အမြှောက်တပ်မှ ထပ်မံပစ်ခတ်လာသော လက်နက်ကြီး ၃ လုံး နှစ်ကရင်ရွာတွင် ပေါက်ကွဲသဖြင့် ရွာသားတစ်ဦးထိခိုက်ဒဏ်ရာရ
ကောင်းဝါ (ဇွန် ၁၀-၂၀၂၃) ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် ယမန်နေ့ညက မြန်မာစစ်တပ်အမြှောက်တပ်မှ ပစ်ခတ်လာသော အမျိုးအစားမသိလက်နက်ကြီး ၃ လုံး ရွာအစွန်၌ ထပ်မံကျရောက်ပေါက်ကွဲသဖြင့် ရွာသားတစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။ လွန်ခဲ့သည့် ၂ ရက်တွင်လည်း ကျေးရွာအတွင်း...









































