မြန်မာနိုင်ငံနိုင်ငံသားများ ပြည်ပထွက်ခွာရာတွင် စစ်ကောင်စီမှ ယခုအခါ ကန့်သတ်မှုအချို့ ပိုမိုတင်းကြပ်လာကြောင်း ခရီးသွားများထံမှ သိရသည်။
PV ပတ်စပို့ကိုင်သူများသည် အသွားအပြန်လေယာဥ်လက်မှတ်၊ မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြား၊ နိုင်ငံခြား ရောက်သည့်အခါ တည်းခိုမည့်ဟိုတယ်ဘွတ်ကင်နှင့် Show Money အမေရိကန်ဒေါ်လာ ၅၀၀ သို့မဟုတ် ထိုင်းဘတ်ငွေ ၂ သောင်းကို လက်ဝယ်ပြသနိုင်မှသာ မြန်မာနိုင်ငံမှ ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း ခရီးသွားတစ်ဦးက ဆိုသည်။
“ကျနော်တို့ ကိုင်ထားတဲ့ Passport for Visit- PV ပတ်စပို့က အလည်အပတ်သီးသန့် သတ်မှတ် ထုတ်ပေးထားတာ သူ့စည်းကမ်းတိုင်း အတိအကျတင်းကျပ်လိုက်တဲ့အခါမှာ Only for visit သွားရောက် လည်ပတ်ရုံသက်သက်ပဲ ခွင့်ပြုတဲ့သဘော”
ထို့ပြင် PV ပတ်စပို့သမားများသည် Job Visa ဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာ၍မရနိုင်ကြောင်း၊ PJ type ကို ပြောင်း၍ အခွန် ၂၅% ဆောင်ထားကြောင်း အထောက်အထားပြနိုင်မှသာ မြန်မာနိုင်ငံက ထွက်ခွာခွင့်ရမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် PV ပတ်စပို့ Work Visa မြန်မာနိုင်ငံ အလည်ပြန်လာလိုပါက မိမိရောက်ရှိနေသည့် နိုင်ငံ၌ မြန်မာသံရုံးသို့သွားရောက်ပြီး PV to PJ ပြောင်း၍ အခွန်ဆောင်ရမည်ဖြစ်သလို ပြည်ပအလုပ်အကိုင်သက်သေခံကဒ် Owic card ( oversea work identification ) မရှိသေးပါက မြန်မာနိူင်ငံ ရောက်ရောက်ခြင်းလျှောက်ရန် လိုအပ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် အခြေခံလစာဘတ် (၆,၀၀၀) ကို သတ်မှတ်ထားသော ဘဏ်မှတဆင့် ဝင်ငွေခွန်ဆောင်ပြီးသည့် အထောက်အထား အပြည့်အစုံ ပြသနိုင်မှသာ PJ ပတ်စပို့သက်တမ်း တိုးပေးတော့မည်ဖြစ်ကြောင်း စစ်ကောင်စီက အသိပေးထုတ်ပြန်ထားသည်။

