စံခလပူရီဆိုတာ ထိုင်းနိုင်ငံဘက်ခြမ်းမှာရှိတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံဘုရားသုံးဆူနဲ့ နယ်စပ်ချင်း ထိစပ်နေပါတယ်။
အဲ့ဒီမြန်မာဘုရားသုံးဆူဘက်ခြမ်းမှာက လက်ရှိမှာ ကျားဖြန့်ဂိုဏ်း (Call Center) တွေ အကြီးအကျယ် လှုပ်ရှားနေတာကြောင့် ထိုင်းနိုင်ငံကနေ လျှပ်စစ်မီး၊ တယ်လီဖုန်းအင်တာနက်၊ လောင်စာဆီတွေကိုပါ ဖြတ်တောက်ထားရတဲ့အထိ ဖြစ်နေခဲ့တာပါ။
ဒါတင်မကသေးဘူး၊ မြန်မာဘုရားသုံးဆူကနေ ထိုင်းဘက်ကို တရားမဝင်လမ်းကြောင်းတွေကနေ လူကုန်ကူးမှုတွေ နေ့တိုင်းလိုလို ဖမ်းမိနေသလို၊ မူးယစ်ဆေးဝါးတွေလည်း မကြာခဏ ဖမ်းဆီးရမိနေတာဆိုတော့ ဒီနယ်စပ်ဒေသက လုံခြုံရေးအရ အလွန်ကိုတင်းမာနေတဲ့နေရာတစ်ခုလို့ ပြောရမှာပါ။
ဗြိတိန်လူငယ်ပျောက်ဆုံးမှုနဲ့ ကျားဖြန့်ဂိုဏ်းနဲ့ ဆက်စပ်မှု
ဒီလိုတင်းမာနေတဲ့ အခြေအနေမှာ အသက် ၁၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသား လောရင့်စ် စတယ်လာ့ဒ် အွန်နာ ပျောက်ဆုံးသွားတယ်ဆိုတာက ထိုင်းအာဏာပိုင်တွေအတွက် တကယ်ကို ခေါင်းခဲစရာ ကိစ္စဖြစ်လာပါပြီ။
သူ့ရဲ့မိခင်ပြောကြားချက်အရဆိုရင် သားဖြစ်သူဟာ ကွန်ပျူတာကျွမ်းကျင်မှုမြင့်မားပြီး တိတ်ဆိတ်တဲ့သူဖြစ်တာကြောင့် လိမ်လည်သူတွေရဲ့ သားကောင်ဖြစ်ပြီး မြန်မာအခြေစိုက် Call Center ဂိုဏ်းတွေဆီ အလုပ်လုပ်ဖို့ နယ်စပ်ဖြတ်ကျော်လာအောင် ဖြားယောင်းခံရတာ ဖြစ်နိုင်တယ်လို့ သံသယရှိနေပါတယ်။ ဒါဟာ အလွန်ကိုဖြစ်နိုင်ခြေများတဲ့ အခြေအနေတစ်ခုပါ။
ဘာလို့လဲဆိုတော့ Call Center ဂိုဏ်းတွေဟာ ကမ္ဘာတစ်ဝန်းက လူငယ်တွေကို နည်းမျိုးစုံနဲ့ ဖြားယောင်းပြီး သူတို့ရဲ့လိမ်လည်မှုလုပ်ငန်းတွေမှာ ခိုင်းစေလေ့ရှိပါတယ်။
အထူးသဖြင့် ကွန်ပျူတာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့လူငယ်တွေဟာ သူတို့အတွက် ပစ်မှတ်တစ်ခုဖြစ်နေတတ်ပါတယ်။
မြန်မာဘုရားသုံးဆူမှာ Call Center တွေ လှုပ်ရှားနေတာရယ်၊ ထိုင်းအာဏာပိုင်တွေက နယ်စပ်မဖြတ်ဖို့ တားဆီးထားတဲ့ကြားက သူက ဘုရားသုံးဆူဘက်ကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တာရယ်ကို ကြည့်ရင် သူ့မိခင်ရဲ့သံသယဟာ ပိုပြီးခိုင်မာလာပါတယ်။
ထိုင်းအာဏာပိုင်တွေရဲ့ ရှာဖွေမှု
ချွန်ဘူရီမှာနေတဲ့ ရုရှားမိခင်က ပတ္တရားမှာ သူ့သားပျောက်လို့ တိုင်ထားတယ်။ သူ့သားလေး ဘယ်ရောက်နေလဲဆိုတာ အရမ်းစိတ်ပူနေတာပေါ့။
သားလေးရဲ့ အီးမေးလ်လှုပ်ရှားမှုတွေကို ထိုင်း-မြန်မာနယ်စပ်နားက ကန်ချနပူရီပြည်နယ်၊ စံခလပူရီမြို့နယ်မှာ တွေ့ရတော့ ပိုပြီး စိတ်ပူလာတယ်။
အုပ်ချုပ်ရေးမှူး အာတီဆန်က စက်တင်ဘာ ၂၇ ရက်နေ့ ညနေ ၃:၃၀ လောက်မှာ လောရင့်စ်ဆိုတဲ့ ကောင်လေးက စံခလပူရီက အပန်းဖြေစခန်းတစ်ခုကနေ လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်၊ ကျောပိုးအိတ်တစ်လုံးနဲ့ ထွက်သွားတာကို CCTV မှာ တွေ့ရတယ်။ ဒါကြောင့် လုံခြုံရေးတွေနဲ့ နယ်စပ်တပ်ဖွဲ့တွေကို သူ့ကို မြန်မြန်ရှာဖို့ အမိန့်ပေးထားတယ်။
လူဝင်မှုကြီးကြပ်ရေးရဲတွေပြောတာကတော့ အဲဒီနေ့မှာပဲ လောရင့်စ်က ဖုန်းပြောရင်း မြန်မာနိုင်ငံ ဘုရားသုံးဆူကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တယ်တဲ့။
အာဏာပိုင်တွေက အဲဒီတုန်းက နယ်စပ်ဖြတ်ကျော်ခွင့်မပြုဘူးလို့ ရှင်းပြခဲ့ပေမဲ့ လောရင့်စ်က နောက်ပိုင်းမှာ ခြံစည်းရိုးကို ကျော်တက်ပြီး ထပ်ကြိုးစားခဲ့သေးတယ်။ ဒါနဲ့ အာဏာပိုင်တွေက သူ့ကို ဘတ်စ်ကားနဲ့ ပြန်လိုက်ပို့ခဲ့ရတယ်။ အဲဒီနောက်တော့ သူ ဘယ်ရောက်သွားမှန်း မသိတော့ဘူး။
လောရင့်စ်ရဲ့အမေက သူ့သားက ကွန်ပျူတာအရမ်းကျွမ်းကျင်ပြီး တိတ်ဆိတ်သူဖြစ်လို့ လိမ်လည်သူတွေရဲ့ သားကောင်ဖြစ်သွားတာမျိုး၊ ဒါမှမဟုတ် မြန်မာနိုင်ငံအခြေစိုက် Call Center ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်ဖို့ နယ်စပ်ဖြတ်ကျော်လာအောင် ဖြားယောင်းခံရတာမျိုးဖြစ်နိုင်တယ်လို့ သံသယရှိနေတယ်။
နောက်ထပ်သတင်းတစ်ခုကတော့ လောရင့်စ်က ဆိုင်းယွတ်နွိုင်ရေတံခွန်နားကနေ စံခလပူရီကို ဆရာတစ်ယောက်နဲ့အတူ ကားစီးခဲ့တယ်ဆိုတာပါပဲ။
အာဏာပိုင်တွေက အဲဒီဆရာကိုလည်း နောက်ထပ်အချက်အလက်တွေရဖို့ လိုက်ရှာနေပါတယ်။
ကန်ချနပူရီ မြို့တော်အကြီးအကဲ Somboon Pansomboon ကလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ လောရင့်စ်ကို သာမာခမ်ရပ်ကွက်မှာ တွေ့ခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခုကနေ သဲလွန်စရလို့ အရာရှိတွေကို စုံစမ်းခိုင်းထားတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက ဒေသခံတွေ၊ တည်းခိုခန်းပိုင်ရှင်တွေနဲ့ ခရီးသွားရဲတွေကို မေးမြန်းခဲ့ပေမဲ့ ဘယ်သူမှ တွေ့ခဲ့တယ်လို့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။
ကန်ချနပူရီပြည်နယ်က ရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံခေါင်းဆောင်တွေကိုတော့ အခုပြောထားတဲ့ပုံစံမျိုးနဲ့ ကိုက်ညီတဲ့ နိုင်ငံခြားသားတစ်ယောက်ကို တွေ့ရင် ချက်ချင်းသတင်းပို့ဖို့ တိုက်တွန်းထားပါတယ်။
လောရင့်စ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေရှိရင် အရေးပေါ်ဖုန်းနံပါတ် 191 ကိုဖြစ်စေ၊ စံခလပူရီရဲစခန်း (0-3459-5300) ကိုဖြစ်စေ ဆက်သွယ်ပေးဖို့ ပြောထားပါတယ်။
နိဂုံးချုပ်အနေနဲ့ ဒီဗြိတိန်လူငယ်လေးရဲ့ ကံကြမ္မာ ဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ထိုင်းအာဏာပိုင်တွေအနေနဲ့လည်း သူ့ကို အမြန်ဆုံးရှာတွေ့ဖို့ ကြိုးစားနေမှာပါ။
ဒီဖြစ်စဉ်ဟာ နယ်စပ်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ လူကုန်ကူးမှုနဲ့ Online လိမ်လည်မှုတွေရဲ့ အန္တရာယ်ကို ထင်ဟပ်ပြနေတဲ့ သာဓကတစ်ခုပါ။
နိုင်ငံတကာအသိုက်အဝန်းနဲ့ ဒေသတွင်းအာဏာပိုင်တွေ ပူးပေါင်းပြီး ဒီလိုဂိုဏ်းတွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်ဖို့ လိုအပ်နေပါသေးတယ်လို့ သုံးသပ်ချင်ပါတယ်။
ကိုးကား- The Nation သတင်း အောက်တိုဘာ ၃ ရက်နေ့ထုတ်
Kanchanaburi Governor orders intensive search for missing 19-year-old British national









































