• About
  • Advertise
  • Privacy & Policy
  • Contact
Kaowao Newsgroup, ကေါင်းဝါ
  • မူလ
  • သတင်း
    • All
    • ကျားဖြန့်
    • စစ်ဘေးရှောင်
    • စစ်မှုထမ်း
    • စီးပွားရေး
    • တရားမဝင်ကုန်သွယ်မှု
    • နိုင်ငံတကာ
    • နိုင်ငံရေး
    • ယဥ်ကျေးမှု
    • လူ့အခွင့်အရေး
    • သတင်းတို
    • အကျင့်ပျက်ဝန်ထမ်း
    • အမုန်းစကား
    • အွန်လိုင်းလိမ်လည်မှု
    • အုပ်ချုပ်ရေး
    ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

    ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

    ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

    ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

    ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

    ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

    မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

    မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

    ဘန်ကောက် Blackpink ဖျော်ဖြေပွဲ မြန်မာပြည်က သိန်း ၁၅၀ လောက်အကုန်အကျခံပြီးလာရောက်ကြည့်ရှု

    ဘန်ကောက် Blackpink ဖျော်ဖြေပွဲ မြန်မာပြည်က သိန်း ၁၅၀ လောက်အကုန်အကျခံပြီးလာရောက်ကြည့်ရှု

    ဆိုင်းယွတ်မြို့နယ်မှာ တရားမဝင်အလုပ်သမားတင် ပစ်ကပ်ကား အကွေ့မှာ မှောက်မှု – ၃ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ

    ဆိုင်းယွတ်မြို့နယ်မှာ တရားမဝင်အလုပ်သမားတင် ပစ်ကပ်ကား အကွေ့မှာ မှောက်မှု – ၃ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ

    Trending Tags

    • Trump Inauguration
    • United Stated
    • White House
    • Market Stories
    • Election Results
  • ဆောင်းပါး
    ကလစ်တစ်ချက်ကနေ ငရဲဘုံဆီသို့ – ကြောက်မက်ဖွယ် အွန်လိုင်း “ကျားဖြန့်” လုပ်ငန်းတွေရဲ့ နောက်ကွယ်

    ကလစ်တစ်ချက်ကနေ ငရဲဘုံဆီသို့ – ကြောက်မက်ဖွယ် အွန်လိုင်း “ကျားဖြန့်” လုပ်ငန်းတွေရဲ့ နောက်ကွယ်

    ထိုင်းနိုင်ငံမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဆာမ်ခုတ်က မွန်ဘိုးဘွားနတ်တွေအကြောင်း

    ထိုင်းနိုင်ငံမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဆာမ်ခုတ်က မွန်ဘိုးဘွားနတ်တွေအကြောင်း

    ‘ဝ’ ပြည်နယ် လိုချင်ရင် လွှတ်တော်ထဲဝင် တောင်းဆိုပါတဲ့… သမိုင်းက ဘာသင်ခန်းစာ ပေးခဲ့သလဲ

    ‘ဝ’ ပြည်နယ် လိုချင်ရင် လွှတ်တော်ထဲဝင် တောင်းဆိုပါတဲ့… သမိုင်းက ဘာသင်ခန်းစာ ပေးခဲ့သလဲ

    Starlink ကိုသုံးပြီး မြန်မာနိုင်ငံကနေ အွန်လိုင်းလိမ်လည်မှုတွေ ပိုတိုးလာ

    Starlink ကိုသုံးပြီး မြန်မာနိုင်ငံကနေ အွန်လိုင်းလိမ်လည်မှုတွေ ပိုတိုးလာ

    NCA စာချုပ် စက္ကူစုတ်ဖြစ်သွားပြီလား

    NCA စာချုပ် စက္ကူစုတ်ဖြစ်သွားပြီလား

    ထိုင်း-မြန်မာနယ်စပ် ဘန့်ဖူနမ်ရွန်းနယ်စပ်ဂိတ်ဖွင့်လှစ်ရေးနှင့် မြန်မာ့လေကြောင်းတိုက်ခိုက်မှု ဆက်စပ်နေသလား

    ထိုင်း-မြန်မာနယ်စပ် ဘန့်ဖူနမ်ရွန်းနယ်စပ်ဂိတ်ဖွင့်လှစ်ရေးနှင့် မြန်မာ့လေကြောင်းတိုက်ခိုက်မှု ဆက်စပ်နေသလား

  • Lifestyle
    • All
    • Food
    • Health
    • Travel
    • စကားပုံ
    ကီလို ၂၀၀ ကျော်ကိုယ်အလေးချိန်ရှိ လူနာကို ၅ လွှာမှ ကြိုးဖြင့်သွယ်ချပြီးကယ်တင်

    ကီလို ၂၀၀ ကျော်ကိုယ်အလေးချိန်ရှိ လူနာကို ၅ လွှာမှ ကြိုးဖြင့်သွယ်ချပြီးကယ်တင်

    ဇဵုတပ် (Jay Top) – ကမ္ဘာ့လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှုထဲက မွန်တို့ရဲ့အသံ

    ဇဵုတပ် (Jay Top) – ကမ္ဘာ့လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှုထဲက မွန်တို့ရဲ့အသံ

    လယ်သမားဆိုတာ ကျောမွဲလူတန်းစားပါ

    လယ်သမားဆိုတာ ကျောမွဲလူတန်းစားပါ

    ဂုဏ်သိက္ခာအတွက် ရုန်းကန်ခြင်း၊ မြို့ပြဆင်းရဲသားတို့ရဲ့ တန်းတူညီမျှမှုဆီက ခရီးရှည်ပိုမိုကောင်းမွန်သော နောက်ဘဝတစ်ခုသို့…

    ဂုဏ်သိက္ခာအတွက် ရုန်းကန်ခြင်း၊ မြို့ပြဆင်းရဲသားတို့ရဲ့ တန်းတူညီမျှမှုဆီက ခရီးရှည်ပိုမိုကောင်းမွန်သော နောက်ဘဝတစ်ခုသို့…

    ပိတ်ရက်ရှည်မှာ ထိုင်းလူမျိုးတွေ ပြည်တွင်းခရီးသွားဖို့ အလားအလာများ

    ပိတ်ရက်ရှည်မှာ ထိုင်းလူမျိုးတွေ ပြည်တွင်းခရီးသွားဖို့ အလားအလာများ

    ကမ္ဘာကျော် Tomorrowland ဂီတပွဲတော် (၂၀၂၆) ထိုင်းနိုင်ငံ ကျင်းပမည်

    ကမ္ဘာကျော် Tomorrowland ဂီတပွဲတော် (၂၀၂၆) ထိုင်းနိုင်ငံ ကျင်းပမည်

    Trending Tags

    • Golden Globes
    • Game of Thrones
    • MotoGP 2017
    • eSports
    • Fashion Week
  • အင်တာဗျူး
  • အတွေးအမြင်
  • အယ်ဒီတာ့အာဘော်

    ရွေးကောက်ပွဲဟာ လက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေနဲ့ သက်ဆိုင်သလား

    ရွေးကောက်ပွဲဟာ လက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေနဲ့ သက်ဆိုင်သလား

    စစ်ရဲ့မျက်နှာပြင်နှစ်ခု- ဝါဒဖြန့်ချိရေးရဲ့နောက်ကွယ်က လူထုရဲ့ဒုက္ခ

    စစ်ရဲ့မျက်နှာပြင်နှစ်ခု- ဝါဒဖြန့်ချိရေးရဲ့နောက်ကွယ်က လူထုရဲ့ဒုက္ခ

    ၂၀၂၅ အလွန် တရုတ်စီးပွားရေးအင်ဂျင်နှင့် မြန်မာ့နိုင်ငံရေးလမ်းကြောင်း

    ၂၀၂၅ အလွန် တရုတ်စီးပွားရေးအင်ဂျင်နှင့် မြန်မာ့နိုင်ငံရေးလမ်းကြောင်း

    ပုလင်းဟောင်းကအရက်ကို ပုလင်းသစ်ထဲ ပြောင်းထည့်ခြင်း

    ပုလင်းဟောင်းကအရက်ကို ပုလင်းသစ်ထဲ ပြောင်းထည့်ခြင်း

  • လူ့အခွင့်အရေး
  • နိုင်ငံရေး
  • စီးပွားရေး
  • သတင်းတို
  • အွန်လိုင်းလိမ်လည်မှု
  • နိုင်ငံတကာ
  • နောက်ခံသမိုင်း
  • တိုက်ပွဲများ
  • မြေမြှုပ်မိုင်း
  • English
  • မွန်ဘာသာ
No Result
View All Result

Home ဆောင်းပါး

အမေရိကန်အစိုးရ လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းခြင်း

ထိုက်သူနိုင် (ဆောင်းပါး)

ကောင်းဝါ KAOWAO by ကောင်းဝါ KAOWAO
October 1, 2025
in ဆောင်းပါး, နိုင်ငံတကာ
0
အမေရိကန်အစိုးရ လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းခြင်း
0
SHARES
3
VIEWS
Share on FacebookShare on Twitter

Donald Trump ဒုတိယတကြိမ် သမ္မတအဖြစ် တာဝန်ယူတဲ့ကာလအတွင်း အစိုးရ အသုံးစရိတ်ကို လွှတ်တော်က အတည်ပြုပေးနိုင်ခြင်း မရှိတဲ့အတွက် စက်တင်ဘာလ ၃၀ ရက်နေ့ သန်းခေါင်မှာ အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းသွားနိုင်ခြေ ရင်ဆိုင်နေရပါတယ်။

အမေရိကန် သမိုင်းမှာ ၂၁ ကြိမ်မြောက် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းမှာ ဖြစ်ပြီး Donald Trump သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ အချိန်တွေအတွင်း သူ့ရဲ့ ပထမတကြိမ် သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၁၈ ခုနှစ် ၂၀၁၉ ခုနှစ်တွေကနဲ့ ဆိုရင် တတိယအကြိမ် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းတာလို့ ပြောရပါလိမ့်မယ်။

ပုံမှန်အားဖြင့် လုပ်ငန်းတွေ ရပ်ဆိုင်းသွားတဲ့အခါ အစိုးရက ပေးသင့်ပေးထိုက်တဲ့ ငွေကြေးတွေ အချိန်မှီမပေးနိုင်တော့သလို သိန်းနဲ့ချီတဲ့ ဖက်ဒရယ်အစိုးရ ဝန်ထမ်းတွေကို လစာမဲ့ ခွင့်ပေးလိုက်တဲ့အတွက် အလုပ်မသွားရတော့ပါဘူး။ အစိုးရဝန်ထမ်းတွေရဲ့ ဌာနဆိုင်ရာ လုပ်ငန်းတော်တော် များများ ရပ်ဆိုင်းထားရပါလိမ့်မယ်။

အစိုးရက ပေးရမယ့် ငွေကြေးဆိုင်ရာ ကတိကဝတ်တွေ ပျက်ကွက်တာကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ အကြွေးယူလည်ပတ်နိုင်တဲ့ သတ်မှတ်ချက် အဆင့်ကို ထိခိုက်သလို စီးပွားရေးလုပ်ငန်းတွေလည်း အကြီးအကျယ် ထိခိုက်ပါလိမ့်မယ်။

အစိုးရ အသုံးစရိတ်အတည်ပြုနိုင်ရေးမှာ ယာယီဥပဒေတရပ်ကို သမ္မတဘက်က သဘောတူပေမဲ့ လွှတ်တော်မှာရှိတဲ့ ဒီမိုကရက် အမတ်တွေက တခြား မသက်ဆိုင်တဲ့ အကြောင်းအရာတွေကို ထည့်သွင်းပြီး အကြပ်ကိုင်ခဲ့တယ်လို့ ရီပတ်ဘလစ်ကန်ပါတီဝင်တွေက စွပ်စွဲပါတယ်။ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းတော့မယ့် အခြေအနေ ရင်ဆိုင်ရပြီဆိုရင် ပါတီကြီးနှစ်ခုအကြားမှာ နိုင်ငံရေးအရ အပြန်အလှန် စွပ်စွဲတာတွေလည်း ကြုံရလေ့ရှိပါတယ်။

အစိုးရလုပ်ငန်းတွေ ရင်ဆိုင်းသွားရတဲ့ အကြောင်းနဲ့ သမိုင်းကြောင်းတချို့ ပြန်မျှဝေချင်ပါတယ်။

ဘာကြောင့်အစိုးရလုပ်ငန်းတွေရပ်ဆိုင်းသွားသလဲ

အမေရိကန်အစိုးရရဲ့ ဘဏ္ဍာရေးအသုံးစရိတ် သက်တမ်းထပ်တိုးဖို့ လွှတ်တော်နှစ်ရပ်က အတည်ပြုပေးရလေ့ရှိပြီး လွှတ်တော်နဲ့ အစိုးရအကြား သဘောတူညီမှုမရလို့ အသုံးစရိတ် အချိန်မီအတည်မပြုနိုင်တဲ့အခါ ၁၈၇၀ ခုနှစ်က ပြဌာန်းခဲ့တဲ့ (Antideficiency Act) အရ အစိုးရလုပ်ငန်း ဆောင်တာတွေကို ရပ်ဆိုင်းလိုက်ရလေ့ရှိပါတယ်။ စီးပွားရေးလုပ်ငန်းတွေအတွက် လည်ပတ်စရာငွေကြေးမရှိတော့လို့ လုပ်ငန်းရပ်ဆိုင်းရတာ မျိုးနဲ့ အလားတူပါပဲ။ Government Shutdown လို့ ခေါ်တဲ့ အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်းအားဖြင့် ရပ်ဆိုင်းလိုက်ရတဲ့ အဖြစ်အပျက်တွေ အရင်က လည်း တော်တော်များကြုံခဲ့ဖူးပါတယ်။

အမေရိကန် သမိုင်းမှာ ၁၉၇၆ ခုနှစ်နောက်ပိုင်း အစိုးရလုပ်ငန်းတွေ အကြိမ် ၂၀ ရပ်ဆိုင်းခဲ့ဖူးတယ်လို့ သတင်းစာတွေက ရေးပါတယ်၊ အခုတကြိမ်နဲ့ဆို ၂၁ ကြိမ် ရှိတော့မယ်လို့ ရေးကြပါတဘ်။

Government Shutdown တခါဖြစ်ရင် ဘယ်လောက် ကြာကြာ ရပ်ဆိုင်းသွားတတ်သလဲ

သမိုင်းမှာ ၃၄ ရက်အထိ အကြာဆုံး အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ဖူးပါတယ်။ ၂၀၁၈ ခုနှစ် နှစ်ကုန် Donald Trump သမ္မတအဖြစ် ပထမတကြိမ် တာဝန်ယူခဲ့တဲ့အချိန်က အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တာပါ။

၁၉၇၇ ဘဏ္ဍာရေးနှစ်ကနေ ၁၉၈၀ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်အစိုးရရဲ့လုပ်ငန်းတွေ ခြောက်ကြိမ် ရပ်ဆိုင်း ခဲ့ဖူးပါတယ်။ အဲဒီအချိန်က အနည်းဆုံး ၈ ရက်ကနေ ၁၇ ရက်အထိ ကြာခဲ့ဖူးပါတယ်။

၁၉၈၁ ဘဏ္ဍာရေးနှစ်ကနေ ၁၉၈၀ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်းမှာလည်း အမေရိကန်အစိုးရလုပ်ငန်းတွေ ကိုးကြိမ် ရပ်ဆိုင်းခဲ့ဖူးပါတယ်။ အဲဒီအချိန်တွေမှာတော့ အစိုးရလုပ်ငန်း ရပ်ဆိုင်းမှုဟာ သုံးရက်ထက် ပိုပြီး မကြာခဲ့ပါဘူး။

၁၉၉၆ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ၁၉၉၅ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ပထမတကြိမ် အမေရိကန်အစိုးရလုပ်ငန်းတွေ ငါးရက်ကြာ ရပ်ဆိုင်းခဲ့ပါတယ်။

သမ္မတဟောင်း Bill Clinton လက်ထက်ပါ။ ဒါပေမဲ့လည်း ဒီဇင်ဘာအတွင်း ဒုတိယအကြိမ် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တဲ့ အချိန်မှာတော့ ၂၁ ရက်ကြာခဲ့ပါတယ်။

၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၁၉၉၆ ခုနှစ် ဇန္နဝါရီလ ၆ ရက်နေ့အထိ ကြာခဲ့ပါတယ်။

သမ္မတဟောင်း အိုဘားမားလက်ထက် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၁၇ ရက်နေ့အထိ ၁၆ ရက် ကြာ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ဖူးပါတယ်။

Donald Trump ပထမတကြိမ် သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန္နဝါရီလက အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပြီး အဲဒီအချိန်က ၂ ရက်ပဲ ကြာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တာ ၃၄ ရက် ကြာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇန္နဝါရီလ ၂၅ ရက်နေ့အထိ ကြာခဲ့ပါတယ်။

သမိုင်းမှာ အကြာဆုံး အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

  • သမ္မတ Gerald Ford လက်ထက် ၁၉၇၆ ခုနှစ် စက်တင်ဘာ ၃၀ ကနေ အောက်တိုဘာ ၁၁ အထိ
  • သမ္မတ Jimmy Carter လက်ထက် ၁၉၇၇ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့နေ အောက်တိုဘာ ၁၃ ရက်အထိ
  • သမ္မတ Jimmy Carter လက်ထက် ၁၉၇၇ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ နိုဝင်ဘာ ၉ ရက်နေ့အထိ
  • သမ္မတ Jimmy Carter လက်ထက် ၁၉၇၇ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ ဒီဇင်ဘာလ ၉ ရက်အထိ
  • သမ္မတ Jimmy Carter လက်ထက် ၁၉၇၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ကနေ အောက်တိုဘာ ၁၈ ရက်နေ့အထိ
  • သမ္မတ Jimmy Carter လက်ထက် ၁၉၇၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ကနေ အောက်တိုဘာလ ၁၂ ရက်နေ့အထိ
  • သမ္မတ Ronald Reagan လက်ထက် ၁၉၈၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ကနေ နိုဝင်ဘာ ၂၃ ရက်နေ့အထိ
  • သမ္မတ Ronald Reagan လက်ထက် ၁၉၈၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ကနေ အောက်တိုဘာလ ၂ ရက်နေ့အထိ
  • သမ္မတ Ronald Reagan လက်ထက် ၁၉၈၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေကနေ ဒီဇင်ဘာလ ၂၁ ရက်အထိ
  • သမ္မတ Ronald Reagan လက်ထက် ၁၉၈၃ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ နိုဝင်ဘာ ၁၄ ရက်နေ့အထိ
  • သမ္မတ Ronald Reagan လက်ထက် ၁၉၈၄ ခုနှစ် စက်တင်ဘာ ၃၀ ကနေ အောက်တိုဘာ ၃ ရက်နေ့အထိ
  • သမ္မတ Ronald Reagan လက်ထက် ၁၉၈၄ ခုနှစ် အောက်တိုဘာ ၃ ရက်ကနေ အောက်တိုဘာ ငါးရက်နေ့အထိ
  • သမ္မတ Ronald Reagan လက်ထက် ၁၉၈၆ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ ၁၈ ရက်နေ့အထိ
  • သမ္မတ Ronald Reagan လက်ထက် ၁၉၈၇ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်ကနေ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ
  • သမ္မတ George H.W. Bush လက်ထက် ၁၉၉၀ ခုနှစ် အောက်တိုဘာ ၅ ရက်နေ အောက်တိုဘာ ၉ ရက်နေ့အထိ
  • သမ္မတ Bill Clinton လက်ထက် ၁၉၉၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ နိုဝင်ဘာ ၁၉ ရက်နေ့အထိ
  • သမ္မတ Bill Clinton လက်ထက် ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ ၁၉၉၆ ခုနှစ် ဇန္နဝါရီလ ၆ ရက်နေ့အထိ
  • သမ္မတ Barack Obama လက်ထက် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ အောက်တိုဘာ ၁၇ ရက်နေ့အထိ
  • သမ္မတ Donald Trump လက်ထက် ၂၀၁၈ ခုနှစ် ဇန္နဝါရီလ ၁၉ ရက်ကနေ ၂၀၁၈ ခုနှစ် ဇန္နဝါရီလ ၂၂ ရက်အထိ
  • သမ္မတ Donald Trump လက်ထက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ၂၀၁၉ ခုနှစ် ဇန္နဝါရီလ ၂၅ ရက်နေ့အထိ

Government Shutdown ဖြစ်တဲ့အတွက် အစိုးရဝန်ထမ်းတွေ ဘယ်လောက်များများ ထိခိုက်နစ်နာခဲ့ပါသလဲ

အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ပြီဆိုရင် အမေရိကန်ပြည်ထောင်စုမှာ မရှိမဖြစ် လည်ပတ်ရမယ့် အစိုးရလုပ်ငန်းတွေကို မဖြစ်မနေ လိုအပ်တဲ့ လူတွေနဲ့ပဲ လည်ပတ်တာဖြစ်တဲ့အတွက် သိန်းနဲ့ချီတဲ့ ဝန်ထမ်းတွေကို လစာမဲ့၊ အလုပ်မလာတော့နဲ့ဆိုပြီး အလုပ်က ယာယီ ရပ်ဆိုင်းခံရလေ့ရှိပါတယ်။ သမ္မတကလင်တန်လက်ထက် ပထမတကြိမ် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တဲ့အချိန်မှာ ဗဟိုအစိုးရ ဝန်ထမ်း ရှစ်သိန်းလောက်ကို လုပ်ငန်းခွင် မလာတော့ဖို့ အလုပ် ယာယီရပ်ဆိုင်းလိုက်တဲ့အကြောင်း အမိန့်ထုတ်ခဲ့ပါတယ်။ Furlough လုပ်တယ်လို့ ခေါ်ပါတယ်။ ဒီနေရာမှာ လစာမဲ့ အလုပ်ပိတ်ရက်ပေးလိုက်တာဖြစ်ပေမဲ့ နောက်ပိုင်းမှာ ပိတ်ခဲ့တဲ့ ရက်တွေအတွက် လစာပြန်ပေးခဲ့ပါတယ်။ တကယ်တော့ Furlough လုပ်တယ်၊ အလုပ်မလာနဲ့လို့ သတ်မှတ်ခံရမယ်ဆိုရင် အဲဒီရက်အတွက် လစာလည်းပေးမှာ မဟုတ်ဘူးလို့ပဲ ယေဘုယျ သတ်မှတ်ပါတယ်။ လစာမဲ့ နားရက်ပေးလိုက်တာ၊ ယာယီအလုပ်က နားလိုက်တဲ့သဘောပါ။ နောက်ပိုင်းနားရက်တွေအတွက် လစာ ပြန်ရခဲ့တယ်ဆိုပေမဲ့ ရမှာသေချာတယ်ဆိုတဲ့ အာမခံချက် မရှိပါဘူး။

သမ္မတဟောင်း ကလင်တန်လက်ထက် ဒုတိယအကြိမ် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တဲ့ အချိန်မှာ ဗဟိုအစိုးရဝန်ထမ်း နှစ်သိန်း ရှစ်သောင်းလေးထောင်လောက်ကို လစာမဲ့ ပိတ်ရက်ပေးခဲ့ပါတယ်။ Contractor လို့ခေါ်တဲ့ သဘောတူညီချက်နဲ့ အစိုးရက ငှားရမ်း လုပ်ကိုင်နေသူတွေ ဘယ်လောက်များများ ထိခိုက်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတော့ မရှိပါဘူး။ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ပြီဆိုရင် ရပ်ဆိုင်းတဲ့ကာလမှာ Contractor တွေလည်း မရှိမဖြစ်မဟုတ်တဲ့ဝန်ထမ်းတွေနဲ့အတူ အလုပ်မလာရတာများပါတယ်။

အခုတကြိမ် အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တဲ့အချိန် လာစာမဲ့ အလုပ်နားလိုက်တဲ့ ဖက်ဒရယ်အစိုးရ ဝန်ထမ်း ၇ သိန်းခွဲလောက် ရှိမယ်လို့ လွှတ်တော် ဘဏ္ဍာရေးရုံး ခန့်မှန်းပါတယ်။ ဒီလို လစာမဲ့ ယာယီ ခွင့်ပေးလိုက်တဲ့ ဝန်ထမ်းတွေကို အမြဲတမ်းရေရှည် အလုပ်ထုတ်လိုက်တာမျိုးတွေလည်း ဖြစ်သွားနိုင်တယ်လို့ သမ္မတအိမ်ဖြူတော်က ပြောနေပါတယ်။

မဖြစ်မနေဆက်လက်လည်ပတ်တဲ့အလုပ်တွေကဘာတွေလဲ

ဗဟိုအစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တဲ့အချိန်မှာ မဖြစ်မနေ ဆက်ပြီး လည်ပတ်ရမယ့်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ၁၉၈၀ ခုနှစ်တွေ အတွင်း အမေရိကန်အစိုးရက ညွှန်ကြားချက်တွေ ချထားပါတယ်။

အမျိုးသားလုံခြုံရေးအတွက် ဆောင်ရွက်တဲ့လုပ်ငန်းဆောင်တာ၊ အမျိုးသားလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ နိုင်ငံခြား ဆက်ဆံရေး၊ လူတွေရဲ့ အသက်အိုးအိမ် လုံခြုံမှုအတွက် တာဝန်ယူရတဲ့ လုပ်ငန်းဆောင်တာတွေကို ဆက်ပြီး လုပ်ကိုင်ရပါတယ်။

လပိုင်းဖြစ်စေ၊ နှစ်ရှည်ဖြစ်စေ အစိုးရနဲ့ စောစောက သဘောတူထားတဲ့ လုပ်ငန်းစာချုပ်တွေမှာ ကနဦး သဘောတူညီချက်အတိုင်း သက်ဆိုင်ရာလုပ်ငန်းတွေအတွက် ကျန်နေတဲ့ ငွေကြေးကနေ ကတိကဝတ်နဲ့အညီ အကျိုးခံစားခွင့် ဆက်ပြီး ရရှိခွင့်ပေးရမယ်လို့လည်း ညွှန်ကြားထားပါတယ်။

ဆေးရုံမှာဆေးကုသခံနေရသူ၊ ဆေးရုံပြင်ပ အရေးပေါ် ဆေးကုခံနေရသူတွေကို ဆက်လက်စောင့်ရှောက်ရမယ်၊ အများပြည်သူ ကျန်းမာရေးနဲ့ လုံခြုံမှု၊ အစားအသောက်ဘေးကင်းလုံခြုံမှုနဲ့ အစားအသောက်တွေ အန္တရာယ် ကင်းမကင်း၊ ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိမရှိ စစ်ဆေးတဲ့ လုပ်ငန်းတွေကို မရပ်ဆိုင်းရဘူးလို့ ညွှန်ကြားပါတယ်။

လေကြောင်းခရီး ပျံသန်းမှုတွေကို ထိန်းချုပ်တဲ့စနစ်၊ သယ်ယူပို့ဆောင်ရေးစနစ် ဘေးကင်းလုံခြုံမှု ရှိဖို့နဲ့ သယ်ယူပို့ဆောင်တဲ့ ပစ္စည်းတွေ ဘေးကင်းအောင် စောင့်ရှောက်ကာကွယ်တဲ့ လုပ်ငန်းတွေကို မရပ်ဆိုင်းရပါဘူး။

နယ်ခြား ကမ်းရိုးတန်းစောင့်ကြပ်ကာကွယ်ရေး၊ အမေရိကန်ပြည်ထောင်စုပိုင် ကုန်းလမ်း၊ ရေလမ်း၊ အဆောက်အအုံတွေနဲ့ ပစ္စည်း ကိရိယာတွေကို ထိန်းသိမ်းကာကွယ်တဲ့ လုပ်ငန်းတွေ

အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေ၊ ထိန်းသိမ်းထားသူတွေကို စောင့်ကြပ်တဲ့လုပ်ငန်းတွေနဲ့ ဥပဒေစိုးမိုးရေးနဲ့ ရာဇဝတ်မှု နှိမ်နှင်းရေးကိစ္စတွေ မဖြစ်မနေ ဆက်ပြီး လုပ်ဆောင်ရပါတယ်။

သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့ လိုလာရင်လည်း ရပ်ဆိုင်းရလေ့ မရှိပါဘူး။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုပိုင် မရှိအဖြစ် ငွေကြေးလုပ်ငန်း၊ ဘဏ်လုပ်ငန်းစနစ်တွေ ထိန်းသိမ်းကာကွယ်ရေး၊ ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ အခွန်ကောက်ခံမှုနဲ့ ငွေချေးလုပ်ငန်းတွေကို ဆက်ပြီး လည်ပတ်စေပါတယ်။

လျပ်စစ်စွမ်းအားထုတ်လုပ်မှုနဲ့ လျပ်စစ်စွမ်းအား ဖြန့်ဝေတဲ့ စနစ်ကို ထိန်းသိမ်းကာကွယ်ရေး၊ သုသေနသနလုပ်ငန်းနဲ့ လုပ်ငန်းအဆောက်အအုံတွေကို ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်တွေကို ဆက်ပြီး လုပ်ကိုင်ဖို့ ဆိုတဲ့စည်းကမ်းသတ်မှတ်ချက်တွေ ဖြစ်ပါတယ်။

အများပြည်သူကိုဘယ်လိုထိခိုက်မှုတွေရှိပါသလဲ

Government Shutdown ဖြစ်ပြီဆိုတာနဲ့ အစိုးရလုပ်ငန်းတွေ တော်တော်များများ ရပ်ဆိုင်းသွားတဲ့အတွက် ပြည်သူ အများစုပေါ် ရိုက်ခတ်မှု အနည်းနဲ့အများဆိုသလို ရှိလာပါတယ်။ ကွန်ဂရက်စ်လွှတ်တော်ရဲ့ မှတ်တမ်းတွေအရ ၁၉၉၅ ခုနှစ်နဲ့ ၁၉၉၆ ခုနှစ်တွေအတွင်း ထိခိုက်နစ်နာမှု အများအပြားရှိခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ ပြည်သူပိုင် အမျိုးသားကျန်းမာရေး စောင့်ရှောက်မှု ဌာနတွေမှာ လူနာသစ်ကို လက်ခံတာမျိုးမလုပ်တော့သလို ဆေးကုသရေးနဲ့ပတ်သက်တဲ့ သုသေသနလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက် ရပါ တယ်။ ဒါ့အပြင် ရောဂါနဲ့ပတ်သက်လို့ လူနာနဲ့တိုက်ရိုက် အရေးပေါ် ပြန်လည်ဆွေးနွေးဖြေကြားတဲ့ အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ရ ပါ တယ်။

ရောဂါမပျံ့ပွားအောင် ထိန်းသိမ်းကာကွယ်ရေးနဲ့ စောင့်ကြည့်လေ့လာရေးဌာတွေက လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရသလို အဆိပ်သင့် စွန့်ပစ်ပစ္စည်း ရှင်းလင်းရေးဌာန ၆၀၉ ခုကို ပိတ်ပစ်လိုက်ရပါတယ်။ အဲဒီဌာနတွေမှာ အလုပ်လိုက်ကိုင်တဲ့ ရှင်းလင်းရေးလုပ်ငန်း (၂,၄၀၀) ကို လုပ်ငန်းခွင်က ပိတ်ရက်ပေးလိုက်ရတဲ့အတွက် ရှင်းလင်းရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။

ဒါ့အပြင် အရက်၊ မူးယစ်ဆေးနဲ့ လက်နက် ထိန်းချုပ်စစ်ဆေးရေး ဗျူရိုတွေကလည်း ရောင်းချခွင့်၊ ပိုင်ဆိုင်ခွင့်အတွက် တင်ပြတဲ့ လျှောက်လွှာတွေကို စီစစ်တဲ့အခါ ဝန်ထမ်းဦးရေ မလုံလောက်တော့တဲ့အတွက် နှောင့်နှေးမှုတွေ ရှိခဲ့ပါတယ်။ ဒေဝါလီခံရတဲ့ မှု သုံးထောင့်ငါးရာကို စစ်ဆေးနေတုန်း ရပ်တန့်ခဲ့ရတာတွေ ရှိခဲ့သလို နယ်ခြားစောင့်ကြည့်ရေးဌာနအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်အသစ် လေးရာ ခန့်ထားမယ့် အစီအစဉ်ကို အဲဒီကာလတွေအတွင်း ဖျက်သိမ်းခဲ့ရပါတယ်။

ကလေးစောင့်ရှောက်စရိတ်ပေးဖို့ ပျက်ကွက်တဲ့အမှုတွေ တော်တော်များများကိုလည်း အစိုးရလုပ်ငန်း ရပ်ဆိုင်းထားတဲ့ အချိန်အတွင်းမှာ အရေးယူ ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိပါဘူး။

နိုင်ငံတဝှမ်းမှာရှိတဲ့ ပန်းခြံတွေ၊ ပြတိုက်တွေ၊ အနားယူနိုင်တဲ့ ပြည်သူပိုင်နေရာ ၃၆၈ နေရာကို ပိတ်ပစ်ခဲ့ရတဲ့အတွက် အနားယူဖို့ လာတဲ့ ဧည့်သည် ၇ သန်းလောက် မလာနိုင်တော့ပါဘူး။ ခရီးသွားလုပ်ငန်းတွေ ထိခိုက်ခဲ့ရပါတယ်။
များသောအားဖြင့်တော့ ဝါရှင်တန်မြို့တော်မှာ အထိမ်းအမှတ်နေရာတွေ၊ ပြတိုက်တွေ ပိတ်ပစ်ခဲ့ရတဲ့အတွက် ဧည့်သည် နှစ်သန်းလောက် ဆုံးရှုံးခဲ့ရပါတယ်။

ကမ္ဘာတဝှမ်း တခြားနိုင်ငံတွေကနေ အမေရိကန်ပြည်ထောင်စုကို လာဖို့လျှောက်တဲ့ ပြည်ဝင်ခွင့်ဗီဇာလျှောက်လွှာ နေ့စဉ် သုံးသောင်းလောက်ကို ရပ်ဆိုင်းထားခဲ့ရသလို အမေရိကန်ပြည်ထောင်စုအတွင်းမှာလည်း အမေရိကန်နိုင်ငံကူးလက်မှတ် လျှောက်လွှာ နှစ်သိန်းလောက်ကို အရေးယူ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါဘူး၊ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းနဲ့ လေကြောင်းလိုင်းတွေအတွက် ဒေါ်လာသန်းနဲ့ချီ နစ်နာခဲ့ရပါတယ်။

စစ်ပြန်စစ်မှုထမ်းတွေအတွက် ကျန်းမာရေး လူမှုဖူလုံရေး၊ ငွေကြေးနဲ့ ခရီးသွားလာရေး အထောက်အပံ့ အစီအစဉ်တွေ လျော့ချပစ်ခဲ့ရ တာတွေ ရှိပါတယ်။

ဗဟိုအစိုးရ ငှားရမ်းထားတဲ့ အစိုးရနဲ့ သဘောတူ စာချုပ်ချုပ်ထားတဲ့ လုပ်ငန်းတွေ သန်းပေါင်းဒေါ်လာ တစ်သောင်း ရှစ်ထောင်ဖိုးထဲက ၂၀ %၊ သန်းပေါင်း သုံးထောင့် ခွန်ရာဖိုး ထိခိုက်နစ်နာခဲ့ရတယ်ဆိုပြီး မှတ်တမ်းတွေမှာတွေ့ရပါတယ်။

ခန့်မှန်းတွက်ဆချက်များ

တချို့ကတော့ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းတယ်ဆိုပေမဲ့ မစိုးရိမ်သင့်ဘူးဆိုပြီး ပြောနေကြပါတယ်။ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်း တယ် ဆိုပေမဲ့ သက်ကြီးရွယ်အိုတွေကို ပေးနေတဲ့ သက်ကြီးပင်စင်ခံစားခွင့်၊ ငွေပေးရေးလုပ်ငန်းတွေကတော့ ရပ်တန့်သွားမှာမဟုတ်ပါဘူး၊ နောက်ထပ် လျှောက်လွှာတင်တဲ့သူ ရှိရင်လည်း စီစစ်လက်ခံတဲ့ လုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။

စစ်တပ် အမှုထမ်းတွေ ရှေ့တန်း စစ်မြေပြင်မှာ ဆက်လက် တာဝန်ယူနေရမှာဖြစ်ပြီး FBI ဗဟိုအစိုးရ စုံစမ်းစစ်ဆေးရေးဗျိုရို ထောက်လှမ်းရေး အဖွဲ့တွေနဲ့ နယ်ခြားစောင့် လုံခြုံရေးအဖွဲ့တွေကလည်း သူ့တာဝန်ဆက်ပြီး ယူရပါလိမ့်မယ်။

အမေရိကန် စာတိုက်လုပ်သား ၆ သိန်းကတော့ စာပို့တဲ့အလုပ်ကို ဆက်လုပ်ရပါလိမ့်မယ်။ စစ်ဘက်ဆိုင်ရာ အမှုထမ်း တစ်သန်းခြောက်သိမ်းဟာ သက်ဆိုင်ရာလုပ်ငန်းတွေက ရပ်နားခွင့် မရှိပါဘူး။

အခွန်ဘဏ္ဍာကောက်တဲ့ IRS ရုံးကလည်း အခွန်ပေးရမယ့်သူ၊ ပြန်အမ်းငွေ ရမယ့်သူတွေအတွက် တွက်ချက်တင်ပြတဲ့ လျှောက်လွှာတွေကို ဆက်ပြီး လက်ခံမှာဖြစ်ပါတယ်။ ပြန်အမ်းငွေ ပို့တဲ့ လုပ်ငန်းတွေကိုတော့ ရပ်ဆိုင်းထားပါလိမ့်မယ်။

ဗဟိုအစိုးရ ဝန်ထမ်းလေးယောက်မှာ တယောက်နှုန်း လောက်ပဲ အိမ်မှာနေရနိုင်တယ်လို့ Washington Post သတင်းစာက ခန့်မှန်းခဲ့ဖူးပါတယ်။

ဗဟိုအစိုးရ လုပ်ငန်း ရပ်ဆိုင်းတယ်ဆိုတာ အမေရိကန်ပြည်ထောင်စုမှာ အရင်ကတည်းက ဖြစ်လေ့ဖြစ်ထ ရှိခဲ့တာပါ။ သမ္မတဟောင်း Jimmy Carter လက်ထက်ကဆိုရင် နှစ်တိုင်းလိုလို ဖြစ်ခဲ့ပြီး တခါဖြစ်တိုင်း ပုံမှန် ၁၁ ရက်လောက် ကြာခဲ့တာပါ။ သမ္မတဟောင်း Regan လက်ထက်မှာလည်း သက်တမ်း ၂ ခုစလုံးမှာ အစိုးရလုပ်ငန်းတွေ အကြိမ်တော်တော်များများ ရပ်ဆိုင်းခဲ့ပါတယ်။ တခါ ရပ်ဆိုင်းတိုင်း တရက်နှစ်ရက်ပဲကြာခဲ့ပါတယ်။ ချက်ခြင်းပြန်ပြီး ညှိနှိုင်းနိုင်ခဲ့လို့ အချိန်ကြာကြာ လုပ်ငန်းတွေ မရပ်ဆိုင်းခဲ့ပါဘူး။ ဒါကြောင့်လည်း အစိုးရလုပ်ငန်း ရပ်ဆိုင်းတယ်ဆိုတာကို သိပ်ပြီး မစိုးရိမ်တဲ့ အမေရိကန်တွေလည်း ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် ဝါရှင်တန်မြို့တော်ကို လာတဲ့ ဧည့်သည်တွေ ပြတိုက်တွေကိုတော့ သွားလည်ခွင့် မရမှာ သေခြာပါတယ်။ ဒါပေမဲ့လည်း အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းတာက ဝါရှင်တန်မြို့တော်က ပြတိုက်တွေ ပိတ်တာ မပိတ်တာလောက်ထက် ပိုပြီး စိုးရိမ်စရာလို့ မြင်တဲ့သူတွေလည်း အများအပြား ရှိပါတယ်။

၁၉၉၅ ခုနှစ် ဒီဇင်ဘာလ အစိုးရလုပ်ငန်းတွေ ၂၁ ရက်ကြာ ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် ဇန္နဝါရီလထဲ ရောက်တဲ့အခါ ဝါရှင်တန်မြို့တော်တဝိုက်မှာ နှင်းတွေ ရက်ဆက် ထူထူထပ်ထပ် ကျနေခဲ့ပါတယ်။ စိုးရလုပ်ငန်းတွေ ပြန်စဖို့ ဆုံးဖြတ်ပြီး ရက်အတော်ကြာတဲ့အထိ တကယ်တမ်း လုပ်ငန်းတွေ ပြန်ပြီး မလည်ပတ်နိုင်ခဲ့ပါဘူး။ စီးပွားရေး လုပ်ငန်းတွေလည်း အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။

သက်ကြီးပင်စင် ထောက်ပံ့တဲ့ ရုံးတွေမှာ ပုံမှန်ဝန်ထမ်းတွေရဲ့ ၇ % ပဲရှိတဲ့ ဝန်ထမ်း ငါးထောင်လောက်နဲ့ လည်ပတ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း လုပ်ငန်း နှောင့်နှေးကြန့်ကြာတာတွေ၊ လျှောက်လွှာအသစ်ကို မစီစစ်နိုင်တာတွေကြောင့် ဝန်ထမ်း ငါးသောင်းပြန်ခေါ်ပြီး အချိန်မီပြီးစီးအောင် လုပ်ငန်းတွေပြန် လည်ပတ်ခဲ့ရပါတယ်။

အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းတာနဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်တာမျိုး ရှိပါသလား

အိမ်ဖြူတော် ဘဏ္ဍာရေးနဲ့ လုပ်ငန်း စီမံခန့်ခွဲရေးရုံး OMB ကတော့ ၁၉၈၀ ခုနှစ်ကတည်းက တကယ်လို့ လုပ်ငန်းတွေ ရပ်ဆိုင်းရမယ်ဆိုရင် စနစ်တကျ ဘယ်လို လုပ်မလဲဆိုတာကို အစိုးရအေဂျင်စီအားလုံးဆီက အစီအစဉ်တွေ တောင်းခံခဲ့ဘူးပါတယ်။

အေဂျင်စီ အားလုံးရဲ့ လုပ်ငန်း လည်ပတ်မှု အနေအထားကို မရှိမဖြစ် အနိမ့်ဆုံး လိုအပ်ချက်လောက်ကိုပဲ လုပ်ကိုင်ရမယ်လို့ ညွှန်ကြားထားပါတယ်။ လုပ်ငန်းတွေ ရပ်ဆိုင်းရတာမျိုး မဖြစ်အောင် အသုံးစရိတ်တွေကို ကြိုတင် ခွဲေ၀ စီစဉ်တာမျိုးတွေ လုပ်ဖို့လည်း ညွှန်ကြားထားပါတယ်။

အစိုးရလုပ်ငန်းတွေလည်ပတ်ပုံ

Government Shutdown ဖြစ်နေတဲ့အချိန်မှာ အစိုးရရုံးတွေ အားလုံးနီးပါး လုပ်ငန်းလည်ပတ်မှု အနေအထား မရှိမဖြစ် အနိမ့်ဆုံး လိုအပ်ချက်လောက်ကိုပဲ လုပ်ကိုင် လည်ပတ်ရလေ့ရှိပါတယ်။ အေဂျင်စီရဲ့ လုပ်ငန်း ဆက်ပြီး လည်ပတ်ဖို့ မရှိမဖြစ်လို့ သတ်မှတ်ခံရတဲ့ ဝန်ထမ်း အင်အားအနည်းဆုံးနဲ့ လည်ပတ်ရတာပါ။ Furlough လုပ်တယ်။ ယာယီ အလုပ်ရပ်ဆိုင်းပြီး ခွင့်ပေးလိုက်တာမျိုး ဘယ်လောက်ကြာမယ်ဆိုတာကို အေဂျင်စီတွေ အတိအကျ မပြောနိုင်ပါဘူး။ ဒီလို အလုပ်က ရပ်နားခံရတဲ့ ဝန်ထမ်းတွေဟာ ရပ်နားခံရတဲ့ ကာလမှာ တခြား အလုပ် လုပ်ခွင့်မရှိသလို၊ အခမဲ့ပြန်ပြီး စေတနာ့ဝန်ထမ်း အလုပ်လုပ်ခွင့်လည်း မရှိပါဘူး။ Furlough အလုပ်ခံရတဲ့ ဝန်ထမ်းကို အချိန်ဘယ်လောက်ပဲ အများဆုံး လစာမဲ့ နားရက်ပေးနိုင်တယ်၊ အလုပ်လက်မဲ့လျော်ကြေး ခံစားခွင့် ရှိမရှိ ဆိုတာတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ရုံးတွေက Huamn Resources ဌာနတွေက အသေးစိတ် စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်လေ့ရှိပါတယ်။ မဖြစ်မနေ လည်ပတ်ရမယ့် လုပ်ငန်းတွေအတွက်၊ မရှိမဖြစ် ဝန်ထမ်းကိုလည်း သက်ဆိုင်ရာ ဌာန အကြီးအကဲတွေနဲ့ ညှိနှိုင်း ရွေးချယ်သတ်မှတ်ပြီး လုပ်ငန်းကို အနိမ့်ဆုံးအဆင့်သာ လည်ပတ်တာဖြစ်ပါတယ်။

ထိခိုက်ဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ ၂၀၁၃ ခုနှစ် သမ္မတအိုဘားမားလက်ထက် အမေရိကန် အစိုးရလုပ်ငန်းတွေ ၁၆ ရက် ရပ်နားခဲ့တဲ့အတွက် ဆုံးရှုံးမှု ပမာဏ အမေရိကန် ဒေါ်လာ ၂၄ ဘီလျံ ရှိတယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းပါတယ်။ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းထားတဲ့အချိန် တနာရီတိုင်း တနာရီတိုင်း ဒါ်လာ သန်းနဲ့ချီ ဆုံးရှုံးတာကို ထောက်ပြနေပါတယ်။

ပုံမှန်အားဖြင့် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားတိုင်း နစ်နာတဲ့ ပမာဏကို ခန့်မှန်း သုံးသပ်ချက်တွေ ထွက်လာလေ့ရှိပါတယ်။ လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့နဲ့၊ ယာယီအသုံးစရိတ် ဥပဒေကို အတည်ပြုနိုင်ဖို့ ရက်ပိုင်းအတွင်းမှာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ပါတီကြီးနှစ်ခုစလုံး မဖြစ်မနေ ကြိုးပမ်းကြလိမ့်မယ်ဆိုပြီး မျှော်လင့်ရပါတယ်။

Tags: DonaldTrumpGovernmentShutdownအစိုးရလုပ်ငန်းရပ်ဆိုင်းအမေရိကန်နိုင်ငံရေးအမေရိကန်အစိုးရ
Previous Post

ဖိလစ်ပိုင်အလယ်ပိုင်းမှာ လှုပ်သွားတဲ့ ပြင်းအားပြင်းငလျင်ကြောင့် သေဆုံးသူ ၂၇ ဦးထိ မြင့်တက်လာပါပြီ။

Next Post

မြန်မာနိုင်ငံမှလာသော ဘတ် ၅၈ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းနှင့်ပတ်သက်၍ ကန်ချနပူရီတွင် သတင်းစာရှင်းလင်း

ကောင်းဝါ KAOWAO

ကောင်းဝါ KAOWAO

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။

Next Post
မြန်မာနိုင်ငံမှလာသော ဘတ် ၅၈ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းနှင့်ပတ်သက်၍ ကန်ချနပူရီတွင် သတင်းစာရှင်းလင်း

မြန်မာနိုင်ငံမှလာသော ဘတ် ၅၈ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းနှင့်ပတ်သက်၍ ကန်ချနပူရီတွင် သတင်းစာရှင်းလင်း

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Donate

You can also donate with PayPal, respectfully Kaowao Newsgroup. နှိုးဆော်ခြင်း ကောင်းဝါသတင်းဌာန ရေရှည်ရပ်တည်နိုင်ဖို့ မိတ်ဆွေ စာဖတ်သူ ပရိသတ်များ ဝန်းရံပံ့ပိုးပေးဖို့လိုအပ်နေသလို အလှူငွေထောက်ပံ့ပါရန် မေတ္တာရပ်ခံလိုပါသည်။ အလှူငွေထည့်လိုပါက Messenger မှာဖြစ်ဖြစ် kaowao2023@gmail.com ဖြစ်ဖြစ် +66925121374 သို့ဖြစ်ဖြစ် ဆက်သွယ်အသိပေးစေလိုသည်။

Recent News

ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

November 1, 2025
ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

November 1, 2025
ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

November 1, 2025
မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

November 1, 2025
  • Trending
  • Comments
  • Latest
ကော့ဘိန်းတိုက်ပွဲအတွင်း မြန်မာတပ်ဖွဲ့ဝင်အချို့ လက်နက်ချခဲ့ဟု ဆို

ကော့ဘိန်းတိုက်ပွဲအတွင်း မြန်မာတပ်ဖွဲ့ဝင်အချို့ လက်နက်ချခဲ့ဟု ဆို

March 25, 2024
ကော့ဘိန်းရဲစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲများဖြစ်ပွား၍ ဒေသခံများပိတ်မိနေ

ကော့ဘိန်းရဲစခန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲများဖြစ်ပွား၍ ဒေသခံများပိတ်မိနေ

March 24, 2024
သံဖြူဇရပ်မြို့နယ်မှ ပျောက်ဆုံးနေသည့် မွန်အမျိုးသား (၄) ဦးတို့အား တောင်ညိုစစ်ကြောင်း တပ်ခွဲ – ၂ မှ ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

သံဖြူဇရပ်မြို့နယ်မှ ပျောက်ဆုံးနေသည့် မွန်အမျိုးသား (၄) ဦးတို့အား တောင်ညိုစစ်ကြောင်း တပ်ခွဲ – ၂ မှ ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

July 21, 2024
မုဒုံမြို့ ရွှေဟင်္သာဈေးမျက်နှာစာတန်းရှိ ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်ပြ၍ ရွေထည်ပစ္စည်းများ လုယက်ရန်ကြိုးစားမှုဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင်အမျိုးသားကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့

မုဒုံမြို့ ရွှေဟင်္သာဈေးမျက်နှာစာတန်းရှိ ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်ပြ၍ ရွေထည်ပစ္စည်းများ လုယက်ရန်ကြိုးစားမှုဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင်အမျိုးသားကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့

July 11, 2025
ထိုင်းနဲ့မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေရဲ့ အဓိကသော့ချက်

ထိုင်းနဲ့မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေရဲ့ အဓိကသော့ချက်

0
မော်လမြိုင်မြို့ပေါ်ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင်လုယက်သွား

မော်လမြိုင်မြို့ပေါ်ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင်လုယက်သွား

0
မိုခါမုန်တိုင်းကယ်ဆယ်ရေး မွန်ပြည်သစ်ပါတီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ ငွေကျပ်သိန်း ၅ ရာလှူဒါန်း

မိုခါမုန်တိုင်းကယ်ဆယ်ရေး မွန်ပြည်သစ်ပါတီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ ငွေကျပ်သိန်း ၅ ရာလှူဒါန်း

0
တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

တောင်းဆိုချက်တွေကို အပြန်အလှန်လိုက်လျောခြင်းဖြင့်သာ သဘောတူညီမှုရရှိနိုင်မည်

0
ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၍ ၃ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရှိ

November 1, 2025
ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

ထိုင်းဘုရင့်မယ်တော်ဘုရင်မကြီး သီရိခေတ် နတ်ရွာစံကံတော်ကုန်ခြင်းအပေါ် မွန်ပြည်သစ်ပါတီ (AD) ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြ

November 1, 2025
ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြေကွဲ — တော်ဝင်နာရေးတော် အခမ်းအနားများ စတင်ပြင်ဆင်

November 1, 2025
မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ် ၃၈ ယောက်နဲ့ ရွေးကောက်ပွဲဝင်မယ်

November 1, 2025
Facebook Twitter Youtube RSS
Kaowao Newsgroup, ကေါင်းဝါ

We bring you the best Premium WordPress Themes that perfect for news, magazine, personal blog, etc. Check our landing page for details.

Follow Us

Browse by Category

  • Food
  • Health
  • Travel
  • Uncategorized
  • ကျန်းမာရေး
  • ကျားဖြန့်
  • ကျားဖြန့်
  • ငြိမ်းချမ်းရေး
  • စကားပုံ
  • စစ်ဘေးရှောင်
  • စစ်မှုထမ်း
  • စီးပွားရေး
  • ဆောင်းပါး
  • တရားမဝင်ကုန်သွယ်မှု
  • တရားမဝင်အလုပ်သမား
  • တိုက်ပွဲများ
  • ထုတ်ပြန်ကြေငြာချက်
  • ဓါတ်ပုံ-သတင်း
  • နယ်မြေအငြင်းပွား
  • နိုင်ငံတကာ
  • နိုင်ငံရေး
  • နောက်ခံသမိုင်း
  • ပညာရေး
  • ဖွဲ့စည်းပုံအခြေခံဥပဒေ
  • မြေမြှုပ်မိုင်း
  • မူးယစ်ဆေးဝါး
  • ယဥ်ကျေးမှု
  • ရွှေ့ပြောင်းလုပ်သား
  • ရှေ့ဟောင်းသမိုင်း
  • လက်နက်ကြီးပစ်ခတ်မှူ
  • လုပ်ကြံသတ်ဖြတ်မှူ
  • လူ့အခွင့်အရေး
  • ဝေဖန်ရေး
  • သတင်း
  • သတင်းတို
  • သဘာဝပတ်ဝန်းကျင်
  • သဘာဝဘေးအန္တရယ်
  • သရော်စာ
  • သာသနာ
  • အကျင့်ပျက်ဝန်ထမ်း
  • အင်တာဗျူး
  • အတွေးအမြင်
  • အမုန်းစကား
  • အယ်ဒီတာ့အာဘော်
  • အွန်လိုင်းလိမ်လည်မှု
  • အားကစား

© 2023 KaoWao

No Result
View All Result

© 2023 KaoWao