းကျဆင်းသွား

မွန်ပြည်နယ်သို့ ပြည်ပခရီးသွားပိုမိုလာရောက်လည်ပတ်ရန် စစ်ကောင်စီ၏ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း စိတ်ကူးယဥ်နေသော်လည်း လုံခြုံရေးစိတ်မချမှုကြောင့် ယခုနှစ်အတွင်း ခရီးသွား ၁၀ ဆခန့် လျှော့နည်းကျဆင်းသွားခဲ့ကြောင်း သိရသည်။

Read more

စစ်ကောင်စီသတ်မှတ်သည့် ရည်ညွှန်းစပါးဈေးမှာ လယ်သမားများအခက်အခဲများစွာကြုံတွေ့စေပြီး ကုန်သည်များအကြိုက်တွေ့နိုင်

စစ်ကောင်စီ ဒုချုပ်စိုးဝင်းဦးဆောင်သည့် မြန်မာ့တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က သတ်မှတ်ခဲ့သည့် ယခုနှစ်အတွက် အခြေခံစပါးရည်ညွန်းဈေးမှာ တောင်သူများအတွက် အခက်အခဲများစွာကြုံတွေ့စေပြီး ကုန်သည်များအကြိုက်ဖြစ်လာနိုင်သည်ဟု လယ်သမားများက ပြောကြားသည်။

Read more

အစင်ကျေးရွာတွင် ပင်လယ်ပြင်မှပြန်ဝင်လာသည့် လှေလုပ်သားတချို့ ဝမ်းပျက်ဝမ်းလျောရောဂါခံစားနေရပြီး တစ်ဦးသေဆုံး

ရေးမြို့နယ် အစင်ကျေးရွာ ဓမင်းဆိပ်ရပ်တွင် ပင်လယ်ပြင်မှပြန်ဝင်လာသည့် ငါးဖမ်းလှေမှ လှေလုပ်သားတချို့ ဝမ်းပျက်ဝမ်းလျောရောဂါခံစားနေရပြီး တစ်ဦးသေဆုံးထားကြောင်း ဒေသခံများထံမှသိရသည်။

Read more

ဝမ်းရောဂါဖြစ်ပွားနေမှု ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးမှုများ အမြန်ဆုံးဆောင်ရွက်သင့်

မွန်ပြည်နယ်တွင် ပင်လယ်ကမ်းရိုးတန်းဒေသရှိ ရေလုပ်သားများမှတဆင့် ကူးစက်ပြန့်ပွားလာသော ဝမ်းလျှောရောဂါသည် ယခုအခါ မြို့ပေါ်သို့ ရောက်ရှိလာပြီဖြစ်ရာ သက်ဆိုင်ရာ ကျန်းမာရေးဌာနများအနေဖြင့် ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးမှုနှင့် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား စီမံဆောင်ရွက်ပေးသင့်ကြောင်း လူမှုရေးအသင်း လှုပ်ရှားသူများက ပြောကြားသည်။

Read more

ကျိုက်ထိုမြို့နယ်တွင် တွေ့ရှိခဲ့သည့်သံသယလူနာဆေးစစ်ချက်မှာ မျောက်ကျောက် (Monkeypox) ရောဂါမဟုတ်

ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးဂိတ်တွင် စက်တင်ဘာလ (၅) ရက်နေ့ မွန်းလွဲ မွန်းလွဲပိုင်းအချိန်က ခရီးသည်တင်မှန်လုံယာဉ်တစ်စီးပေါ်မှ တွေ့ရှိခဲ့ရသော သံသယလူနာမှာ မျောက်ကျောက် (Monkeypox) ရောဂါမဟုတ်၊ ဆေးစစ်ချက်အဖြေမှာ Negative ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာန နှင့် နီးစပ်သူများထံမှ သိရသည်။

Read more
Page 1 of 2 1 2

Donate

You can also donate with PayPal, respectfully Kaowao Newsgroup. နှိုးဆော်ခြင်း ကောင်းဝါသတင်းဌာန ရေရှည်ရပ်တည်နိုင်ဖို့ မိတ်ဆွေ စာဖတ်သူ ပရိသတ်များ ဝန်းရံပံ့ပိုးပေးဖို့လိုအပ်နေသလို အလှူငွေထောက်ပံ့ပါရန် မေတ္တာရပ်ခံလိုပါသည်။ အလှူငွေထည့်လိုပါက Messenger မှာဖြစ်ဖြစ် kaowao2023@gmail.com ဖြစ်ဖြစ် +66925121374 သို့ဖြစ်ဖြစ် ဆက်သွယ်အသိပေးစေလိုသည်။

Recent News

  • Trending
  • Comments
  • Latest