• About
  • Advertise
  • Privacy & Policy
  • Contact
Kaowao Newsgroup, ကေါင်းဝါ
  • မူလ
  • သတင်း
    • All
    • ကျားဖြန့်
    • စစ်ဘေးရှောင်
    • စစ်မှုထမ်း
    • စီးပွားရေး
    • တရားမဝင်ကုန်သွယ်မှု
    • နိုင်ငံတကာ
    • နိုင်ငံရေး
    • ယဥ်ကျေးမှု
    • လူ့အခွင့်အရေး
    • သတင်းတို
    • အကျင့်ပျက်ဝန်ထမ်း
    • အမုန်းစကား
    • အွန်လိုင်းလိမ်လည်မှု
    • အုပ်ချုပ်ရေး

    ထရမ့် အာဏာရယူပြီး ၁၀၀ ရက်အတွင်း ဖမ်းဆီးခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်မှုကျူးလွန်သူ ၁၀၀ ၏ ဓာတ်ပုံများကို အိမ်ဖြူတော်တွင် ပြသထား — မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

    ဆားဈေးနှုန်း စံချိန်တင် မြင့်တက်နေသော်လည်း ထုတ်လုပ်သူများလက်တွင် ဆားမရှိ

    ကော့ကရိတ်မြို့မှ စစ်ရှောင်တစ်ဦး ၅ သောင်းကျပ် စစ်တပ်က ဒဏ်ကြေးတောင်းခံနေဟုဆို

    ဘီးလင်းမြို့နယ် အလူးလေးကျေးရွာအနီး တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက်ထိခိုက်မှုရှိ

    ကော့ကရိတ်မြို့တွင် ပြည်သူများပိတ်မိနေပြီး အစားအသောက်ရှားပါးလာ

    ကရင်တပ်ဖွဲ့ မြဝတီနယ်မြေရှိ မော်ဖားသူး စစ်ကောင်စီဗျူဟာကုန်း သိမ်းပိုက်

    Trending Tags

    • Trump Inauguration
    • United Stated
    • White House
    • Market Stories
    • Election Results
  • ဆောင်းပါး

    “တရုတ်၏ မြန်မာ့အရေးကြားဝင်မှုနှင့် လားရှိုးအုပ်ချုပ်ရေး မြန်မာစစ်ကောင်စီ ပြန်လည်အသက်ဝင်လာ”

    အပစ်ရပ်မဟုတ်တဲ့ အပစ်ရပ်ကြေညာချက်များ

    အပစ်ရပ်မဟုတ်တဲ့ အပစ်ရပ်ကြေညာချက်များ

    မလေးရှားဝန်ကြီးချုပ် အန်ဝါနဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ဘန်ကောက်တွေ့ဆုံမှု ရလဒ်အလွန်နည်းပါး

    မလေးရှားဝန်ကြီးချုပ် အန်ဝါနဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ဘန်ကောက်တွေ့ဆုံမှု ရလဒ်အလွန်နည်းပါး

    ငလျင်ဒဏ်ကြားက မြန်မာ့ငြိမ်းချမ်းရေး မျှော်လင့်ချက်များ

    ငလျင်ဒဏ်ကြားက မြန်မာ့ငြိမ်းချမ်းရေး မျှော်လင့်ချက်များ

    ငလျင်က ဖော်ပြနေတဲ့ စစ်အုပ်စုရဲ့ အကျင့်ပျက်ခြစားမှုများ

    ငလျင်က ဖော်ပြနေတဲ့ စစ်အုပ်စုရဲ့ အကျင့်ပျက်ခြစားမှုများ

    “နှစ် ၈၀ ပြည့်တပ်မတော်နေ့မှာ စစ်ခေါင်းဆောင် ဘာပြောသွားသလဲ”

    “နှစ် ၈၀ ပြည့်တပ်မတော်နေ့မှာ စစ်ခေါင်းဆောင် ဘာပြောသွားသလဲ”

  • Lifestyle
    • All
    • Food
    • Health
    • Travel
    • စကားပုံ
    “တရွာသားကို ရည်းစားထားရင်… ဘာဖြစ်တတ်လဲ”

    “တရွာသားကို ရည်းစားထားရင်… ဘာဖြစ်တတ်လဲ”

    ဗြိတိသျှနိုင်ငံသား ၄ ဦးအား ဆေးခြောက်တရားမဝင်သယ်ဆောင်မှုဖြင့် ကော့စမွီးလေဆိပ်တွင် ဖမ်းဆီးခံရ

    ဗြိတိသျှနိုင်ငံသား ၄ ဦးအား ဆေးခြောက်တရားမဝင်သယ်ဆောင်မှုဖြင့် ကော့စမွီးလေဆိပ်တွင် ဖမ်းဆီးခံရ

    “Chemsex တွေ ခေတ်စားလာပြီ”

    “Chemsex တွေ ခေတ်စားလာပြီ”

    ဒေါက်တာနော်စင်သီယာမောင် အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်

    ဒေါက်တာနော်စင်သီယာမောင် အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်

    ရေးခရိုင်ဆေးရုံကြီးတွင် အထူးကုဆရာဝန်များ ခွင့်ယူထားသဖြင့် အရေးပေါ်ခွဲစိတ်ကုသမှုများ အခက်တွေ့နေ

    ရေးခရိုင်ဆေးရုံကြီးတွင် အထူးကုဆရာဝန်များ ခွင့်ယူထားသဖြင့် အရေးပေါ်ခွဲစိတ်ကုသမှုများ အခက်တွေ့နေ

    တရားမဝင် မြန်မာစားသောက်ကုန်ပစ္စည်း ဂိုထောင်တစ်ခုကို ဆူရတ်ဌာနီ၌ ဖမ်းဆီးသိမ်းဆည်း

    တရားမဝင် မြန်မာစားသောက်ကုန်ပစ္စည်း ဂိုထောင်တစ်ခုကို ဆူရတ်ဌာနီ၌ ဖမ်းဆီးသိမ်းဆည်း

    Trending Tags

    • Golden Globes
    • Game of Thrones
    • MotoGP 2017
    • eSports
    • Fashion Week
  • အင်တာဗျူး
  • အတွေးအမြင်
  • အယ်ဒီတာ့အာဘော်
    လွတ်လပ်သောမီဒီယာက အမျိုးသားလုံခြုံရေးခြိမ်းခြောက်တာလား?

    လွတ်လပ်သောမီဒီယာက အမျိုးသားလုံခြုံရေးခြိမ်းခြောက်တာလား?

    စစ်တပ်နိုင်ငံရေးမှ ထွက်ရန် စိန်ခေါ်မှုများ

    စစ်တပ်နိုင်ငံရေးမှ ထွက်ရန် စိန်ခေါ်မှုများ

    Peace Talk 2025 ဟာ လက်တွေ့အကျိုးသက်ရောက်မှုမရှိဘဲ ကြေညာစာတမ်းသက်သက်သာ ဖြစ်လိမ့်မယ်

    Peace Talk 2025 ဟာ လက်တွေ့အကျိုးသက်ရောက်မှုမရှိဘဲ ကြေညာစာတမ်းသက်သက်သာ ဖြစ်လိမ့်မယ်

    ကဲ… ပြောကြည့်ရအောင် ဗျာ။

    ကဲ… ပြောကြည့်ရအောင် ဗျာ။

    စစ်ခေါင်းဆောင် စိတ်ကူးယဥ်တဲ့ ရာဘာအခြေပြု ဖိနပ်လုပ်ငန်း

    စစ်ခေါင်းဆောင် စိတ်ကူးယဥ်တဲ့ ရာဘာအခြေပြု ဖိနပ်လုပ်ငန်း

    မိသားစုအတွင်း ပဋိပက္ခနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုး

    မိသားစုအတွင်း ပဋိပက္ခနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုး

  • လူ့အခွင့်အရေး
  • နိုင်ငံရေး
  • စီးပွားရေး
  • သတင်းတို
  • အွန်လိုင်းလိမ်လည်မှု
  • နိုင်ငံတကာ
  • နောက်ခံသမိုင်း
  • တိုက်ပွဲများ
  • မြေမြှုပ်မိုင်း
  • English
  • မွန်ဘာသာ
No Result
View All Result

Home ဆောင်းပါး

မွန်ပြည်သစ်ပါတီ၏ အပစ်ရပ်စဲရေး အနှစ် ၃၀ ခရီးကို ပြန်လည်မျှော်ကြည့်လိုက်သော် (၅) 

ဗညားအောင် (ဆောင်းပါး)

ကောင်းဝါ KAOWAO by ကောင်းဝါ KAOWAO
June 30, 2024
in ဆောင်းပါး, နိုင်ငံရေး, နောက်ခံသမိုင်း
0
မွန်ပြည်သစ်ပါတီ၏ အပစ်ရပ်စဲရေး အနှစ် ၃၀ ခရီးကို ပြန်လည်မျှော်ကြည့်လိုက်သော် (၅) 
0
SHARES
36
VIEWS
Share on FacebookShare on Twitter

ဇွန်လ ၂၉ ရက်ဆိုလျင် ယခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်က မွန်ပြည်သစ်ပါတီ NMSP အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်မှာ ၂၉ နှစ်တင်းတင်း ပြည့်ပါတော့မည်။ 

ယင်းသို့ အပစ်အခတ်ရပ်စဲနိုင်ရန် တစ်နှစ်ခွဲကာလခန့် ဆွေးနွေးပွဲများ ကျင်းပခဲ့ရပါသည်။ ထိုအချိန်မှ စတင်ရေတွက်ပါက မွန်ပြည်သစ်ပါတီအပစ်ရပ်စဲရေး အနှစ် ၃၀ ကျော်လွန်ခဲ့ပြီး ဖြစ်ပါသည်။ 

အဆိုပါ အပစ်ရပ်ဆွေးနွေးပွဲများမှ လေ့လာစရာ၊ သင်ခန်းစာယူစရာ အကြောင်းအရာများစွာ ကျန်ရှိနေခဲ့သည်။ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးတို့၏ အနာဂတ်ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အထောက်အကူဖြစ်စေမည်ဟု ယူဆသဖြင့် ဆောင်းပါးရေးသား၍ ကောက်နုတ်တင်ပြခြင်း ဖြစ်ပါသည်။  

                                  စတုတ္တအကြိမ်ဆွေးနွေးခြင်း

နဝတနှင့် မွန်ပြည်သစ်ပါတီတို့၏ ပြီးခဲ့သည့်တတိယအကြိမ်ဆွေးနွေးပွဲတွင် တပ်နေရာချထားမှု ကိစ္စ ရှေ့မတိုးနိုင်ဖြစ်ခဲ့ကြပြီး ဆွေးနွေးပွဲသည်လည်း တစ်နှစ်နီးပါးခန့် တစ်ဆို့ခဲ့သလို ပျက်တော့ မည့် အနေအထားသို့ ဆိုက်ရောက်လာသည်။   

နဝတမှ မွန်ပြည်သစ်ပါတီလှုပ်ရှား နယ်မြေများအတွင်း စစ်ရေးအရှိန်တိုးမြှင့်လာသဖြင့် တိုက်ပွဲ များ မကြာခဏဖြစ်ပေါ်လာသည်။ ဘုရားသုံးဆူဒေသရှိ ဟလော့ဟနီ မွန်ဒုက္ခသည် စခန်းကို နဝတစစ်ကြောင်း လာရောက်တိုက်ခိုက်ခြင်း၊ ဗလဲ့ဒွန်ဖိုက်ရွာကို မီးရှို့ခြင်း၊ နဝတတပ်ဖွဲ့၏ သထုံခရိုင် ထိုးစစ်များကြောင့် မွန်ပြည်သစ်ပါတီဘက်မှ အရာရှိအချို့ အကျအဆုံးရှိလာခြင်းနှင့် အောက်ခြေမြို့နယ်အဆင့်တွင် အကျင့်ပျက်ပါတီဝင်၊ အရာရှိ အချို့ နဝတထံ လက်နက်ချ အလင်းဝင်မှုများ ရှိခဲ့သည်။ 

ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ ဖြစ်ကြသော နိုင်ခင်မောင်၊ ဦးခွန်မြတ်၊ နိုင်ဖေတင်တို့က ဆွေးနွေးပွဲ ဆက်လက်ကျင်းပဖြစ်ရန် မွန်ပြည်သစ်ပါတီသို့ ဆက်သွယ်ဆောင်ရွက်ကြသည်။ ငြိမ်းချမ်းရေးအကျိုးတော်များ၏ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ပေးမှုဖြင့် စတုတ္ထအကြိမ်ဆွေးနွေးမှုကို ပြန်လည်စတင်ခဲ့ပါသည်။ 

နဝတဘက်မှ အဆိုပြုချက်အရ မွန်ပြည်သစ်ပါတီ၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်အချို့ကို တဖန်ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ယခင် ဆွေးနွေးပွဲများတွင် ပါဝင်လာခဲ့သော အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ထောမွန် အစား ပါတီအထွေထွေအတွင်းရေးမှူး နိုင်ရော့စ ကို ရွေးချယ်ခဲ့သည်။

နိုင်ရော့စ ဦးဆောင်သော မွန်ပြည်သစ်ပါတီကိုယ်စားလှယ် အဖွဲ့သည် ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ် ထိုင်းလေတပ်စခန်းမှတဆင့် တပ်မတော် လေယာဥ်ဖြင့် မော်လမြိုင်မြိုင်လေဆိပ်သို့ ၁၉၉၅ ခု မေလ ၃၁ ရက် နေ့လယ်ပိုင်းတွင် ဆိုက်ရောက်လာသည်။ မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့အား အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဧည့်ဂေဟာတွင် တည်းခိုနေရာ ချထားပေးသည်။ 

ဆွေးနွေးပွဲစတင်ခြင်း

နေရာ။    ။ ရတခ အစည်းအဝေးခန်းမဆောင် 
နေ့စွဲ ။    ။ ၁- ၆ – ၁၉၉၅
အချိန်။    ။နံနက် ၈ နာရီ ၃၀ မိနစ်

     နဝတကိုယ်စားလှယ်အဖွဲ့

၁။ ဗိုလ်ချုပ်ကက်စိန် တိုင်းမှူး
၂။ ဗိုလ်မှူးချုပ်အောင်သိန်း ဒုတိယတိုင်းမှူး
၃။ ဗိုလ်မှူးချုပ်ကျော်ဝင်း ညွှန်ကြားရေးမှူး ကကလှမ်း
၄။ ဗိုလ်မှူးချုပ်မြင့်ရွှေ မောရဝတီရေတပ်ဌာနချုပ် 
၅။ ဗိုလ်မှူးကြီး မောင်တိုး ဗျူဟာမှူး 
၆။ ဗိုလ်မှူးစန်းပွင့် ကက(လှမ်း)
၇။ ဗိုလ်မှူး မျိုးမြင့် တပ်မှူး အမှတ်(၅) ထလတ

မွန်ပြည်သစ်ပါတီကိုယ်စားလှယ်များ

၁။ နိုင်ရော့စ အထွေထွေအတွင်းရေးမှူး
၂။ နိုင်တင်အောင်- ဗဟိုအလုပ်အမှုဆောင် 
၃။ ဗိုလ်မှူးကြီး မြင့်ဆွေ(လဝီအောင်) စစ်ထောက်ချုပ်
၃။ ဒုတိယဗိုလ်မှူးကြီး ကောင်းရွတ်- စစ်ရေးချုပ် 
၅။ ဒုတိယဗိုလ်မှူးကြီး ကျော်စိုး (မြိတ်ခရိုင် တပ်ရင်းမှူး)

     ရုံးအဖွဲ့ဝင်များ
၆။ ဗိုလ်ကြီးဗညားချမ်းနွန်
၇။ နိုင်ဝင်းတင့်
၈။ နိုင်တလမွန်
၉။ နိုင်စိုးမွန်
၁၀။ နိုင်ငြိမ်းချမ်း(ဆေးမှူး)
၁၁။ ဗိုလ်ကြီး ဟံသာဇွဲ(ကြေးနန်း)
၁၂။ ဗညားအောင်(ရုပ်သံမှတ်တမ်း) 

ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ
၁။ ဦးခွန်မြတ်
၂။ နိုင်ခင်မောင်
၃။ နိုင်ဖေတင်

                ဇွန်လ(၁) ရက်နေ့မှ ဆွေးနွေးပွဲစတင်ခဲ့ရာတွင် ပြီးခဲ့သည့် ဆွေးနွေးပွဲ မှတ်တမ်းများ အပေါ်အခြေခံ၍ နှစ်ဖက်ကိုယ်စားလှယ်များ အပြန်အလှန်ဆွေးနွေးကြရာ အကြမ်းဖျဥ်း သဘော တူညီမှုခဲ့သည့်အချက်အလက်များကို သက်ဆိုင်ရာမိမိတို့၏ အဖွဲ့အစည်းကိုတင်ပြပြီး အတည် ပြုချက် ရယူခဲ့ကြပါသည်။

နေရာ။   ။ ရတခ အစည်းအဝေးခမ်းမ

အချိန်။    ။ နံနက် ၁၁  နာရီ ၄၅ မိနစ်
နေ့ရက်။    ။ ဇွန်လ (၆) ရက်၊ ၁၉၉၅ ခုနှစ်။ 

ဗိုလ်မှူးချုပ် ကျော်ဝင်း
-၁၄ ချက်အပေါ်မှာ ကျနော်တို့ချပေးပြီးလည်းဘဲ ပြန်ပြီးတော့ ဆွေးနွေးပေးပါ့မယ်။ အဲဒါ က တော့(၁) အချက် မွန်ပြည်သစ်ပါတီအဖွဲ့ဝင်များ၊ ထောက်ခံအားပေးသူများနှင့် မွန်အမျိုးသား နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားခဲ့သဖြင့် နဝတမှ တရားဥပဒေအရ အမှုစီရင်ပြီး စီရင်ဆဲ၊ အကျဥ်းကျ ခံရသူကို လွှတ်ပေးဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့အခုဆွေး နွေးလာတာ ၁၄ ဖွဲ့ရှိပါပြီ။ အားလုံးလည်းဘဲ တရားဥပဒေဘောင်ထဲကိုရောက်ပြီးတော့ အားလုံးအဆင်ပြေသွားမယ့် နယ် မြေဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေပါတယ်။  အဲဒီအဖွဲ့ အားလုံးနဲ့လည်းပဲ ဒီလိုအချက်လေးမျိုး တွေကို ကျနော်တို့သဘောတူညီမှုရှိခဲ့ဖူးပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ အားလုံးသည် လက်နက်ကိုင်အဖွဲ့အစည်းတွေပဲဖြစ်တဲ့အတွက် တရား ဥပဒေဘောင်အတွင်းသို့မဝင်ခင်နဲ့ ဝင်ပြီးအခြေအနေမှာ ဆောင်ရွက်တဲ့နည်းစနစ် တွေအတိုင်းပဲ ဆောင်ရွက်မှုတွေအတိုင်း ကျနော်တို့ဆောင်ရွက်ပေးပါတယ်၊ အဲဒီလို ဆောင်ရွက်တဲ့ဆီမှာလည်း တချို့အပြစ်တွေကို ကျနော်တို့စီစစ်လိုက်ပါတယ်၊ ကျနော်တို့ လုံးဝလွှတ်ပေးလို့ရတဲ့ အပြစ်မျိုး ကျတော့လည်းပဲ လက်နက်ကိုင်နဲ့ပတ်သက်တဲ့ အပြစ်မျိုး တွေကျတော့ ကျနော်တို့လွှတ်ပေးလို့ ရတယ်။ 

သို့သော် အချို့အကျဥ်းကျခံနေရတဲ့သူထဲမှာ တခြားအမှုလေးတွေတော့ရှိပါတယ်၊ ကျနော်တို့ အနေနဲ့ တရားဥပဒေအရ ပြန်ပြီးတော့စဥ်းစားပေးလို့မရသေးဘဲနဲ့ ဆက်ပြီးတော့ အပြစ်ကျခံရ မယ့်လူမျိုး ပါတတ်ပါတယ်၊ အဲဒါမျိုးကျတော့ သက်ညှာစွာ ကျနော်တို့ စဥ်းစားပေးတယ်၊ လုံးဝ လွှတ်ပေးလို့မရတာလေးတော့ ရှိပါတယ်၊ သို့သော် ဒီနေရာမှာ တော့ ကျနော်ဆွေးနွေးနိုင်တာ ကတော့ ယခင်အဖွဲ့အစည်းတွေပါ ဒီမှာအခုခင်ဗျား တို့မှာလည်း ရှိပါတယ် KIO အဖွဲ့အစည်း နဲ့လည်း ဒီလိုပဲကျနော်တို့ယူခဲ့တယ်၊ နောက် ကယန်းပြည်သစ်ပါတီနဲ့လည်း ယူခဲ့တယ် အဲဒီ ကဲ့သို့လိုပဲ ကျနော်တို့ဆောင်ရွက် ပေးပါ့ မယ်၊ အဲဒီအဖွဲ့အစည်းမှာလည်းဘဲ ဒီလိုမျိုးတင်ပြတာ တွေရှိပါတယ် ရှိတော့ လက်နက် ကိုင်အဖွဲ့ချင်း ဥပမာ ဘယ်တပ်ရင်းကနေပြီးတော့ လက်နက် ကိုင်အဖွဲ့ကို ဖမ်းထားတယ် တိုက်ပွဲမှာမိတယ် လက်နက်နဲ့မိတယ် ရွာလာတော့မိတယ်၊ ဒီ အဖွဲ့ အစည်းတစ်ခုလုံးမှာ တရားဥပဒေဘောင်အတွင်းရောက်လာပြီ ဒီအဖွဲ့အစည်းနဲ့ပတ်သက်ပြီး တော့ ကျနော်တို့ ထိန်းသိမ်းထားတဲ့လက်နက်ကိုင်အဖွဲ့တွေကိုတော့ ကျနော်တို့လွှတ်ပေး ပါတယ်။

သို့သော် တခြား ရွာမှာလူသတ်မှုဖြစ်ထားတယ် ကျနော်တို့စဥ်းစားပေးမယ် တရားဥပဒေ အရ ကျနော်တို့ပြန်ပြီး စဥ်းစားပေးမယ်လို့ ဒါကိုကျနော်ဆွေးနွေးချင်ပါတယ်။ နောက်နှစ် ဖက်နယ်ကို တိမ်းရှောင်လာတဲ့ ရာဇဝတ်သားများကိစ္စကို နှစ်ဖက်ညှိနှိုင်းပြီးကိုင်တွယ် ဖြေရှင်းသွားဖို့ကတော့ ဒါဆောင်ရွက်လို့ရပါတယ်၊ အဲဒီအချိန်မှာဆိုလို့ရှိရင် ကျနော်တို့ Liaison Post တွေလည်းရှိမယ် တဖက်နဲ့တဖက် ခေါင်းဆောင်ချင်းလည်းပဲ ထိတွေ့နေ ကြမယ် ကျနော်တို့ ပဝတ၊ ခဝတတို့ ဒီကခေါင်းဆောင်တွေနဲ့လည်းပဲ အမြဲတမ်းထိတွေ့ ဆောင်ရွက်နေမှာဖြစ်တယ်၊ နောက်ပြီး ကျနော်တို့ထောက်လှန်းရေးတပ်ဖွဲ့မှူးတွေ တပ်မှူးနဲ့လည်း အမြဲတမ်းထိတွေနေမယ် ဒီဟာကို ဆောင်ရွက်လို့ရပါတယ်။

တဖက်မှ တပ်စခန်းများကို တဖက်မှတပ်များ သွားရောက်ဖြတ်သန်းရာတွင်လည်းကောင်း လမ်းမကြီးများဖြတ်သန်းရာတွင် သော်လည်းကောင်း ဆိုတဲ့အချက်များနဲ့ပတ်သက်ပြီးတော့ ဒါကျနော်တို့ကြိုပြီးတော့ ယခင်ညှိနှိုင်းစဥ်တုန်းကလည်းပါပါတယ် အသိပေးပြီးတော့ ဖြတ်သွား ကြဖို့၊ ကျနော်တို့တပ်တွေကလည်းပဲ ဒီဘက်ကိုဝင်ဖို့ရှိမယ်ဆိုရင် Liaison Post ကနေတဆင့် အကြောင်းကြားပါ့မယ် ဘယ်အချိန်မှာ ဘယ်ကနေပြီးတော့ ကျနော် တို့တပ်တွေဖြတ်လာမယ်။

အဲဒီလိုပဲ မွန်ပြည်သစ်ပါတီအဖွဲ့အနေနဲ့လည်းပဲ ဖြတ်လာစရာရှိရင် ကျနော်တို့ သတ်မှတ် ထားတဲ့ ဂွင်ဆိုရင်တော့ လက်နက်ကိုင်ဆောင်ခွင့်ရှိပါတယ် အဲဒီရဲ့ ပြင်ပဆိုရင်တော့ လက်နက်မပါဘဲနဲ့ ကျနော်တို့ Liaison Post တွေမှာ အကြောင်းကြားမယ် လက်နက် ထားရမယ့်နေရာလို့ သတ် မှတ်ထားတဲ့နေရာမှာ လက်နက်ထားခဲ့ရင်တော့ ဘယ်ကိုပဲ ဖြစ်ဖြစ် လွတ်လွတ်လပ်လပ် သွား လို့ရပါတယ်၊ အခု KIO ဘက်နဲ့ဆိုရင်လည်းဒီလိုပါပဲ ကိုးကန့်၊ ဝတို့နဲ့လည်း ဒီလိုပါပဲ၊ ဟိုဘက် ကိုးကန့်ဒေသ ဝဒေသမှာ ကျနော်တို့တပ်တွေ ဝင်မယ် သူတို့ကိုအကြောင်းကြားပြီး ကျနော်တို့ ဖွံ့ဖြိုးရေးတွေလုပ်တယ် ရိက္ခာပို့တာ တွေလုပ်တယ်။

တခါသူတို့တပ်တွေ ကျနော်တို့ဘက်ကိုဝင်လာရင်လည်းပဲ လားရှိုးလောက်၊ လောက်ကိုင်၊ မူဆယ်၊ နန်းခမ်း စသဖြင့်အဲဒီလောက်ဝင်လာရင်ဖြင့် အဲဒီလောက်အထိကတော့ လက်နက်နဲ့ ရပါတယ်၊ ဒီဘက်ကျတော့ ကျောက်မဲလောက်မှာ နည်းနည်းနောက်ဆုံး ထားပြီးတော့ ထောက် လှမ်းရေးတပ်မှာ လက်နက်ထားရပါတယ်၊ ထားပြီးတော့ မန္တလေး ဘက်ဆင်းလာရင်တော့  လုံးဝလက်နက်မပါဘဲ ဆင်းပါတယ်၊ ဆင်းပြီးတော့ ရန်ကုန် မော်လမြိုင် ကြိုက်တဲ့နေရာ သွား လို့ရပါတယ် တပြည်လုံးဘယ်သွားသွား သွားလို့ရပါ တယ် အဲဒီအတိုင်း လက်နက်မပါ ကျနော် တို့ခွင့်ပြုပါတယ် ဒါလည်းပဲ ကျနော်တို့ဘာမှ ဆွေးနွေးစရာမရှိပါဘူး ဒီအတိုင်းပဲ တခြား အဖွဲ့ အစည်းတွေနဲ့ ဒီလိုပဲဆက်ပြီး ဆောင်ရွက် ပေးပါတယ်။ 

နောက် လက်နက်နဲ့ဖြတ်သန်းသည့်အခါတိုင်း သက်ဆိုင်ရာတပ်၏ ခွင့်ပြုချက်အရ လုပ်ဆောင် ရန် ဟာလည်း ခုနကျနော်ပြောသလိုပဲ အသိပေးပြီးတော့ သတ်မှတ်ထားတဲ့နယ် မြေတွေမှာ ဖြတ်သန်းတဲ့အခါမှာ အသိပေးပြီးတော့ ဆောင်ရွက်သွားလို့ရပါတယ်၊ နောက် ပိုင်းမှာ ဘယ်နယ် မြေအထိ လက်နက်နဲ့ဖြတ်သန်းခွင့်ပြုသည်ဆိုတဲ့ဟာ ဆက်လက်ပြီး ဆွေးနွေးစေချင်ပါတယ်၊ နောက်အခြေအနေအရပေါ်ပေါက်လာသည့် ပြဿနာများဖြေ ရှင်းရန် ဆက်သွယ်ရေးတာဝန်ခံ များကို လိုအပ်သောနေရာများတွင် ထားရှိရန် ဒါကို ဆောင်ရွက်ပါ့မယ်၊ ကျနော်တို့ဒီလိုပဲ တခြား တွေမှာလည်းပဲ ဆက်သွယ်ရေးရုံးတွေ ဖွင့်လှစ်ပြီး ဆောင်ရွက်နေပါတယ်။

နောက်နှစ်ဖက်တပ်စခန်းသစ်များ တို့ချဲ့ရန်ကိစ္စကို နှစ်ဖက်ညှိနှိုင်းပြီးမှသာ ဆောင်ရွက်ရန်  ဒါလည်းပဲ ကျနော်တို့ ဆက်ဆံဆောင်ရွက်သွားဖို့ ဘာမှလည်းအခက်အခဲမရှိပါဘူး၊နောက် ဒေသဖွံ့ဖြိုရေးလုပ်ငန်းအစီအစဥ်များကို နှစ်ဦးနှစ်ဖက်ညှိနှိုင်းသဘောတူသည့်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆိုတာကိုတော့ ဒီလိုပဲလုပ်ဖို့လို့ ကျနော်တို့ အစီ အစဥ်ရှိပါတယ်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ပေးမယ်ဆိုတာကတော့ ကျနော်တို့ပွဲ (ငြိမ်းချမ်းရေးအခမ်းအနား) လုပ်ပြီးတာနဲ့ ဒီဥပဒေဘောင်အတွင်းဝင်ရောက်တာ ကြိုဆိုပွဲ လုပ်ပြီးတာနဲ့ အဲဒီနေ့ နေ့လယ်မှာ အတွင်းရေးမှူး(၁) (ဗိုလ်ချုပ်ကြီးခင်ညွန့်) နဲ့ ဒီက ခေါင်းဆောင်တွေနဲ့ အဲဒီမှာစပြီး ဆွေးနွေးပါမယ်၊ ဆွေးနွေးပြီးတဲ့နောက်မှာ ဆက်လက် ဆောင်ရွက်သွားဖို့ရှိပါတယ်၊ အဲဒီအချိန်ကစပြီးတော့ အဲဒီရက်ကစပြီးတော့ နောက်ရက်တွေမှာ တခါထဲဆက်ပြီးဆောင်ရွက်သွားပါမယ်။

နောက်ပြည်သူလူထုများ၏ ၄င်းတို့ဆန္ဒအရ လုပ်အားပေးခြင်းမှအပ လုပ်အားကိုရယူခြင်း ဆိုတဲ့ ဟာကိုတော့ စေတနာအလျှောက်လုပ်အားပေးတာကိုတော့ ကျနော်တို့လည်းဘဲ လက်ခံပါတယ် အဲဒီစေတနာအလျှောက်လုပ်အားပေးခြင်းမှအပ လုပ်အားကိုရယူခြင်း အခမဲ့စေခိုင်းခြင်းများကို နှစ်ဖက်စလုံးမှရှောင်ကြဥ်သွားဖို့ ဆိုတဲ့ဟာကိုတော့ ကျနော်တို့ ဆွေးနွေးနိုင်ပါတယ်၊ စေတနာ အရ လုပ်အားပေးတာကိုတော့ ခြွင်းချက်ထားပြီးတော့ ကျန်တာကိုတော့ ကျနော်တို့တပ်ဖွဲ့တွေ ကော မွန်ပြည်သစ်ပါတီအနေနဲ့ရော အဓ္ဓမ ရယူခြင်း အခမဲ့စေခိုင်းစေခြင်းတွေ မလုပ်ဖို့ဆိုတာက တော့ ဘာမှဆွေးနွေးစရာမရှိတဲ့ အချက်ဖြစ်ပါတယ် စေတနာအရလုပ်အားပေးခြင်းကိုတော့ ခြွင်းချက်အဖြစ်ထားပါတယ်။ 

နောက် ကျေးလက်ဒေသပြန်လည်ထူထောင်ရေးနဲ့ နယ်မြေစွန့်ခွာသူများ ပြန်လည်နေရာ ချထား ရေးကို နဝတမှလိုအပ်သလို ပံ့ပိုးပေးရန် ဒါကတော့အစအဆုံး ကျနော်တို့လုပ်ပေးဖို့ ရည်ရွယ် ချက်ရှိပါတယ်၊ ဒီလိုနယ်မြေ နယ်မြေကိုစွန့်ခွာပြီးတော့ ပြန်လာတဲ့လူတွေအပေါ် စစ်ပြေး ဒုက္ခသည်လို့တော့ ကျနော်တို့မသုံးနှုန်းတော့ပါဘူး နယ်မြေကိုစွန့်ခွာသွားတယ် အကြောင်း အမျိုးမျိုးကြောင့်၊  နောက်ပြန်လာတဲ့လူတွေ နေရာချထားပေးဖို့ကိုတော့ အခု ကတည်းက ကျနော်တို့စဥ်းစားထားတာရှိပါတယ်၊ လူကြီးတွေခေါင်းထဲလည်း ရှိပါတယ် ပြန်လာလို့ရှိရင် ဘယ်လောက်အထိလက်ခံရမယ်ဆိုတဲ့ အင်အားကိုတွက်ပြီးတော့ သူတို့ရဲ့ စားဝတ်နေရေး တောက်လျှောက် တစ်သက်တာအတွက် တာဝန်ယူနိုင်အောင်အထိ အစိုးရ အနေနဲ့လုပ်ပေးဖို့ အစီအစဥ်ရှိပါတယ်၊ နောက် အခြေအနေအရ လိုအပ်မှုများကို နှစ်ဦးနှစ်ဖက်အပြန်အလှန် ညှိနှိုင်းသွားကြရန် ဒါကလည်း ကျနော်တို့အစီအစဥ်ရှိပါတယ် အထူးသဖြင့်ပံ့ပိုးပေးသွားဖို့။

နောက် မွန်ပြည်သစ်ပါတီအနေနဲ့ စီးပွားရေးလုပ်ငန်း လုပ်ပိုင်ခွင့်ရှိရန် ဆိုတဲ့ဆီမှာတော့ ကျနော်တို့အခု ဥပဒေဘောင်ထဲကို ပြန်လည်ဝင်ရောက်ပြီးတဲ့ ၁၄ ဖွဲ့လုံးကိုလည်းပဲ စီးပွား ရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပေးပါတယ်။ ပေးတာကိုလည်း အခုအကျိုးဆောင်တွေက သိပါတယ်။  ဒီစီးပွားရေးလုပ်ငန်းတွေကို ဘယ်လောက်အတိုင်းအတာအထိ လုပ်ပိုင်ခွင့် ပေးလဲဆိုတာ အားလုံးလည်းလေ့လာပြီးသား ဖြစ်မှာပါ။ သို့သော် ကန့်သတ်ချက်လေး ကိုတော့ ကျနော်တို့ထားပါတယ် ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ရော၊ ဒီနယ်မြေမှာထွက်တဲ့ သယံဇာတ၊ ကျနော်တို့မှာ တည်ဆဲဥပဒေအရ ရှိပါတယ် ဘယ်အလုပ်မျိုးသည် ဘယ်လုပ် ငန်းမျိုးသည် အစိုးရမှအပ ကျန်တဲ့လူလုပ်ခွင့်မရှိဘူးဆိုတာ ရှိပါတယ်၊ အဲဒီလိုလုပ်ငန်းများ မှအပ ကျနော်တို့ လုပ်ပိုင်ခွင့်ပေးပါတယ် ဒါကတော့ နဝတအနေနဲ့ လိုလိုလားလား လုပ်ပိုင်ခွင့်ပေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့စားဝတ်နေရေး ထောက်ပံ့ပေး တာကတစ်ပိုင်း ကိုယ့်ဟာကို ရပ်တည်ပြီးတော့ စီပွားရေးလုပ်ကိုင်နိုင်မှသာလျင် ပိုပြီးတော့ အဆင်ပြေမယ်ခံယူချက်နဲ့ ကျနော် တို့လုပ်ကိုင်ခွင့်ပေးထားတာဖြစ်ပါတယ် သို့သော် ဥပဒေဘောင်ထဲမှာတော့  လုပ်ရတာမျိုး ရှိပါ တယ် ဥပဒေနဲ့မကင်းတဲ့အလုပ်မျိုး သို့မဟုတ် ခုနကျနော်တင်ပြသလိုမျိုး တည်ဆဲဥပဒေနဲ့အရ အစိုးရသာလျင် လုပ်ကိုင်ခွင့်ရှိတယ်ဆိုတဲ့ လုပ်ငန်းမျိုးမှအပ ကျနော်တို့ခွင့်ပြုပါတယ်၊ အားလုံး ကိုလည်းဘဲ ကျနော်တို့အားပေး ပြီးတော့ တချို့ငွေမရှိရင်တောင်မှ ကျနော်တို့ ငွေချေးပေးပြီး တော့ ထောက်ပံ့ပေးရတဲ့ အဖွဲ့လေးတွေရှိပါတယ်။

ဆိုတော့ ဒီအချက်တွေအားလုံးအနေနဲ့ကတော့ အချေအတင်ဆွေးနွေးရမယ့် အချက်တွေမရှိဘူး လို့ ကျနော်သုံးသပ်ပါတယ်၊ ဒါကြောင့် ဒီအချက်တွေကိုတော့ တစ်ချက်ချင်းစီကိုတော့ တိုင်းမှူး ကြီးကိုယ်စား ကျနော်တင်ပြခြင်းဖြစ်ပါတယ်။  

နိုင်ရော့စ
-ခုနကပြောတဲ့အချက်တွေအားလုံး သဘောတူပါတယ်၊  

ဗိုလ်ချုပ်ကက်စိန်
-ခုနကဆွေးနွေးတဲ့အပေါ်မှာ ဆွေးနွေးစရာရှိရင် ထပ်ဆွေးနွေးပါ၊ မရှိဘူးဆိုရင် ကျနော်တို့ ကြိုညှိထားတဲ့ အချက်အလက်လေးတွေနဲ့ ညှိနှိုင်းသဘောတူညီချက်လေးတွေကိုတော့ ကျနော်တို့ အရင်တစ်ခါဆွေးနွေးသလို တတိယအကြိမ်ကဆွေးနွေးသလို နောက်ဆက်တွဲ အနေနဲ့ ကျနော်အားလုံး ထုတ်ပြန်ပါမယ်။

ဗိုလ်မှူးစန်းပွင့်
-ထပ်မံပြီးဆွေးနွေးတင်ပြစရာများ ရှိပါသလား၊ 

နိုင်ရော့စ
-ဆွေးနွေးစရာမရှိတော့ပါ။ နောက်တစ်ခုကျနော်တင်ပြချင်တာက ကျနော်တို့ ပြန်ဖို့ အမြန်ဆုံး နေရာပြန်ရောက်ဖို့ အမြန်ဆုံးပြန်လာဖို့ ဒီလတတိယအပတ်မှာ ပြန်လာနိုင် အောင်တော့ ကြိုး စားမယ်၊ ကျနော်တို့အမြန်ဆုံး ပြန်လာနိုင်ဖို့ တိုင်းမှူးကြီးတို့အကူအညီ လိုအပ်တာလည်း ရှိနိုင်ပါတယ်။ 

နောက်တစ်ခု ကျနော်ကျန်သွားတာက လောလောဆယ် ကျနော်တို့နဲ့အဆက်သွယ် မပြတ်ရ အောင် လိုအပ်တာတွေ ညှိနှိုင်းနိုင်အောင် လှုပ်ရှားနိုင်အောင် ကျနော်တို့ရဲ့ဆက် သွယ်ရေးအဖွဲ့ တစ်ဖွဲ့ ချန်ထားပါမယ်။

ဗိုလ်ချုပ်ကက်စိန်
-ကျနော်တို့ဒီမှာ ဘယ်နှစ်ယောက်ပြန်သွားပြီး ဘယ်နှစ်ယောက်ကျန်ခဲ့မယ် ဒီမှာနေဖို့ ထိုင်ဖို့ ဆက်သွယ်နိုင်ဖို့ အဲဒါလေးကို စီစဥ်ပေးပါမယ်။

နိုင်ရော့စ
-ဒီမှာနေဖို့က နိုင်ကျော်စိုး (ဒုတိယ ဗိုလ်မှူးကြီး) ဆက်ဆံရေးတာဝန်ခံ၊ ဆက်သွယ်ရေး ကြေးနန်း စက် တစ်ယောက်ရှိမယ် နောက်ရုံးအကူ ၂ ယောက် စုစုပေါင်း လေးယောက်ငါး ယောက်လောက် ရှိပါမယ်။

မွန်းလွဲ (၁) နာရီတွင် အစည်းအဝေးပြီးဆုံးသည်။

                   နှစ်ဖက်စုံညီအစည်းအဝေးပြီးဆုံးပြီးနောက် ညနေပိုင်းတွင် တိုင်မှူးနေအိမ်၌ ဗိုလ်ချုပ်ကက်စိန်နှင့် အတွင်းရေးမှူး နိုင်ရော့စတို့ နှစ်ဦးသီးသန့်တွေ့ဆုံ၍ ဆွေးနွေးပွဲမှ အချက် (၁၄) ချက်ပါ သဘောတူညီကို လက်မှတ် ရေးထိုးကြပါသည်။

မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးတာဝန်ခံအဖြစ် ဒုတိယဗိုလ်မှူးကြီးကျော်စိုးအား တာဝန် ပေးအပ်၍ ကြေးနန်းဆက်သွယ်ရေးတစ်ဦးနှင့်အတူ မော်လမြိုင် ကန်သုံးကန်ရှိ အမှတ်(၅) ထောက်လှမ်းရေးတပ်ဖွဲ့ အရာရှိနေအိမ်တွင် ယာယီရုံးဖွင့်လှစ်ထားသည်။ 

မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့တို့သည် ဇွန်လ ၇ ရက်တွင် မော်လမြိုင်မြို့မှ ရေးမြို့သို့ မီးရထားဖြင့် သွားရောက်၍ ကျောင်းရွာ၊ ကမ်းနီရွာမှတဆင့် မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ် ရေးချောင်းဖျားသို့ ခြေလျင်ခရီးဖြင့် ပြန်ခဲ့ကြသည်။ မိုးရွာထားသဖြင့် ကိုယ်စားလှယ်များမှာ ဗဟိုဌာနချုပ်သို့ ခက်ခဲစွာပြန်လာခဲ့ကြသည်။  

*ဖတ်ရှုပေးသည့်အတွက် အထူးကျေးဇူးတင်ပါသည်၊ ဆက်လက်ဖော်ပြသွားပါမည်။

Tags: မွန်ပြည်သစ်ပါတီ
Previous Post

တော်လှန်ရေးအဖွဲ့အစည်းအသီးသီး၏နယ်မြေအတွင်း ကုန်စည်များ ဖြတ်သန်းသွားလာခြင်းမရှိစေရန် ရန်ကုန်-ကော့သောင်း-ရနောင်းကွန်တိန်နာသင်္ဘောပြေးဆွဲ၍ စစ်ကောင်စီစတင်ကြိုးပမ်းလာဟု ကုန်သည်အချို့မြင်

Next Post

မွန်ပြည်သစ်ပါတီ၏ အပစ်ရပ်စဲရေး အနှစ် ၃၀ ခရီးကို ပြန်လည်မျှော်ကြည့်လိုက်သော် (၆) 

ကောင်းဝါ KAOWAO

ကောင်းဝါ KAOWAO

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။

Next Post

မွန်ပြည်သစ်ပါတီ၏ အပစ်ရပ်စဲရေး အနှစ် ၃၀ ခရီးကို ပြန်လည်မျှော်ကြည့်လိုက်သော် (၆) 

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Donate

You can also donate with PayPal, respectfully Kaowao Newsgroup. နှိုးဆော်ခြင်း ကောင်းဝါသတင်းဌာန ရေရှည်ရပ်တည်နိုင်ဖို့ မိတ်ဆွေ စာဖတ်သူ ပရိသတ်များ ဝန်းရံပံ့ပိုးပေးဖို့လိုအပ်နေသလို အလှူငွေထောက်ပံ့ပါရန် မေတ္တာရပ်ခံလိုပါသည်။ အလှူငွေထည့်လိုပါက Messenger မှာဖြစ်ဖြစ် kaowao2023@gmail.com ဖြစ်ဖြစ် +66925121374 သို့ဖြစ်ဖြစ် ဆက်သွယ်အသိပေးစေလိုသည်။

Recent News

ထရမ့် အာဏာရယူပြီး ၁၀၀ ရက်အတွင်း ဖမ်းဆီးခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်မှုကျူးလွန်သူ ၁၀၀ ၏ ဓာတ်ပုံများကို အိမ်ဖြူတော်တွင် ပြသထား — မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

April 30, 2025

အစိုးရအဆောက်အဦများ ငလျင်ဒဏ်ပြိုကျမှုအတွက် မူလတည်ဆောက်သူများအား တာဝန်ယူခိုင်းမည်ဟု စစ်ကောင်စီက ကြေညာ

April 30, 2025

ဆားဈေးနှုန်း စံချိန်တင် မြင့်တက်နေသော်လည်း ထုတ်လုပ်သူများလက်တွင် ဆားမရှိ

April 30, 2025

သောင်ရင်းမြစ်တွင် မြင်းဆေး ၅ သန်း KNU ဖမ်းဆီးသိမ်းဆည်း

April 30, 2025
  • Trending
  • Comments
  • Latest
ကော့ဘိန်းတိုက်ပွဲအတွင်း မြန်မာတပ်ဖွဲ့ဝင်အချို့ လက်နက်ချခဲ့ဟု ဆို

ကော့ဘိန်းတိုက်ပွဲအတွင်း မြန်မာတပ်ဖွဲ့ဝင်အချို့ လက်နက်ချခဲ့ဟု ဆို

March 25, 2024
ကော့ဘိန်းရဲစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲများဖြစ်ပွား၍ ဒေသခံများပိတ်မိနေ

ကော့ဘိန်းရဲစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲများဖြစ်ပွား၍ ဒေသခံများပိတ်မိနေ

March 24, 2024
သံဖြူဇရပ်မြို့နယ်မှ ပျောက်ဆုံးနေသည့် မွန်အမျိုးသား (၄) ဦးတို့အား တောင်ညိုစစ်ကြောင်း တပ်ခွဲ – ၂ မှ ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

သံဖြူဇရပ်မြို့နယ်မှ ပျောက်ဆုံးနေသည့် မွန်အမျိုးသား (၄) ဦးတို့အား တောင်ညိုစစ်ကြောင်း တပ်ခွဲ – ၂ မှ ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

July 21, 2024
မြန်မာစစ်တပ်အဖွဲ့စုံစစ်ကြောင်းနှင့် KNU/PDF တို့ နှစ်ကရင်ရဲစခန်းတွင် ၄ နာရီကြာခန့်တိုက်ပွဲဖြစ်ပွား၊ စစ်ရဟတ်ယာဥ် လာရောက်ပစ်ကူပေး၊ ထိခိုက်ဒဏ်ရာသေဆုံးမှုများ အတည်မပြုနိုင်သေးဟုဆို

မြန်မာစစ်တပ်အဖွဲ့စုံစစ်ကြောင်းနှင့် KNU/PDF တို့ နှစ်ကရင်ရဲစခန်းတွင် ၄ နာရီကြာခန့်တိုက်ပွဲဖြစ်ပွား၊ စစ်ရဟတ်ယာဥ် လာရောက်ပစ်ကူပေး၊ ထိခိုက်ဒဏ်ရာသေဆုံးမှုများ အတည်မပြုနိုင်သေးဟုဆို

June 25, 2023
ထိုင်းနဲ့မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေရဲ့ အဓိကသော့ချက်

ထိုင်းနဲ့မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေရဲ့ အဓိကသော့ချက်

0
မော်လမြိုင်မြို့ပေါ်ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင်လုယက်သွား

မော်လမြိုင်မြို့ပေါ်ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင်လုယက်သွား

0
မိုခါမုန်တိုင်းကယ်ဆယ်ရေး မွန်ပြည်သစ်ပါတီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ ငွေကျပ်သိန်း ၅ ရာလှူဒါန်း

မိုခါမုန်တိုင်းကယ်ဆယ်ရေး မွန်ပြည်သစ်ပါတီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ ငွေကျပ်သိန်း ၅ ရာလှူဒါန်း

0
တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

0

ထရမ့် အာဏာရယူပြီး ၁၀၀ ရက်အတွင်း ဖမ်းဆီးခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်မှုကျူးလွန်သူ ၁၀၀ ၏ ဓာတ်ပုံများကို အိမ်ဖြူတော်တွင် ပြသထား — မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

April 30, 2025

အစိုးရအဆောက်အဦများ ငလျင်ဒဏ်ပြိုကျမှုအတွက် မူလတည်ဆောက်သူများအား တာဝန်ယူခိုင်းမည်ဟု စစ်ကောင်စီက ကြေညာ

April 30, 2025

ဆားဈေးနှုန်း စံချိန်တင် မြင့်တက်နေသော်လည်း ထုတ်လုပ်သူများလက်တွင် ဆားမရှိ

April 30, 2025

သောင်ရင်းမြစ်တွင် မြင်းဆေး ၅ သန်း KNU ဖမ်းဆီးသိမ်းဆည်း

April 30, 2025
Facebook Twitter Youtube RSS
Kaowao Newsgroup, ကေါင်းဝါ

We bring you the best Premium WordPress Themes that perfect for news, magazine, personal blog, etc. Check our landing page for details.

Follow Us

Browse by Category

  • Food
  • Health
  • Travel
  • Uncategorized
  • ကျန်းမာရေး
  • ကျားဖြန့်
  • ကျားဖြန့်
  • ငြိမ်းချမ်းရေး
  • စကားပုံ
  • စစ်ဘေးရှောင်
  • စစ်မှုထမ်း
  • စီးပွားရေး
  • ဆောင်းပါး
  • တရားမဝင်ကုန်သွယ်မှု
  • တိုက်ပွဲများ
  • ထုတ်ပြန်ကြေငြာချက်
  • ဓါတ်ပုံ-သတင်း
  • နယ်မြေအငြင်းပွား
  • နိုင်ငံတကာ
  • နိုင်ငံရေး
  • နောက်ခံသမိုင်း
  • ပညာရေး
  • ဖွဲ့စည်းပုံအခြေခံဥပဒေ
  • မြေမြှုပ်မိုင်း
  • မူးယစ်ဆေးဝါး
  • ယဥ်ကျေးမှု
  • ရွှေ့ပြောင်းလုပ်သား
  • ရှေ့ဟောင်းသမိုင်း
  • လက်နက်ကြီးပစ်ခတ်မှူ
  • လုပ်ကြံသတ်ဖြတ်မှူ
  • လူ့အခွင့်အရေး
  • ဝေဖန်ရေး
  • သတင်း
  • သတင်းတို
  • သဘာဝဘေးအန္တရယ်
  • သရော်စာ
  • အကျင့်ပျက်ဝန်ထမ်း
  • အင်တာဗျူး
  • အတွေးအမြင်
  • အမုန်းစကား
  • အယ်ဒီတာ့အာဘော်
  • အွန်လိုင်းလိမ်လည်မှု
  • အားကစား

© 2023 KaoWao

No Result
View All Result

© 2023 KaoWao