မြန်မာ-ထိုင်းနယ်စပ်အခြေအနေသည် ယနေ့နံနက် ၁၀:၀၀ နာရီခန့်က သိသိသာသာ တင်းမာလာခဲ့ပြီး မြန်မာလေတပ်က Y-12 လေယာဉ်တစ်စင်းဖြင့် ကန်ချနပူရီခရိုင်၊ မူအမ်မြို့နယ်၊ ဖူနမ်ရွန်း အမြဲတမ်းစစ်ဆေးရေးဂိတ် မျက်နှာချင်းဆိုင်၊ မြန်မာနိုင်ငံရှိ ထီးခီးကျေးရွာကို ဗုံးအလုံး ၃၀ နီးပါး ကြဲချခဲ့ကြောင်း သိရသည်။
ဗုံးသံ ၂၇ လုံးမှ ၃၀ လုံးအထိ ကြားခဲ့ရပြီး အဆိုပါလေယာဉ်သည် တစ်နာရီခန့်ကြာအောင် ပျံဝဲနေခဲ့သည်။ ထီးခီးဒေသတွင် KNU တပ်မဟာ (၄) နှင့် PDF တပ်ဖွဲ့များ အခြေစိုက်ထားသည်ဟု သတင်းများက ဖော်ပြသည်။
ကနဦးတွင် မြန်မာဘက်ခြမ်း၌ ထိခိုက်ဆုံးရှုံးမှုတစ်စုံတစ်ရာ မသိရှိသေးသလို နယ်စပ်တစ်လျှောက် နေထိုင်သည့် ထိုင်းပြည်သူများကို ထိခိုက်မှုမရှိသေးကြောင်း သိရသည်။
သို့သော်လည်း အခြေအနေတင်းမာမှုကြောင့် အနီးအနားရှိ မြန်မာပြည်သူများသည် ထိတ်လန့်တကြား ထွက်ပြေးလာကြပြီး ဖူနမ်ရွန်း နယ်စပ်ဂိတ်ရှိ သစ်သားအတားအဆီးနေရာတွင် လူအများအပြား စုရုံးရောက်ရှိနေကာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ခိုလှုံရန် စောင့်ဆိုင်းနေကြသည်။
ထိုင်းလုံခြုံရေးအဖွဲ့အစည်းများကလည်း အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြသည်။
.Crd- ကန်ချနပူရီ (Kanchanaburi) ဒေသသတင်း












































