ဘန်ကောက်၊ အောက်တိုဘာ ၁၀ –ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဌာန (CIB) သည် မြန်မာနိုင်ငံဘက်သို့ ကားများခိုးထုတ်၍ ရောင်းချနေသော အွန်လိုင်းလိမ်လည်မှုကွန်ရက် တစ်ခုကို ဖျက်ဆီးနိုင်ခဲ့ပြီး တရားခံ ၁၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် CIB ကွပ်ကဲရေးမှူး ဒုတိယရဲဗိုလ်ချုပ်ကြီး Pol. Lt. Gen. Natthasak Chaowanasai၊ ဒုတိယကွပ်ကဲရေးမှူး Pol. Maj. Gen. Sophon Sarapat ၊ အဝေးပြေးရဲတပ်ဖွဲ့ကွပ်ကဲရေးမှူး Pol. Maj. Gen. Pornsak Laorujiralai တို့နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
စုံစမ်းစစ်ဆေးမှုအရ မြန်မာဘက်က ငွေကြေးရှင်များလိုအပ်သော ကားအမျိုးအစားများ ရှာဖွေရန်အတွက် Facebook စသည့် အွန်လိုင်းပလပ်ဖောင်းများကို အသုံးပြုသော လိမ်လည်သူအဖွဲ့ကြီး ဖြစ်ကြောင်း CIB သတိပေးထားသည်။
ထိုကွန်ရက်သည် ငွေကြေးရှင်များနှင့် Facebook စာမျက်နှာဖန်တီးသူများ၊ ကားရှာဖွေရသူများ၊ ကားမောင်းသူများ၊ နယ်စပ်သို့ ပို့ဆောင်သူများဟူ၍ အုပ်စုအလိုက် စုဖွဲ့ထားသည်။
သူတို့သည် ကားများကို ပြုပြင်မွမ်းမံပြီးနောက် နယ်စပ်ဖြတ်ကာ မြန်မာနိုင်ငံဘက်သို့ ရောင်းချကြသည်။
အများအားဖြင့် ပစ်ကပ်ကားများနှင့် SUV ကားများ ဖြစ်ပြီး၊ မြန်မာဘက် Scam အဖွဲ့အစည်းများ မှ အသုံးပြုကြသည်ဟု ဆိုသည်။
ကားပေါင်နှံစျေးကွက်ဈေး၏ ၁၀% ပမာဏသာ လက်ခံ၍ လိမ်လည်ခဲ့ကြောင်းလည်း CIB ဖော်ပြသည်။
ထိုင်းရဲသည် သက်သေအထောက်အထားများပေါ်အခြေခံ၍ တရားခံ ၁၂ ဦးအတွက် ဖမ်းဝရမ်းထုတ်ခဲ့ပြီး
အောက်တိုဘာ ၈ ရက်နေ့တွင် တရားခံ ၁၁ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။
ဖမ်းဆီးရမိသူများတွင် အသက် ၂၄ မှ ၅၉ နှစ်အရွယ် အမျိုးသား၊ အမျိုးသမီးစုပေါင်း ၁၁ ဦး ပါဝင်သည်။
၎င်းတို့အား လိမ်လည်မှု၊ အချက်အလက်မှားထည့်သွင်းခြင်း၊ တင်သွင်းခြင်းနှင့် တင်ပို့ရာဇဝတ်မှု၊ ဓားပြမှု စသည့် ရာဇဝတ်မှုများအတွက် ချွန်ဘူရီပြည်နယ်တရားရုံး၏ ဖမ်းဝရမ်းဖြင့် စွဲချက်တင်ထားသည်။ တစ်ဦးသာ လွတ်မြောက်နေပါသည်။
ဖမ်းဆီးရေးအဖွဲ့က Kalasin နံပါတ်ပြားအနီရောင် NISSAN ALMERA တစ်စီးကို သိမ်းဆည်းခဲ့ပြီး
ထိုကားအား အွန်လိုင်းတွင် ကားရှာဖွေရန် အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။
ထို့အပြင် Roi Et နံပါတ်ပြား မီးခိုးရောင် Mazda ကား တစ်စီးကို သားကောင်ကားများ သယ်ဆောင်ရာတွင် အသုံးပြုခဲ့ကြောင်းလည်း ဖော်ထုတ်နိုင်ခဲ့သည်။
စုံစမ်းမှုအရ ယခုနှစ် ဇွန်လမှ ဩဂုတ်လအတွင်း ထိုင်းနိုင်ငံကနေ ကား ၈ စီး ကို နယ်စပ်ဖြတ်ကာ ရောင်းချခဲ့ပြီး မေလမှ ဩဂုတ်အတွင်းတွင်လည်း ကား ၁၇ စီး ကို ထပ်ဆင့်သယ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထိုင်းဗဟိုရဲတပ်ဖွဲ့က ပြောကြားသည့်အတိုင်း ဤအမှုသည် အွန်လိုင်းကွန်ယက်ဖြင့် စည်းကမ်းတကျ စုဖွဲ့ထားသော လိမ်လည်မှုတစ်ခုဖြစ်ပြီး မြန်မာနယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်သော မသမာသွေးဆောင်မှုများနှင့် ပတ်သက်နိုင်ခြင်းရှိနိုင်သည်ဟု သတိပေးထားသည်။
Crd- Khaosod News (ထိုင်းဘာသာ)

















































