Latest News

မွန်အမျိုးသားကောလိပ် MNC နှင့် ချင်းမိုင် CMRU တက္ကသိုလ် MoU လက်မှတ်ရေးထိုး

ချင်းမိုင်-၂၀၂၅ ဇန်(၁၅) မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေရှိ မွန်အမျိုးသားကောလိပ် Mon National College-MNC နှင့် ထိုင်းနိုင်ငံ ချင်းမိုင် CMRU တက္ကသိုလ်အကြား ကျောင်းသား ဖလှယ်ရေး ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဥ်များနှင့် ချင်းမိုင် Rajabhat University...

ကျားဖြန့်ပြဿနာဖြေရှင်းရန် BGF/KNA, DKBA ခေါင်းဆောင်များနှင့် တရုတ်လုပ်ငန်းရှင်တချို့ အရေးပေါ်ဆွေးနွေး

မဲဆောက်- ၂၀၂၅ ဇန် (၁၅) ကျားဖြန့်၊ လူကုန်ကူးမှုနှင့် ရာဇဝတ်မှုကိစ္စရပ်များကိုဖြေရှင်းရန် BGF/KNA ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ၊ DKBA ခေါင်းဆာင်ဗိုလ်ချုပ်စောဆန်းအောင်နှင့် တရုတ်လုပ်ငန်းရှင်တချို့ ယနေ့တွင် အရေးပေါ်ဆွေးနွေးပွဲတရပ် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအရေးပေါ်အစည်းအဝေးကို ထိုင်း-မြန်မာနယ်စပ်က BGF...

မြန်မာနိုင်ငံက ကျားဖြန့်ဒုစရိုက်ဂိုဏ်း၌ ဂျပန်ခြောက်ဦး ဖမ်းဆီးခံထားရ

မော်လမြိုင်-၂၀၂၅ ဇန် (၁၅) ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံက ကျားဖြန့်ဒုစရိုက်ဂိုဏ်းတစ်ခု၌ ဂျပန်လူမျိုး ခြောက်ဦး ဖမ်းဆီးခံထားရကြောင်း ထိုင်းအခြေစိုက် လူကုန်ကူးခံရသူများ အကူအညီပေးရေး အရပ်ဘက်ကွန်ရက်အဖွဲ့က ပြောကြောင်း ဂျပန် အဆာဟီရှင်ဘွန်းသတင်းက ယနေ့တွင် ဖော်ပြသည်။ ဂျပန်အမျိုးသား ငါးဦးနှင့်...

ထိုင်းဝန်ကြီးချုပ်ကို ကျားဖြန့်ဂိုဏ်းတစ်ခုက AI နည်းပညာဖြင့် လိမ်လည်ရန်ကြိုးစား

ဘန်ကောက်- ၂၀၂၅ ဇန် (၁၅) ကျားဖြန့်ဂိုဏ်းတစ်ခုက AI နည်းပညာကို အသုံးပြု၍ လိမ်လည်ရန်ကြိုးစားခဲ့သည်ကို ကြုံဖူးကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ထိုင်းမီဒီယာများကို ယနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ဖုန်းခေါ်ဆိုသူက နိုင်ငံတစ်ခုမှ ခေါင်းဆောင်တစ်ဦးအဖြစ်...

နိုင်ငံရေးဘောင်ချဲ့ထွင်ရေး 7 EAO Alliance ဆွေးနွေး

မော်လမြိုင်-၂၀၂၅ ဇန်နဝါရီ (၁၅) NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ 7 EAO Alliance မဟာမိတ်အဖွဲ့က ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးအရွက် လုပ်ငန်းစဉ်တိုးမြှင့်ဆောင်ရွက်သွားရန် ယမန်နေ့တွင် အွန်လိုင်းဆွေးနွေးခဲ့သည်။ အဆိုပါ 7 EAO Alliance...

မုဒုံမြို့နယ် အဘစ်-ခလယ်တံခွန်တိုင်ကားလမ်းတွင် လက်လုပ်လက်နက်ခဲယမ်းများဖမ်းဆီးရမိ

မုဒုံ- ၂၀၂၅ ဇန်နဝါရီ (၁၅) မုဒုံမြို့နယ် အဘစ်ကျေးရွာ အဘစ်-ခလယ်တံခွန်တိုင်ကားလမ်းတွင် အိမ်စီးကားတစ်စီးပေါ်မှ လက်လုပ်လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ (၁၃) ရက်နေ့ ညနေအချိန်က အဆိုပါ အဘစ်...

ပအိုဝ်း PNLA တပ်ဖွဲ့ဝင် ၅ ဦးကို ပအိုဝ်း PNO က ဖမ်းဆီးသတ်ဖြတ်

တောင်ကြီး-၂၀၂၅ ဇန်နဝါရီ (၁၅) ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်၌ ပအိုဝ်းတပ်မတော် PNLA ၏ တပ်ဖွဲ့ဝင် ၅ ဦးကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ယမန်နေ့ (ဇန်နဝါရီ ၁၄...

တရုတ်နှစ်သစ်ကူးကာလ တရုတ်နိုင်ငံသားအများအပြား ထိုင်းခရီးစဉ်ဖျက်သိမ်း

ဘန်ကောက်၊ ၂၀၂၅ ဇန်နဝါရီ(၁၅) တရုတ်နိုင်ငံသားအချို့ကို နယ်စပ်ရှိ အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းများ၏ သွေးဆောင်ခေါ်ယူခြင်းခံခဲ့ရသည့်အတွက် လာမည့် တရုတ်နှစ်သစ်ကူးကာလအတွင်း ထိုင်းနိုင်ငံသို့လာရောက်လည်ပတ်မည် တရုတ်နိုင်ငံသားအများအပြား ၎င်းတို့၏ခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း ထိုင်းမီဒီယာများက ရေးသားဖော်ပြသည်။ ထို့အတူ ဟောင်ကောင်နာမည်ကြီး Cantopop အဆိုတော် Eason...

ပျောက်ဆုံးနေသော တရုတ်အမျိုးသမီး ၂ ဦး ထိုင်းရဲတပ်ဖွဲ့ ကယ်တင်

ဘန်ကောက်-၂၀၂၅ ဇန်နဝါရီ (၁၄) ထိုင်းနိုင်ငံကို လာလည်ပတ်စဥ် ပြီးခဲ့သည့်သီတင်းပတ်က ပျောက်ဆုံးသွားသည့် တရုတ်အမျိုးသမီး နှစ်ယောက်ကို ထိုင်းရဲက ရှာဖွေတွေ့ရှိပြီး တရုတ်နိုင်ငံကို ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ထိုင်း ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ် ဗိုလ်ချုပ်ကြီး Thatchai Peetaneelabut က...

ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂) ဦးသေဆုံးကာ (၄) ဦးထိခိုက်ဒဏ်ရာရရှိ

ကျိုက်ထို- ၂၀၂၅ ဇန်နဝါရီ (၁၄) မွန်ပြည်နယ် ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂) ဦးသေဆုံးကာ (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ...

Page 44 of 145 1 43 44 45 145

Recommended

Most Popular