နောက်ခံသမိုင်း

မွန်ပြည်နယ်မပေးရေးနှင့်ပတ်သက်၍ ဦးနု၏သဘောထား

ဦးနု မိန့်ခွန်းပြောကြားရာတွင် ပြည်နယ်ဆိုသည်မှာ မကောင်းကြောင်း၊ အိမ်ကြီးတစ်လုံးကို ပိုင်ဆိုင်ခွင့်ရထားပါလျက်နှင့် နောက်ဖေးမီးဖိုချောင်ကိုမှ ခွဲခြားပြီး တောင်းသည်နှင့်တူနေကြောင်း၊ မိမိစိတ်ထဲရှိသမျှပြောရလျင် မြန်မာ နိုင်ငံကဲ့သို့ နိုင်ငံငယ်လေးတစ်ခုတွင် ပြည်နယ်များ ဟိုတစ်စု၊ သည်တစ်စု မဖြစ်စေလိုကြောင်း ဦးနုက မိန့်ခွန်းပြော ကြားခဲ့သည်။

Read more

ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

၁၉၄၈ ခုနှစ်လွတ်လပ်ရေးရချိန်မှာ ယနေ့တိုင် ကျွနိုပ်တို့နိုင်ငံကို ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ် ခေါ်ဆိုမှတ်ယူလက် ခံထားခဲ့ကြပါသည်။ ဤ ပြည်ထောင်စု၏ ပြည်နယ်များကို ပထဝီအခြေခံဖြင့်ဖွဲ့စည်းထားခြင်းမဟုတ်၊ လူမျိုးတို့၏ စုစည်းနေထိုင်မှုကို အခြေပြုပြီး ဖွဲ့စည်းထားခြင်းဖြစ်သည်။ပြည်နယ်နာမည််များကိုလည်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည်ဖြင့် ဆိုင်ရာလူမျိုးတို့၏ နာမည်များကို အတိအလင်းဖော်ပြထားသည်။ ဤသည်မှာ လူမျိုးစုပါဝင်သည့်ပြည်ထောင်စုတစ်ခု ဖြစ််ကြောင်း သဏ္ဍန်အားဖြင့် ပေါ်လွင်ထင်ရှားစေသည်။ သို့သော် ၎င်းကိုမှတ်ကျောက်တင်စစ်ဆေးကြည့်ပါက အရေခြုံ၊ ရွှေမှုံကြဲ၊ “နာမည်ခံပြည်ထောင်စု” ဖြစ်နေကြောင်းကို နိုင်ငံရေးသမားများနှင့် တိုင်းရင်းသားခေါင်းဆောင်တို့က ကောင်းစွာနားလည်ထားကြသည်။ ဤပြည်ထောင်စု၏ ၁၉၄ရ ခုဖွဲ့စည်းပုံသည် ပြည်နယ်ပြည်မပုံစံဖြင့် ဖွဲ့စည်းထားပြီး ပြည်မကပြည်နယ်များအပေါ် လွှမ်းမိုးချုပ်ကိုင်ထားသည်။ ၁၉၄ရ ခု ဖွဲ့စည်းပုံသည် ပြည်နယ်များ၊ တိုင်းများဖြင့် ဖွဲ့စည်းထားသော်လည်း တခုတည်းသော  ဗဟိုအစိုးရက အာဏာကို ချုပ်ကိုင်ထားသည်။ထို့ကြောင့်ပြည်နယ်ဟူသည်မှာ နာမည်ခံဟန်ပြမျှသာ

Read more

Stay Connected

  • Trending
  • Comments
  • Latest

Recent News