လာမယ့်ရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီ (MUP) ကနေ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၈ ယောက် ဝင်ပြိုင်သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။
MUP ရဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် အခြေအနေကတော့
-ပြည်သူ့လွှတ်တော်: မွန်ပြည်နယ်မှာ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ၁၀ နေရာရှိပါတယ်။ MUP က အဲဒီထဲက ၇ နေရာမှာ ဝင်ပြိုင်မှာပါ။ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်တွေမှာတော့ ဝင်ပြိုင်မှာ မဟုတ်ပါဘူး။
-အမျိုးသားလွှတ်တော်: အမျိုးသားလွှတ်တော်အတွက်ဆိုရင်တော့ မဲအများဆုံးရတဲ့သူ အနိုင်ရတဲ့စနစ်အတွက် ၆ ယောက်၊ အချိုးကျကိုယ်စားပြုစနစ် (PR) အတွက် ၆ ယောက် ဝင်ပြိုင်ပါမယ်။
-ပြည်နယ်လွှတ်တော်: မွန်ပြည်နယ်လွှတ်တော်မှာတော့ မဲဆန္ဒနယ် အခု ၂၀ ရှိပါတယ်။ MUP က ကျိုက်ထိုနဲ့ သထုံမြို့နယ်တွေမှာ ဝင်ပြိုင်မှာဖြစ်ပြီး ဘီးလင်းမြို့နယ်မှာတော့ ဝင်ပြိုင်မှာ မဟုတ်ဘူးလို့ ပါတီတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ စုစုပေါင်းအနေနဲ့ မဲအများဆုံးရတဲ့သူ အနိုင်ရတဲ့စနစ်အတွက် ၉ ယောက်၊ အချိုးကျကိုယ်စားပြုစနစ် (PR) အတွက် ၁၀ ယောက် ဝင်ပြိုင်ပါမယ်။
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာ: ဒီနေရာ ၃ ခုအတွက်တော့ MUP က ဝင်ပြိုင်မှာ မဟုတ်ပါဘူး။
ဒီရွေးကောက်ပွဲ အပိုင်း (၁) ကို လာမယ့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက် (တနင်္ဂနွေနေ့) မှာ ကျင်းပမှာပါ။ မွန်ပြည်နယ်ထဲက ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တွေမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
မွန်ပြည်နယ်တစ်ခုလုံးမှာတော့ MUP အပါအဝင် နိုင်ငံရေးပါတီအစုံနဲ့ တစ်သီးပုဂ္ဂလတစ်ယောက်၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၅၆ ယောက် ဝင်ပြိုင်ကြမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားပါတယ်။




































