စစ်မှုထမ်းခြင်းကို အတင်းအဓမ္မစုဆောင်းခြင်းမပြုရန် ဆင့်ခေါ်ရေးဗဟိုဥက္ကဌ ပြောဆိုနေသော်လည်း အောက်ခြေတွင် အတင်းအကြပ်ဖိအားပေး ခေါ်ဆောင်နေ
မော်လမြိုင်၊ ၂၀၂၅ ဇန်နဝါရီ(၃၀) စစ်မှုထမ်းဆင့်ခေါ်ခြင်းသည် ရေရှည်ဆောင်ရွက်မည့်လုပ်ငန်းစဉ်ဖြစ်သဖြင့် စည်းကမ်းတကျဆောင်ရွက်နိုင်ရန်နှင့် အတင်းအဓမ္မဖိအားပေး စုဆောင်းခြင်းမျိုးမဖြစ်ပေါ်စေရန် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုဥက္ကဌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဗဟိုအဆင့်အစည်းအဝေးတွင် ပြောကြားထားသော်လည်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များအနေဖြင့် ဖိအားပေးခေါ်ဆောင်နေကြောင်း သိရသည်။ စစ်မှုထမ်းအမှတ်စဉ်(၉)အထိ ရောက်ရှီလာပြီဖြစ်သော်လည်း သက်ဆိုင်ရာမြို့နယ်များအနေဖြင့် လူငှားစနစ်...