ကောင်းဝါ KAOWAO

ကောင်းဝါ KAOWAO

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။

နယ်ထိန်းရဲအသတ်ခံရမှုနှင့်ပတ်သက်၍ ပေါင်မြို့နယ်ဒေသခံ (၁၅) ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံနေရ

ပေါင် စက်တင်ဘာ (၁၂) ပြီးခဲ့သည့် စက်တင်ဘာလ (၃) ရက်က ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ဥတ္တံတားကျေးရွာမှ ဒေသခံပြည်သူ ၁၅ ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ကာယကံရှင်မိသားစုဝင်များက ပြောကြားသည်။ စက်တင်ဘာလ (၃)...

မိုးသည်းထန်ပြီး တောင်ကျရေလိမ့်ဆင်းမှုကြောင့် ဟံဂံကျေးရွာအတွင်း တတိယအကြိမ် ရေကြီးရေလျှံမှုဖြစ်ပွားနေ

မိုးသည်းထန်ပြီး တောင်ကျရေလိမ့်ဆင်းမှုကြောင့် ဟံဂံကျေးရွာအတွင်း တတိယအကြိမ် ရေကြီးရေလျှံမှုဖြစ်ပွားနေ

ရေး စက်တင်ဘာ (၁၂) မိုးသည်းထန်စွာသွန်းပြီး တောင်ကျရေ လိမ့်ဆင်းမှုကြောင့် ရေးမြို့နယ် ဟံဂံကျေးရွာအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ လွန်ခဲ့သည့် စက်တင်ဘာလ (၇) ရက်ကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေလိမ့်ဆင်းလာမှုကြောင့် ဟံဂံကျေးရွာအတွင်းသို့ ရေများစတင်ဝင်ရောက်လာကြောင်း နှင့်...

ယာဉ်မှတ်ပုံတင်ဆိုင်ရာ လုပ်ငန်းများ အခငွေနှုန်းထား တိုးမြှင့်ကောက်ခံမည်ဟုဆို

ယာဉ်မှတ်ပုံတင်ဆိုင်ရာ လုပ်ငန်းများ အခငွေနှုန်းထား တိုးမြှင့်ကောက်ခံမည်ဟုဆို

မော်လမြိုင်၊ စက်တင်ဘာ ၁၁ လိုင်စင်ဝင်မည့်ကားများကို ယာဥ်မှတ်ပုံတင်ဆိုင်ရာ အခငွေနှုန်းထား တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မော်လမြိုင်မှ ဒေသခံတစ်ဦးက "ရက်လွန်ဒဏ်ကြေးဆို သုံးဆလောက်ဖြစ်သွားတယ်။...

စီးပွား/ကူးသန်းတာဝန်ခံ ဗိုလ်ချုပ်နှင့် ထိပ်ပိုင်းအရာရှိတချို့အပါအဝင် စီးပွားရေးသမားများ ရာဂဏန်းဝန်းကျင် ဖမ်းဆီးစစ်ဆေးခံနေရဟုသတင်းထွက်ပေါ်

နေပြည်တော် စက်တင်ဘာ (၁၀) နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဗိုလ်မှူးချုပ်ရန်နောင်စိုး အပါအဝင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စားသုံးသူရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးငါးဦးနှင့် ရာဂဏန်းဝန်းကျင်ခန့်ရှိသော စီးပွားရေးသမားများစွာ ဖမ်းဆီးစစ်ဆေးခံနေရသည့် သတင်းထွက်ပေါ်နေကြောင်း နစကနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။ ဗိုလ်မှူးချုပ်ရန်နောင်စိုး အား စက်တင်ဘာလ...

တနင်္သာရီတိုင်းဒေသကြီး၌ ပြီးခဲ့သည့်ဩဂုတ်လအတွင်း ဒေသခံပြည်သူ သုံးသောင်းခွဲကျော် စစ်ဘေးရှောင်နေရ

တနင်္သာရီတိုင်းဒေသကြီး၌ ပြီးခဲ့သည့်ဩဂုတ်လအတွင်း ဒေသခံပြည်သူ သုံးသောင်းခွဲကျော် စစ်ဘေးရှောင်နေရ

လောင်းလုံး စက်တင်ဘာ (၁၁) တနင်္သာရီတိုင်းဒေသကြီး၌ ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဒေသခံပြည်သူသုံးသောင်းခွဲကျော် စစ်ဘေးရှောင်နေရကြောင်း ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ထံမှ သိရသည်။ ထားဝယ်ဒေသ အရှေ့တောနယ်ရှိ ဝကုန်းကျေးရွာဘက်သို့ မြန်မာစစ်တပ် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် အနီးအနားကျေးရွာများဖြစ်သည့် ရမ္မဇူ၊ ဘဝပင်၊ သင်္ကန်းတုန်း၊...

မွန်ပင်လယ်ပြင် ငါးဖမ်းစက်လှေနှစ်စီးပေါ်၌ တစ်ရက်အတွင်း လှေဦးစီး (ပဲ့နင်း) နှစ်ဦး အသတ်ခံခဲ့ရ

မွန်ပင်လယ်ပြင် ငါးဖမ်းစက်လှေနှစ်စီးပေါ်၌ တစ်ရက်အတွင်း လှေဦးစီး (ပဲ့နင်း) နှစ်ဦး အသတ်ခံခဲ့ရ

ကျိုက္ခမီ စက်တင်ဘာ (၇) မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပင်လယ်ပြင်အတွင်း ငါးဖမ်းစက် နှစ်စီးလှေစီး ပေါ်၌ စက်တင်ဘာလ (၅) ရက်က လှေဦးစီး (ပဲ့နင်း) နှစ်ဦး အသတ်ခံခဲ့ရကြောင်း ကျိုက္ခမီမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။ ပြီးခဲ့သည့်...

Online Love Scams အွန်လိုင်းအချစ်ရေးလိမ်လည်မှုဂိုဏ်းအလုပ်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၈၈ ဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ဖမ်းဆီးခဲ့

Online Love Scams အွန်လိုင်းအချစ်ရေးလိမ်လည်မှုဂိုဏ်းအလုပ်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၈၈ ဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ဖမ်းဆီးခဲ့

စက်တင်ဘာ (၆) တရုတ်နိုင်ငံလုံခြုံရေး ၀န်ကြီးဌာနထံမှ အကြံပြုချက်တစ်ခုရရှိပြီးနောက် တယ်လီဖုန်းနှင့် Online Love Scams အွန်လိုင်းအချစ်ရေးလိမ်လည်မှုဂိုဏ်းတွင် အလုပ်လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၈၈ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြားသည်။ စင်ကာပူနိုင်ငံနံဘေးရှိ Batam...

ကျွမ်းကျင်သူနာပြုအခက်အခဲကြောင့် မော်လမြိုင် ကျောက်ကပ်သွေးသန့်စင် စင်တာအား ယခု စက်တင်ဘာလကုန်တွင် ယာယီရပ်နားထားမည်ဟုဆို

ကျွမ်းကျင်သူနာပြုအခက်အခဲကြောင့် မော်လမြိုင် ကျောက်ကပ်သွေးသန့်စင် စင်တာအား ယခု စက်တင်ဘာလကုန်တွင် ယာယီရပ်နားထားမည်ဟုဆို

မော်လမြိုင် စက်တင်ဘာ (၆) ကျွမ်းကျင်သူနာပြုအခက်အခဲကြောင့် မော်လမြိုင်မြို့၊ ကျောက်တန်းစက်မှုဇုန်နယ်မြေရှိ မော်လမြိုင် ကျောက်ကပ် သွေးသန့်စင် စင်တာအား ယခု စက်တင်ဘာလကုန်တွင် ယာယီရပ်နားထားမည်ဖြစ်ကြောင်း မော်လမြိုင်ကျောက်ကပ်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ပြောဆိုသည်။ လတ်တလော ကျောက်ကပ်ဆေးခြင်းနှင့် ပတ်သက်သည့် ကျွမ်းကျင်သူနာပြုများ...

မြ၀တီခရိုင် ထွေ/အုပ်ရုံး Drop Bomb ချတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူများအနက် (၄) ဦးထပ်မံသေဆုံး

မြ၀တီခရိုင် ထွေ/အုပ်ရုံး Drop Bomb ချတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူများအနက် (၄) ဦးထပ်မံသေဆုံး

မြဝတီ စက်တင်ဘာ (၆) ပြီးခဲ့သည့် စက်တင်ဘာလ (၃) ရက် ညပိုင်းက မြ၀တီခရိုင် ထွေ/အုပ်ရုံး Drop Bomb ချတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူများအနက် (၄) ဦးထပ်မံသေဆုံးခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များ အရ သိရသည်။...

သံဖြူဇရပ်မြို့နယ်အတွင်း ဘိန်းစာရွက်အစိုအများအပြား ဖမ်းဆီးရမိ

သံဖြူဇရပ်မြို့နယ်အတွင်း ဘိန်းစာရွက်အစိုအများအပြား ဖမ်းဆီးရမိ

သံဖြူဇရပ် စက်တင်ဘာ (၄) သံဖြူဇရပ်မြို့နယ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းက ဘိန်းစာရွက်အစိုအများအပြား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ အလားတူ စက်တင်ဘာလ (၃) ရက် ညနေ (၅) နာရီအချိန်ခန့်က သံဖြူဇရပ်မြို့နယ်၊ ရေး - သံဖြူဇရပ်ကားလမ်း...

Page 124 of 145 1 123 124 125 145

Donate

You can also donate with PayPal, respectfully Kaowao Newsgroup. နှိုးဆော်ခြင်း ကောင်းဝါသတင်းဌာန ရေရှည်ရပ်တည်နိုင်ဖို့ မိတ်ဆွေ စာဖတ်သူ ပရိသတ်များ ဝန်းရံပံ့ပိုးပေးဖို့လိုအပ်နေသလို အလှူငွေထောက်ပံ့ပါရန် မေတ္တာရပ်ခံလိုပါသည်။ အလှူငွေထည့်လိုပါက Messenger မှာဖြစ်ဖြစ် kaowao2023@gmail.com ဖြစ်ဖြစ် +66925121374 သို့ဖြစ်ဖြစ် ဆက်သွယ်အသိပေးစေလိုသည်။

Recent News

  • Trending
  • Comments
  • Latest