ဆောင်းပါး

A wonderful serenity has taken possession of my entire soul, like these sweet mornings of spring which I enjoy with my whole heart.

“မွန်ပြည်နယ်ကို ဆန္ဒမဲဖြင့်မပြုလုပ်သင့်ကြောင်း၊ မွန်လူထုသည် ၁၀ နှစ် ၁၀ မိုး ပြည်နယ်လိုလားကြောင်း ဆန္ဒပြခဲ့ဘူးပြီဖြစ်ကြောင်း၊ ကရင်ပြည်နယ်ထဲတွင် ပါဝင်နေသော မွန်ကျေးရွာ ၅၈ ရွာကိုလည်း မွန်ပြည်နယ်သတ်မှတ်ရာတွင် ပြန်လည်ထည့်သွင်းပေးသင့်ကြောင်း၊ ကရင်ပြည်နယ်သတ်မှတ်စဥ်က မိမိတို့ မကန့်ကွက်ခြင်းမှာ တောတွင်းလက်နက်ကိုင်ဘဝနှင့် ရောက်နေရခြင်းဖြစ်ကြောင်း၊ မိမိတို့လက်နက်စွန့်ခဲ့သည်မှာလည်း မွန်ပြည်နယ်ပေးမည် ဟူသော ဝန်ကြီးချုပ်ဦးနု၏ ဂတိကိုယုံကြည်၍ ဖြစ်ကြောင်း”

၁၉၆၀ ပြည့်နှစ် မတ်လ ၁၉ ရက်တွင် သန့်ရှင်းမွန်အမျိုးသားအဖွဲ့ချုပ်မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ မွန်ပြည်နယ်ရရှိရေးကို တောင်းဆိုခဲ့သည်။ သန့်ရှင်းမွန်အမျိုးသားအဖွဲ့ချုပ် ဥက္ကဌ ဦးဖေသန်း၊ အတွင်းရေးမှူး ဦးငွေစိုးတို့က သတင်းစာဆရာများအား ပြောကြားရာတွင် ရွေးကောက်ပွဲ မတိုင်မီက မော်လမြိုင်မြို့၌...

Read more

“မွန်အမျိုးသားနေ့၊ မွန်အမျိုးသားအလံနှင့် မွန်အမျိုးသားသီချင်းတို့ကို ဖော်ထုတ်နိုင်ရေးအတွက် ပိုမိုကျယ်ပြန့်သော ကော်မတီတရပ် ဖွဲ့စည်း သွားရန် ဤညီလာခံမှ ဗဟိုကော်မတီသို့ တာဝန်လွှဲအပ်သည်”

ပါလီမန်ခေတ် မွန်ပြည်နယ်ရရှိရေးဗညားအောင် ၁၉၆၀ ခု ဖေဖော်ဝါရီ (၆) ရက်နေ့ ရွေးကောက်ပွဲတွင် မွန်တို့အတွက် တကြိမ်တခါမှ မရခဲ့ဖူးသော မွန်အမတ်များစစ်စစ်ကို ရွေးချယ်နိုင်သည့်အတွက် မွန်လူထုများ စိတ်ဓါတ်ပို၍ တက်ကြွလာကြသည်။ ဥပဒေဘောင်အတွင်း ရောက်ရှိလာသော မွန်ပြည်သူ့တပ်ဦးသည်လည်း အရှိန်အဟုန်ပြင်းစွာ...

Read more

ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီး အတည်ပြုပြီးကာ မွန်ပြည်နယ် ပေါ်ပေါက်လာသောအခါ မွန်ပြည်နယ် ပြည်သူ့ကောင်စီမှဦးစီး၍ မွန်ပြည်နယ်ရှိ ပညာရှင်များ ၊ လူတန်း စားလွှာအသီးသီးအကြံဉာဏ်ကိုရယူခါ မွန်ပြည်နယ် အလံ ၊ တံဆိပ် ၊ အမျိုးသားနေ့ သတ်မှတ်ရေးအတွက် မူကြမ်းရေးဆွဲကာ အထက်အဖွဲ့အစည်းသို့တင်ပြထားသည်ဟု သိရှိပါသည် ၊ ယင်းမူကြမ်းအတည်ပြုပြီးသော အခါဝယ် မွန်တိုင်းရင်းသားများ တညီတညွတ်တည်း အသုံးပြုကြတော့မည် ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီး အတည်ပြုပြီးကာ မွန်ပြည်နယ် ပေါ်ပေါက်လာသောအခါ မွန်ပြည်နယ် ပြည်သူ့ကောင်စီမှဦးစီး၍ မွန်ပြည်နယ်ရှိ ပညာရှင်များ ၊ လူတန်း စားလွှာအသီးသီးအကြံဉာဏ်ကိုရယူခါ မွန်ပြည်နယ် အလံ ၊ တံဆိပ် ၊ အမျိုးသားနေ့ သတ်မှတ်ရေးအတွက် မူကြမ်းရေးဆွဲကာ...

Read more

“မွန်လူမျိုးများသည် သုဓမ္မ (ကောင်းသောတရား )ကို သုဝဏ္ဏဘုမ္မိခေတ်ကကဲ့သို့ အစဉ်လိုက်နာကြရန် လိုသည်။ သို့မှသာ မွန်ပြည်နယ်တွင် သူခိုးဘေး ၊ ဓါးမြဘေးမှ ကင်း ဝေးစေပြီး သာယာဝပြောသော ပြည်နယ်တစ်ခု ဖြစ်လာမည်။ ပြည်နယ်တွင် ဝပြောသာယာမှသာ ပြည်ပလည်း ဝပြောသာယာမည်မှာ ဓမ္မတာဖြစ်ပေသည်”

၁၉၇၄ ခုနှစ် ၊ ဇန်နဝါရီလ (၃)ရက်နေ့တွင် မွန်ပြည်နယ်ကို နိုင်ငံတော်အစိုးရက သတ်မှတ်ပေးခဲ့ပါသည် ။ သို့ဖြစ်၍ ဇန်နဝါရီလ (၃) ရက်နေ့သည် ကျွန်ုပ်တို့ မွန်လူ မျိုးများ မြတ်နိုးသည့် မွန်ပြည်နယ်နေ့ဖြစ်ပါသည် ။ (အခြေခံဥပဒေနေ့နှင့်တိုက်ဆိုင်နေသဖြင့်...

Read more

နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့အား ကြိုဆိုပါ၏

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်စုံစမ်းရေး ကော်မရှင်အဖွဲ့၏ အစီရင်ခံစာကို ၁၉၅၂-ခုနှစ် မတ်လ (၃)ရက်နေ့တင်သွင်းခဲ့သည်။ ကရင်ပြည်နယ်ပေးရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့သော်လည်း ပါလီမန်ဒီမိုကရေစီအစိုးရလက်ထက်တွင်မူ မွန်နှင့် ရခိုင်ပြည်နယ်ကို သတ်မှတ်ပေးခြင်း မပြုခဲ့ပေ။

Read more

စုစည်းညီညွတ်သည့် ပထမဦးဆုံးသော မွန်အမျိုးသားနေ့ကျင်းပခြင်း

မိမိကိုယ်မိမိ မွန်အမျိုးအနွယ်တစ်ဦးဟု ကိုယ်တိုင်ပြောဆိုခဲ့သော ဖဆပလဝန်ကြီးချုပ် ဦးနုသည် မွန်ပြည်နယ်သတ်မှတ်ပေးမည်ဟု မွန်တို့အား ကတိအကြိမ်ကြိမ်ပေးခဲ့သော်လည်း အကြောင်းအရာခေါင်းစဥ်အမျိုးမျိုး လှည့်ပတ်ကာ အချိန်ဆွဲခဲ့သည်ကို သမိုင်းမှတ်တမ်းများက သက်သေပြနေသည်။ သထုံခရိုင်လက်အောက်ခံ ဘားအံမြို့နယ်၊ ကျိုက်ခမီခရိုင် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့မှ မွန်ရွာ (၅၈)...

Read more

မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပခဲ့ခြင်းကြောင့် မွန်လူငယ် (၂၅) ဦး ကို သံဖြူဇရပ်အချုပ် စခန်းတွင် တစ်လတာခန့် ချုပ်နှောင်ခဲ့ပြီး အဓိကဦးဆောင် သူ မင်းငွေသိန်းနှင့် နိုင်ရဲအောင်မြင့်တို့ (၂) ဦးကို ထောင်ချခဲ့သည်။

ဘီးလူးကျွန်းကမာမိုဇာတိသူ မိစောသင်သည် ထက်မြက်ထူးချွန်သူ ဖြစ်ပြီး မဟာဝိဇ္ဇာဘွဲ့ကို လန်ဒန်တွင်ရခဲ့သူ၊ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ “ဘုရင့်ရုံ”(ရုပ်ရှင်ရုံ)နှင့် မြန်မာပြည်တစ်လွှားရှိ ဘုရင့်ရုံများ ပိုင် ရှင်အမျိုးသမီးတစ်ဦးဖြစ်သည်။ မိစောသင်၏ အစ်မအရင်း “မိနှင်းလှသည် ဖဆ ပလခေတ်တွင် လူမျိုးစုလွှတ်တော်အမတ်ဖြစ်ပြီး ဝန်ကြီးချုပ်ဦးနုနှင့်...

Read more

မွန်ပြည်နယ် အုပ်ချုပ်ခွင့်စုံစမ်းရေးကော်မရှင်အဖွဲ့၏ အစီရင်ခံစာ (၁၉၅၂)

ဤကဲ့သို့ သေးငယ်သော ပြည်နယ်သည် ပြည်ထောင်စုကြီးအား ဘယ်နည်းနှင့်မျှ အထောက်အပံ့ အကူအညီ ပေးနိုင်မည်မဟုတ်သည့်အပြင် ပြည်ထောင်စုကြီး အင်အားဆုတ်ယုတ်အောင်သာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤဖော်ပြခဲ့သော (၅) ခုသော မြို့နယ်မှ နှစ်စဉ်ဝင်ငွေများပြားလှသည်မဟုတ် ၊ ၄င်းနယ်များမှ ဝင်ငွေကို...

Read more

မွန်ပြည်နယ်ဖော်ထုတ်ရေး ဦးနုမျက်လှည့်ပွဲ

ဝန်ကြီးချုပ် ဦးနုက “မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီး အထင်လွဲမှုတွေ မရှိရအောင် အစိုးရသဘောထားကို အောက်ပါအတိုင်း တင်ပြပါရစေ။ ( ၁ ) သက်ဆိုင်ရာဒေသရှိ လူထုကပြည်နယ်လိုချင်တယ်ဆိုရင် မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ကို ပေးပါမည်။ (၂) သက်ဆိုင်ရာဒေသ၏လူ ထုရဲ့ဆန္ဒကို...

Read more
Page 15 of 16 1 14 15 16

Donate

You can also donate with PayPal, respectfully Kaowao Newsgroup. နှိုးဆော်ခြင်း ကောင်းဝါသတင်းဌာန ရေရှည်ရပ်တည်နိုင်ဖို့ မိတ်ဆွေ စာဖတ်သူ ပရိသတ်များ ဝန်းရံပံ့ပိုးပေးဖို့လိုအပ်နေသလို အလှူငွေထောက်ပံ့ပါရန် မေတ္တာရပ်ခံလိုပါသည်။ အလှူငွေထည့်လိုပါက Messenger မှာဖြစ်ဖြစ် kaowao2023@gmail.com ဖြစ်ဖြစ် +66925121374 သို့ဖြစ်ဖြစ် ဆက်သွယ်အသိပေးစေလိုသည်။

Recent News

  • Trending
  • Comments
  • Latest