လူ့အခွင့်အရေး

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တစ်လကြာသိမ်းပိုက်ထားသည့် ကော့ဘိန်းနယ်မြေရဲစခန်းအား စစ်ကောင်စီတပ်မှ ပြန်လည်သိမ်းပိုက်၊ လက်နက်ကြီးကျည်စထိမှန်သေဆုံးမှုရှိပြီး ရွာသားများထွက်ပြေး

ရွာသားတစ်ဦးက “လေကြောင်းကနေ ဗုံးတွေကြဲချနေတယ်၊ ရေတပ်ကနေလည်း အမြှောက်နဲ့ပစ်တယ်၊ မနက်စောစောမှာ ဗမာစစ်သားတွေက တော်တော်များတယ် သေနတ်ရမ်းသမ်းပစ်ခတ်ပြီး ရွာထဲဝင်လာတယ်၊ အသက် (၁၉) နှစ်အရွယ် မိန်းခလေးတစ်ဦး လက်နက်ကြီးအစ ထိမှန်သေဆုံးသွားတယ်၊ ရွာသားတွေအကုန်လုံးလိုလို ထွက်ပြေးကြတယ်၊ အဖမ်းခံအရိုက်ခံရတဲ့ လူတွေလည်းရှိတယ်”...

Read more

ဓမ္မသတ်ကျေးရွာနှင့်အနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး ရေတပ်စစ်ဘေႅာအမြှောက်ပစ်ခတ်မှုကြောင့် နေအိမ်အချို့မီးလောင်ကျွမ်း

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း မွန် NMSP(AD)၊ ကရင် KNU ၊ PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် မြန်မာစစ်ကောင်စီတပ်ဖွဲ့၏ ကြည်းရေလေစစ်ကြောင်းပူးပေါင်းတိုက်ခိုက်မှုကြောင့် ဓမ္မသတ်ကျေးရွာနှင့် အနီးတဝိုက်တွင် ယမန်နေ့ (ဧပြီ ၂၂ ) က တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ရာ လေကြောင်းမှလည်း...

Read more

စစ်ကောင်စီတပ်ဖွဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် လူမရှိသောကျွန်းကုန်းရွာတွင် အိမ် ၁၆ လုံးမီးလောင်ကျွမ်းပြာကျ

ကျိုက်မရောမြို့နယ်တွင် ယနေ့နံနက်စောစောပိုင်းအချိန်က စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် တရနာကျေးရွာအုပ်စု-ကျွန်းကုန်းရွာ၌ အိမ် ၁၆ လုံး မီးလောင်ကျွမ်းပြာကျသွားခဲ့ကြောင်း ဒေသခံမွန်ဆရာတော်တစ်ပါးက ပြောကြားသည်။

Read more

သံကလောင်ကျောင်းဟောင်းကျောင်းထိုင်ဆရာတော် စနိုက်ပါဖြင့် လုပ်ကြံပစ်သတ်ခံထိ၍ ပွဲချင်းပြီးပျံလွန်တော်မူခဲ့

ကျိုက်မရောမြို့နယ် သံကလောင်ကျောင်းဟောင်း ကျောင်းထိုင်ဆရာတော် အရှင်ဝါယမ သက်တော် (၅၆) နှစ် ဝါတော် (၃၆) ဝါခန့်သည် တရာနာကျေးရွာဘက်သို့ ဒါယကာတစ်ပါးနှင့်အတူ မော်တော်ကားဖြင့် ခရီးသွားနေစဥ် ယနေ့မွန်းတည့် ၁၂ နာရီအချိန်ခန့်က တရနာ-ကျွန်းကုန်းရွာ လမ်းလေးခွ၌ စနိုက်ပါသေနတ်ဖြင့်...

Read more

ပေါင်မြို့နယ် မွန်ညီညွတ်ရေးပါတီ MUP ဥက္ကဌ သေနတ်နှင့် ပစ်သတ်ခံရ

ပေါင်မြို့နယ် မွန်ညီညွတ်ရေးပါတီ MUP ဥက္ကဌဖြစ်သူ အသက် (၇၈) နှစ်အရွယ် နိုင်ဘထောက် မှာ ယနေ့ ဧပြီလ (၁၃) ရက်နေ့ မဟာသင်္ကြန်အကြိုနေ့ နံနက်ပိုင်းက သေနတ်နှင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

Read more

တစ်နေ့အတွင်းလုပ်ကြံသတ်ဖြတ်မှုကြောင့် အမျိုးသား ၃ ဦးသေဆုံးခဲ့

အမည်မသိလက်နက်ကိုင်အဖွဲ့မှ ယမန်နေ့တစ်နေ့အတွင်း လာရောက်ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုကြောင့် အမျိုးသား ၃ ဦးသေဆုံးခဲ့ကြောင်း၊ လုပ်ကြံရသည်အထိ ဖြစ်ပေါ်သည့်အကြောင်းအရင်းမသိရသဖြင့် ဒေသခံများအကြား စိုးရိမ်နေရကြောင်း သိရသည်။

Read more

ကျိုက်မရောမြို့နယ်အတွင်း နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်နေအိမ်များမှ အဖိုးတန်ပစ္စည်းများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖောက်ထွင်းခိုးယူနေ

တိုက်ပွဲများဖြစ်ပေါ်ခဲ့ခြင်းမရှိသေးသော ကျိုက်မရောမြို့နယ် တရနာကျေးရွာ၊ ကော့သပ်ကျေးရွာ၊ သံကလောင်ကျေးရွာ အစရှိသည့် စစ်ကောင်စီတပ်မှ တပ်စွဲထားသည့် ကျေးရွာများအတွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်များအား စစ်ကောင်စီတပ်သားများ နှင့် ခိုးဆိုးလုယက်သူများမှ နေအိမ်များအား ဖောက်ထွင်းကာ အဖိုးတန်ပစ္စည်းများ ခိုးယူနေကြသည်ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

Read more

စစ်ကောင်စီရေတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးနေသည့် ဓမ္မသကျေးရွာအတွင်း အမည်မသိလူတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

ဂျိုင်းမြစ်အတွင်းရှိ စစ်ကောင်စီရေတပ် စစ်သင်္ဘောမှများမှ လွန်ခဲ့သည့်မတ်လ ၂၇ ရက်နေ့က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာအတွင်း မီးလောင်ဒဏ်ရာများနှင့် အမည်မသိ သေဆုံးနေသူတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

Read more

ဓမ္မသတ်မီးလောင်ပြင်သည် ဝမ်းနည်းစရာအဖြစ်ဆိုးကြီးဖြစ်ကြောင်း ကော့ပလိုင်ဆရာတော်မိန့်ဆို

ယခုအခါ ရွာသားတစ်ဦးတစ်လေမှ ကျန်ရှိမနေတော့သည့် ဓမ္မသတ်ကျေးရွာမီးလောင်ပြင်ကို မြင်တွေ့လိုက်ရသည်မှာ ဝမ်းနည်းစရာအဖြစ်ဆိုးကြီးပင်ဖြစ်ကြောင်း ယနေ့ညနေပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့သည့် ကော့ပလိုင်ဆရာတော် ဘဒ္ဒန္တကေတုမာလာက မိန့်ဆိုသည်။ ကော့ပလိုင်ဆရာတော်က “မီးလောင်ပြင်ကြီးကို တွေ့လိုက်ရတော့ အင်မတန့်ကို ဝမ်းနည်းရပါတယ်၊ ကြည့်လိုက်တော့ ဓမ္မသတ်ရွာသားတစ်ယောက်တစ်လေမှ မကျန်ရှိတော့ပါဘူး ဘေးလွတ်ရာကို...

Read more

တိုက်ပွဲများဖြစ်ပေါ်ခြင်းမရှိသေးသည့် ဓမ္မသတ်ရွာတွင် မြန်မာစစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်ခြေရာနှင့်ချီ မီးလောင်ဆုံးရှုံး

လတ်တလောတွင် တိုက်ပွဲများဖြစ်ပေါ်ခြင်းမရှိသေးသည့် ကျိုက်မရောမြို့နယ် ဓမ္မသတ်ကျေးရွာအတွင်းသို့ ယမန်နေ့ (မတ်လ ၂၇) ညနေပိုင်းက မြန်မာစစ်တပ်၏လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် လူနေအိမ်ခြေရာနှင့်ချီပြီး မီးလောင်ကျွမ်း၍ဆုံးရှုံးနစ်နာခဲ့ရကြောင်း ရွာသားများက ပြောသည်။

Read more
Page 17 of 18 1 16 17 18

Stay Connected

  • Trending
  • Comments
  • Latest

Recent News