မြန်မာနိုင်ငံသား တရားမဝင်လုပ်သားများ သယ်ယူပို့ဆောင်ရေးအဖွဲ့ ခေါင်းဆောင် မြန်မာအမျိုးသမီးကို တာဝန်ရှိသူများက ရာဇဝတ်မှုမှတ်တမ်းဖြင့် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် စမုဆာခွန် လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးခဲ့သည်။
စမုဆာခဟန်ခရိုင် လူဝင်မှုကြီးကြပ်ရေးအရာရှိများက တရားမဝင် နိုင်ငံခြားသားအလုပ်သမားများ သယ်ယူပို့ဆောင်ရေးကွန်ရက်၏ ခေါင်းဆောင်ဖြစ်သူ အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသမီး မယဉ်စန်း(အမည်လွဲ) ကို ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့တွင် စမုဆာခွန်၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် မယဉ်စန်း(အမည်လွှဲ) သည် စမုဆာခွန် လူဝင်မှုကြီးကြပ်ရေးဌာန ခရတ်ထုမ်ဘန်းခွဲရှိ နိုင်ငံခြားသားဝန်ဆောင်မှုလုပ်ငန်းသို့ စာရွက်စာတမ်းများ လာရောက်တင်ပြရာ တာဝန်ရှိသူများက စာရွက်စာတမ်းများနှင့် သူမ၏ မှတ်တမ်းများကို စစ်ဆေးခဲ့သည်။
သို့ရာတွင် သူမသည် “နိုင်ငံတော်အတွင်းသို့ ဥပဒေမဲ့ ဝင်ရောက်လာသည်ကို သိလျက်နှင့် ဖမ်းဆီးခြင်းမှ ကင်းလွတ်စေရန် အခြားသူများနှင့် ပူးပေါင်းကာ ခိုလှုံခွင့်ပေးခြင်း၊ ဖုံးကွယ်ထားခြင်း သို့မဟုတ် အကူအညီပေးခြင်း” ဟူသော စွဲချက်ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည်ကို တွေ့ရှိရသောကြောင့် သူမအား ချက်ချင်း ထိန်းသိမ်းခဲ့သည်။
ဤဖမ်းဆီးမှုသည် ယခင်က ဖမ်းဆီးရမိခဲ့သော တရားမဝင်လုပ်သားများ သယ်ယူပို့ဆောင်ရေးအဖွဲ့ဝင် မစ္စတာ ဝီဝပ် အမှုမှ ဆက်စပ်ပြီး တိုးချဲ့စုံစမ်းခဲ့ခြင်းဖြစ်သည်။
မစ္စတာ ဝီဝပ်သည် နိုင်ငံကူးလက်မှတ်မရှိသော တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို ကားဖြင့် သယ်ယူပို့ဆောင်နေစဉ် ဖမ်းဆီးခံခဲ့ရသည်။
မစ္စတာ ဝီဝပ်၏ ထွက်ဆိုချက်အရ မယဉ်စန်းက မဟာချိုင်မြို့သစ် (Mahachai Mueang Mai) တွင် အလုပ်သမားများကို ခေါ်ဆောင်ရန် ငှားရမ်းခဲ့ပြီး ဘတ် ၄၀,၀၀၀ ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တာဝန်ရှိသူများက သက်သေအထောက်အထားများ စုဆောင်းကာ ကွန်ရက်ရှိ ပါဝင်ပတ်သက်သူအားလုံးကို ဖမ်းဝရမ်းထုတ်ပေးရန် တရားရုံးသို့ လျှောက်ထားခဲ့သည်။ နောက်ဆုံးတွင် မယဉ်စန်းကို ဖမ်းဆီးနိုင်ခဲ့ပြီး သူမအား ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
Crd- CaoCao







































