စံခလပူရီ၊ အောက်တိုဘာ ၂ – ကန်ချနပူရီပြည်နယ် စံခလပူရီမြို့နယ်တွင် ယနေ့ နံနက်စောစောအချိန်က မြန်မာအမျိုးသမီး ၁၃ ဦးကို တရားမဝင်ဝင်ရောက်လာမှုဖြင့် စစ်ဆေးဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူ–စံခလပူရီလမ်းဘေးရှိ အမှတ် ၈ ကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ပြီး နမ့်ကိတ်ပူးပေါင်းစစ်ဆေးရေးဂိတ်မှ အရာရှိများ၊ နယ်ခြားစောင့်ရဲတပ်ရင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် လတ်ယာအထူးတပ်ဖွဲ့ စစ်သားများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ဖမ်းဆီးရမိသူများအား သက်သေခံပစ္စည်းများနှင့်အတူ တာဝန်ရှိသူထံ ပို့ဆောင်ပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နေသည်။
Crd- ကန်ချနပူရီပြည်နယ်ရဲတပ်ဖွဲ့












































