မွန်ပြည်နယ်မပေးရေးနှင့်ပတ်သက်၍ ဦးနု၏သဘောထား
ဦးနု မိန့်ခွန်းပြောကြားရာတွင် ပြည်နယ်ဆိုသည်မှာ မကောင်းကြောင်း၊ အိမ်ကြီးတစ်လုံးကို ပိုင်ဆိုင်ခွင့်ရထားပါလျက်နှင့် နောက်ဖေးမီးဖိုချောင်ကိုမှ ခွဲခြားပြီး တောင်းသည်နှင့်တူနေကြောင်း၊ မိမိစိတ်ထဲရှိသမျှပြောရလျင် မြန်မာ နိုင်ငံကဲ့သို့ နိုင်ငံငယ်လေးတစ်ခုတွင် ပြည်နယ်များ ဟိုတစ်စု၊ သည်တစ်စု မဖြစ်စေလိုကြောင်း ဦးနုက မိန့်ခွန်းပြော ကြားခဲ့သည်။