Latest News

စံခလပူရီမှသယ်ဆောင်လာသော ဘိန်းဖြူ ၅ ကီလိုခန့် ထောင်ဖာဖွန်ဂိတ်၌ ဖမ်းမိ

စံခလပူရီ- ၂၀၂၅ ဖေ (၄) ထိုင်းမြန်မာနယ်စပ် စံခလပူရီမြို့မှ မော်တော်ကားဖြင့်သယ်ဆောင်လာသော ဟီးရိုးအင်းဘိန်းဖြူ ၅ ကီလိုဂရမ်ခန့်ကို ထောင်ဖာဖွန်လမ်းဆုံစစ်ဆေးဂိတ်၌ ထိုင်းရဲများက ရှာဖွေဖမ်းဆီးရမိကြောင်း ကန်ချနပူရီသတင်းက ဖော်ပြသည်။ ယနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်က...

ပေါင်မြို့ တံတားအောက်တွင် လက်လုပ်မိုင်း (၁၀) လုံးထက်မနည်းတွေ့ရှိ

ပေါင်- ၂၀၂၅ ဖေဖေါ်ဝါရီ (၃) မွန်ပြည်နယ် ပေါင်မြို့ မိုးနိုင်းရပ်ကွက် နှင့် ဥတ္တံတားကျေးရွာကြား ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ တံတားအောက်တွင် လက်လုပ်မိုင်း (၁၀) လုံးထက်မနည်း တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့နံနက်...

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ သယ်ဆောင်လာသော ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းအများအပြား သိမ်းဆည်းရမိ

မြဝတီ- ၂၀၂၅ ဖေဖေါ်ဝါရီ (၃) ထိုင်း - မြန်မာနယ်စပ် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီဒေသရှိ ရွှေကုက္ကိုလ်ဒေသမှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ သယ်ဆောင်လာသော ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းသုံး ကွန်ပြူတာများ၊ စမတ်ဖုန်းများ၊ ဆင်းကတ်များနှင့် ဆက်စပ်ပစ္စည်း...

ဘီးလင်းမြို့နယ် မဲပလီစစ်ကောင်စီဗျူဟာစခန်းအား KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

ဘီးလင်း-၂၀၂၅ ဖေဖေါ်ဝါရီ (၃) ဘီးလင်းမြို့နယ် မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ဗျူဟာစခန်းအား KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ မွန်းလွဲပိုင်းအချိန်က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။ အဆိုပါ...

ဘီးလင်း – နတ်ကြီး – ဖာပွန် ကားလမ်းပေါ်ရှိ ချောင်းကူးတံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ

ဘီးလင်း- ၂၀၂၅ ဖေဖေါ်ဝါရီ (၂) ဘီးလင်းမြို့နယ်၊ ဘီးလင်း - နတ်ကြီး - ဖာပွန် ကားလမ်းပေါ်ရှိ ချောင်းကူးတံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ (၃၁) ရက်နေ့ နံနက်အစောပိုင်းအချိန်က...

ရေးရဲစခန်းပစ်ခတ်မှုအတွင်း ရဲ ၃ ဦးနှင့် အချုပ်သား ၈ ဦးသေဆုံး

ရေး ၊ ၂၀၂၅ ဖေဖေါ်ဝါရီ (၂) မွန်ပြည်နယ် ရေးမြို့မရဲစခန်းအတွင်း ဖေဖေါ်ရီလ ၁ ရက်နေ့နံနက်ပိုင်းက အချုပ်ခန်းမှ အချုပ်သားအချို့ ရဲတပ်သားထံမှ သေနတ်လုယူပြီး ထွက်ပြေးမှုဖြစ်ပွားခဲ့သဖြင့် ရေးမြို့မရဲစခန်းနှင့် ပတ်ဝန်းကျင်အတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရဲ ၃...

စံခလပူရီမြစ်ကမ်းနံဘေးရှိ တည်းခိုခန်းတစ်ခုမှ တရားမဝင်မြန်မာ ၁၀ ဦးကို ထိုင်းရဲဖမ်းဆီး

စံခလပူရီ၊ ၂၀၂၅ ဖေ (၁) ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ် စံခလပူရီမြို့ စံခလယ်မြစ်ကမ်းနံဘေးရှိ တည်းခိုခန်းတစ်ခုအတွင်း ရောက်ရှိနေသော တရားမဝင်မြန်မာ ၁၀ ဦး ယနေ့နံက်စောစောပိုင်းတွင် ရဲများလာရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသား အမျိုးသား ၆...

မုဒုံမြို့မရဲစခန်းဝင်းအတွင်း Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲ

မုဒုံ- ၂၀၂၅ ဖေဖေါ်ဝါရီ (၁) မုဒုံမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ မြို့မရဲစခန်းဝင်းအတွင်း ယမန်နေ့ နံနက်ပိုင်းအချိန်က Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။ ယမန်‌နေ့ ဇန်နဝါရီလ (၃၁) ရက်နေ့...

ရေးမြို့မရဲစခန်းရှေ့၌ ပြုတ်ကျလာသောစခန်းမှူးခြောက်လုံးပြူးကို အချုပ်သားကောက်ယူပြီး ပစ်ခတ်သဖြင့် စခန်းမှူးအပါအဝင် ရဲ ၃ ဦးသေ

ရေး- ၂၀၂၅ ဖေ (၁) ရေးမြို့မရဲစခန်းရှေ့၌ ယနေ့နံနက် ၉ နာရီခန့်က အချုပ်သားများအား မြက်ရှင်းလင်းခိုင်းနေစဥ် ပြုတ်ကျလာသောစခန်းမှူး၏ ခြောက်လုံးပြူးကို အချုပ်သားတစ်ယောက်က ရုတ်တရက်ကောက်ယူပြီး ပစ်ခတ်ရာ စခန်းမှူးအပါအဝင် ရဲ ၃ ယောက် သေဆုံးသွားကြောင်း...

ကျုံလောင်းအရှေ့ဘက်သို့ စစ်ကောင်စီစစ်ကြောင်း တကြော့ပြန်ထိုးလာ

ရေး- ၂၀၂၅ ဖေ (၁) ရေးမြို့နယ် ကျုံလောင်းရွာအရှေ့ဘက်ခြမ်းသို့ စစ်ကောင်စီစစ်ကြောင်း တကြော့ပြန် ထိုးလာကြောင်း မြေပြင်သတင်းအရ သိရသည်။ အလားတူ ရေးတောင်ပိုင်း ရင်းရဲ၊ ရင်းဒိန်းအနီးတဝိုက်တွင်လည်း ယမန်နေ့က စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း လှုပ်ရှားနေသည်။ ကျုံလောင်းရွာသားတစ်ဦးက “တိုက်ပွဲသံတွေ...

Page 38 of 145 1 37 38 39 145

Recommended

Most Popular